[Zawgyi]
ျမန္မာပညာရွိ ေဇယသခၤယာက ေ႐ႊဘုံနိဒါန္းတြင္ ေလာကနတ္ႏွင့္ပတ္သက္၍-
"ရာဇပလႅင္၊ ဥကင္ လက္ဝဲ-လက္်ာ၊ ေလာကနတ္၊ ဆင္ပ်ံ၊ ျခေင္သ့ ထုလုပ္သည့္အေၾကာင္းမွာ အေၾကာင္းေလးပါးတြင္ တစ္ပါးပါးေၾကာင့္ ရတနာ ေ႐ႊဂူမွ ေကသရာျခေင္သ့မင္း ထြက္ေလလွ်င္ ေကာင္းကင္ပ်ံဆင္ႏွင့္ေတြ႕၍ အစာျဖစ္ေသာ တိမ္ၫြန႔္ေၾကာင့္ ခိုက္ရန္ ျဖစ္သျဖင့္ ဆင္ပ်ံဦးကင္းကို ျခေင္သ့နင္းလ်က္ ႏွာေမာင္းကို စုတ္သည္တြင္ ေလာကနတ္သည္ ရန္ႏွစ္ဦးကို ျမင္၍ ေျခတြင္ စည္းဆုပ္တီးလ်က္ သီခ်င္းသီ၍ ကခုန္ျမဴးေသာ အသံသည္ သာယာလွသည္ကို နာမခံၾက၍ ဆင္ပ်ံျခေင္သ့ႏွစ္ဦး ရန္ၿငိမ္းၾကေလသည့္နိမိတ္ကို ေထာက္၍ ေလာကနတ္ ေျခတြင္ စည္းဆုပ္ႏွင့္ ကဟန္၊ ဆင္ပ်ံဦးကင္းကို ျခေင္သ့နင္းလ်က္ ႏွာေမာင္းကို စုတ္ဟန္ ထုလုပ္ေလ၏။"
ဟူ၍ ေရးသည္။ ေဇယသခၤယာ အမတ္ႀကီးက ဧကရာဇ္မင္းတို႔၏ေ႐ႊနန္း အသုံးအေဆာင္ အေခၚအေဝၚမ်ားအေၾကာင္းကို မွတ္သား သိလြယ္စိမ့္ေသာငွာ ေ႐ႊဘုံနိဒါန္းကို ေရးသားခဲ့ျခင္း ျဖစ္ေပသည္။
မၾကာမီက သိန္းေပါင္းမ်ားစြာ အကုန္အက်ခံ၍ တည္ေဆာက္ၿပီး ဖြင့္လွစ္ခဲ့ေသာ ကန္ေတာ္ႀကီးေစာင္းရွိ ကရဝိက္ေဆာင္တြင္ ျမန္မာ့ဟန္ ယဥ္ေက်းမႈ၌ ပါဝင္သည့္ေလာကနတ္႐ုပ္ကို ျပဳလုပ္ျပသထားပါသည္။ စိတ္ဝင္စားဖြယ္ အ႐ုပ္တစ္ခု ျဖစ္ေပတ ကား။
ေလာကနတ္ဟူသည္မွာ "ေလာကနာထ" ဟူေသာ ပါဠိႏွင့္သကၠတမွ သက္လာသည္။ ေလာကကို အစိုးရေသာ ဘုရားေလာင္း နတ္သားဟု အနက္ရသည္။ ဤဘဒၵကမာၻတြင္ သက်မဳနိ ေဂါတမဘုရားသခင္ ပရိနိဗၺာန္ စံယူၿပီးေနာက္ ေနာင္ပြင့္လတၱံ့ေသာ အရိေမတၱယ် ျမတ္စြာဘုရား မေပၚမီ စပ္ၾကား၌ ေလာကကို ေစာင့္ေရွာက္ေနေသာ ဘုရားေလာင္းတစ္ဆူ ျဖစ္သည္။
