ပုဂံမြို့ဟောင်းမှာ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း၊ လတ္တီတွဒ်
၂၈.၄၄၊ အရှေ့လောင်ဂျီတွဒ် ၉၄.၂၅ တွင် တည်ရှိသည်။ ၂၀ စတုရန်းမိုင်ခန့်
ရှိသည်။
ထိုဧရိယာအတွင်း ရှေးဟောင်းစေတီပုထိုးများနှင့် သာသနိက အဆောက်အအုံပေါင်း ပုဂံခေတ်က ၅၀၀၀ ကျော်ခန့် ရှိခဲ့သည်။
ယခု ပုဂံမြို့ဟောင်းတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ``ဇုန်´´ သတ်မှတ်၍ ရှေးဟောင်းဘုရားများ ပြန်လည် ပြုပြင် ထိန်းသိမ်းဖော်ထုတ်ရာတွင် မှတ်ပုံတင်စာရင်အရ ပြုပြင်ပြီး၊ ပြုပြင်ဆဲ စေတီပုထိုးပေါင်း (၂၂၃၀) ရှိသည်။ မြို့ကြား၊ ရွာကြား၊ တောကြား၊ ယာကြားတွင် ပြိုပျက်ခဲ့၍ နှစ်ပရိစ္ဆေဒ ကြာမြင့်ခဲ့သည်နှင့် အမျှ မြေအောက် ပျောက်ကွယ်၍ တစ်မျိုး၊ မြေကုန်းများ အုတ်ကုန်းများအဖြစ် ပြောင်းလဲ၍ တစ်ဖုံ ရှိနေသည်များကို ရှာဖွေဖော်ထုတ်ခဲ့ရာ ကုန်းပေါင်း ၈၉၇ကုန်း ရှာဖွေတွေ့ရှိ၍ ၄၄၇ ကုန်း တူးဖော်ပြီး ၁၁၃ ကုန်း ပြုပြင်ထိန်သိမ်းခဲ့ ပြီးဖြစ်ပါသည်။

ထို့ပြင် ပုဂံဒေသတွင် သာသနိက အဆောက်အအုံ စုစုပေါင်း ၃၁၀၀ ကျော်ခန့် ကျန်ရှိနေသေးကြောင်း တွေ့ရှိရပါသည်။ ထိုသို့ ၂၀ စတုရန်းမိုင် ပုဂံယဉ်ကျေးမှုဇုန်အတွင်းရှိ ရှေးဟောင်း သာသနိက အဆောက်အအုံများ တည်ရှိရာ ထင်ရှားသောဒေသများကို စုစည်း၍ ဦးစွာသိရှိထားရန် လိုအပ်ပါသည်။
၁။ ညောင်ဦး ဒေသတစ်ဝိုက်
၂။ ၀က်ကြီးအင်း ဒေသတစ်ဝိုက်
၃။ ပုဂံ ဒေသတစ်ဝိုက်
၎။ မြင်းကပါ ဒေသတစ်ဝိုက်
၅။ သီရိပစ္စရာ ဒေသတစ်ဝိုက်
၆။ မင်းနန်သူ ဒေသတစ်ဝိုက်
၇။ ဖွားစော ဒေသတစ်ဝိုက် ဟူ၍ ဖြစ်ပါသည်။
၎င်းဒေသများရှိ ထင်ရှားသော ရှေးဟောင်း သာသနိက အဆောက်အအုံများကို စုစည်းဖော်ပြလိုက်ပါသည်။
၁။ ညောင်ဦး ဒေသတစ်ဝိုက်
ပုဂံ (၁၉) ရွာဝင် ညောင်ဦးမှာ ပုဂံခေတ်ကပင် ကျောက်စာထွက်
အမည်ဖြစ်ပါသည်။ ပုဂံခေတ် နောက်ပိုင်းတွင် ညောင်ဦးကို `ပုဂံချောက်ရပ်´ ဟု
ချောက်ဘုရားလှအနီး ဂူငယ်တစ်ခုရှိ မင်စာ၌ ရေးသားထားပါသည်။
ရွှေစည်းခုံဘုရားရှိ အင်းဝခေတ် ကျောက်စာတစ်ချပ်တွင်မူ `ညောင်ဦးရွာ´ဟု
ဖော်ပြ ရေးထိုးထားခဲ့ပါသည်။ ယခု ညောင်ဦးမှာ ခရိုင်မြို့တစ်မြို့
ဖြစ်နေပါပြီ။
