Showing posts with label ဘုရားသမိုင်း. Show all posts
Showing posts with label ဘုရားသမိုင်း. Show all posts

Thursday, April 28, 2016

ဓမ္မရံကြီး ဘုရားသမိုင်း


ဓမ္မရံကြီးလိုဏ်ဂူတော်ကြီးဟာ ပုဂံရှိထုထည်အကြီးမားဆုံး ဘုရားများတွင် တစ်ခုအပါအ၀င်ဖြစ်သလို အရပ်လေးမျက်နှာမှ ဖူးမျှော်နိုင်သောဘုရားတစ်ဆူလည်းဖြစ်ပါတယ်။ လိုဏ်ဂူ၏ထူးခြားချက်ကတော့ အုတ်၊ အင်္ဂတေပန်းရန် ဗိသုကာလက်ရာဖြစ်ပါတယ်။ အုတ်စီပုံမှာ ဓါးစီခုတ် (ခေါ်) ဓါးဖြင့်ရွှေခုတ်ပြီးမှ သရွတ် အင်္ဂတေညှပ်စီခြင်းဖြစ်သောကြောင့် အပ်ထိုး၍ပင်မရအောင် စေ့စပ်သည်ဟုဆိုကြပါတယ်။ ပေါင်းကူးများနဲ့ အတွင်းနံရံများဟာ အလွန်ခိုင်ခံ့ပါတယ်။ ပန္နက်ပုံစံဟာ အာနန္ဒာလိုဏ်ဂူဘုရားကြီး ပန္နက်ပုံစံနဲ့ ဆင်တူပါတယ်။ စတုရန်းပုံစံဖြစ်ပြီး လေးမျက်နှာမှာ အာရုံခံမုဒ်များရှိပါတယ်။ ဂရိတို့ရဲ့ ကြက်ခြေခတ်ပုံစံသဘောမျိုး တည်ရှိကြပါတယ်။ အာနန္ဒာကဲ့သို့ အမိုးနှစ်ဆင့်နိမ့်လျှောရှိပြီး ပစ္စယာလေးဆင့်တက်ထားပါတယ်။ အဲဒီအထက်မှာတော့ ကွမ်းတောင်နဲ့ အထွတ်တို့ဟာ ပျက်စီးလျက်ရှိနေပါတယ်။

Saturday, March 12, 2016

အနုမှာ အာနန္ဒာ


အာနန္ဒာဘုရားသမိုင်း...........
အာနန္ဒာလိုဏ်ဂူဘုရားဟာ ကျန်စစ်သားမင်း (၁၀၈၄-၁၁၁၃)၏ ကောင်းမှုတော်ဖြစ်ပါတယ်။ နန္ဒမူလလိုဏ်ဂူမှာ သီတင်းသုံးရာမှ ပုဂံနေပြည်တော်သို့ ကြွရောက်လာခဲ့သော ရဟန္တာအရှင်မြတ်များကို အကြောင်းပြု၍ (၁၀၉၀) ပြည့်နှစ်တွင် ထိုလိုဏ်ဂူပုံသဏ္ဍာန်အတိုင်း အာနန္ဒာလိုဏ်ဂူတည်ဆောက်စေခဲ့ကြောင်း ရာဇ၀င်ကျမ်းများမှာတွေ့ရပါတယ်။
နန္ဒမူလပုဒ်မှအာနန္ဒာသို့ စကားရွေ့လျော့လာသလို ရှိပါတယ်။ အနန္တပညာပုဒ်မှ အာနန္ဒာသို့ စကားရွေ့လျော့လာသည်ဟူသော အယူအဆလည်း ရှိပါတယ်။ လိုဏ်ဂူရဲ့အခြေခံပန္နဟာ ကြက်ခြေခတ်သဏ္ဍာန်ဖြစ်ပါတယ်။ ကုလားကျောင်း (တိုက်မ) ရဲ့ တစ်ဖက်တစ်ချက်ဟာ (၁၇၅) ပေကျယ်ပြီးလေးထောင့်စပ်စပ်ပုံရှိပါတယ်။ တစ်ဖန် အာရုံခံမုခ်များ လေးဖက်လေးတန်ထုတ်ထားပြီး အာရုံခံတစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းအထိ ပေ (၂၉၀) ခန့်ရှည်လျားပါတယ်။ တိုက်မနံရံမှာလည်း မုခ်ပြတင်းနှစ်ဆင့်တပ်ထားသောကြောင့် အတွင်းပိုင်းမှာ အလင်းရောင်ကောင်းကောင်းရနိုင်ပါတယ်။

Saturday, February 27, 2016

ရာဟုလာအား မာရ်နတ်ခြောက်လှန့်ခြင်း


    အရှင်ရာဟုလာသည် အရဟတ္တဖိုလ်သို့ ရောက်ပြီးစ  တစ်နေ့ မိုးချုပ်သောအခါတွင် များစွာသော မထေရ်တို့သည် ဇေတဝန်ကျောင်းတိုက်သို့ ဝင်ကြကုန်၍ အရှင်ရာဟုလာ၏ နေရာဌာနသို့ လာရောက်နေထိုင်ကြလေ၏။
    အရှင်ရာဟုလာကား ထေရ်ငယ် ဝါငယ်ဖြစ်၍ မထေရ်ကြီးများ လာရောက်နေထိုင်သည်ကို မတားမြစ်ပိုင်ပဲ အခြားနေရာတခုကိုရှာမှီးသည်တွင် နေရာမရရှိသဖြင့် မြတ်စွာဘုရားရှင်၏ ဂန္ဓကုဋီ ကျောင်းတော်မုခ်ဦး၌ လျောင်းစက်တော်မူလေ၏။
      မာရ်နတ်သည် ဝသဝတ္တီနတ်ပြည်၌ တည်နေရင်းကပင် ဂန္ဓကုဋီကျောင်းတော်မုခ်ဦး၌ လျောင်းစက်နေသော အရှင်ရာဟုလာကို မြင်လေလျှင် --