မဟာယာဥ္ဂိုဏ္းကို ပူေဇာ္သကၠာရ ျပဳၾကေသာ ေဗာဓိသတၱ ဘုရားေလာင္း မ်ားစြာ ရွိသည့္အနက္ ေလာကနတ္(ေလာက နာထ) ဘုရားေလာင္း သည္ အထင္ရွားဆုံး ျဖစ္သည္။ သကၠတဘာသာတြင္ ဤနတ္ကို "အဝေလာကိေတသြရ"ဟူ၍လည္း ေခၚၾကသည္။ မဟာယာဥ္က်မ္းအဆိုအားျဖင့္ ေလာကနတ္သည္ ေလာကတြင္ ရွိရွိသမွ် သတၱဝါအေပါင္းတို႔အား ေဗာဓိဉာဏ္ ရေစကာ နိဗၺာန္သို႔ ပို႔ေဆာင္ေပးၿပီးမွသာ မိမိသည္ ေနာက္ဆုံး လိုက္ဝင္မည္ဟု ဆိုသည္။ ေလာကနတ္သည္ ငရဲခံေနရသူမ်ားအားလည္းေကာင္း၊ လမ္းမွား၍ ေခ်ာက္ကမ္းပါး က်ေသာ ဒုကၡသည္မ်ား အားလည္းေကာင္း ကယ္တင္ရွင္ ျဖစ္သည္။
ဟိႏၵဴဘာသာဝင္ သီဝမေဟသရဂိုဏ္းသားတို႔အတြက္ သူပင္ မေဟသရနတ္ ျဖစ္သည္ဟူ၍လည္းေကာင္း၊ ဗိႆနိုးနတ္ ျဖစ္ သည္ဟူ၍ လည္းေကာင္း၊ အေနာက္နိုင္ငံသားမ်ားအတြက္ သူသည္ ခရစ္ေတာ္ႏွင့္တူမွ်သည္ဟူ၍လည္းေကာင္း၊ အေရွ႕တိုင္းရွိ တ႐ုတ္-ဂ်ပန္ မဟာယာဥ္ ဂိုဏ္းဝင္မ်ားအား သူပင္ က႐ုဏာရွင္ ျဖစ္သည္ဟူ၍လည္းေကာင္း သူ႕အား အမ်ိဳးမ်ိဳး ယုံၾကည္ၾက သည္။
နီေပါနိုင္ငံ ခတ္မ႑ဴၿမိဳ႕ မစာၦန္ဒါဝိဟာရေက်ာင္းတြင္ အဝေလာကိေတသြရ ေခၚေသာ ေလာကနတ္႐ုပ္ပုံကို ၁ဝ၈ မ်ိဳးမွ် သစ္သား မွန္ကူကြက္ ေဆးေရး႐ုပ္ပုံမ်ားကို ျပဳလုပ္ထားေလသည္။ ဆင္စြယ္ျဖင့္လည္း လွပစြာ ထုလုပ္ထားသည္။
ျမန္မာနိုင္ငံတြင္ ၆ ရာစုက ထြန္းကားေသာ သေရေခတၱရာ ပ်ဴၿမိဳ႕၌ ေလာကနတ္႐ုပ္ကို ေဗြေဆာ္ဦး ေတြ႕ရွိသည္။ ၁၁ ရာစုတြင္ အေနာ္ရထာမင္းႀကီး ပူေဇာ္ျပဳလုပ္ခဲ့ေသာ ေလာကနတ္အုတ္ခြက္ႏွင့္ေၾကး႐ုပ္မ်ားကို ပုဂံ၊ ပခုကၠဴ၊ မင္းဘူး၊ ပဲခူးႏွင့္တြံေတး စေသာ အရပ္တို႔တြင္ ေတြ႕ရသည္။ ေလာကနတ္ ႐ုပ္ပုံမ်ားအား (လာလီတသန) ေခၚေသာ မင္းထိုင္ ထိုင္လ်က္ ေတြ႕ရသည္။ ေျခတစ္ဖက္ ေအာက္သို႔ တြဲေလာင္း ခ်ထားသည္။ ၎၏ေခါင္းေဆာင္းတြင္ (ဓ်ာနိ)ဗုဒၶပုံကို ေတြ႕ရသည္။ ဓ်ာနိဗုဒၶသည္ ေလာကနတ္ကို ဖန္ဆင္းေသာ တန္ခိုးရွင္ ျဖစ္သည္ဟု ယုံၾကည္ၾကသည္။
