Tuesday, March 22, 2016

Subordinating Conjunctions



(စကားဆက်ပုဒ်များ)
" သင်မှတ်ပြီးရင် သင့်သူငယ်ချင်းများလည်း မှတ်ရအောင် Share ပေးလိုက်ပါ ……"
as = because = သောကြောင့်
since = ကတည်းက / သောကြောင့်
If = လျှင်
Unless = မ----လျှင်
though / although = သော်လည်း
after = ပြီးနောက်
before =မတိုင်မီ
while /as =စဉ်တွင် /နေစဉ်
when = သောအခါ
that = လို့ဆိုတာ
till / until = တိုင်အောင်
than = ထက် / ပို၍

ကချင်လူမျိုးဆင်းသက်လာပုံ

 
ကချင်လူမျိုးတို့ သည် တိဗက်အနွယ်ဝင်များဖြစ်ပြီး ဗမာလူမျိုးတို့ နှင့်တနွယ်တည်းဆင်း သက်လာကြသူများဖြစ်သည်။တိဗက်ဗမာအနွယ်ဝင်တို့ သည် မြန်မာနိုင်ငံထဲသို့ တသုတ် ပြီးတသုတ်ရွှေ့ ပြောင်းဆင်းသက်လာကြကာ ၁၁ ရာစုနှစ်အတွင်းက မြန်မာနိုင်ငံမြောက် ဖျားစွန်းဒေသများသို့ ရောက်ရှိလာကြပြီး ၁၅ ရာစု နှစ်လောက်က ပြည်နယ်အတွင်းသို့  ရောက်ရှိအခြေစိုက်လာကြသည်ဟု ယူဆခဲ့ကြသည်။

ကချင်ပြည်နယ် သည် မြန်မာနိုင်ငံ မြောက်ပိုင်း သမပိုင်းဇုံတွင်တည်ရှိပြီးဧရာဝတီနှင့်
ချင်းတွင်းမြစ်ဖျားမြစ်ဝှမ်းဒေသမြေပြန့် များနှင့်တောတောင်များရောပြွမ်းလျက်ရှိသော
ပြည်နယ်တစ်ခုဖြစ်သည်။မှိုင်းညှို့ မြင့်မားလှသောတောင်ထွတ်တောင်တန်းများ၊နက်
ရှိုင်းထူထပ်သောသစ်တောကြီးများ၊ကြည်လင်အေးမြသောမြစ်ချောင်းရေတန်ခွန်များ
အင်းအိုင်များနှင့် စိမ်းလန်းသာယာလှပသောပြည်နယ်တစ်ခုဖြစ်သည်။

ရခိုင်လူမျိုးဆင်းသက်လာပုံ



နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။ ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင် အခြား လူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ၀င်ရောက်လာကြသည်။
ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ ရှေးအကျဆုံး မင်းဆက်များနှင့် တိုင်းပြည် နယ်ပယ်များသည် စစ်တွေပတ်ဝန်းကျင် ဒေသတ၀ိုက်လောက် တွင် အခြေခံသည်ကို အများဆုံးတွေ့ရှိရသည်။

“ငြင်းပယ်၍ မရနိုင်သော ခေါင်းဆောင်မှု ဥပဒေသ ၂၁ ချက်” "21 Irrefutable Laws of LEADERSHIP"


Everything rises and falls on leadership.
အရာအားလုံးဟာ ခေါင်းဆောင်မှုအပေါ်မှာ မူတည်၍ မြင့်တက်ကြ နိမ့်ကျကြပါတယ်။
Law 1: The Law of Lid
လူတစ်ယောက် ဒါမှမဟုတ် သူ့ရဲ့ ဌာန အဖွဲ့အစည်းဟာ သူ့ရဲ့ခေါင်းဆောင်မှု အရည်အချင်းရှိသလောက်သာ အောင်မြင်မှုကို ရရှိနိုင်ပါတယ်။ သူ့ရဲ့အလုပ်အရည်အချင်း ဘယ်လောက်ရှိရှိ ခေါင်းဆောင်မှု အရည်အချင်းနိမ့်ရင် Effectiveness ကလည်း နိမ့်နေမှာဖြစ်ပါတယ်။
Law 2: The Law of Influence
The true measure of leadership is influence, nothing more, nothing less
ခေါင်းဆောင်မှုအရည်အချင်းကိုသိချင်ရင် လူတွေကို ဘယ်လောက်သြဇာရှိသလဲဆိုတာနဲ့သာ တိုင်းတာနိုင်ပါတယ်။ ဒါ့အပြင် ဘာမှမရှိပါဘူး။
ခေါင်းဆောင်မှုနဲ့ ပတ်သက်လို့ အယူအဆအမှားအယွင်း ငါးခုရှိတယ်၊ Management နဲ့ Leadership ကို တူတူပဲ ထင်ကြတတ်ကြတာ၊ ပညာတတ်သူ၊ ဗဟုသုတများသူနဲ့ ဘွဲ့တွေ ဒီဂရီတွေရှိတဲ့သူတွေကို Leader လို့ ထင်တတ်ကြတာ၊ ရှေ့ဆုံးရောက်နေတဲ့သူကို Leader လို့ ထင်တတ်တာ၊ ရာထူးကြီးကြီးရှိတဲ့သူကို Leader လို့ယူဆတာ စတာတွေ ဖြစ်ပါတယ်။

Sunday, March 20, 2016

တိုင်းရင်းနွယ်ဖွား ဘာသာစကား


ပြည်ထောင်စု မြန်မာနိုင်ငံကြီးမှာ တိုင်းရင်းသား မျိုးနွယ်စု ဘယ်နှစ်မျိုးရှိလဲလို့ မေးလာခဲ့ရင် လက်ရှိ
လူဝင်မှုကြီးကြပ်ရေးက စာရင်းအရ (၁၃၅) မျိုး ရှိပါတယ်ခင်ဗျလို့ ဖြေရမှာပါပဲ။ ဒါပေမဲ့ ဒါမဟုတ်ဘူး အစိုးရက
သက်သက်ဝါဒဖြန့်တာ တမင်များအောင် လုပ်ထားတာလို့ ဆိုသလို၊ မဟုတ်သေးဘူး ဒီထဲမှာ မပါသေးတဲ့
မျိုးနွယ်စုတွေ ရှိသေးတယ်လို့ ပြောကြသူတွေလည်း ရှိကြပါတယ်။ ဘယ်လိုပဲ မျိုးနွယ်စုတွေ ကွဲပြားပေမယ့်
ဘာသာဗေဒအားဖြင့် ခွဲခြားကြည့်မယ် ဆိုရင်တော့ အဓိကအုပ်စုကြီး (၃) ခုဖြစ်တဲ့ Sino-Tibetan,
Austro-Asiatic နဲ့ Tai-Kadai ကနေ ဆင်းသက်လာတဲ့ တိဘက်-မြန်မာ၊ မွန်-ခမာနဲ့ ထိုင်း-တရုတ်
အုပ်စု (၃) ခုကိုသာ တွေ့ရမှာပါ။
ပင်မမျိုးနွယ်ဖြစ်တဲ့ Sino-Tibetan အုပ်စုကြီးမှာ Chinese နဲ့ Tibeto-Burman ဆိုပြီး မျိုးနွယ်အုပ်စုကြီး (၂) ခု
ထပ်ကွဲပါတယ်။ Chinese အုပ်စုမှာ မျိုးနွယ်စုပေါင်း (၁၄) ခု ရှိပြီး Tibeto-Burman အုပ်စုမှာ မျိုးနွယ်စုပေါင်း
(၄၃၅) ခု ရှိပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ Tibeto-Burman အုပ်စုဝင် တိုင်းရင်းသားတွေကတော့ -

ကရင်စာပေအစ

 
ကရင်လူမျိုးတို့သည်နေထိုင်လာခဲ့သော မက်ဆိုပိုတေးမီးယားဒေသနှင့် ရှိနလွင်ပြင် မြစ်နှစ်မွာဒေသတွင် ကရင်လူမျိုး တို့သည် စာရေးခြင်းအတတ်ပညာကို တတ်မြောက်ခဲ့ကြပြီဟု သမိုင်းသုတေသီတို့က ဆိုကြ၏။

အစောဆုံးကမ္ဘာ့စာပေ
ဘီစီ (၄၀၀၀)နှင့် (၃၀၀)ခန့်တွင် ဆူမာရီးယန်းလူမျိုးသည် မျှားသွားပုံ အက္ခရာနှင့် စာရေး၍ အီဂျစ်လူမျိုးတို့သည် အ ရုပ်စာဖြင့် ကမ္ဘာ့ပေါ်တွင် အစောဆုံးစာရေးနည်း ရေးသားကြသည်ကို သမိုင်းပညာရှင်တို့ကဆို၏။
ကမ္ဘာ့အနှံ့
ဆူမားရီးယန်းလူမျိုးတို့သည် ကျူနီဖေါင်းစာရေးနည်းကို ဆီမိုက်အနွယ်ဝင် ဘက်ဘီလုံးနီးယန်းလူမျိုးနှင့် အဆီး နီးယန်းလူမျိုးတို့က ဘီစီ (၂၅၀၀)ခန့်တွင် လက်ခံရယူခဲ့ပြီး ၄င်းတို့ထံမှ တစ်ဆင့် အင်ဒိုဥရောပအနွယ်ဖြစ် သော ဟစ်တိုက်နှင့် ပါရှန်းလူမျိုးတို့ထံမှ ဘီစီ (၁၅၀၀)နှင့် (၆၀၀)ခန့်တွင် အသီးသီးပြန့်နှံ့ခဲ့သည်။ အနောက် ဆီမင်းတစ်အနွယ်သည် ဖီနီရှန်ကုန်သည်များထံမှတစ်ဆင့် ဂရိလူမျိုးတို့က စာရေးနည်း အတတ်ပညာကို ဘီစီ (၉၀၀)ရာစုခန့်တွင် ရရှိကြပြီးလျှင် ဂရိတို့ထံမှတစ်ဆင့် လက်တင်၊ ပြစ်သစ်၊ဂျာမန်စသော ဥရောပဘာသာစပေများ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပေသည်။ ၁၅-ရာစုနှင့် စာပုံနှိပ် အတတ်ပေါ်ပေါက်လာခြင်းနှင့် သာသနာပြုပုဂိုလ်တို့၏ ကြိုးပမ်းအားထုတ်မှုကြောင့် စာရေးခြင်းအတတ်သည် ကမ္ဘာ့အနှံ့အပြားပျံ့နှံ့ခဲ့ပေ၏။ အာရှရောက်စာပေအက္ခရာ အရှေ့တောင်အာရှနိုင်င့များဖြစ်သည့် အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါလ်၊ တိဗက်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့၏ အသုံးပြုလျှက်ရှိသော အက္ခရာများမှာ အိန္ဒိယနိုင်ငံ၏ ဘီစီ (၇)ရာစုနောက်ပိုင်းတွင် ထွန်း ကားလာသည့်ဗြဟ္မီအက္ခရာများဖြစ်၏။

ဆလုံလူမျိုး

ဆလုံများနေထိုင်သည့် ကျွန်းရွာ
ဆလုံလူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဒ်တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့်မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။ ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ၀မ်းစာအတွက် လှည့်လည်ကျက်စားကြ သည်။
ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီး စီးနှင်းတိုက်ခိုက်လုယက်မှုများကြောင့် မြိတ်ကျွန်းစုဘက်သို့ ရွေှ့ပြောင်းလာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီး ကျွန်းများတွင် မြင်တွေ့နိုင်သည်။