Friday, February 19, 2016

မန်းရွှေစက်တော်ဘုရားသမိုင်း


ဘုရားဖူးသွားမည့်သူများအတွက်ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်
မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ချထားပေးတော် မူခဲ့သော ခြေတော်ရာများကို ဌာပနာပြု၍ တည်ထားကိုးကွယ်လာခဲ့သော မန်းရွှေစက်တော် ဘုရားများသည် ယနေ့ထက်တိုင် တည်ရှိနေလျှက် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တစ်ခုပင် ဖြစ်ပါသည်။ မြန်မာပြည်တွင် ရက်ပေါင်းအများဆုံးကျင်းပသော အညာဒေသပွဲတော်ဟုပင် ဆိုနိုင်ပါသည်။ ထို့ကြောင့် ပြည်သူအများ ကြည်ညိုသဒ္ဓါပွားနိုင်ရန်အလို့ငှာ မန်းရွှေစက်တော်ဘုရားသမိုင်းကို ထပ်မံတင်ပြလိုက် ပါသည်။

Thursday, February 11, 2016

ထူးခြားသောအလန်းတန်းနှစ်ခု






ပုဂံရှိ ထူးခြားသောအလင်းတန်းများ
ပုဂံလို့ပြောလိုက်တာနဲ့  အားလုံးသိပြီးသားပါ။စေတီပုထိုးတွေများစွာတည်ရှိပြီး    လှပတဲ့ရှုခင်းတွေနဲ့ မှော်ဆန်သောဒဏ္ဍာရီပုံပြင်တွေ များစွာရှိတဲ့နေရာပေါ့။
ကျန်တော် အခုပြောမှာကတော့  အဲဒီလိုမှော်ဆန်တဲ့ပုံပြင်တွေတော့မဟုတ်ပါဖူး။  လူအများ သိပ်သတိမထားမိလေ့ရှိကြတဲ့ ပုဂံ ဘုရားများ ရှိ  ထူးခြားသော အလင်းတန်းနှစ်ခုအကြောင်း ပါ။
အနော်ရထာမင်း မတိုင်မီနှင့်  အနော်ရထာလက်ထက်မှာ  စေတီ တွေ  ဥမင်တွေကိုသာအများဆုံးတည်လေ့ရှိပေမဲ့  ကျန်စစ်သားမင်းလက်ထက်ရောက်တဲ့ အခါမှာ ကုလားကျောင်းခံ  ပုထိုးတွေ ဘုရားကျောင်းတွေခေတ်စားလာတယ်။ ကျန်စစ်သားလက်ထက်မှာ အနုပညာ ဗိသုကာပညာတွေဟာ  ပိုမို  ကျယ်ပြန့်  ခဲ့ပြီး  အထွတ်အထိပ်ကာလသို့ရောက်လာခဲ့တယ်။ အရင်က  ဥမင်တွေ ပုထိုးတွေကိုအမှောင်ပိတ်ကြီးတွေ တည်လေ့ရှိပေမဲ့ ကျန်စစ်သားလက်ထက်မှာတော့  ဂူအတွင်းကိုအလင်းရောက်နိုင်တဲ့မုခ်ပေါက်လေးတွေ ဖောက်လာကြတယ်။သက္ကရာဇ် ၄၅၂ အာနန္ဒာ ဘုရားကြီးတည်ဆောက်တဲ့အချိန်မှာတော့ဘုရားကျောင်းတွေဟာအလင်း လေဝင်လေထွက်ရောကောင်းမွန်လာခဲ့တယ်။

Saturday, February 6, 2016

ဗိုလ်တစ်ထောင်ဘုရား


ဗိုလ်တစ်ထောင်ဘုရားကို မူလ စတည်သူ ဘယ်သူတွေလဲ ၂
*** *** *** *** *** *** *** ***
ဗိုလ်တစ်ထောင်ဘုရားကို ပျူဗရမာ ခေါ် ပျူဗမာတွေ တည်ခဲ့တယ်
*** *** *** *** *** *** *** ***
ဒုတိယကမ္ဘာစစ် အတွင်း မြန်မာသက္ကရာဇ် ၁၃၀၅၊ နတ်တော်လဆန်း ၁၂ ရက်၊ (၈-၁၁-၁၉၄၃) မှာ ဗိုလ်တစ်ထောင်စေတီဟာ ဗုံးဒဏ်ထိပြီး အုတ်ပုံကြီး ဖြစ်သွားပါတယ်။
စစ်ကြီးပြီးလို့ မြန်မာသက္ကရာဇ် ၁၃၀၈ ခုနှစ်ရောက်မှ ဗိုလ်တစ်ထောင် စေတီ ပြန်လည် ပြုပြင်ရေး အဖွဲ့ အဖွဲ့တယ်။
၁၃၀၉ ပြာသိုလ်လဆုတ် ၉ ရက် (၁၉၄၈ ဇန္နဝါရီ ၄) လွတ်လပ်ရေး ရတဲ့နေ့မှာ ပြုပြင်ရန် စတင်တူးဖေါ်မှုစတယ်။
အဲဒီ တူးဖေါ်ရှင်းလင်းတဲ့အခါ အပြင် ဌာပနာတိုက်က ခေတ်အဆက်ဆက် ဌာပနာ ပစ္စည်းတွေရတယ်။
စေတီပျက်ရဲ့ အလယ်ဗဟိုကို တူးမိတဲ့အခါ ဂဝံကျောက်နဲ့ သေသပ်စွာလုပ်ထားတဲ့ အတွင်းဌာပနာတိုက်ကို တွေ့ရတယ်။