အခ်ိဳ႕ အုတ္ခြက္မ်ားတြင္ ေဂါတမ ျမတ္စြာဘုရား၏ေဘးႏွစ္ဖက္၌ ေလာကနတ္ဘုရားေလာင္းက တစ္ဖက္၊ အရိေမတၱယ် ဘုရားေလာင္းက တစ္ဖက္၊ ထိုင္ေနသည္ကို ေတြ႕ရွိရသည္။ ပုဂံဂူဘုရားမ်ား၏အတြင္းနံရံေပၚ၌ ေရးဆြဲထားေသာ အ႐ုပ္မ်ားအနက္ အရိေမတၱယ် ဘုရားေလာင္းႏွင့္ ေလာကနတ္ ဘုရားေလာင္းပုံမ်ားကို ယွဥ္ေတြ႕ရသည္။
အပယ္ရတနာဂူစၾကၤံ ေဘးနံရံတြင္ ေလာကနတ္ ထိုင္ေနပုံ႐ုပ္မ်ား၊ ေခ်ာက္ဘုရားလွ (ဂူအမွတ္ ၁၁၂)တြင္ အရိေမတၱယ်ဘဳရားေလာင္းပုံႏွင့္ ေလာကနတ္ဘုရားေလာင္းပုံမ်ားကို ယွဥ္၍ ေရးဆြဲထားသည္။ တာမနိဂူအစုရွိ ဂူအမွတ္ ၄၆၂ ငလုသင္ဂူအဝင္ ေပါင္းကူးတြင္ ေလာကနတ္ ႐ုပ္ေအာက္၌ "ဤကာပုရွာေလာင္ ေလာကဏတ္ေတအ္"ဟူေသာ ေရွးျမန္မာမင္စာကို ကမၸည္းထိုးထားသည္။ ၎၏မ်က္ႏွာခ်င္းဆိုင္တြင္ အရိေမတၱယ်ဘဳရားပုံ ေတြ႕ရပါသည္။ အေနာ္ရထာမင္းႀကီး၏ေကာင္းမႈ အုတ္ခြက္မ်ားတြင္ "ဧေသာ ေလာကနာေထာ"ဟူ၍လည္းေကာင္း၊ "ဧေသာဘဂဝ" ဟူ၍လည္းေကာင္း၊ ႏွစ္မ်ိဳးႏွစ္စား ေတြ႕ရွိရပါသည္။
သို႔ျဖစ္ပါ၍ ပုဂံေခတ္ဦး အေနာ္ရထာမင္းလက္ထက္မွစ၍ ေလာကနာေထာ(ေလာကနတ္)ကို ေဂါတမဘဂဝါဘုရားႏွင့္လည္းေကာင္း၊ အရိေမတၱယ်ဘဳရားေလာင္းႏွင့္လည္းေကာင္း ယွဥ္တြဲ၍ ပူေဇာ္ခဲ့သည့္သာဓကမ်ားကို ေထာက္၍ မဟာယာဥ္ အေငြ႕အသက္ မည္မွ်ရွိသည္ကို သိသာနိုင္ေပသည္။
သို႔ေသာ္ ေႏွာင္းေခတ္မ်ားတြင္ ေလာကနတ္ကို အဆင့္နိမ့္ခ်၍ ဘုရင္မင္းတရားတို႔ ထိုင္သည့္ ျမင့္ျမတ္ေသာ ရာဇပလႅင္၏ လက္ဝဲ လက္်ာတို႔၌ ထားကာ ရန္ၿငိမ္းရေလသည့္နိမိတ္ အျဖစ္ျဖင့္ အစဥ္အလာပုံျပင္အရ ေလာကနတ္ကို မည္သို႔ သေဘာထားခဲ့ၾကပုံ သမိုင္းအက်ဥ္းကို တင္ျပ အပ္ေပသတည္း။
လုပ္သားျပည္သူ႕ေန႕စဥ္။ ၄-၁ဝ-၁၉၇၅
[Unicode]
မြန်မာပညာရှိ ဇေယသင်္ခယာက ရွှေဘုံနိဒါန်းတွင် လောကနတ်နှင့်ပတ်သက်၍-