ညောင်ဦး ဒေသတစ်ဝိုက် ထင်ရှားသော ရှေးဟောင်း သာသနိက အဆောက်အအုံများမှာ
ရွှေစည်းခုံ၊
သဌေးမုဒ်ဂူ၊
ကျန်စစ်သားဥမင်၊
ဆပဒပုထိုး၊
ဂေါတမဘုရားနှင့် ငှက်ပစ်တောင် ဥမင်များ၊
ကျောက်ဂူဥမင်၊
ရပ်စောက်ဂူ၊
ကုန်းတော်ကြီး၊
သကျမုနိ စသည့် စေတီပုထိုးများဖြစ်သည်။
ညောင်ဦး ဒေသတစ်ဝိုက် ထင်ရှားသော ရှေးဟောင်း သာသနိက အဆောက်အအုံများမှာ
ရွှေစည်းခုံ၊
သဌေးမုဒ်ဂူ၊
ကျန်စစ်သားဥမင်၊
ဆပဒပုထိုး၊
ဂေါတမဘုရားနှင့် ငှက်ပစ်တောင် ဥမင်များ၊
ကျောက်ဂူဥမင်၊
ရပ်စောက်ဂူ၊
ကုန်းတော်ကြီး၊
သကျမုနိ စသည့် စေတီပုထိုးများဖြစ်သည်။
၂။ ၀က်ကြီးအင်း ဒေသတစ်ဝိုက်
ဝက်ကြီးအင်းမှာ ကျောက်စာထွက် အမည် မဟုတ်ပါ။ ရှေး စကားဆက်အစဉ်
အမည်ဖြစ်ပါသည်။ ပျူစောထီးနှင့် ဆက်နွယ်ပြောဆိုကြပြီး ၀က်ကြီး မင်းမူ
ကျက်စားနေထိုင်ရာ အင်းကြီးရှိခဲ့ရာကို အစွဲပြု အမည်တွင်လာခြင်း ဖြစ်သည်ဟု
ဆိုပါသည်။ ရှေးဟောင်း သုတေသန တွေ့ရှိချက်အရ နဂါးကျစ်အရပ်ဖြစ်ကြောင်း ကမ္ပည်း
စိုက်ထူထားသည်။ နဂါးကျစ်မှာ ပုဂံ (၁၉) ရွာတွင် အပါအ၀င်ဖြစ်သည်။
ဝက်ကြီးအင်းရွာမှာ အလယ်က ချောင်းခြားပြီး အရှေ့ဝက်ကြီးအင်းနှင့် အနောက်ဝက်ကြီးအင်းဟု ခေါ်ဆိုနေသော ရွာကြီးဖြစ်ပါသည်။ ပုဂံမြို့ဟောင်း ညောင်ဦးသွား ကားလမ်းပေါ်တွင် တည်ရှိပါသည်။
ဝက်ကြီးအင်း ဒေသတစ်ဝိုက် ထင်ရှားသော ရှေးဟောင်း သာသနိက အဆောက်အအုံများမှာ
ဝက်ကြီးအင်း ဂူပြောက်ကြီး
ဝက်ကြီးအင်း ဂူပြောက်ငယ်
အလိုပြည့် (ခ) အလိုတော်ပြည့်
ထီးလိုမင်းလို
ဥပါလိသိမ်
အိမ်ရာကျောင်း ငါးမျက်နှာ စသည့် စေတီပုထိုးများဖြစ်သည်။

၃။ ပုဂံမြို့ဟောင်း ဒေသတစ်ဝိုက်
ယခု ပုဂံမြို့ဟောင်းတစ်ဝိုက်မှာ မတည်ထောင်မီ ရှေးအခါက
`နဂါးစိုး´ နဂါးကျစ် (နဂါးဆိတ်) အရပ်ဟု အမည်ရှိခဲ့သည်။ ပုဂံ ၁၉ ရွာဝင်
ရွာကြီးအဖြစ် ထင်ရှားခဲ့ပါသည်။ ယခုအခါ `နဂါးစိုး´ အရပ်မှာ တောင်ဘီရွာ
အရှေ့ဘက် ကားလမ်း၏ မြောက်ဘက်တွင် ရှာဖွေတွေ့ရှိ၍ မှတ်တိုင်
စိုက်ထူထားပါသည်။
ဘူမိနက်သန်မှန်သော ထိုနေရာဒေသကို ပျဉ်ပြားမင်းက စတုတ္ထမြို့တော်အဖြစ် တည်ထောင်ပြီး အရိအဒ္ဒေရ (ရန်ပေါင်းကို နှိမ်နှင်းအောင်မြင်ရာ) တိုင်းနိုင်ငံကြီးအဖြစ် ထင်ရှားကျော်ကြားခဲ့ပါသည်။