Sunday, December 13, 2015

အလောင်းတော်ကဿဖဘုရားသမိုင်း

အလောင်းတော်ကဿဖ သည် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်မှ ပုံတောင်၊ ပုံညာ နှင့် မဟူရာတောင် သုံးလုံးဆုံရာရှိ ပိတ်နေသော အုပ်ဂူတွင် နောင်ပွင့်တော်မူမည့် ကဿပ ဘုရား၏ ရုပ်ကလပ် အလောင်းတော်ရှိသည်ဟု အများယုံကြည်ကြသော နံမည်ကျော် ဘုရားဖူး ခရီးသွားရာ အရပ်ဖြစ်သည်။ အမှန်တကယ် မည်သည့် အလောင်းတော်ဖြစ်သည်နှင့် တည်နေရာ ရှင်းလင်းချက်တွင်မူ မူကွဲများရှိသည်။ နေရာဒေသ  မြန်မာနိုင်ငံ၌ ထင်ရှားသော စေတီ၊ ပုထိုး၊ ဘုရားများစွာရှိသည့် ဌာနများအနက် မုံရွာခရိုင်ရှိ အလောင်းတော် ကဿပသည် တစ်ဌာနဖြစ်သည်။ အလောင်းတော်ကဿပသည် မုံရွာမြို့ အနောက်မြောက်ဘက် မိုင် ၆၀ ခန့်အကွာ တောင်ကြီးတို့၏ အကြား၌ တည်ရှိသည်။

Saturday, December 12, 2015

ဘားအံမြို့ရွှေရင်မျှော်ဘုရားသမိုင်း

ကရင်ပြည်နယ် ဘားအံမြို့ ရှိ  ရွှေယဉ်မျှော်ဘုရားသမိုင်းကြောင်း
           လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က မွန်ပြည်နယ် ဇင်းကျိုက်တောင် နှင့် ကရင်ပြည်နယ် ဇွဲကပင်တောင်ကြားရှိ မြတ်စွာဘုရားရဲ့ဆံတော်စစ်စစ်ကို စေတီများ တည်ထားကိုးကွယ်ခဲ့တဲ့အချိန်မှာ ၀ိဇ္ဇာဓိုရ်လုလင်တွေ၊ ဘောဂ၀တီနဂါးပြည်က နဂါးမင်းတွေ၊ကူးလူးသွားလာနေထိုင်ပျော်မြူးခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဘောဂ၀တီပြည်က နဂါးမလေးတစ်ကောင်က လူ့ ဘ၀အသွင်ဖြင့် ပြောင်းလဲပြီး လူ့ပြည်မှာ လာရောက်နေထိုင်ပါတယ်။ ထိုအခါ လုလင်ဝိဇ္ဇာဓိုရ်တစ်ဦးက လူယောင်ဆောင်ထားတဲ့ နဂါးမကို တွေ့ပြီး မြင်မြင်ချင်းချစ်ကြိုက်ကာ စမ်းချောင်းလေးအနီးမှာ အတူတကွ နေထိုင်ပျော်မြူးခဲ့ကြပါတယ်။

အာနန္ဒာဘုရားကြီးဧ။်အံ့ဖွယ်ကိုးပါး


ပုဂံပြည်ရှိ အာနန္ဒာဘုရားကို သက္ကရာဇ် ၄၅၂-ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။ ဘုရားဒကာမှာ ကျန်စစ်မင်းကြီး ဖြစ်ပါသည်။
ထုမှာ ဓမ္မရံ၊ အနုမှာ အာနန္ဒာ-ဆိုသောစကားနှင့်အညီ ဓမ္မရံ ဘုရားသည် ထုထည်ကြီးမားပြီး အာနန္ဒာဘုရားမှာမူ အနုပညာလက်ရာမြောက်ကြောင်း ပညာရှိများက ဆိုမိန့်ခဲ့ကြပါသည်။ အာနန္ဒာဘုရား ထူးခြားသည်နှင့်အမျှ အံ့ဖွယ် (၉)ပါး ရှိပါသည်။
၁။ စေတီတော် တည်တော်မူစဉ်က ရဟန္တာအရှင်မြတ်တို့ ဖန်ဆင်းပြအပ်သော နန္ဒမူလိုဏ်ဂူ-၏ပုံစံကိုယူ၍ တည်ထားသည့် စေတီတော်ဖြစ်ခြင်း။

Wednesday, December 9, 2015

အကောက်တောင် ဘုရားသမိုင်းကြောင်း ...