Friday, March 18, 2016

April Fools' Day အရူးလုပ်တဲ့နေ့


ဧပရယ်လ်ဖူးလ်နေ့ကို အဘိဓာန်မှာ လက်တွေ့ကျတဲ့ ရီစရာလုပ်တဲ့နေ့လို့ရေးတယ်။ ဒီနေ့သမိုင်းက အမျိုးမျိုးရှိတယ်။ ၁၅ဝဝ ကျော်ကတည်းကလို့ ဆိုတာလည်းရှိတယ်။ ဒါပေမယ့် ရှိတ်စပီးယားရဲ့ စာတွေထဲမှာ တစိုးတစိမှမပါဘူးလို့ မယုံသူတွေကဆိုတယ်။
ပြက္ခဒိန်ပြောင်းသီအိုရီ ၁၅၆၄ ခုနှစ်တုံးက ပြင်သစ်ကစတယ်လို့ ယူဆနိုင်တယ်။ အရင်ခေတ်ပြက္ခဒိန်တွေမှာ နှစ်အစဟာမတ်လဖြစ်လာတယ်။ဂရီဂိုးရီးယန်းပြက္ခဒိန်ကို ပြောင်းလိုက်တော့ နှစ်သစ်ကူးနေ့က ဇန္နဝါရီလ (၁) ရက် ဖြစ်လာတယ်။ ခရစ်ယန်တွေက နှစ်သစ်ကူးနေ့ကို တန်ဘိုးထားကြတယ်။ တချို့လူတွေက ဧပြီ (၁) ရက်မှာ နှစ်သစ်ကူးနေ့ကျင်းပလို့ အဲတာကို April fools ဧပြီအရူးတွေနေ့လို့ ပြောင်ခေါ်ကြတယ်။ကျောင်းသားတွေက အချင်းချင်းကို နောက်ကျောမှာ ငါးရုပ်စတာတွေကပ်ပြီး နောက်ပြောင်ကြတယ်။ စကော့တလန် မှာတော့ ၂ ရက်ကြာတယ်။ အရူးလုပ်ခံရသူတွေကို Gowks (Cuckoo birds) ဥသြငှက်တွေလို့ ပြောလေ့ရှိတယ်။ ဒုတိယနေ့ကို Taily Day လို့ခေါ်တယ်။ Pranks အရူးလုပ်သူ၊ ဒုက္ခပေးသူ၊ နောက်ပြောင်သူတွေက နောက်ဖက်ကနေ လုပ်ကြတယ်။ Kick me signs ဆိုတာ အဲဒီကနေလာတယ်။ အင်္ဂလန်နဲ့ ကနေဒါမှာ ဧပြီလ (၁) ရက်နေ့ မနက်ခင်းမှာသာ နောက်ပြောင်ကြတယ်။

အံ့ဖွယ် ဗိသုကာလက်ရာတွေနဲ့ အန်ကောဝပ်



ကမ္ဘာ့အကြီးဆုံး ဘာသာရေးအဆောက်အအုံနဲ့ UNESCO စာရင်းဝင် ကမ္ဘာ့အမွေအနှစ်နေရာ
ဗိသုကာပညာရဲ့ အံ့ဖွယ်တစ်ပါးဖြစ်တဲ့ အန်ကောဝပ်က အေဒီ ၁၂ ရာစုအစောပိုင်းက တည်ဆောက် ခဲ့တဲ့ဟိန္ဒူဘုရားကျောင်းတစ်ခုပါ။ တည်ဆောက်ခဲ့သူကတော့ ခမာဧကရာဇ်မင်းကြီး Saryavarman ll ဖြစ်ပါ တယ်။ အဲဒီဘုရားကျောင်းရဲ့ ဘာသာရေး ရပ်တည်ချက်က ခမာ အင်ပါယာကို အုပ်ချုပ်သူတွေ ကိုးကွယ်တဲ့ ဘာသာရေးအလိုက် ပြောင်းလဲခဲ့တာကြောင့် လွန်ခဲ့တဲ့ရှစ်ရာစုနှစ်အတွင်းမှာဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ ထပ်မံတိုးချဲ့ခြင်းတွေနဲ့ ဖျက်ဆီးခြင်းတွေ ရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေက အဲဒီ ဘုရားကျောင်းကိုဗုဒ္ဓဘာသာဘုရားကျောင်းအဖြစ် ပြောင်းလဲ ပြုပြင်မွမ်းမံခဲ့ရာကနေယနေ့ထက်ထိတိုင် အဲဒီအတိုင်း ဆက်လက် တည်ရှိနေခဲ့ပါတယ်။
၎ဝ၁ ဧကရှိတဲ့ အကျယ်အဝန်းနဲ့အမြင့်ဆုံး ပေ ၇ဝဝ အထိရှိတဲ့ မျှော်စင်တွေရှိတဲ့ အန်ကောဝပ်က ကမ္ဘာပေါ်မှာ အကြီးဆုံး ဘာသာရေး အဆောက်အအုံအဖြစ် ဂရင်းနစ်စံချိန်ကို ရရှိထားပါတယ်။ အန်ကောဝပ် ရဲ့အလှနဲ့ ယဉ်ကျေးမှုကြောင့် ၁၉၉၂ ခုနှစ်ကတည်းက ယူနက်စကို (UNESCO)ရဲ့ ကမ္ဘာ့ ရှေးဟောင်းအမွေ အနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ခြင်းလည်း ခံခဲ့ရပါတယ်။ ကြီးမားလှတဲ့ အန်ကောဝပ်ကို ကြည့်ရှုဖို့ အကောင်းဆုံးအချိန်ကတော့ နေဝင်ဆည်းဆာအချိန်ပါပဲ။

Thursday, March 17, 2016

ပုန်းမကြည်ရှင်မရိုးရာပွဲ(အညာဓလေ့)


ကျွန်တော်တို့အညာဒေသမှာ ကောက်ကြီးသိမ်းပြီးတဲ့အချိန် တပေါင်းလမှာ ပုန်းမကြည်တင်တဲ့ပွဲရှိပါတယ်။
တပေါင်းလဆန်း(၁)တစ်ရက်နေ့မှာ ပုန်းမကြည်(ပုဗ္ဗကြယ်)နတ်ကို တောင်သူလယ်သမား၊ကိုင်း၊ကျွန်းလု
ပ်
တဲ့လူတွေတိုင်း ပူဇော်တင်မြှောက်ပသကြတဲ့နေ့ပါပဲ။ အိမ်တိုင်း အိမ်တိုင်း ဆန်မှုန့်နဲ့ တောင်သူသုံးပစ္စည်း၊
အိမ်သုံးပစ္စည်းတွေ ဖြစ်တဲ့ နွား၊ ထွန်၊ထယ်၊ လှည်း၊ ကျောက်ပျဉ်၊လက်ကောက် အစရှိတဲ့ဟာတွေကိုကြော်
၊နောက်ပြီး မုန့်ဆီကြော်ကိုကြော်၊ လ္ဘက်နဲ့ ပုန်းမကြည်ရှင်မကိုပူဇော်ပသတဲ့နေ့ဖြစ်ပါတယ်။ ပုန်းမကြည်ရှင်
မက စပါး၊ပဲ၊နှမ်း၊၀ါ စတဲ့အပင်တွေကို များများရအောင် ကူညီစောင့်ရှောက်တဲ့နတ်လို့လည်းယူဆကြပါတ
ယ်။“တစ်ရွာ တစ်ပုဒ်ဆန်း၊ တစ်ကျောင်း တစ်ဂါထာ”ဆိုသလိုပါပဲ နယ်မြေဒေသကိုလိုက်ပြီး ကွဲပြားမှုတွေ
လည်းရှိကောင်း ရှိမှာပါ။ နောက်ပြီး တပေါင်းလဆန်း(၁)ရက်နေ့ လေတိုက်မတိုက်စောင့်ကြည့်ကြပါတယ်။
လဆန်း(၁)ရက်နေ့လေတိုက်ရင် မိုးဦးကောင်းမယ်။ လဆန်း(၂)ရက်နေ့လေတိုက်ရင်မိုးလယ်ကောင်းမယ်
။ လဆန်း(၃)ရက်နေ့လေတိုက်ရင် မိုးနှောင်းကောင်းမယ်ဆိုပြီး တောသူ၊ တောင်သားတွေက မိုးလေ၀သ
ကိုလည်း ခန့်မှန်းကြပါတယ်။

ကျောက်စာများက ပြောသော အသောကမင်းကြီး (အပြည့်အစုံ)



ကျောက်စာ နံပါတ် (၁၃) မှာ ရေးထိုးထား တဲ့ ဗုဒ္ဓသာသနာ ပြန့်ပွားဖို့ သာသနာပြု အဖွဲ့တွေ စေလွှတ်ရာ ဌာနဖြစ်တဲ့ အနောက်နိုင်ငံတွေက ဘုရင် (၅) ပါးရဲ့အမည်တွေကိုအခြေခံပြီး အသောက ဘုရင်ရဲ့ နန်းစံနှစ်ကိုဘီစီ ၂၆၈ - ၂၃၂ လို့ ခန့်မှန်းကြပါတယ်အဲဒီဘုရင်(၅)ပါးရဲ့အမည်ထဲမှာအီဂျစ်ဆီးရီးယားနဲ့မက်ဆီဒိုးနီးယားက ဘုရင်တွေပါတယ်။ အသောက ဘုရင် နန်းစံ တဲ့ သက်တမ်းကို အဲဒီ ဘုရင် (၅) ပါးရဲ့ နန်းစံနှစ်တွေကနေ ခန့်မှန်းကြတာ ဖြစ်တယ်။ ဒီ ခန့်မှန်းချက်ဟာ ၂ နှစ်ကနေ ၁၀ နှစ် လောက်တော့ မှား ချင်မှား သွားနိုင်တယ်။ ရှေးအင်ဒီးယန်းတွေဟာသမိုင်းနှစ်ကာလမှတ်တမ်းတွေကိုမှတ်လေ့မရှိကြတော့ယခုတွက်ချက်ခန့်မှန်းထားတဲ့နှစ်နဲ့ဘဲ အိန္ဒိယ ရှေးဟောင်း သမိုင်းကို ခုနှစ် စဉ်ကြည့်ကြရတယ် ။ သီဟိုဠ် သမိုင်းကျမ်းဖြစ်တဲ့ ‘’မဟာဝံသ’’ က အသောကဘုရင်ရဲ့ နန်းစံနှစ်ကို (၃၇) နှစ်လို့ ပြောထားပြီး၊ ‘’ပုရာမ်’’ ကျမ်းကတော့(၃၆) နှစ်လို့ ဖော်ပြထားပါတယ်။အသောကဘုရင်လက်ထက်အတွင်းက ရေးထိုးခဲ့တဲ့ကျောက်စာ တွေဟာ အဲဒီ ခေတ်ကာလ ကို ခန့်မှန်းတွက်ချက်ဖို့အတွက် ခိုင်မာတဲ့ သက်သေအထောက်ထားတွေဖြစ်တယ်။

ရခိုင်ရိုးရာ ပန်းရထားဆွဲပွဲ


သမိုင်းအကျဉ်း

ဗုဒ္ဓရှင်တော် ဂေါတမမြတ်စွာဘုရားရှင် ခမည်းတော်မှာ ကပိလ၀တ်ပြည်ရှင်
သုဒ္ဓေါဒနမင်း ဖြစ်ပြီး မယ်တော်မာယာမှာ ဒေ၀ဒဟတိုင်းပြည်သူဖြစ်သည်။
မယ်တော်မာယာမှာ ဗုဒ္ဓလောင်းလျာအား ပဋိသန္ဓေယူချိန်၌ မိမိဇာတိမြေ
ဒေ၀ဒဟပြည်သို့ ပဋိသန္ဓေအမှန်ရှိနေကြောင်းသက်သေပြရန်ပြန်လာစဉ် လမ်းခရီးဝက်
တိုင်းပြည်နှစ်ပြည်ကြား ``လုမ္ဗိနီတော´´ရှိ ဗုဒ္ဓလောင်းလျာ
သိဒ္ဓတ္ထမင်းသားအား ဖွားသန့်စင်တော်မူပြီး နောက်ခုနစ်ရက်နေ့တွင်
လွန်တော်မူသည်။ ထိုစဉ် ကပိလ၀တ်တိုင်းနှင့် ဒေ၀ဒဟတိုင်း
နှစ်ပြည်ထောင်သားအပေါင်းတို့မှာ မယ်တော် မာယာ အကြွင်းအကျန်
ရုပ်ကလာပ်တော်ကို သင်္ဂြိုဟ်တာဝန်ယူလိုသည့် တစ်ပြည်နှင့်တစ်ပြည်
အငြင်းပွားဖွယ်ဖြစ်လာပါသည်။ သို့ဖြစ်ပါ၍ မယ်တော်မာယာ၏
ကြွင်းကျန်ရုပ်ကလာပ်တော်ကို ပန်းယိုင်ရထားဆင်ပြီး
နှစ်ပြည်ထောင်သားအပေါင်းတို့က အပြိုင်ဆွဲကာ ဆုံးဖြတ်ခဲ့ရကြောင်း
သိရပါသည်။