"ရာဇပလ္လင်၊ ဥကင် လက်ဝဲ-လက်ျာ၊ လောကနတ်၊ ဆင်ပျံ၊ ခြငေ်သ့ ထုလုပ်သည့်အကြောင်းမှာ အကြောင်းလေးပါးတွင် တစ်ပါးပါးကြောင့် ရတနာ ရွှေဂူမှ ကေသရာခြငေ်သ့မင်း ထွက်လေလျှင် ကောင်းကင်ပျံဆင်နှင့်တွေ့၍ အစာဖြစ်သော တိမ်ညွန့်ကြောင့် ခိုက်ရန် ဖြစ်သဖြင့် ဆင်ပျံဦးကင်းကို ခြငေ်သ့နင်းလျက် နှာမောင်းကို စုတ်သည်တွင် လောကနတ်သည် ရန်နှစ်ဦးကို မြင်၍ ခြေတွင် စည်းဆုပ်တီးလျက် သီချင်းသီ၍ ကခုန်မြူးသော အသံသည် သာယာလှသည်ကို နာမခံကြ၍ ဆင်ပျံခြငေ်သ့နှစ်ဦး ရန်ငြိမ်းကြလေသည့်နိမိတ်ကို ထောက်၍ လောကနတ် ခြေတွင် စည်းဆုပ်နှင့် ကဟန်၊ ဆင်ပျံဦးကင်းကို ခြငေ်သ့နင်းလျက် နှာမောင်းကို စုတ်ဟန် ထုလုပ်လေ၏။"
ဟူ၍ ရေးသည်။ ဇေယသင်္ခယာ အမတ်ကြီးက ဧကရာဇ်မင်းတို့၏ရွှေနန်း အသုံးအဆောင် အခေါ်အဝေါ်များအကြောင်းကို မှတ်သား သိလွယ်စိမ့်သောငှာ ရွှေဘုံနိဒါန်းကို ရေးသားခဲ့ခြင်း ဖြစ်ပေသည်။
မကြာမီက သိန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ဆောက်ပြီး ဖွင့်လှစ်ခဲ့သော ကန်တော်ကြီးစောင်းရှိ ကရဝိက်ဆောင်တွင် မြန်မာ့ဟန် ယဉ်ကျေးမှု၌ ပါဝင်သည့်လောကနတ်ရုပ်ကို ပြုလုပ်ပြသထားပါသည်။ စိတ်ဝင်စားဖွယ် အရုပ်တစ်ခု ဖြစ်ပေတ ကား။
လောကနတ်ဟူသည်မှာ "လောကနာထ" ဟူသော ပါဠိနှင့်သက္ကတမှ သက်လာသည်။ လောကကို အစိုးရသော ဘုရားလောင်း နတ်သားဟု အနက်ရသည်။ ဤဘဒ္ဒကမ္ဘာတွင် သကျမုနိ ဂေါတမဘုရားသခင် ပရိနိဗ္ဗာန် စံယူပြီးနောက် နောင်ပွင့်လတ္တံ့သော အရိမေတ္တယျ မြတ်စွာဘုရား မပေါ်မီ စပ်ကြား၌ လောကကို စောင့်ရှောက်နေသော ဘုရားလောင်းတစ်ဆူ ဖြစ်သည်။