အကောက်တောင်၏သမိုင်းကြောင်းရဲ့အစကို ပြောရမယ်ဆိုရင်
မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်စု ၊ ပန်းတောင်းမြို့နယ်အတွင်း ထုံးဘိုမြို့အနီးတွင် တည်ရှိပါတယ်။
သမိုင်းကြောင်းအစ…
အကောက်တောင် သမိုင်းအဆိုအရ အကောက်တောင်ကို ရှေးအခါက “ရတနာပုဉ္စတောင်တော်မြတ်”ဟုခေါ်ဆိုကြောင်း သိရပါတယ်။ အကောက်တောင်သမိုင်းအကြောင်းကို ရှာဖွေလေ့လာမူများအရ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀၀ကျော်က ထုံးဘိုမြို့တည်ရှိရာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းခြေတွင်သီရိဘင်္ဂလွန်အမည်ရှိသော မြို့ကြီးတစ်မြို့ရှိခဲ့ပါတယ်။ ထိုမြို့တွင် သီရိဘင်္ဂလွန်မင်းကြီး ထီးနန်းစိုးစံခဲ့သည်ဟု သိရှိရပါတယ်။ သီရိဘင်္ဂလွန်မင်းကြီး ၏ တော်နန်းစံမိဖုရားမှ သားတော်(၃)ပါး ထွန်းကားခဲ့ပါတယ်။ သားတော်ကြီးမှာ “မဟာပုဉ္စမင်းသား” ၊ သားတော်လတ်မှာ “စူဠပုဉ္စမင်းသား” နှင့် သားတော်ငယ်မှာ “သံပုဉ္စမင်းသား”ဟူ၍ သိရှိရပါတယ်။ မင်းကြီးသည် သားတော်ကြီး “မဟာပုဉ္စမင်းသား”ကို အိမ်ရှေ့မင်းသားရားထူးပေးသနားပြီး သိဒ္ဓ္ဓ၀နမြင်းကို ပေးတော်မူ၏။ မြတ်စွာဘုရား၏ သရီယဓါတ်တော်(၃)ဆူကို သိရီဘင်္ဂလွန်မင်းကြီး ကိုးကွယ်ရန်ဟူ၍ ထူဆန်းစွာ ဆက်သရောက်ရှိလာသောအခါတွင် သားတော်(၃)ပါးတို့ကို တစ်ဆူစီပေးအပ်၍ အကောက်တောင်ပေါ်တွင် စေတီသုံးဆူ တည်စေတယ်။ ထိုအခါ တောင်တော်ေါ်တွင်ရှိနေသော ၀ိဇ္ဇာ ၊ ဇော်ဂျီ ၊ တပသီတို့သည် မင်းသား(၃)ပါးဘုရားတည်ရန် လိုအပ်သော ရွှေငွေရတနာများကို ပြည့်စုံလု့လောက်အောင် ပြုပြင်စီမံ ဖန်တီးပေးကြပါတယ်။ သားတော်ကြီး “မဟာပုဉ္စ” မင်းသားသည် ရွှေ ၊ငွေ ၊ ရတနာတို့ကို “သိဒ္ဇ္ဓ္ဓ၀”နတ်မြင်းနှင့် တင်၍ ရတနာများကို ဌာပနာကာ တောင်စွန်းတွင် စေတီတည်ထားသောကြောင့် “ရတနာပုဉ္စစေတီ” ဟု ဘွဲ့တော်ချီခဲ့ပါတယ်။ ရတနာပစ္စည်းများကို သိဒ္ဓ၀နတ်မြင်းဖြင့် တင်ဆောင်ယူခဲ့ပြီး ဌာပနာသည်ကို အကြောင်းပြု၍ ရွှေမြင်းတင်စေတီတော်ဟုလည်း ခေါ်ဆိုကြပါတယ်။
သားတော်လတ် “စူဠပဉ္စမင်းသား” သည် “ရတနာပုဉ္စစေတီ” မှ တောင်ဘက်တစ်ဖာလုံခန့်အကွာ တောင်စွန်းပေါ်တွင် ဌာပနာပစ္စည်းများကို ရထားနှင့် သယ်ဆောင်ယူကာ စေတီတည်ထားသဖြင့် “ရထာပုဉ္စစေတီ” ဟူသော ဘွဲ့တော်ချီခဲ့သည်။ သားတော်အငယ်ဆုံး “သံပုဉ္စမင်းသား” သည် “ရတနာပုဉ္စစေတီ” မှ မြောက်ဘက်တစ်ဖာလုံခန့်အကွာ တောင်စွန်းပေါ်တွင် ဌာပနာပစ္စည်းများကို လှည်းဖြင့် တင်ဆောင်ယူကာ စေတီတည်ထားသဖြင့် “သက္ကဋာပုဉ္စစေတီ”ဟု ဘွဲ့တော်ချီသည်၊၊ ယခုအခါ ရွှေလှည်းတင်စေတီဟု ခေါ်ဆိုကြပါတယ်။ ယခင်က စေတီတော် (၃) ဆူလုံးမှာ သပ္ပါယ်စွာ စံပယ်ခဲ့ကြသော်လည်း ညီတော်နှစ်ပါး၏ စေတီနှစ်ဆူကို မသူတော်သိုက်ဆရာများ သိုက်တူးယူခြင်းကြောင့် ပြိုကျပျက်စီးခဲ့ရပါတယ်။ ပြီးတော့ ခေတ်အဆက်ဆက် ထိန်းသိမ်းပြုပြင်လာခဲ့သော နောင်တော်ကြီး၏ ရွှေမြင်းတင်စေတီတော်သာ ကျန်ရှိနေပါတော့တယ်။
တဖန် “အကောက်တောင်” ဟူသော အမည်ပေးထားရခြင်းမှာ စာတမ်းရှင် လေ့လာတွေ့ရှိချက်အရ အကြောင်းအရာ (၂)ရပ်ရှိပါတယ် ။ပထမအကြောင်းအရင်းမှာကုန်းဘောင်ခေတ်နှောင်းပိုင်းကာလတွင် မင်းတုန်မင်းတရားကြီးလက်ထက်တွင် မြို့ဝန် “ဦးကောက်ရ” အား “ရတနာပုဉ္စတောင်ခြေ” ကို အခြေပြု၍ ရေလမ်းခရီး ၊ အစုန် ၊အဆန် သမ္ဗာန်၊ သဘောင်္များကို အခွန်ကောက်ခံ၍ နေပြည်တော်သို့ ဆက်သရန် အမိန့်တော်မှတ် တာဝန်ပေးအပ်ခဲ့ပါတယ်။ မြို့ဝန် “ဦးကောက်ရ”သည် တောင်စွန်းအခြေမှ အကောက်ရုံးဆောက်လုပ်၍ အခွန်ကောက်ခံသည်မှစ၍ “ရတနာပုဉ္စတောင်ကို “အကောက်တောင်” ဟု ခေါ်စမှတ်ပြုကြောင်း တွေ့ရှိရပါတယ်။ ဒုတိယအချက်မှာ မြတ်စွာဘုရားကျီးမင်း ဖြစ်စဉ်အခါက ၄င်းတောင်ပေါ်ရှိ သစ်သီးသစ်ဥများ ၊ ကောက်ပဲသီးနှံများသည် ချိုမြိန်လှသောကြောင့် ကျီးတောင်ထိပ်မှ ပျံသန်းပြီး ၊ အစာကောက်ယူသောကြောင့် အစာကောက်တောင်(သို့) အကောက်တောင် ဟု ခေါ်စမှတ်ပြုကြောင်း လေ့လာတွေ့ရှိရပါတယ် ။
နောက်ဆုံး “အကောက်တောင်” သမိုင်းကြောင်း၏ လေ့လာတွေ့ရှိချက်များအရ အကောက်တောင်မှာ ဗုဒ္ဓဆင်းတုတော်များလဲ ရှိပါတယ်။ အကောက်တောင်ရှိ ဗုဒ္ဓဆင်းတုတော်ပေါင်း (၃၇၀)ခန့်ကို ဖူးမျှော်တွေ့ရှိနိုင်ပါတယ်။ ဆင်းတုတော်အားလုံးဟာ ကျောက်သားနံရံပေါ်တွင် ထွင်းထုထားသော ကျောက်ဆစ်လက်ရာများ ဖြစ်ပါတယ်။ ဆင်းတုတော်များတွင် ထိုင်တော်မူဆင်းတု (၂၄၆)ဆူ၊ ရပ်တော်မူဆင်းတု (၁၀၉)ဆူနှင့် လျောင်းတော်မူဆင်းတု(၁၅) ဆူခန့်ကို တွေ့ရှိရပါတယ် ။