Tuesday, March 15, 2016

ကရင်လူမျိုး



ကရင်လူမျိုးများသည် ရိုးသားကြိုးစားကြပြီး အေးဆေးသောဘဝကို လိုလားသူများဖြစ်ကြသည်။

လူမျိုးစုများ

ကရင်လူမျိုးတွင် စကောကရင် နှင့် ပိုးကရင် ဟူ၍ အဓိကလူမျိုးစုကြီး ၂ စုရှိသည်။
ထိုလူမျိုးစုကြီး ၂စုမှာ ဓလေ့စရိုက် နှင့် အသုံးပြုသော ဘာသာစကားတွင် ကွဲပြားခြား
နားမှုများရှိသည်။ စကောကရင်လူမျိုးများသည် ယောက်ျားလေးများ၏ အမည်ရှေ့တွင်
စောတပ်၍ ခေါ်​​ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် နော် တပ်၍ ခေါ်ဝေါ်လေ့
ရှိကြသည်။ ပိုးကရင်လူမျိုးများမှာမူ ယောက်ျားလေးများ၏ အမည်ရှေ့တွင် မန်း
တပ်၍ ခေါ်​​ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် နန့် တပ်၍ ခေါ်ဝေါ်လေ့
ရှိကြသည်။

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၅)


 သုတေသနစာတမ်း စောဖော (ရန်ကုန်တက္ကသိုလ်) ကရင်လူမျိုးများ မြစ်နှစ်မွှာဒေသ၊ မြေထဲပင်လယ် ဘက်မှ အရှေ့တောင်အာရှဘက်သို့ ပျံ့နှံ့လာသော အယူအဆကို အက်စ်ကေချာတာဂျီ (S.K. Chatterji) က ထောက်ခံ တင်ပြထားသည် (The history and culture of the Indian meoiib. vol. 1, p148 – 149)။ မြောက်ဘက်မှ တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာတွင် တရုတ်ပြည် အနောက်တောင်ဘက်ရှိ သံလွင်မြစ်၊ မဲခေါင်မြစ်၊ ယန်စီကျန် မြစ်ကြောင်းများအတိုင်း ပြောင်းရွှေ့လာပုံရသည်။ သံလွင်နှင့် မဲခေါင် မြစ်နှစ်ခု အနီးကပ်ဆုံးနေရာသည် (၁၀) မိုင်သာ ဝေးပြီး မဲခေါင်နှင့် ယန်စီကျန်မြစ် အနီးဆုံးနေရာသည် မိုင် (၅၀) ခန့်သာ ရှိသဖြင့် မနီးမဝေးရှိသော မြစ်ကြောင်း (၃) ကြောင်းမှ အာရှအရှေ့တောင်သို့ ပြောင်းရွှေ့လာပုံရပါသည်။ ယန်စီကျန် မြစ်ဝပိုင်းနှင့် မြစ်ဝှမ်းအောက်ပိုင်းသည် ရေလွှမ်းမိုးသဖြင့် ထိုဒေသသို့ ပျံ့နှံ့ရောက်ရှိသွားသော ကရင်များသည် တောင်ဘက် ဗီယက်နမ်ရှိ မြစ်နီမြစ်ကြောင်းဖြင့်လည်း တောင်ဘက်သို့ ရွှေ့လာပုံရပါသည်။

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၄)




သုတေသနစာတမ်း စောဖော (ရန်ကုန်တက္ကသိုလ်) 
ကရင်သည် အာရှအရှေ့တောင်သို့ ရောက်ရှိမလာမီ မည်သည့်အရပ်က လာခဲ့သည့် နောက် ကြောင်းကို ပြန်လေ့လာရမည် ဖြစ်သည်။ အာရှ အလယ်ပိုင်း၊ တရုတ်ပြည် အနောက်ဘက်နှင့် အနောက်တောင်ဘက်မှ လူရေစီးကြောင်းသဖွယ် တရွေ့ရွေ့ ပြောင်းလာသည်မှာ ထင်ရှားပါသည်။ ယနေ့တိုင် ယူနန်နယ်နှင့် တရုတ်ပြည် အနောက်တောင်ပိုင်း၌ မြောင်၊ လားဟူ စသော ကရင်မျိုးနွယ်စု အများအပြား ရှိကြသေးသည်။ အာရှတိုက် အလယ်ပိုင်း၌ ကရင်အခေါ်အဝေါ်နှင့် တွေ့ရသော အင်းအိုင်များလည်း ရှိသည်။ ၎င်းတို့မှာ - ၁။ အီစီနို (Issyk Nor) E.Long 77˚ N.Lat 43˚ ၂။ လော့ပ်နို (Lop Nor) E.Long 90˚ N.Lat 41˚ ၃။ ဒါလေနို (Dalai Nor) E.Long 117˚30 N.Lat 47˚15 ၄။ ကိုကိုနို (Koko Nor) E.Long 100˚ N.Lat 37˚ ၅။ ခါရင်နို (Charing Nor) E.Long 97˚ N.Lat 34˚45 ၆။ အိုရင်းနို (Oring Nor) E.Long 97˚30 N.Lat 34˚45 ၇။ ဇေလင်းနို (Zilling Nor) E.Long 89˚ N.Lat 31˚45 ၈။ တန်ကရဲနို (Tengri Nor) E.Long 90˚30 N.Lat 30˚45 စသည် စသည်ဖြင့် အများအပြား ရှိပါသည်။ သို့သော် ယခုအခါ ထိုအမည် အများအပြားသည် ပြောင်းလဲ သွားကြပြီး ဖြစ်ပါသည်။ ထူးခြားသည့် အချက် တခုမှာ ကရင်များ၌ မိဘဘိုးဘွား အစဉ်အဆက် ပြောကြသော “ထီးဆဲ့မဲ့ယွာ” (River of punning sand) ဖြစ်သည်။ ထီးဆဲ့မဲ့ယွာ ဆိုသည်မှာ ရေစီးဆင်းရာတွင် သဲများပါ ရော၍ စီးနေသော နေရာဒေသကို ရည်ရွယ်ပြောခြင်း ဖြစ်သည်။

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၃)


သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

karen-womanမြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ၏ ထူးခြားချက်မှာ သမိုင်း သုတေသီနှင့် ပညာရှင်အများက လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု စတင်ရာဒေသ Cradle of Civilization နှင့် လူမျိုးပေါင်းစုံတို့၏ မြေပုံ Dust heap of the nations ဟု အသိအမှတ်ပြု ထားသောကြောင့် ဖြစ်သည်။ (Lands and peoples vol III, The grower society) page 217, In the garden of Eden, Mesopotamia, … has been called the Cradle of cilivation “because here the humen race is thought to have had its beginning and it has also been formed the dust heap of the nations” because the ruins of mighty empires or ancient times are buried under its sunbaked soil.)

ကမ္ဘာဦးကျမ်းတွင်လည်း လူကိုစတင်ရာ “ဧဒင်ဥယျာဉ်” ဆိုသည်မှာလည်း ဤဒေသကို ဖော်ညွှန်းလျှက် ရှိသည်။

အထက်တနေရာတွင် ဖော်ပြထားသကဲ့သို့ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည့် အသားဖြူ လူမျိုးတို့သည် ဤဒေသနှင့် ဤပတ်ဝန်းကျင်တွင်ပင် ပေါ်ပေါက်လာခဲ့သည်။ ထိုနည်းတူ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြသော ယဉ်ကျေးသည့် မွန်ဂို အသားဝါ လူမျိုးနွယ်များကိုလည်း ဤဒေသတွင်ပင် တွေ့ရသည်။ (Pratical knowledge for all by Sir John Hammerton, page 67, The begeinning of history, 1st column, While on the lower Euphreates there are another group doscribed as Mongolian.)

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၂)


သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

karen-manကမ္ဘာ့လူမျိုးနွယ်များ

ကမ္ဘာ့သမိုင်း စတင်ဖြစ်ပေါ်မှု The Beginning of History ကို ပြန်၍ လေ့လာမည် ဆိုပါက လူမျိုးကြီး ၃ မျိုးကို တွေ့ရပေမည်။ ၎င်းတို့မှာ
၁။ အသားမည်း အနွယ် Negaroid နီဂရွိုက်
၂။ အသားဖြူ အနွယ် Europoid ယူရိုပွိုက်
၃။ အသားဝါ အနွယ် Mongoloid မွန်ဂိုလွိုက် တို့ ဖြစ်ပါသည်။

နီဂရွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက်ဖက်သို့ ပျံ့နှံ့ပြီး ကင်းယန်း၊ နိုင်ဂျီးရီးယန်း၊ ဇင်ဘာဘွေးယန်း စသဖြင့် အာဖရိက လူမျိုး၊ နိုင်ငံများ ဖြစ်ပေါ်လာသည်။ အချို့မှာ ပင်လယ် သမုဒ္ဒရာကို ဖြတ်၍ အရှေ့အိန္ဒိယ ကျွန်းစုဘက် တောင်ကျွန်းများ အထိပင် ပျံ့လွင့် ရောက်ရှိကြပေသည်။

ယူရိုပွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက် မြောက်ပိုင်းနှင့် ဥရောပတိုက်သို့ ရောက်ရှိသွားကြသည်။ ထင်ရှားသည့် ရှေးဦးမျိုးနွယ်များမှာ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည်တို့ ဖြစ်ကြသည်။ အာရိယန်များသည် အိန္ဒိယပြည်သို့ပင် ရောက်ရှိကြသည်။ ၎င်းယူရိုပွိုက်များကို Compton’s Encyclopedia စွယ်စုံကျမ်း အတွဲ S.(K.L) စာမျက်နှာ 98-A တွင် ပါရှိသော Language Family Tree ခေါ် ဘာသာစကား မိသားစုတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၁)




သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

karen-womans-costumeနိဒါန်း
ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇာစ်မြစ်တိုင်းသည် ၀တ္ထုဆန်ဆန်၊ စိတ်ကူးယဉ် ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း မပြုနိုင်ကြပေ။

ဥပမာအားဖြင့် ဂျပန်လူမျိုးတို့သည် မိမိတို့ ဘုရင်ကို “နေနတ်” မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပြီး မိမိတို့ လူမျိုးကိုလည်း “နေနတ်အနွယ်” များဟု ယူဆ ကြသည်။

ထိုနည်းတူ ကရင်လူမျိုးများ၏ မူလဇာစ်မြစ်နှင့် ပတ်သက် ၍ အမျိုးမျိုး ယူဆ ပြောဆိုကြပေသည်။ အချို့က ကရင်လူမျိုးများသည် တိဘက် လူမျိုး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ကရင်လူမျိုးများသည် တရုတ်ပြည် အနောက်မြောက်ပိုင်းမှ ဆင်းသက်လာကြ သော လူမျိုးတမျိုး ဖြစ်သည်ဟု ဆို၏။ အချို့ကလည်း ကရင်လူမျိုးသည် ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော ဤနိုင်ငံ၏ မူလ တိုင်းရင်းသား (aborgine) ဟု ဆိုကြ၏။ (Judson of Burma, by professor B.R. Pearn, page 79)။ တဖန် အချို့ကလည်း ကရင်လူမျိုးများသည် ဆီးမိုက် မျိုးနွယ်ကြီးမှ ဟီဘရူးခေါ် ဟေဗြဲ အနွယ်ဝင် ၁၂ မျိုးထဲမှ ပျောက်ဆုံးသွားသော လေ၀ိ အနွယ်ဖြစ်သည်ဟု အထောက်အထားနှင့် အခိုင်အမာ ဆိုကြသည်။