မဟာယာဉ်ဂိုဏ်းကို ပူဇော်သက္ကာရ ပြုကြသော ဗောဓိသတ္တ ဘုရားလောင်း များစွာ ရှိသည့်အနက် လောကနတ်(လောက နာထ) ဘုရားလောင်း သည် အထင်ရှားဆုံး ဖြစ်သည်။ သက္ကတဘာသာတွင် ဤနတ်ကို "အဝလောကိတေသွရ"ဟူ၍လည်း ခေါ်ကြသည်။ မဟာယာဉ်ကျမ်းအဆိုအားဖြင့် လောကနတ်သည် လောကတွင် ရှိရှိသမျှ သတ္တဝါအပေါင်းတို့အား ဗောဓိဉာဏ် ရစေကာ နိဗ္ဗာန်သို့ ပို့ဆောင်ပေးပြီးမှသာ မိမိသည် နောက်ဆုံး လိုက်ဝင်မည်ဟု ဆိုသည်။ လောကနတ်သည် ငရဲခံနေရသူများအားလည်းကောင်း၊ လမ်းမှား၍ ချောက်ကမ်းပါး ကျသော ဒုက္ခသည်များ အားလည်းကောင်း ကယ်တင်ရှင် ဖြစ်သည်။
ဟိန္ဒူဘာသာဝင် သီဝမဟေသရဂိုဏ်းသားတို့အတွက် သူပင် မဟေသရနတ် ဖြစ်သည်ဟူ၍လည်းကောင်း၊ ဗိဿနိုးနတ် ဖြစ် သည်ဟူ၍ လည်းကောင်း၊ အနောက်နိုင်ငံသားများအတွက် သူသည် ခရစ်တော်နှင့်တူမျှသည်ဟူ၍လည်းကောင်း၊ အရှေ့တိုင်းရှိ တရုတ်-ဂျပန် မဟာယာဉ် ဂိုဏ်းဝင်များအား သူပင် ကရုဏာရှင် ဖြစ်သည်ဟူ၍လည်းကောင်း သူ့အား အမျိုးမျိုး ယုံကြည်ကြ သည်။
နီပေါနိုင်ငံ ခတ်မဏ္ဍူမြို့ မစ္ဆာန်ဒါဝိဟာရကျောင်းတွင် အဝလောကိတေသွရ ခေါ်သော လောကနတ်ရုပ်ပုံကို ၁ဝ၈ မျိုးမျှ သစ်သား မှန်ကူကွက် ဆေးရေးရုပ်ပုံများကို ပြုလုပ်ထားလေသည်။ ဆင်စွယ်ဖြင့်လည်း လှပစွာ ထုလုပ်ထားသည်။
မြန်မာနိုင်ငံတွင် ၆ ရာစုက ထွန်းကားသော သရေခေတ္တရာ ပျူမြို့၌ လောကနတ်ရုပ်ကို ဗွေဆော်ဦး တွေ့ရှိသည်။ ၁၁ ရာစုတွင် အနော်ရထာမင်းကြီး ပူဇော်ပြုလုပ်ခဲ့သော လောကနတ်အုတ်ခွက်နှင့်ကြေးရုပ်များကို ပုဂံ၊ ပခုက္ကူ၊ မင်းဘူး၊ ပဲခူးနှင့်တွံတေး စသော အရပ်တို့တွင် တွေ့ရသည်။ လောကနတ် ရုပ်ပုံများအား (လာလီတသန) ခေါ်သော မင်းထိုင် ထိုင်လျက် တွေ့ရသည်။ ခြေတစ်ဖက် အောက်သို့ တွဲလောင်း ချထားသည်။ ၎င်း၏ခေါင်းဆောင်းတွင် (ဓျာနိ)ဗုဒ္ဓပုံကို တွေ့ရသည်။ ဓျာနိဗုဒ္ဓသည် လောကနတ်ကို ဖန်ဆင်းသော တန်ခိုးရှင် ဖြစ်သည်ဟု ယုံကြည်ကြသည်။