ရွှေတိဂုံဘုရားသမိုင်းစာအုပ် (အင်္ဂလိပ်-မြန်မာ)


ရွှေတိဂုံဘုရားသမိုင်းစာအုပ် (အင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့ရုပ်ပြ PDF လေးပါလိုအပ်တဲ့သူတွေအောက်မှာဒေါင်းလိုက်နော်။

ဒီမှာနှိပ်လိုက်နော်

Monday, November 30, 2015

ကေလာသ ဆံတော်ရှင် သမိုင်းကြောင်း



ရွှေပါဒ ခြေတော်ချ၍ ဇေယျာ ခ ကေလာသ

မြန်မာနိုင်ငံ သုဝဏ္ဏဘူမိဒေသသို့ မြတ်စွာဘုရားရှင်သည်
ဦးစွာ ပထမ တရားဦးဟောကြားတော်မူပြီး (၇)ရက် သီတင်းသုံးတော်မူ၍ဆံတော်ရှင်ဓါတ်မြတ်များ
ဝေငှရာ ဠာနကြီး ဖြစ်သည့် 
ကေလာသ တောင်တော်
မွန်ပြည်နယ်၊ ဘီးလင်းမြို့ နယ၊် တောင်ကြီး ကျေးရွာတွင်တည်ရှိသည်..။
ကျိုက်ထီးရိုး သမိုင်း နှင့် ဆက်စပ်နေသော ကေလာသ ဆံတော်ရှင် သမိုင်း
မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် ၁၁၁ ခုနှစ်
ဆောင်းဥတုတွင် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွချီတော်မူခဲ့ရာ၊
သထုံဘုရင် တိဿဓမ္မ သီဟရာဇာမင်းနှင့် မှူးမတ်ပြည်သူအပေါင်းတို့က စံကျောင်းတော်မဏ္ဍပ်ကြီးကို ဆောက်လုပ်လှူဒါန်းကြသည်။