Monday, March 14, 2016

ကရင်ရိုးရာလက်ချည်ပွဲ


ဝါခေါင်လကို ကရင်လို လာခေါင်လို့ ခေါ်သတဲ့... ကရင်တို့အတွက် ဒီလရဲ့ပွဲတော်က ဝါခေါင်လက်ချည်ပွဲပါတဲ့... နှစ်စဉ်နှစ်တိုင်း ဝါခေါင်လဆန်း ၁ ရက်နေ့ကစပြီး လပြည့်နေ့အထိ လက်ချည်ပွဲ လုပ်လေ့ရှိကြသတဲ့... ဒီလက်ချည်ပွဲကိုပဲ ခြည်ဖြူဖွဲ့မင်္ဂလာ... ဝါခေါင်ခြည်ဖြူပွဲ ဆိုပြီးတော့လဲ ခေါ်ကြသေးသတဲ့...
တကယ်တော့ ကရင်ရိုးရာ လက်ချည်ပွဲဆိုတာက ဝါခေါင်လမှာ လုပ်တဲ့ပွဲတင် မကပါဘူး... ကာလဒေသကို လိုက်ပြီးတော့ အမျိုးအစား ၃ မျိုး ကွဲပါသတဲ့ဗျာ... ဒါတွေကတော့...
- လိပ်ပြာခေါ် ဆုတောင်လက်ချည်ပွဲ...
- ထိမ်းမြားမင်္ဂလာ လက်ချည်ပွဲ... နဲ့
- ဝါခေါင်လက်ချည်ပွဲ... တွေပဲ ဖြစ်ကြပါတယ်...
ထိမ်းမြားမင်္ဂလာ လက်ချည်ပွဲဆိုတာက ဇနီးမောင်နှံနှစ်ယောက်ရဲ့ လိပ်ပြာတွေကို မခွဲအတူတူ တစ်သက်လုံး လက်တွဲသွားနိုင်အောင် ပြုလုပ်ကျင်းပတဲ့... ကရင်ရိုးရာ လက်ထပ်ထိမ်းမြားတဲ့ အခမ်းအနားတစ်ခုပဲ ဖြစ်ပါတယ်...

ကရင်နှင့်ကရင့်ရိုးရာဝတ်စားဆင်ယင်မှုများ


ကရင်လူမျိုးများသည် မြန်မာနိုင်ငံတွင် လူဦးရေအားဖြင့် (၄) သန်းကျော်ရှိနေကြပြီး နေရာဒေသကြီး (၃) ခုတွင်နေထိုင်ကြသည်။ ၄င်းတို့မှာ (၁) ဧရာဝတီမြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်း၊ သံလွင်မြစ်ဝှမ်းနှင့် တနင်္သသာရီကမ်းရိုးတန်းဒေသ (၂) ဧရာဝတီမြစ်ဝှမ်းနှင့် စစ်တောင်းမြစ်ကြားရှိ ပဲခူးရိုးမတောင်တန်းများနှင့် ချိုင့်ဝှမ်းဒေသများ (၃) ရှမ်းကုန်းပြင်မြင့်တောင်ပိုင်းမှ ကယားပြည်နယ်၊ ကရင်ပြည်နယ်၏ချိုင့်ဝှမ်းနှင့် လွင်ပြင်များအပါအ၀င် ကျယ်ပြန့်သော ရှမ်းကုန်းပြင်မြင့်ဒေသများပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင်နေထိုင်ကြသော ကရင်များသည် ဘာသာစကားအားဖြင့် (၁၆) မျိုးခန့်ကွဲပြားခြားနားကြပြီး ယင်းတို့ကိုအဓိကအားဖြင့် အုပ်စုကြီးနှစ်ခုဖြစ်သော စကော-ဘွဲအုပ်စု (Sgaw-Bghai) နှင့်ပိုးအုပ်စု (Pow) တို့ပင်ဖြစ်သည်။ စကောသည် စကော-ဘွဲအုပ်စုတွင် အကျယ်ပြန့်ဆုံး အသုံးပြုသောစကား ဖြစ်သကဲ့သို့ ပိုးစကားသည်လည်း ပိုးအုပ်စုတွင် အကျယ်ပြန့်ဆုံး ပြောသောစကားဖြစ်သည်။ တစ်ခါတစ်ရံ ကရင်များကိုနေရာဒေသလိုက်၍ မြောက်ပိုင်းကရင်၊ တောင်ပိုင်းကရင် ဟူ၍ခွဲထားပြန်သည်။

ပအိုဝ်းအမျိုးသမီးဝတ်စုံအကြောင်း


အဓိက၀တ်စုံမှာ ခပ်ကျယ်ကျယ်ခပ်ပွပွ သင်တိုင်းများဖြစ်ကြသည်။လည်ပင်းနေရာတွင်အင်္ဂလိပ် Vပုံစံရှေ့နောက်ဖောက်ထား၍လက်မောင်းဝအကျယ်နှစ်ပေါက်ပါသည်။
ကိုယ်အောက်ပိုင်းတွင်ဒူးအထိရှိသောထမီကိုအသုံးပြုဝတ်ဆင်ကြသည်။ဒူးအောက်ပိုင်း ခြေသလုံးပတ်လည်တွင်
အ၀က်နက်စခေါ် ခြေပတ်ကို ချည်နှောင်ထားသည်။ရှေးယခင်က လက်မောင်းစွပ်များဆင်မြန်းသော်လည်းယခုအခါအမျိုးသားတိုက်ပုံဆန်ဆန် ကော်လာသေးခါးတိုဝတ်စုံကိုဝတ်ဆင်လာကြသည်။အမျိုးသမီးများသည်အမျိုးသားများနည်းတူတဘက်ခေါင်းစည်း စည်းလေ့ရှိသည်။ဆံပင်ကိုငယ်ထိပ်တည့်တည့်တွင်ထုံးထားပြီးဖက်ဖူးစောင်ဖြစ်စေ အဖြူ အနီ  အကြား
အရောင်ဖြစ်စေ ပြည်တွင်းဖြစ်တဘက်အမျိုးမျိုးကိုအသုံးပြုကြသည်။

တပ်မတော် ရာထူးအဆင့်အတန်း အခေါ်အဝေါ်များ


( ၁ ) ဗိုလ်ချုပ်မှူးကြီး ( Senior General )
( ၂ ) ဒုတိယဗိုလ်ချုပ်မှူးကြီး ( Vice Senior General )
( ၃ ) ဗိုလ်ချုပ်ကြီး ( General )
( ၄ ) ဒုတိယဗိုလ်ချုပ်ကြီး ( Lieutenant General )
( ၅ ) ဗိုလ်ချုပ် ( Major General )
( ၆ ) ဗိုလ်မှူးချုပ် ( Brigadier General )
( ၇ ) ဗိုလ်မှူးကြီး ( Colonel )
( ၈ ) ဒုတိယဗိုလ်မှူးကြီး ( Lieutenant Colonel )
( ၉ ) ဗိုလ်မှူး ( Major )
(၁၀) ဗိုလ်ကြီး ( Captain )
(၁၁) ဗိုလ် ( Lieutenant )
(၁၂) ဒုတိယဗိုလ် ( Second Lieutenant )
(၁၃) အရာခံဗိုလ် ( Warrant Officer I )
(၁၄) ဒုတိယအရာခံဗိုလ် ( Warrant Officer II )
(၁၅) တပ်ခွဲတပ်ကြပ်ကြီး ( Company Quarter Master Sergeant )
(၁၆) တပ်ကြပ်ကြီး ( Sergeant )
(၁၇) တပ်ကြပ် ( Corporal )
(၁၈) ဒုတိယတပ်ကြပ် ( Lance Corporal )
(၁၉) တပ်သား ( Private )

သင်၏မျက်လုံး အားပြန်ကောင်းပြီး " မျက်မှန်လွတ်တဲ့နည်း "


ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊
ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်
လောင်းပေးရမယ် ။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့ အပူခိုးတွေကို
ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ ။ ။ ။
အိပ်ရာကထလာတာနဲ့အပူတွေကတစ်ကိုယ်လုံးမှာပြန့်နှံ့နေတာပါ ၊
ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကိုအရင်သစ်လိုက်မယ်ဆိုရင်
ရေနဲ့ထိပြီးအေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေ
အကုန်ပြေးလာကြပါတယ် ၊ ဒါကြောင့်မျက်စိကိုတစ်ကိုယ်လုံးက အပူခိုး ၊
အပူငွေ့တွေလာရိုက်တော့တာပေါ့ ။ ။ ။
သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ ၊
မျက်လုံးနှစ်လုံးစလုံး " ရဲ " နေတာတွေ့ရလိမ့်မယ်၊ အဲ့ဒီလိုအပူခိုးတွေ
ရိုက်ပါများလာတဲ့အခါ " ဒီမျက်စိကမှုန်ပြီး အားနည်းသွားတာပေါ့ " ။ ။ ။

Pandora's Box - ပန်ဒိုရာသေတ္တာ


       ပန်ဒိုရာသေတ္တာရဲ့ပထမဉီးဆုံးဒဏ္ဏာရီကတော့ ဂရိဒဏ္ဏာရီပဲဖြစ်ပါတယ်။ Zeus နတ်ဘုရားရဲ့စေခိုင်းမှုအရ Hephaestus က Pandora အမည်ရှိတဲ့အမျိုးသမီးငယ်တစ်ယောက်ကိုဖန်ဆင်းခဲ့တယ်။ပန်ဒိုရာက ဂရိရာဇဝင်အရ ကမ္ဘာ့ပထမဉီးဆုံးအမျိုးသမီးဖြစ်တယ်။သူမဟာအလွန်လှပပြီး နှစ်လိုဖွယ်ရှိတယ်။သူမဟာပထမဆုံးလူသားမိန်းကလေးဖြစ်တာကြောင့် နတ်ဘုရားတွေအားလုံးဟာသူမကို ဆုလာဘ်တွေပေးကြတယ်။
   Athina ကသူမကိုအဝတ်အစားတေနဲ့နေထိုင်နည်
ကိုပေးတယ်၊Aphrodite က သူမကိုလှပခြင်းလက်ဆောင်ပေးတယ်၊Apollo ကသူမကိုဂီတမျိုးဆက်ချပေးတယ်၊Hermes နတ်ဘုရားကသူမကိုရဲရင့်သွက်လက်ခြင်းကိုပေးခဲ့တယ်။
     ပန်ဒိုရာသေတ္တာရဲ့ရာဇဝင်အရ  Prometheus ဟာအိုလမ်ပီယာက မီးကိုခိုးယူသွားခဲ့တယ်။ဒါကြောင့် Zeus နတ်ဘုရားဟာအခဲမကျေတဲ့အတွက် အိုးတစ်လုံးကို
Prometheus ရဲ့အကိုဖြစ်သူဆီပို့လိုက်တယ်။ပို့ဖို့တာဝန်ကို ပန်ဒိုရာကိုပေးခဲ့ပြီး လုံးဝမဖွင့်မိစေဖို့မှာခဲတယ်။

အိမ်တွင်းနတ် ၇ ဖော်

တကောင်းရာဇ၀င်မှာ သူမပါမပြီးတဲ့ ပုဂ္ဂိုလ်ကတော့ အိမ်တွင်းမင်းမဟာဂီရိအမည်ခံ ပန်းပဲဆရာကြီး ဦးတင့်တယ်ပါဘဲ။ အဘွားပြောတဲ့ပုံပြင်တွေမှာ သူ့အကြောင်းလဲ ပါပါတယ်။ အလွန်ကြေကွဲစရာကောင်းတဲ့ ပုံပြင်ကလေးပါဘဲ။
ဟိုရှေးရှေးတုံးက တကောင်းပြည်မှာ ဆင်ပြောင်စွယ်ကို အလွယ်တကူ ချိုးယူနိုင်တဲ့ ပန်းပဲဆရာကြီး ဦးတင့်တယ် ဆိုတာ ရှိသတဲ့။ သူ့မှာ့ မမြတ်လှနဲ့ မထွေးလှ ဆိုတဲ့ညီမနှစ်ယောက်လည်း ရှိသတဲ့။ မိဘတွေ မရှိကြတဲ့နောက် အိုးအိမ်မထူထောင်ဘဲ ညီမနှစ်ယောက်ကိုဖခင်ပမာ ကျွေးမွေးစောင့်ရှောက်နေရှာတာဖြစ်တယ်။ ဦးတင့်တယ်က ခွန်အားကြီးတဲ့သူဆိုတော့ တခါတရံ သူတူထုတဲ့အသံက တတိုင်းတပြည်လုံး သိမ့်သိမ့်တုန်သွားကရော ဆိုဘဲ။
သူက တူကို နာနာထုလေ ဘုရင်က ကြောက်လေ။
ထီးနန်းလုယူလို့ ပုန်ကန်မှာတွေးရင်း တကောင်းဘုရင်က ကြောက်လာပါသတဲ့။
အဲ့ဒါနဲ့ ရဲမက်တွေလွှတ်အဖမ်းခိုင်းတာပေါ့။ ဒါပေမယ့် ဦးတင့်တယ်က အဖမ်းမခံဘဲ ပုပ္ပါးတောင်ဘက်ကို ထွက်ပြေးပါရော။