ထိုနောက် မြန်မာဆန်ဆန် `ပုကံ´ (ပုဂံ) ဟူသောအမည်နှင့် နှစ်ပေါင်း ၂၀၀ ခန့် ခေါ်ဝေါ်ထင်ရှားလာခဲ့ပြီး ယနေ့တိုင် ပုဂံမြို့ဟောင်းအမည်ဖြင့် ကမ္ဘာက အသိအမှတ်ပြုရသည့် နေရာဒေသ ဖြစ်နေပါသည်။
ပုဂံမြို့ဟောင်း ဒေသတစ်ဝိုက် ထင်ရှားသော ရှေးဟောင်း သာသနိက အဆောက်အအုံများမှာ
အာနန္ဒာဂူတော်ကြီး
သရပါ၊ မြို့ရိုး၊ ကျုံး
ရွှေဂူကြီး
သဗ္ဗညုဂူတော်ကြီး
နတ်လှောင်ကျောင်း
ပုထိုးသားများ
မီးမလောင်ကျောင်း
ကန်တော့ပလ္လင် ဂူတော်ကြီး
ဗူးဘုရား
မဟာဗောဓိ
မြင်းပြဂူ
မင်္ဂလာစေတီ
ရွှေဆံတော် စေတီ
ရွှေသာလျောင်း
ဓမ္မရံကြီး
လောကထိပ်ပန်
မြေဘုံသာ ဘုရားလှ (လောကမုနိ) စသည့် စေတီပုထိုးများဖြစ်သည်။

မြင်းကပါသည် ကျောက်စာထွက် အမည်ဖြစ်ပါသည်။
ရွှေပေါင်းလောင်းဘုရား ကျောက်စာတွင် `မြက္ကပါ´၊ မြင်းကပါ ဗိဇယ်ကို
ကျောက်စာတွင် `မြင်းကဗာ´၊ မနူဟာဘုရား ကျောက်စာတွင် `မြင်္ကပါ´ တွေ့ရပြီး
နှောင်းခေတ်တွင်း `မြင်းပုဂံ´၊ `မြင်းကဘာ´၊ `မြင်းကမ္ဘာ´ ဟု အမျိုးမျိုး
ရေးသားပုံတို့ကို တွေ့ရပါသည်။ ယခု `မြင်းကပါ´ အရေးမှာ အတည်ဖြစ်၍ နေပါသည်။
မြင်းကပါသည် ပုဂံ ၁၉ ရွာ အပါအ၀င်ဖြစ်ပြီ ထိုစဉ်က `အနုရာဓ´ဟု ပါဋ္ဌိလို အနုရာဓ တစ်ရွာသာတွေရှိရ၍ ထူခြားနေပါသည်။ အနုရာဓ အပြင် အနုရုဒ္ဓါ၊ အနုတရာ မူကွဲအရေးအသားတို့ရှိပါသည်။
မြင်းကပါ ဒေသတစ်ဝိုက် ထင်ရှားသော ရှေးဟောင်း သာသနိက အဆောက်အအုံများမှာ
ဂူပြောက်ကြီး (မြင်းကပါ)
မြစေတီ နှင့် ကျောက်စာ
မြင်းကပါ ပုထိုး
မနူဟာ
နန်းဘုရား
အပယ်ရတနာ
နဂါးရုံ စသည့် စေတီပုထိုးများ ဖြစ်သည်။

၅။ သီရိပစ္စယာ ဒေသတစ်ဝိုက်
ပထမပုဂံ မတည်ထောင်မီက ကျောက်စကားအရပ် (ကျောက်စကားရွာ) ဟု ထင်ရှားခဲ့ပြီး ပုဂံ ၁၉ ရွာဝင် ဖြစ်ပါသည်။
သေဉ်လည်ကြောင်မင်း လက်ထက် ပထမပုဂံမြို့တည်ရာ ယုန်လွှတ်ကျွန်းအရပ်မှ ကျောက်စကားအရပ်သို့ ပြောင်းရွှေ့ပြီး ဒုတိယပုဂံကို တည်ထောင်၍ သီရိပစ္စယာမြို့တော်အမည်နှင့် စိုးစံခဲ့ရာ နန်းတော်ရာ ကျောက်တိုင် အမှတ်အသားကို တွေ့နိုင်ပါသည်။
သီရိပစ္စယာ ဒေသတစ်ဝိုက် ထင်ရှားသော ရှေးဟောင်း သာသနိက အဆောက်အအုံများမှာ
ကျောက်စကားကြီး
အရှေ့ဖက်လိပ်နှင့် အနောက်ဖက်လိပ်
လောကနန္ဒာ စသည့် စေတီပုထိုးများ ဖြစ်သည်။