Tuesday, November 24, 2015

ကျိုက်သံလန်စေတီတော်သမိုင်းကြောင်း


ကျိုက်သံလန်စေတီမှာ မော်လမြိုင်မြို့ပေါ်တွင် အထင်ရှားဆုံး စေတီတစ်ဆူ ဖြစ်ပါသည်။
မြို၏အရှေ့ဖက် သံလင်တောင်စွယ်တွင် တည်ရှိပြီးတော့ စေတီသမိုင်းနှင့် စပ်လျဉ်း၍ အဆို ၂ မျိုး ကွဲပြားလျက် ရှိသည်။ တစ်မျိုးမှာ သာသနာနှစ် ၂၃၆ တွင် ယခု မော်လမြိုင် ခေါ် ရမ္မာဝတီမြို့
၏မှ မွတ်ပိရာဇာမင်းသည် သထုံပြည်မှ သွားတော် ဓာတ်တစ်ဆူရရှိခဲ့သဖြင့် မြတ်စွာဘုရားသခင် ကြွရောက်နားနေတော်မူဖူးရာ နာဂ၀သီတောင်လည်းခေါ် သံလင်တောင်စွယ်တွင် ဌာပနာ၍ စေတီတည်ခဲ့ကြောင်း။
ဆံတော်ဓာတ်ကိုလည်း ဌာပနာကြောင်းနှင့် အဆိုရှိသည်၊၊ဘုရားတည်ရာတောင်ကို အစွဲပြု၍ စေတီကိုလည်း
ကျိုက်သံလင်စေတီဟု ခေါ်တွင်လေသည်၊၊

Monday, November 16, 2015

ရွှေဆံတော်စေတီ




အာနန္ဒာဘုရား၏အနောက်ဖက်မုဒ်မှထွက်၍ တောင်ဘက်သို့ ခရီးဆက်ပါက နှစ်ဖါလုံခန့်အကွာတွင် ရွှေဆံတော်ဘုရားကို ဖူးတွေ့နိုင်ပါသည်။မဟာပိန္နဲဘုရားဟုလည်း ရှေးကခေါ်ဆိုခဲ့ပါသည်။ မူလက စေတီပစ္စယာအဆင့်ဆင့်တွင် မဟာပိန္နာနတ်ရုပ်များနှင့် အခြားသောနတ်ရုပ်ပုံများကို ကျောက်ဖြင့် ထုလုပ်ထားရှိခဲ့သည်ဟု သိရပါသည်။ ယခုတိုင် နတ်ရုပ်အကျိုးအပဲ့များ ကြွင်းကျန်နေသည်ကို တွေ့နိုင်ပါသည်။
အနော်ရထာမင်းကြီးသည် စေတီတော်တည်စဉ်က ဂေါတမဗုဒ္ဓ၏ ဆံတော်မြတ်ကို ဌာပနာခဲ့ကြောင်း အဆိုရှိရာ စေတီတော်၏ ဘွဲ့မည်ကိုလဲ ရွှေဆံတော်စေတီဟု ခေါ်ဝေါ်သမုတ်လာခဲ့ကြသည်ဟု ဆိုပါသည်။ စေတီတော်၏ ပစ္စယံအဆင့်ဆင့် ပတ်လည်တွင် မူလစဥ့်ရုပ်ချပ် ၅၅၀ နိပါတ်တော်များ ရှိခဲ့သည်ဟု သိရပါသည်။ စေတီတော်၏ ထူခြားမှု့မှာ မြင့်မားမတ်စောက်သောပစ္စာယာ ၅ဆင့်ရှိပြီး သွယ်လျပြေပြစ်သည့် ခေါင်းလောင်းသပိတ်မှောက်နှင့် ဖောင်းရစ်အဆင့်ဆင့်တက်ပြီး ကြာမှောက်ကြာလန်ပေါ်မှ အထွက်ပေါက်၍ ထီးတော်တင် ထုံးသုတ်ထားခြင်းဖြစ်ရာ အဝေးမှကြည့်လျှင် မြေမှထိုးထွက်နေဘိသကဲ့သို့ ပေါ်လွင်ထင်ရှား လှပါသည်။