Saturday, March 12, 2016

အနုမှာ အာနန္ဒာ


အာနန္ဒာဘုရားသမိုင်း...........
အာနန္ဒာလိုဏ်ဂူဘုရားဟာ ကျန်စစ်သားမင်း (၁၀၈၄-၁၁၁၃)၏ ကောင်းမှုတော်ဖြစ်ပါတယ်။ နန္ဒမူလလိုဏ်ဂူမှာ သီတင်းသုံးရာမှ ပုဂံနေပြည်တော်သို့ ကြွရောက်လာခဲ့သော ရဟန္တာအရှင်မြတ်များကို အကြောင်းပြု၍ (၁၀၉၀) ပြည့်နှစ်တွင် ထိုလိုဏ်ဂူပုံသဏ္ဍာန်အတိုင်း အာနန္ဒာလိုဏ်ဂူတည်ဆောက်စေခဲ့ကြောင်း ရာဇ၀င်ကျမ်းများမှာတွေ့ရပါတယ်။
နန္ဒမူလပုဒ်မှအာနန္ဒာသို့ စကားရွေ့လျော့လာသလို ရှိပါတယ်။ အနန္တပညာပုဒ်မှ အာနန္ဒာသို့ စကားရွေ့လျော့လာသည်ဟူသော အယူအဆလည်း ရှိပါတယ်။ လိုဏ်ဂူရဲ့အခြေခံပန္နဟာ ကြက်ခြေခတ်သဏ္ဍာန်ဖြစ်ပါတယ်။ ကုလားကျောင်း (တိုက်မ) ရဲ့ တစ်ဖက်တစ်ချက်ဟာ (၁၇၅) ပေကျယ်ပြီးလေးထောင့်စပ်စပ်ပုံရှိပါတယ်။ တစ်ဖန် အာရုံခံမုခ်များ လေးဖက်လေးတန်ထုတ်ထားပြီး အာရုံခံတစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းအထိ ပေ (၂၉၀) ခန့်ရှည်လျားပါတယ်။ တိုက်မနံရံမှာလည်း မုခ်ပြတင်းနှစ်ဆင့်တပ်ထားသောကြောင့် အတွင်းပိုင်းမှာ အလင်းရောင်ကောင်းကောင်းရနိုင်ပါတယ်။

ခေါင်းဆောင်နိုင်မှုအရည်အချင်း


LEADERSHIP
လို့ပြောရင် လွယ်လွယ်ပဲ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်း လို့ အလွယ်ပြောလို့ရပါတယ်။ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်း ဆိုတာဘာလဲလို့ မေးရင်တော့ အဖွဲ့အစည်း တစ်ခုကို အောင်မြင်အောင်၊ အဖွဲ့ဝင်တွေ လုဎ်ဖော်ကိုင်ဖက်တွေ ပျော်ရွှင်အောင်၊ မှန်ကန်တဲ့ လုဎ်ဆောင်ချက်တွေကို လုဎ်ပေးနိုင်တဲ့ သူတွေကို ခေါင်းဆောင် အရည်အချင်း ရှိတယ်လို့ ပြောလို့ အကြမ်းမျဉ်း ပြောလို့ရပါတယ်။ leadership အရည်အချင်း ရှိတဲ့လူ အများစုဟာ ကိုယ်ကိုတိုင် မှန်ကန်တဲ့ လုဎ်ဆောင်ချက်တွေကိုလုဎ်ရုံ မဟုတ်ပဲ၊ ကိုယ့်ရဲ့ လုဎ်ဖော်ကိုင်ဖက် တွေကိုပါ မှန်ကန် တဲ့လုဎ်ဆောင်ချက် တွေလုဎ်လာအောင် ကူညီအားပေးနိုင်သူလဲ ဖြစ်တယ်။ အများကို ဦးဆောင်တဲ့ အချိန်မှာ မှန်ကန်တဲ့ Management Skill ကိုသုံးပြီး လိုရာ ပန်းတိုင်ကိုရောက်အောင် ဦးဆောင်ပေးနိုင်သူ ဖြစ်ပါတယ်။

Thursday, March 10, 2016

အဘဘိုးတော်အောင်မင်းခေါင်၏ အတ္ထုပ္ပတ္တိ(ဖြစ်စဉ်အကျဉ်း)


အဘအောင်မင်းခေါင်လောင်လျာ မောင်ဘိုးအောင်ကိုကျောက်ပန်းတောင်းမြို့နယ်၊ပုပ္ပားတောင်မကြီး၏ အရှေ့ဘက်ရှိ စင်မြင့်ရွာမှ အဘဦးမောင်ပု၊အမိဒေါ်မင်းသစ်တို့မှ
မြန်မာသက္ကရာဇ် ၁၂၄၂ခုနှစ်၊ကဆုန်လဆန်း(၁၀)ရက်၊တနင်္ဂနွေနေ့(ခရစ်နှစ် ၁၈၈၀ပြည့်နှစ်၊မေလ(၂)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင်ဖွားမြင်ခဲ့သည်။ မွေးချင်းငါးယောက်အနက် ဒုတိယသားဖြစ်သည်။
မွေးချင်းများမှာ (၁)ဦးဘိုးသောင်း၊(၂)ဦးဘိုးအောင်(ဘိုးမင်းခေါင်)၊(၃)ဦးထွန်းမောင်၊(၄)ဦးဘိုးဆောင်၊(၅)ဒေါ်ငွေမြင့် တို့ဖြစ်ကြပါတယ်။ မောင်ဘိုးအောင်သည် ငယ်နုစဉ်ဘ၀ကပင်
ရှင်သာမဏေဘောင်ဝင်ခဲ့ပါတယ်။ အရွယ်ရောက်လတ်သော် မြင့်မြတ်သော ရဟန်းအဖြစ်ရောက်ရှိခဲ့ပါတယ်။ ဘွဲ့အမည်မှာ  ဦးအာစိဏ္ဏ ဖြစ်ပါတယ်။ ရဟန်းဘ၀ သုံးဝါအရမှာပင်
ပိဋကတ်သင်ရိုးကျွတ် သင်ယူတတ်မြောက်ခဲ့ပါတယ်။

ရက္ခပူရမြို့တော်မှ မနုဿီဟအကြောင်း


              ကမ္ဘာပေါ်ရှိလူမျိုးတိုင်းတွင် မိမိတို့လူမျိုး ဘိုးဘွားတို့ထံမှဆင်းသက် လာသော ဒဏ္ဍာရီ၊ ရာဇဝင်တို့ကို ပန်းချီ၊ ပန်းပုအနုသုခုမ အဖြစ်ပြောင်းကာ ကိုယ်ပိုင်ယဉ်ကျေးမှု  သင်္ကေတ၊လာဘ်ကောင် ၊ နိုင်ငံကိုယ်စားပြုအရုပ် စသဖြင့်ဖန်တီးကြသည်။ ဥပမာ - အီဂျစ်၊ ဂရိ လူမျိုးတို့ သည် ဒဏ္ဍာရီလာများကို ဆိတ်ခေါင်းလူကိုယ် ၊ ငှက်ခေါင်းလူကိုယ်၊ လူခေါင်းမြင်းကိုယ် အစရှိသော Sphinx ရုပ်များဖန်တီးကြကာ အောင်မြင်ခြင်း ရန်သူများသိမ်ငယ် စိတ် ဖြစ်စေခြင်း အစရှိသော ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ဖန်တီးကြသည်။အီဂျစ်နိုင်ငံရှိ The great Sphinx of Giza သည်ကမ္ဘာ့အကြီးဆုံး Sphinx ဖြစ်သည်။  ထိုတို့အနက် မြန်မာ့မူပိုင် Sphinx အရုပ်စစ်စစ်တစ်ခု ပြရမည်ဆိုလျှင် မနုဿီဟ ပင်ဖြစ်သည်။ ကျမ်းဂန်လာခြင်္သေ့(၄)မျိုးတွင် မပါသော မနုဿီဟရုပ်ကို ဘုရားများတွင် တွေ့ဖူးကြမည်ဖြစ်သော်လည်း အမှုမဲ့အမှတ်မဲ့ သာဖြစ်နေကြမည်။မနုဿီဟ ထားရှိခြင်းသည် အဘယ်သို့သော ရည်ရွယ်ချက်၊ ရည်ညွှန်းချက် ရှိကြသနည်းဟု အကြောင်းရင်း ရှာလိုက်သောအခါတွင်-  မနုဿီဟသည် မနုဿဟူသော လူသားနှင့် သီဟဟူသော ခြင်္သေ့ ဝေါဟာရတို့ ပေါင်းစပ်ထားသော မွန်ဒဏ္ဍာရီလာ အကောင်တစ်မျိုးဖြစ်သည်။

Wednesday, March 9, 2016

အင်းလေးကန် ပေါ်ပေါက်လာပုံ


ဘူမိဘေဒ ပညာရှင်များ၏ သင်ကြားချက် အရဆိုလျှင် ရှမ်းကုန်းမြေမြင့် ဒေသသည် (Lime stone) ခေါ် ထုံးကျာက်များ ပေါ်ကြွယ်ရာ ဒေသဖြစ်သည်။
မိုးများအဆက်မပြတ်ရွာသွန်းရာတွင် ထုံးကျောက်များ အရည်ပျော်
ရာမှ ဖြစ်ပေါ်လာသောပျော်ဝင်ကန် (solution lake) ဖြစ်သည်ဟု ဆိုကြ၏။ တစ်ချို့သော ဘူမိဗေဒ ပညာရှင်များကလည်း အင်းလေးကန်သည်
ထုံးကျောက်များကိုရေတိုက်စားခြင်းဖြင့် ရေတိုက်စား ခံရသော နေရာများ
တွင် ချိုင့်ဝှမ်း ဖြစ်ပေါ်လာ သောထုံးကျောက်အိုင် ဟူ၍ ဆိုကြ၏။
-
တဖန်တစ်ချို့သော ပညာရှင်များက အင်းလေးကန်၏ တဖက်တချက်ရှိ အက်ကြောင်းကြီး နှစ်ခု၏ အလယ်ထုအာက်သို့ လျှောကျမှုကြောင့်
(ထုပြတ်ရွေ့ Block Faulting) ဖြစ်ပေါ် လာသောရေအိုင်ဟူ၍ လည်းဆိုကြ၏။