အချို့ အုတ်ခွက်များတွင် ဂေါတမ မြတ်စွာဘုရား၏ဘေးနှစ်ဖက်၌ လောကနတ်ဘုရားလောင်းက တစ်ဖက်၊ အရိမေတ္တယျ ဘုရားလောင်းက တစ်ဖက်၊ ထိုင်နေသည်ကို တွေ့ရှိရသည်။ ပုဂံဂူဘုရားများ၏အတွင်းနံရံပေါ်၌ ရေးဆွဲထားသော အရုပ်များအနက် အရိမေတ္တယျ ဘုရားလောင်းနှင့် လောကနတ် ဘုရားလောင်းပုံများကို ယှဉ်တွေ့ရသည်။
အပယ်ရတနာဂူစင်္ကြံ ဘေးနံရံတွင် လောကနတ် ထိုင်နေပုံရုပ်များ၊ ချောက်ဘုရားလှ (ဂူအမှတ် ၁၁၂)တွင် အရိမေတ္တယျဘုရားလောင်းပုံနှင့် လောကနတ်ဘုရားလောင်းပုံများကို ယှဉ်၍ ရေးဆွဲထားသည်။ တာမနိဂူအစုရှိ ဂူအမှတ် ၄၆၂ ငလုသင်ဂူအဝင် ပေါင်းကူးတွင် လောကနတ် ရုပ်အောက်၌ "ဤကာပုရှာလောင် လောကဏတ်တေအ်"ဟူသော ရှေးမြန်မာမင်စာကို ကမ္ပည်းထိုးထားသည်။ ၎င်း၏မျက်နှာချင်းဆိုင်တွင် အရိမေတ္တယျဘုရားပုံ တွေ့ရပါသည်။ အနော်ရထာမင်းကြီး၏ကောင်းမှု အုတ်ခွက်များတွင် "ဧသော လောကနာထော"ဟူ၍လည်းကောင်း၊ "ဧသောဘဂဝ" ဟူ၍လည်းကောင်း၊ နှစ်မျိုးနှစ်စား တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ ပုဂံခေတ်ဦး အနော်ရထာမင်းလက်ထက်မှစ၍ လောကနာထော(လောကနတ်)ကို ဂေါတမဘဂဝါဘုရားနှင့်လည်းကောင်း၊ အရိမေတ္တယျဘုရားလောင်းနှင့်လည်းကောင်း ယှဉ်တွဲ၍ ပူဇော်ခဲ့သည့်သာဓကများကို ထောက်၍ မဟာယာဉ် အငွေ့အသက် မည်မျှရှိသည်ကို သိသာနိုင်ပေသည်။
သို့သော် နှောင်းခေတ်များတွင် လောကနတ်ကို အဆင့်နိမ့်ချ၍ ဘုရင်မင်းတရားတို့ ထိုင်သည့် မြင့်မြတ်သော ရာဇပလ္လင်၏ လက်ဝဲ လက်ျာတို့၌ ထားကာ ရန်ငြိမ်းရလေသည့်နိမိတ် အဖြစ်ဖြင့် အစဉ်အလာပုံပြင်အရ လောကနတ်ကို မည်သို့ သဘောထားခဲ့ကြပုံ သမိုင်းအကျဉ်းကို တင်ပြ အပ်ပေသတည်း။
လုပ်သားပြည်သူ့နေ့စဉ်။ ၄-၁ဝ-၁၉၇၅

posted from Bloggeroid
No comments:
Post a Comment