ရာဇမဏိစူဠာ စစ်ကိုင်းကောင်းမှုတော်ဘုရား


စစ်ကိုင်းမြို့ရဲ့ကျက်သရေဆောင် ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီးသည် ခေတ်အဆက်ဆက်မှ စ၍ ထုံးသင်္ကန်း ကပ်လှူပူဇော်ထားသော မြန်မာပြည်တွင် တွေ့ရခဲသောပုထိုးစေတီတော်ကြီး တစ်ဆူလဲ ဖြစ်ပါသည်။
ကောင်းမှုတော် ဘုရားသည် စစ်ကိုင်းမြို့ မြောက်ဘက် (၆) မိုင်ခန့်အကွာ၌ တည်ရှိပြီး ဘွဲ့အမည်မှာ ရာဇမဏိစူဠာ ဖြစ်ပါသည်။ မြန်မာသက္ကရာဇ် (၉၉၈) ခုနှစ် ၊ ခရစ်နှစ် (၁၆၃၆) ၊ တော်သလင်းလဆန်း (၁၀) ရက် ၊ တနင်္လာနေ့တွင် သတိုးဓမ္မရာဇာ ဘွဲ့ခံ သာလွန်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သော စေတီတစ်ဆူလဲဖြစ်ပါသည်။
စေတီတော်ကို ပစ္စယံ သုံးဆင့်ခံထား၍ သပိတ်မှောက်ထားသကဲ့သို့ တည်ထားကိုးကွယ်ခဲ့သည်။ ထိုကဲ့သို့ စပါးကျီပုံသဏ္ဌာန် စေတီများကို သီဟိုဠ်ကျွန်းတွင် အတွေ့များလေသည်။ စေတီတော်၏ ဥာဏ်တော်မှာ (၁၀၁) တောင် ၊ လုံးပတ် (၅၀၂ တောင် ၂ မိုက် ၄ သစ်) ရှိပြီး စေတီတော် တည်ထားရာတွင် အုပ်ချပ်ရေပေါင်း (၁၀၁၂၆၅၅၂ ) ဖြင့် တည်ထားခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။
စေတီတော်ကို ကျောက်ဆီမီးတိုင် (၈၀၂) တိုင်တို့ဖြင့် ၀န်းရံထားပြီး မြန်မာ ၊ မွန် နှင့် ယွန်း (ရှမ်း) အက္ခရာတို့ဖြင့် ရေးထားသော ဗုဒ္ဓ၀င် နှင့် နိပါတ်တော်များ၊ ၃၁ ဘုံတို့ကို နံရံများတွင် ရေးခြယ်ထားလေသည်။

သဗ္ဘူလဘုရား




သမ္ဘူလဂူဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး (၁၅-၂-၁၂၅၆) တွင် သုံးလူလမိဖုရား တည်ခဲ့သည်။ ကျန်စစ်သားမင်းကြီး၏ မိဖုရား၊ ရာဇကုမာရ်၏ မယ်တော် ရှင်မထီးတူမသမ္ဘူလနှင့် လွဲမှားခေါ်သော အမည်ဖြစ်ပါသည်။စင်စစ်မှာ အားမနာအရပ်တွင် (တိလောကစန္ဒာဒေ၀ီ)ဟု ထင်ရှားသော သုံးလူလမိဘုရား အစောကြွင်း၏ မယ်တော်နှင့် ဆက်နွယ်သည်။ သမ္ဘူလ ဂူဘုရားကျောက်စာတွင် (၁၅-၂-၁၂၅၆)တွင် ကျစွာမင်း၏သမီး၊ ဥဇ္ဇနာမင်း၏ ပယ်မယား တိလောကစန္ဒြ နာမဟာဒေ၀ီ (သုံးလူလ) မိဖုရားသည် ဆောက်ခဲ့ကြောင်း ဖော်ပြထားသည်။ သမ္ဘူလဂူအတွင်း အေဒီ (၁၂၈၂) က ရေးထိုးသည့် နံရံကမ္မည်းမင်စာတွင် သုံးလူလ ကို သမ္ဘူလဟု ရေးထိုးခဲ့ရာမှ သမ္ဘူလဘုရားဟု အမည်တွင် လာခြင်းဖြစ်ပါသည်။
သမ္ဘူလဘုရားတွင် နံရံဆေးရေး ပန်းချီများနှင့် အင်္ဂတေ ပန်းတော့ လက်ရာများရှိသည်။

ကျိုက္ခမီရေလယ်ဘုရား




ဗုဒ္ဓရုပ်ပွားတော် ရှစ်ဆူခြံရံကာ ရစ်ခွေနေသော ကိုယ်ထည်ထက် ဖွင့်ဟထားသော နဂါးခံတွင်းအလယ်တွင် တင့်တယ်စွာစံပယ်နေသော ဗုဒ္ဓရုပ်ပွားတော် မြတ်တစ်ဆူကို ဖူးတွေ့ရမည်ဖြစ်သည်။ အဆိုပါရုပ်ပွားတော်မြတ်မှာ ကျိုက္ခမီ ရေလယ်ဆံတော်ရှင်ဘုရားဖြစ်သည်။ ထိုဘုရားကြီးသည် မူလရုပ်ပွားတော် ၏ ကိုယ်စားဖြစ်သည်။ မူလရုပ်ပွားတော်ဆိုသည်မှာ သီဟိုဠ်ကျွန်းမှ မျောလာသော ရုပ်ပွားတော်ကို ဆိုလိုသည်။ သက္ကရာဇ်၂၃၇ ၌ သီဟိုဠ်ကျွန်းရှိ ပိယတိသ်သမင်းကြီးသည် မြတ်ဘုရားရှင်၏ ဆံတော်မြတ်နှင့် သရီရဓါတ်တော်တို့ ကိန်းအောင်းနေသော အရပ်သို့ အဓိဌာန်ပြီး ဗုဒ္ဓရုပ်ပွားဆင်းတုလေးဆူထုလုပ်ပြီး ပင်လယ်ပြင်သို့ မျှောချလေသည်။
ထိုလေးဆူအနက် သင်္ကန်းတုံးပေါ်တင်ပြီး မျှောလိုက်သော ရုပ်ပွားတော် တစ်ဆူသည် ယခု ကျိုက္ခမီမြို့ ရေလယ်ကျောက်တိုက်နှင့် မနီးမဝေး အလံ၅၀ ခန့်တွင် ရပ်တန့်စံပယ်တော်မူနေပါသည်။ ထိုအခါ မြို့သူမြို့သားများက လှေဖြင့် ကူးပြီး ရုပ်ပွားတော် စံပယ်တော်မူနေသော သင်္ကန်းတုံးကို ကြိုးတပ်လျက် ကုန်းပေါ်သို့ ကြွှနိုင်အောင် ၀ိုင်းဝန်းဆွဲတင်ကြ၏။