အာခီမီးဒိ


အာခီမီးဒိ ( Archimedes ) - ဂရိ သင်္ချာပညာရှင်(ဘီစီ ၂၈၇ - ၂၁၂ )
=====================
( ငါ့စက်ဝိုင်းကို တက်မနင်းနဲ့လို့ ပြောရင်း သေဆုံးသွားတဲ့ သင်္ချာပညာရှင်ဟာ ဘယ်သူဖြစ်မလဲ ?
((အာခီမီးဒိ ပါဆရာ ))
ဒီကြေငြာလေးတော့ သိကြမှာပါ ။ ဒါဆို အာခီမီးဒိ ( Archimedes )အကြောင်းလေး ပြောဖို့ လိုပြီပေါ့ ။
------
          ကျွန်တော်တို့ ကျောင်းတွေမှာ သင်္ချာပညာသင်တဲ့အခါ ဂျီသြောမေတြီ ဘာသာရပ်ကို သင်ကြားရင်း ပိုက်သာဂိုရပ် သီအိုရီဆိုတာကို စတင် ရင်းနှီးခွင့်ရပါတယ်။  ဒါပေမယ့် ပိုင်သာဂိုရပ်ဆိုတာ ဂရိက သင်္ချာပညာရှင်ဆိုတာလေးလောက်တာ သိခွင့်ရခဲ့တယ် ။   သူက ဘယ်လိုလူမျိုးလဲ ?
ဒီအကြောင်းကို အနည်းငယ်လေ့လာမိတော့ ပိုက်သာဂိုရဟာ ကမ္ဘာ့ပထမဆုံး သင်္ချာကျောင်းကြီးကို တည်ထောင်ပြီး "သီအိုရီ ပညာရှင်များ" - "သီအိုရီယန်" များ ကို မွေး ထုတ်ပေးခဲ့တယ်လို့ ဆိုတယ် ။  မျိုးဆက်သစ်တွေ မွေးထုတ်နည်းကို အဦးဆုံး ကြံစည်ခဲ့တယ်လို့လည်း ယူဆနိုင်ပါတယ် ။ ဂိုဏ်းဝင် အပေါင်း တို့  ကျင့်ကြံ နေထိုင်ရမည့် သဘောကိုလည်း - ဥပမာငယ် တစ်ခုပေးပြီး သွန်သင် ပြသခဲ့သေးတယ် ။

ပြည်သူ့တရားရှင် ပေါင်ချိန်


ဒီနာမည် ကြားလိုက်တာနဲ့ ငယ်ငယ်က မြဝတီမှာ ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားနာမည်ကို သတိရသွားကြမှာပါ။ ကလေးဘဝက ရူးသွပ်ခဲ့ဖူးတဲ့ ကျန်ကျောင်း ပေါင်ချိန် ကုန်းစွန်းစဲ့ တို့ကို ပြေးမြင်ယောင်မှာ မလွဲမသွေပါပဲ။
ဒါပေမယ့် ဇာတ်ကားထဲကနဲ့ အပြင်က လက်တွေ့ ပေါင်ချိန်နဲ့တော့ ကွာခြားပါတယ်။
ပေါင်ချိန်ကို ခရစ်နှစ် ၉၉၉ ခုနစ် ဧပြီလ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ပေါင်ချိန်တို့ မိသားစုဟာ အလယ်လတ်တန်စားထဲမှာ ပါဝင်ပြီး သူ့ရဲ့ ဖခင်ဟာ ငယ်စဉ်ကတည်းက စာပေကို လေ့လာစေခဲ့ပါတယ်။ ပေါင်ချိန်ဟာ ငယ်စဉ်ကတည်းက ရိုးသားပြီး စိတ်ထားကောင်းမွန်သူ ဖြစ်တဲ့အတွက် ဆင်းရဲသား နိမ့်ကျတဲ့သူတွေကို သနားတတ်ပါတယ်။ သူတို့ ဘဝထဲကို ဝင်လေ့လာပြီး သူဟာ ဆင်းရဲသား ပြည်သူတွေရဲ့ ဘဝကို နားလည်လာပါတယ်။ အဲ့နောက်မှာတော့ ပြည်သူတွေကို ကယ်တင်ချင်တဲ့ စိတ်ကြောင့် နန်းတွင်းစာမေးပွဲကို ဝင်ဖြေပြီး အရာရှိငယ် ဖြစ်လာကာ စုန့်တိုင်းပြည်ရဲ့ ဘုရင် Ren Zhong ရန်ကျူံးဘုရင် လက်အောက်မှာ အမှုထမ်းခဲ့ပါတယ်။

Tuesday, March 8, 2016

တလိုင်းမင်းကြီး (ခေါ်)မြန်မာ့သူရဲကောင်းမင်းရဲကျော်စွာ နတ်သမိုင်း


မြန်မာသက္ကရာဇ် ၇၆၂ ခုနှစ်၌ မင်းခေါင်ဘုရင်နှင့် မိဖုရားရှင်မိနောက်တို့သည် အင်းဝထီးနန်း ကိုစတင် စိုးစံ တော် မူပြီးသားတော်ကြီး သီဟသူ သားတော်လတ် မင်းသင်္ခယာ သားတော်ငယ် မင်းရဲကျော်စွာဟူ၍ သားတော်သုံးပါး ရှိလေသည်။ ထိုအချိန်သည် အင်းဝနှင့်ဟံသာဝတီ နှစ်(၄၀) စစ်ဖြစ်နေသော အခါ ဖြစ်ပြီးဟံသာဝတီ၌ ရာဇာဓိရာဇ်မင်း အုပ်ချုပ်နေချိန် ဖြစ်ပေသည်။ ဒို့ သခင်မင်းရဲကျော်စွာသည် အတိတ်ဘဝ က မွန်ဘုရင်ရာဇာဓိရာဇ်၏ သားတော်ကြီး ဘောလောကျန်းထော ဖြစ်ခဲ့ဖူးသည်။ လည်ကောင်း ဘဝတွင်ဘုရင်ရာဇာဓိရာဇ်ကို ပုန်ကန်၍ ထီနန်း လုရန် ကြံစည် သည်ဟူသော စွပ်ဆွဲချက်ဖြင့် သတ်စေ အမိန့်ပေးရာတွင် ဘောလောကျန်းထောမင်းသား မှ အသတ်မခံရခင် ပဲခူးရွှေမော်ဓောဘုရား ၌ ငါသည် ဖခင်အားသတ်၍ထီးနန်းလုရန်စိတ် အကြံလုံးဝမရှိပါ ဤမှန်သောသစ္စာစကား ကြောင့်ငါသည်ဤဘဝမှကွယ်လွန်၍နောက်ဘဝလူဖြစ်ရသည်ရှိသော် မြန်မာမင်း၏ဝမ်း၌ဝင်စားရ၍ အရွယ်ရောက်သော် ငါ့ဖခင်ကိုတိုက်ပွဲ၌ စီးချင်းထိုး၍ ပြန်သတ်နိုင်ရပါစေသား ဟုသစ္စာပြု

ကာလီမယ်တော်ကြီး


ကာလီမယ်တော်အကြောင်းကို သိချင်လို့ မေးကြတာများပါတယ်
ဘာသာဝင်တွေထဲမှာရော ဘာသာခြားတွေထဲမှာပါ ကာလီမယ်တော်ကြီးဟာ အလွန်ထင်ရှားကျော်ကြားလှပါတယ်
ဘုရားကျောင်းတွေထဲမှာလည်း ကာလီမယ်တော်ကြီးကျောင်းတွေဟာ အလွန်စည်ကားတာတွေ့ရတယ်
ဘာသာခြားတွေလည်းအများအပြားလာရောက်ဆုတောင်းကြပါတယ်
သိသာထင်ရှားစွာ စောင်မတော်မူတဲ့အတွက်ကြောင့် မယ်တော်ကြီးကို အားကိုးကြတဲ့အပြင် ရုပ်သွင်တော်ကြောင့်လည်း ကြောက်ရွံ့ကြပါတယ်
ကာလီမယ်တော်အကြောင်းပြောပြပါဆိုတော့ ကျွန်တော်ဘယ်လိုပြောရပါ့မလဲ
ဗြဟ္မာ ဝိရှ်ဏု ရှိဝ သခင်တွေနဲ့ နတ်ဒေဝတာကြီးတွေတောင် မယ်တော်ကြီးအသွင်တော်ရဲ့သဘောကို ပြည့်စုံအောင်မသိနိုင်ဘူးလို့ ကျမ်းစာတွေမှာ အတိအလင်းရေးသားထားပါတယ်
သာမန်လူသားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ မယ်တော့်အကြောင်းကို ဘယ်လိုများ ပြောပြနိုင်ပါ့မလဲ
သို့ပေမယ့် မေးမြန်းလာကြတော့လည်း တန္တြကျမ်းစာများစွာကို ကိုးကား၍ မယ်တော်မြတ်ရဲ့ကျေးဇူးတော်ကို အောက်မေ့သတိရကာ ဖြေကြားပေးပါမည်

Monday, March 7, 2016

တပင်ရွှေထီး


မြန်မာနိုင်ငံကြီးကို နိမ့်ကျကွဲပြား ပျက်စီးနေရာမှ ဆယ်တင် တည်ထောင်၍ တစ်စုတစ်လုံးတည်း ဖြစ်စေလျက် တိုင်းပြည်၏ အကျိုးကို အထူးဆောင်ရွက် ခဲ့ပေသော အာဇာနည် မင်းသုံးပါး (သို့မဟုတ်) လေးပါး ရှိ၏။
ပထမအကြိမ် သက္ကရာဇ်၄၀၀ ခန့်ဆီ၌ တိုင်းပြည် နိမ့်ကျနေရာမှ အနော်ရထာမင်းစော ဆယ်ယူ ၊ တည်ထောင် ၊ ဝပြော သာယာအောင် ပြုပေ၏။ ဒုတိယအကြိမ် သက္ကရာဇ် ၉၀၀ ခန့်၌ တပင်ရွှေထီးနှင့် ယောက်ဖတော်ကြီး ဘုရင့်နောင် ကျော်ထင်နော်ရထာတို့ ဆယ်ယူ တည်ထောင်ခဲ့ပြန်သည်။ တတိယအကြိမ် သက္ကရာဇ် ၁၁၀၀ ကျော်တွင် အလောင်းဘုရား ဦးအောင်ဇေယျ ဆယ်ယူ တည်ထောင်ခဲ့လေသည်။
ဤတွင်ဒုတိယအကြိမ်ကယ်ဆယ်သူ တောင်ငူဘုရင်တပင်ရွှေထီးနှင့် ဟံသာဝတီဘုရင် ဘုရင့်နောင် ကျော်ထင်နော်ရထာတို့ အကြောင်းကို အမြွက်မျှ ဖော်ပြပါအံ့။

အလုပ်လုပ်တယ်ဆိုတာ ပညာရှာခြင်း တစ်မျိုးပဲ


အလုပ်တစ်ခုကို ဝင်လုပ်လိုက်ပြီဆိုတာနဲ့ မိမိသိတာ တတ်တာတွေ ရှိပေမယ့် မသိတာ မတတ်တာတွေ အားလုံးကို သင်ယူလို့ ရနိုင်မယ့် ကျောင်းတစ်ခုလို့ စိတ်က သတ်မှတ်နိုင်ပါတယ်။

၁) ကိုယ့်အထက် အရာရှိထံမှ သင်ယူပါ

မိမိအထက်အရာရှိတွေ ရှိမယ်ဆိုရင် သူတို့ အတွေ့အကြုံတွေ သူတို့တတ်တဲ့ ပညာများကို လော့လာနိုင်ပါတယ်။ သင်ပေးချင်တာ မသင်ပေးချင်တာကတော့ သူ့အပိုင်းပေါ့။ ပညာလိုချင်တယ်ဆို
စိတ်ရှည် သည်းခံဖို့ လိုအပ်ပါတယ်။

၂) အောက်ကျို့တတ်အောင် ကြိုးစား

လူ့အောက်ကျို့လို့ လူပိမသေဘူး။ ဒါကြောင့် မိမိမသိတဲ့ မတတ်တဲ့ အရာတွေ ရှိနေမယ်ဆိုရင် အောက်ကျို့စွာ မေးမြန်းပါ။ ဒါမှလည်း မိမိကို သူများတွေက သင်ကြားပေးပါလိမ့်မယ်။