ပုဂံခေတ် နားတောင်းများမင်း၏ အမတ်ကြီးဖြစ်သည့်
မင်းအနန္ဘသူရိယကို အစွဲပြု၍ မင်းနန်သူရွာဟူ၍ ဖြစ်ပေါ်လာခဲ့ပြီး ယခင်က
အားမနာအရပ်ဟု ထင်ရှားပါသည်။ ထိုတစ်ဝိုက်တွင် ဘုရားကျောင်းကန်များ
အစုအဝေးဖြင့်ရှိ၍ ပုဂံခေတ်က စည်းကားခဲ့သည့် ဒေသဟု ဆိုနိုင်ပါသည်။
မင်းနန်သူအမည်နှင့် အားမနာအမည်တို့မှာ ကျောက်စာထွက်အမည်များဖြစ်ပြီး အေဒီ
၁၃ ရာစု သာသနိက အဆောက်အအုံများနှင့် ခေတ်ပြိုင်စာပေ၊ ပန်းချီ၊ ပန်းပု၊
ပန်းတော့ လက်ရာတို့ကို တစကြိး ကြည့်ရှုခံစားနိုင်ပါသည်။
မင်းနန်သူ ဒေသတစ်ဝိုက် ထင်ရှားသော ရှေးဟောင်း သာသနိက အဆောက်အအုံများမှာ
စူဋ္ဌာမဏိဂူတော်ကြီး
ဘုရားသုံးဆူ
သမ္ဘူလ
နန္တမညာ စသည့် စေတီပုထိုးများ ဖြစ်သည်။
မင်းနန်သူ ဒေသတစ်ဝိုက် ထင်ရှားသော ရှေးဟောင်း သာသနိက အဆောက်အအုံများမှာ
စူဋ္ဌာမဏိဂူတော်ကြီး
ဘုရားသုံးဆူ
သမ္ဘူလ
နန္တမညာ စသည့် စေတီပုထိုးများ ဖြစ်သည်။
၇။ ဖွားစော ဒေသတစ်ဝိုက်
ဖွားစောရွာသည် ၁၃ ရာစုနှစ်တွင် ပေါ်ထွန်းလာသော မိဖုရားကြီး
ဖွားစောအား အစွဲပြု၍ ခေါ်ဆိုခဲ့ရာမှ တွင်လာသည့် နောက်ဆုံးအမည်ဖြစ်ပြီး
ဒုတိယတွင်ခဲ့သော သစ်မထီ (သမထီး) အရပ်အမည်မှာလည်း ထင်ရှားခဲ့သည်။
ပုဂံပြည် ဗုဒ္ဓသာသနာ မထွန်းကားချိန်က ထိုအရပ်တွင် အရည်းကြီး ခြောက်ကျိပ်နှင့် တပည်း ခြောက်သောင်း နေထိုင်၍ သမတိန္တ (တန္တရ) အယူဝါဒဆိုင်ရာ ကိုးကွယ်မှု ဖြန့်ချီရာဒေသ ဖြစ်ခဲ့ပါသည်။
ပထမဆုံးအနေဖြင့် ရွာစိုက်ဟုအမည်ပေးခဲ့ပြီး ပုဂံ ၁၉ ရွာဝင် ဖြစ်ခဲ့ပါသည်။ ရွာစိုက် အမည်မှာ ကျောက်စာထွက်စကား မဟုတ်သော်လည်း `သစ်မထီ´နှင့် ဖွားစောမှာ ကျောက်စာထွက် အမည်များ ဖြစ်ကြပါသည်။
ဖွားစောတစ်ဝိုက်တွင် (၁၂)ရာစုမှ (၁၃) ရာစုအထိ သာသနိက အဆောက်အအုံများ အများအပြား ဆောက်လုပ်ခဲ့ပါသည်။
ဖွားစော ဒေသတစ်ဝိုက် ထင်ရှားသော ရှေးဟောင်း သာသနိက အဆောက်အအုံမှာ
ဓမ္မရာဇကပုထိုးကြီး စသည့် စေတီပုထိုးများ ဖြစ်သည်။

အခြား ထင်ရှားသော ရှေးဟောင်း သာသနိက အဆောက်အအုံများမှာ
တန့်ကြည့်တောင်စွယ်တော်ရှင်
တုရင်တောင် စွယ်တော်ရှင် တို့ ဖြစ်သည်။
တန့်ကြည့်တောင်စွယ်တော်ရှင်
တုရင်တောင် စွယ်တော်ရှင် တို့ ဖြစ်သည်။
No comments:
Post a Comment