မွန်ပညာရှိ အမတ်ဒိန်


သက္ကရာဇ် ၇၄၅ ခုတွင် ဗညားနွဲ့သည် ရာဇာဓိရာဇ် ဟူသော အမည်ကိုခံ၍ ရွှေနန်းတက်၏။ ဤသို့တက်ပြီးနောက် မကြာမီပင် " ငါ၏ရန်သူ အမတ်ဒိန်ငယ်ကို သတ်လေ " ဟု အမိန့်ချလေ၏။ အမတ်ဒိန် ငယ်က " အပြစ်စင်စစ် ရှိသူကို ကွပ်သောမင်းသာလျှင် ဘုန်းအာနုဘော် ကြီးရာသည်။ အကျွန်ုပ်ကို ကွပ် မည် မှာ အပြစ်ကို ရှေးဦးစွာ ပြတော်မူပါဦး " ဟု လျှောက်လေ၏။
" သင်၏ အပြစ်ကား ငါဘုရင်ဖြစ်ရန် ကြိုးစားနေစဉ်က အခြား မှူးမတ်များသည် ကိုယ်တိုင်ရောက်သူ ရောက်သည် ၊ ကိုယ်စားလွှတ်သူ လွှတ်သည် ၊ အကြံဉာဏ်ပေးသူ ပေးကြသည် ၊ သင်မူကား ဤသို့ မဟုတ် ၊ ယခု ငါဘုရင်ဖြစ်မှ နှုတ်လက်ချိုပျား ပြုလာသည် ၊ ဤကား သင်၏ အပြစ်တည်း " ဟု မိန့်တော်မူ၏။
အမတ်ဒိန် ပြန်၍ လျှောက်သည်ကား " ကျွန်တော်သည် အရှင့်ခမည်းတော်၏ ကျွန်ရင်း ဖြစ်ပါသည်။ ကျွန်တော် လူကောင်းဟု အမတ်ဒိန် အမည်နှင့် သန်လျင်မြို့ကို စားစေပါသည်။ ကျွန်တော်သည် ထီးဖြူဆောင်းသည့် ဘုရင်စစ်ကိုသာ ခစားပါသည်။ ထီးဖြူ မဆောင်းသေးသည့် မင်းကို မခစားတတ်ပါ။

Saturday, March 5, 2016

နတ်မျက်စဉ်း


ဆေးကောင်းတစ်လက် အစွမ်းထက်
မျက်စိမှုန်သူများအတွက် ဆေးစွမ်းကောင်း (နတ်မျက်စဉ်း)
အခုကျနော်ပြောမဲ့ နတ်မျက်စဉ်းဆေးနည်းက အမှတ်(၁၃၄)၊ စက်တင်ဘာလ၊ ၁၉၉၇ ခုနှစ်တွင် ထုတ်ဝေခဲ့သော နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှာ ဖတ်ခဲ့ရတာပါ။ မသိလိုက်ရသေးသော သူများအတွက် သိသင့်တယ်ထင်လို့ ကျနော်က ပြန် လည် တင်ပြတာပါခင်ဗျာ။ ကျနော်က ပြန်လည်တင်ပြတာဆိုပေမဲ့လဲ စာရေးသူ နစ်နာ မှုမရှိစေရန်အတွက် မဂ္ဂဇင်းထဲတွင် စာရေးသူ ကိုယ်တိုင် ရေးသား ခဲ့သည့်အတိုင်း (၏ ၊ သည်) မလွဲ ပြန်လည် တင်ပြ လိုက်ခြင်းဖြစ်ကြောင်းကို ဦးစွာပထမ ၀န်ခံလိုက်ပါသည်။
မြန်မာ့တိုင်းရင်းဆေး ဆရာကြီး ဦးကြည်ဟန်မှာ အသက် (၇၀)နီးပါးရှိနေပါပြီ။ သို့သော်ဆရာကြီးမှာ ဇရာ၏ ဖိစီးမှုကို အခြားခန္ဓာ အစိတ်အပိုင်းများ ခံစားနေရသော်လည်း ဆရာကြီး၏ မျက်စိမှာမူ အဝေး၊ အနီး မြင်သည်။ လုံးဝမမှုန်ပါ။ မျက်မှန် မတတ်ရပါ။ မျက်စိမှာ လူငယ်များကဲ့သို့ စွမ်းအား အပြည့်အ၀ ရှိနေပါသည်။ မျက်မှန်မပါဘဲ စာဖတ် စာရေးနိုင်သည်။

ပျို့အန်ခြင်းနှင့် ခေါင်းကိုက်ခြင်းကိုပျောက်စေမည့် နှိပ်နည်း


လက်ကောက်ဝတ်အတွင်းဘက် (လက်ဖဝါးဘက်)တွင် ပျို့အန်ခြင်း၊ အော့အန်ခြင်းကို သက်သာပျောက်ကင်းစေသော နှိပ်ကွက်ကလေးရှိပါသည်။
လက်ကောက်ဝတ်အလယ်တွင် စမ်းကြည့်လိုက်ပါ။ အရွက်ကြောကြီးနှစ်ခုနှင့် ၎င်းတို့အကြားရှိ မြောင်းကို စမ်းမိပါမည်။
လက်ကောက်ဝတ်အောက်ဆုံးရစ်မှ နှစ်လက်မခန့်နေရာ၊ မြောင်းထဲသို့ မိမိလက်မနှင့် ဖိကာဖိကာနှိပ်ပေးပါ။ သာမန်ပျို့ခြင်း၊ အန်ချင်ခြင်းကို ချက်ချင်းပျောက်စေပါသည်။ ဆေးမလိုပါ။
ပြင်းထန်သော ပျို့အန်ခြင်း အတွက်မူ မိနစ်၂၀ခန့်ကြာအောင် အကြိမ်ကြိမ် နှိပ်ပေးရန် လိုပါသည်။
လက်ညှိုးနှင့် လက်မခွကြားတွင် တြိဂံပုံနေရာလေးတစ်ခုရှိပါသည်။ အရေပြားနှုတ်ခမ်းအစပ်မှ အထက် တစ်လက်မခန့်အကွာတွင် နှိပ်ကွက်ကလေး ရှိပါသည်။
ထိုနေရာလေးကို ကျန်လက်တစ်ဖက်မှ လက်ညှိုး၊ လက်မတို့ကို အသုံးပြု၍ ညှပ်နှိပ်ပေးလျှင် အနည်းငယ်အောင့်ပါသည်။

ငွေတောင်သူ ကရင်အမျိုးသမီး ဒွေးမယ်နော် ဝတ္ထု


ဒွေးမယ်နော်သည် နုနယ်သော နို့စို့ရွယ်သားငယ်ကို ပစ်ခွာခဲ့ရန် မလွယ်ကူချေ။ ကောင်းကင်သို့ပျံတက်၍ အတန်မြင့်လျှင် သားငယ်နို့ဆာ၍ ငိုသံကို ကြားရသောအခါ ဒွေးမယ်နော်သည် မခွာနိုင်ဘဲ နို့တိုက်ရန် ပြန်လှည့်၍ ဆင်းသက်ခဲ့လေ၏။[အမှာစကား ဤဒွေးမယ်နော် ဇာတ်ဝတ္ထုမှာ ကရင်လူမျိုးတို့၏ ဇာတ်တော်ကြီး ဖြစ်လေသည်။]
ဦးမောင်မောင် စီရင်သော နန့်နောင်းခါရီဝတ္ထုတွင် ရေးမှတ်ချက်အရ ရှေးအခါက အထက်အရပ်မှ ချင်းတွင်းမြစ်အတွင်းသို့ မျောလာသော ဝါးပိုးလုံးကြီး တစ်ခုတွင် ကြက်ယက်ထားသော အရေးအခြစ်နှင့် တူသော အက္ခရာစာလုံးများ ပါလာလေသည်။ နောက်ဆုံး၌ စာပေပညာ တတ်မြောက်သော ကရင်အဘိုးကြီး တစ်ဦးနှင့်တွေ့၍ ဖတ်ကြည့်ရာ အလွန်ရှေးကျသော ကရင်ဘာသာဟောင်းဖြင့် ရေးထားသော ဒွေးမယ်နော်ဝတ္ထု ဖြစ်ကြောင်း တွေ့ရသည်။
ထိုဝါးပိုးလုံးကြီးမှတစ်ဆင့် ပေတွင် ကူးယူကြလေရာ ထိုမြေ၌ ကြက်ယက်ရာနှင့် တူသော အက္ခရာစာတို့ကို မော်လမြိုင်နယ်ရှိ ကရင် ဘုန်းတော်ကြီးများထံ၌ ယခုတိုင် တွေ့ရသေးသည် ဆိုသည်။ ထိုပြင် ယိုးဒယား (ထိုင်း) ပြည်တွင်လည်း ဆင်တူသော ထိုကရင်စာမျိုးကို တွေ့ရသေးသည် ဆိုသည်။
ရန်ကုန်မြို့ စမ်းချောင်းရပ် ၊ ကရင်ပညာရှိ စောဖိုးလင်းထေး ထံမှလည်း ထိုရှေးစာများမှာ ယခုအခါ မွန်အက္ခရာနှင့် ပေတွင် ရှိသေးကြောင်း ကြားသိရလေသည်။

တပင်ရွှေထီး


မြန်မာနိုင်ငံကြီးကို နိမ့်ကျကွဲပြား ပျက်စီးနေရာမှ ဆယ်တင် တည်ထောင်၍ တစ်စုတစ်လုံးတည်း ဖြစ်စေလျက် တိုင်းပြည်၏ အကျိုးကို အထူးဆောင်ရွက် ခဲ့ပေသော အာဇာနည် မင်းသုံးပါး (သို့မဟုတ်) လေးပါး ရှိ၏။
ပထမအကြိမ် သက္ကရာဇ်၄၀၀ ခန့်ဆီ၌ တိုင်းပြည် နိမ့်ကျနေရာမှ အနော်ရထာမင်းစော ဆယ်ယူ ၊ တည်ထောင် ၊ ဝပြော သာယာအောင် ပြုပေ၏။ ဒုတိယအကြိမ် သက္ကရာဇ် ၉၀၀ ခန့်၌ တပင်ရွှေထီးနှင့် ယောက်ဖတော်ကြီး ဘုရင့်နောင် ကျော်ထင်နော်ရထာတို့ ဆယ်ယူ တည်ထောင်ခဲ့ပြန်သည်။ တတိယအကြိမ် သက္ကရာဇ် ၁၁၀၀ ကျော်တွင် အလောင်းဘုရား ဦးအောင်ဇေယျ ဆယ်ယူ တည်ထောင်ခဲ့လေသည်။
ဤတွင်ဒုတိယအကြိမ်ကယ်ဆယ်သူ တောင်ငူဘုရင်တပင်ရွှေထီးနှင့် ဟံသာဝတီဘုရင် ဘုရင့်နောင် ကျော်ထင်နော်ရထာတို့ အကြောင်းကို အမြွက်မျှ ဖော်ပြပါအံ့။

ရာဇ၀င်ထဲက သတို့သမီး သို့မဟုတ် စောမွန်လှ

 
ပန်းချီဆရာ မောင်ကျော်ညွှန့်မောဘုရင် စ၀်ဖှလုံဟိုမိန်း နှင့် စယ်လန့်မင်းသမီးလေး အကြောင်းပါလို့ ပေါင်းဖက်ရာက အမွာပူးမောင်နှမ နှစ်ယောက်ကို မွေးဖွား လာခဲ့ပါသည်။ စောမွန်လှသည် အကြီးဖြစ်ပြီး မောင်တော် ခွန်ကော်လန်းသည် ငယ်ဖြစ်သည်။ စောမွန်လှကို မွေးဖွားချိန်၌ မိန်းမောလုံ နန်းတွင်းမှာ ရှိသည့် စစ်လက်နက် ပစ္စည်းများအားလုံးတို့သည်အရောင်ဖြိုးဖြိုး ဖြောက်ဖြောက်များ လင်းလက်ပြီး လုပ်ရှားခါရမ်း နေခြင်းဖြစ်သည်။ (ထိုသို့ဖြစ်ခြင်းကို သျှမ်းဘာသာအရ လတ်လှိုင်း တယ်လို့ခေါ်ဆိုပါသည် ဓိပ္ဗါယ်ကတော့ ထူးဆန်းတဲ့ဖြစ်ရပ်၊ ) ထို့ကြောင့် သမီးတော်လေးအား စ၀်မိန်းလတ် ဟုခေါ်တွင်ခဲ့ရာအချို့ကစ၀်မွန်းလတ်ဟုခေါ်ဆိုခဲ့ကြပါသည်။ မြန်မာလို ပြန်ဆိုရေးသားရာမှ စောမွန်လှ ခေါ်ဆိုရေးသားခဲ့ခြင်းဖြစ်သည်။

ပျူနိုင်ငံတွင် ထေရ၀ါဒ ကျယ်ပြန့်စွာ ထွန်းကားခြင်း မရှိ


 
 ဒေါက်တာသန်းထွန်းက " မြန်မာ့သမိုင်းတွင် လောကီပညာအရေးပါပုံ "
မြန်မာတွေအတွက် လောကီပညာဟာ အင်း၊ အိုင် ၊ ခလဲ့၊ လက်ဖွဲ့ ၊ ဂါထာ၊ မန္တန်၊ ပီယ၊ ဗေဒင် ယတြာ၊ အတိတ်၊ နိမိတ် ၊ တဘောင်၊ စနည်း ၊ ဘဝေါ ဆိုပြီးရှိပါတယ်။ အင်း၊ အိုင် ၊ ခလဲ့၊ လက်ဖွဲ့ ၊ ဂါထာ၊ မန္တန်၊ ပီယ စတာတွေကို ပထမအုပ်စု ၊ ဗေဒင် ယတြာကို ဒုတိယအုပ်စု ၊ နိမိတ် ၊ တဘောင် ၊ စနည်း ၊ ဘဝေါ စတာတွေကို တတိယအုပ်စုဆိုပြီးအုပ်စု သုံးစုခွဲလို့ရမယ်ထင်ပါတယ်။
လောကီပညာ မှော်ပညာဆိုတာ ယုံကြည်မှုကိုအခြေခံကာ ဖြစ်တည်လာခြင်းဖြစ်ပြီး သမိုင်း မတင် မှီခေတ် ကာလကတည်းကရှိခဲ့တယ်လို့ ယူဆနိုင်ပါတယ်။
လွန်ခဲ့တဲ့အနှစ်တစ်သောင်းကျော်ကဖြစ်တဲ့ ပြဒါးလင်းဂူ ( ပဒတ်လိုဏ်ဂူ ) နံရံပေါ်မှာရေးခဲ့တဲ့ အရုပ်တွေထဲက သမင်ရုပ် ၊ နွားရုပ် နှင့် မှော်ဆရာရုပ်တွေဟာ သာမန်ရိုးရိုး အရုပ်တွေမဟုတ်ပါ။

Friday, March 4, 2016

IQ & EQ


ဟိုးယခင်အချိန်များကတော့ လူမှု့ရပ်ဝန်းမှာ ဉာဏ်ရည်ဉာဏ်သွေး (IQ - Intelligence Quality) ကို ပိုမိုအရေးပေးခဲ့ကြပေမယ့်၊ ယခုခေတ် အချိန်အခါမှာတော့ စိတ်အရည်အသွေး (EQ - Emotional Quotient) ဟာ ပိုမိုအရေးပါလာပြီ ဖြစ်ပါတယ်။ လေ့လာမှု့တွေအရလည်း အတတ်ပညာကျွမ်းကျင်မှု့ထက် စိတ်ခွန်အားကောင်းမွန်သူက ဘ၀မှာ ပိုမိုအောင်မြင်ကြတာကို တွေ့ရှိရပါတယ်။ EQ ကောင်းသူ တစ်ဦးမှာ ရှိသင့်တဲ့ စွမ်းဆောင်ရည်တွေကတော့ -

၁ - Self-awareness (ကိုယ့်အကြောင်း ကိုယ်သိခြင်း)

၂ - Self-regulation (ကိုယ့်စိတ်ကို ကိုယ်ထိန်းချုပ်နိုင်ခြင်း)

မိုနာလီဇာ ဆိုတာ


ကမ္ဘာကျော် အီတာလံလူမျိုး ပန်းချီ အနုပညာရှင်လည်းဖြစ် တီထွင်သူလည်း ဖြစ်သူ လီယိုနာဒိုဒါဗင်ချီ (Leornado Da Ving)က ယခု Louve ပြတိုက်ကြီးမှာ ပြသထားသော မိုနာလီဇာ (Mona Lisa) ပန်းချီကားအား (၁၅ဝ၃)ခုနှစ်တွင် အီတာလျှံလူမျိုး ဂုဏ်သရေရှိ လူကြီးတစ်ဦး၏ ဇနီးအား ပုံတူရေးဆွဲခဲ့ရာမှာ စတင်ခဲ့ပါသည်။

ထိုစဉ်က သူ့အား ယင်းပုံတူ ရေးဆွဲရန် အပ်ခဲ့သူကို ပန်းချီကား ရေးဆွဲ၍ မပြီးစီးသေးသဖြင့် ရောင်းချမှု မပြုခဲ့ပါ။ (၁၅ဝ၇)ခုနှစ်ကျမှ ယင်းပန်းချီ ကားကို ပြီးစီးအောင် ရေးဆွဲနိုင်ခဲ့ပါသည်။ (၁၅၁၆) ခုနှစ် သူပြင်သစ်ပြည်သို့ ရောက်ရှိသည် အထိ မိုနာလီဇာ ပန်းချီကားကို သူမ၏ လက်ထဲမှာပင် သိမ်းဆည်း ထားခဲ့ရာမှ (၁၅၁၆)ခုနှစ် ပတ်ဝန်းကျင်မှ ပြင်သစ်ဘုရင် ဖရစ်ဆစ်(King FRANCOIS)က သူ့ထံမှ မိုနာလီဇာ ပန်းချီကားအား ဝယ်ယူခဲ့ပေသည်။

တံခွန်တိုင်


စေတီတော်များရှိ ဘုရားရင်ပြင်တော်တိုင်းမှာ
ဟင်္သာတိုင် (တံခွန်တိုင်) ဘာကြောင့်ထားရတာလဲ

အမေး။
အရှင်ဘုရား….ဘုရားစေတီရင်ပြင်တော်မှာ ဟင်္သာတိုင် ဘာလို့ ထားရလဲဆိုတာရယ်၊ ဟင်္သာနှုတ်သီးမှာ အလုံးကြီးတစ်လုံးလည်း ဘာလို့ ဆွဲထားလဲဆိုတာရယ် သိချင်ပါတယ်ဘုရား
အဖြေ။
ဟင်္သာတိုင်ဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများရဲ့ အမြတ်ဆုံးဖြစ်တဲ့ ကိုးကွယ်မှုဆိုင်ရာ အမှတ်အသား တစ်ခုဖြစ်တယ်။ ဟင်္သာတိုင်ကို အခုအခါ တံခွန်တိုင်လို့လဲ ခေါ်ဆိုကြပါတယ်။ တကယ်တော့ ဟင်္သာတိုင်ဆိုတာ ဘုရားအလောင်းတော် ဟင်္သာမင်းဖြစ်စဉ်က အမှတ်အသားတစ်ခု ဖြစ်ဟန်တူပါတယ်။ ပိုပြီးရှင်းလင်းသွားအောင် လိုရင်းတိုကျဉ်း ပြောပေးပါ့မယ်။

ပွေး ညှင်း တင်းတိတ် သက်သာပျောက်ကင်းစေတဲ့နည်း


ပွေး၊ ညှင်း၊ တင်းတိတ်၊ ဝက်ခြံဖု မပေါက်ဖူးတဲ့သူမရှိပါဘူး ပေါက်ဖူးတဲ့ သူတွေပါပဲ။
စိုးရိမ်စရာ ရောဂါအနာ မဟုတ်ပေမယ့် မျက်နာပေါ်မှာ အပေါက်များတဲ့ ရောဂါတွေဖြစ်လို့ အလှပျက်၊ မျက်နာပြရခက်ပါတယ်။
ငါးရက်အတွင်း သက်သာပျောက်ကင်းစေတဲ့ မြန်မာ့ရိုးရာလိမ်ဆေး လိမ်းကြည့်ပါ။ ဆေးဖော်ဖို့ကလည်း အလွန်လွယ်ကူပါတယ်။

ကမ္ဘာကျော်ဝတ္ထုထဲက မြန်မာမြို့ကလေး


စိတ်ဝင်စားစရာတွေနဲ့ ပြည့်နက်နေပေမယ့် လူတွေက မျက်စိလျှမ်းနေတဲ့မြို့ကလေးတမြို့ ရှိနေပါ တယ်။ ကိုလိုနီခေတ်ကာလအချိန်တွေတုန်းက အင်္ဂလိပ်စစ်တပ်၊ ဂျပန်စစ်တပ်တွေ ခြေချင်းယှက်လှုပ်ရှားခဲ့တာကြောင့် အခုချိန်ထိ ဒီမြို့လေးထဲမှာ ကိုလိုနီခေတ်လက်ရာ အကြွင်းကျန် အဆောက်အဦတွေများစွာ ကျန်နေသေးတယ်။
ဒီကိုလိုနီအဆောက်အဦတွေဟာ အင်္ဂလိပ်တွေအများကြီး နေထိုင်ကျက်စားခဲ့ကြတဲ့ မေမြို့၊ ကလောမြို့တို့က အဆောက် အဦပုံစံတွေသာ ဖြစ်ပါတယ်။ ဒါပေမယ့် မေမြို့၊ ကလောတို့က အဆောက်အဦတွေထက် သာလွန်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်ကတော့ စာရေးဆရာကြီး ဂျော့ခ်ျအိုဝဲလ်ရဲ့ကမ္ဘာကျော် ၀တ္ထုတအုပ်ဖြစ်တဲ့ မြန်မာပြည်နေ့ရက်များ (Burmese Days) ဆိုတဲ့ စာအုပ်ထဲက ဇာတ်ဝင်ခန်းနေအိမ်တွေ ဖြစ်နေလို့ပါ။

များပြားလှသောပုဂံအမည်များနှင့်ပုဂံမင်းဆက်များ


ပုဂံပြည်ကို  အစတည်သော  သမုတိရာဇ် မင်းကြီးသည်  ရှေးဦးအစ ပေါက္ကံ ပြည် ဟု  အမည်တွင်စေခဲ့ပြန်၏။ ပျူေစာထီး လက်ထက်  ငှက်ကြီး  ၀က်ကြီးစသော  ရန်မာန်တို့ကို  နှိမ်နှင်း အောင်မြင်သောကြောင့် အရိ မဒ္ဒနာ  ပြည် ဟု  တွင်ခဲ့ပြန်၏၊ သေလည်ကြောင်မင်းး လက်ထက်မှ  မြို့တော်ကို  နေရာပြောင်းကာ သီရိ ပစ္စယာ ဟု သမုတ်ခဲ့ပြန်၏။ သာရမွန် မင်းဖျား  လက်ထက်၌  နေရာ ပြောင်းပြန်၍ တမ္ဗ၀တီ  နေပြည်တော် ဟု ခေါ်တွင်ခဲ့ပြန်သည်၊ဆန်ရေ စပါး ရတနာသုံးပါး  ပေါများကြွယ်ဝ  စည်ကားပြည့်စုံသောကြောင့်  ပုဏ္ဏ ဂါမ မည်လေ၏။အနော်ရထာ မင်း လက်ထက် တွင်  ပုဏ္ဏ ဂါမ တွင်ရာမှ  ဏ္ဏ အက္ခရာ  ကျေကာ  သဒ္ဒါနည်းအရ  မ တလုံးကို   ( သေးသေးတင်  ) နိဂ္ဂဟိတ် ပြုကာ  ပုဂံ မည်လေသည်  ဟူသတတ်၊နောက်တမျိုးကား  သမုတိရာဇ် မင်းသည်  ပြူလူမျိုးဖြစ်သောကြောင့်  အမျိုးအနွယ်  တန်ခိုး ထင်ရှားစေရန် ပြူဂါမ ဟု သမုတ်သည်၊။

Thursday, March 3, 2016

ကျောက်မျက်ရတနာများနဲ့ ပါတ်သက်သော မီးနင်းများ


စိန် - diamond
ရွှေ - gold
ငွေ - silver
ပတ္တမြား - ruby
နီလာ - sapphire
မြ - emerald
ကျောက်စိမ်း - jade
ပယင်း - amber...
သန္တာ - coral
ပုလဲ - pearl
ဥဒေါင်- pyrope