မိုးညှင်း သမ္ဗုဒ္ဓေ






သမ္ဗုဒ္ဓေစေတီတော်မှာ မုံရွာမြို့တောင်ဖက် ၆ မိုင်အကွာရှိ မိုးညှင်းတောရတွင် ကျိန်းဝပ်တော်မူလေသည်။ မိုးညှင်းဆရာတော်ကြီးသည် လူအပေါင်းတို့ အန္တရာယ်ကင်းဝေးစေရန် ပွင့်တော်မူလေပြီးသော ဘုရားရှင် ၅၁၂၀၂၀ ဆူတို့ကို ရည်မှန်း၍ ဘုရားရုပ်တုတော်ပေါင်း အညီအမျှကျိန်းဝပ်တော်မူနိုင်စေရန် လိုဏ်စေတီတော်ကြီးကို ၁၂၉၁ ခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် စတင်၍ တည်ထားခဲ့လေသည်။ ဒါယကာအများ၏ စေတနာဖြင့် ရုပ်ပွား ဆင်းတုတော်များကို တပုံစံတည်းထုလုပ်စေ၍ လိုဏ်တွင်းနံရံတိုက်ခန်း နှင့် မျက်နှာကျက်များတွင် ရုပ်ပွားတော်များ ကျိန်းဝပ်တော် မူစေလေသည်။

နတ်လျောင်းကျောင်း




နတ်လျောင်းကျောင်းသည် သဗ္ဗညုဘုရားကြီး၏ အနောက်ဘက်တွင်တည်ရှိပါသည်။ နတ်လျောင်းကျောင်းကို လေးထောင့်အုတ်တိုက်ပုံ အထက်ကွမ်းတောင်ဖြင့် တည်ဆောက်ထားသည်။ အပြင်ပတ်လည် မုခ်ကပ် အချိုင့်များအတွင်း ဗိဿနိုးနတ်မင်းဝင်စားခဲ့သော ဆယ်ဘ၀ဖြစ်စဉ်များကို ရုပ်ထုများဖြင့် သရုပ်ဖော်ထားပါသည်။
နတ်လျောင်းကျောင်းသည် ပုဂံခေတ်ဦး ဗြဟ္မဏအယူရှိသူတို့ ကိုးကွယ်ဝတ်ပြုရာ အဆောက်အဦးဖြစ်ပါသည်။ အနော်ရထာမင်းလက်ထက်တွင် ထေရ၀ါဒဗုဒ္ဓဘာသာ ပြန့်ပွားလာစေရန် ဆောင်ရွက်ရာ၌ အစဉ်အလာကိုးကွယ်ခဲ့သည့် နတ်များအား လှောင်ထား ချုပ်နှောင်ရာ ကျောင်းဖြစ်ကြောင်း အဆိုရှိကြသည်။ သို့သော် စင်စစ်အားဖြင့် နတ်လျောင်း ကျောင်း သာဖြစ်သည်။ နတ်လှောင်ကျောင်းမဟုတ်ပါ။ အတွင်း၌ လဲလျောင်းအိပ်စက်ဟန် ဗိဿနိုး နတ်မင်းကြီး ရုပ်ထုရှိသောကြောင့် နတ်လျောင်းကျောင်းဟုခေါ်ဆိုခြင်းဖြစ်သည်။

မကွေးမြသလွန်စေတီတော်




မြသလွန်စေတီတော်မှာ မကွေးမြို့ဧရာဝတီမြစ်ကမ်းထိပ် နဂုတ္တမတောင်ကုန်းထက်တွင် ကျိန်းဝပ်တော်မူလေသည်။ မဟာသက္ကရာဇ် ၁၂၃ ခုနှစ် ၀ါဆိုလပြည့်ကျော် ၈ရက် နေ့တွင် မြတ်စွာဘုရားသည် သုနာပရန္တတိုင်း၊ လယ်ကိုင်းသို့ဒေသစာရီ ဖြန့်ချီတော်မူ၍ လယ်ကိုင်း စန္ဒကူးကျောင်းတော်တွင် သီတင်းသုံးပြီးနောက် ပြန်၍ကြွစဉ် ကေလာသဘ စက္ကတဲတောင်ထိပ် (မင်းဘူး)၌ သီတင်းသုံးတော်မူပြန်လေသည်။ ထိုအခါ သိကြားမင်းသည် ရတနာသလွန်ကို ပူဇော်လှူဒါန်းလေသည်။
မြတ်စွာဘုရားပြန်ကြွတော်မူလျှင် ဧရာဝတီမြစ် အရှေ့ဘက် တောအုပ်မှ ဘီလူးမောင်နှမ ခြောက်ယောက် တို့အနက် ဘောကျော်၊ ဘောသော၊ ဘောရသူ၊ ဘောရသ ညီအစ်ကိုလေးယောက်က မြတ်စွာဘုရားကို ဖူးမြော်ရ၍ နောင်အစဉ်ကိုးကွယ်ရန် မြသလွန်တော်ကို သနားချီးမြှင့်ခြင်း ခံရလေသည်။ ဘီလူးတို့သည် တောတွင်း၌ မြသလွန်ကို ဌာပနာ၍ စေတီတည်ရာ အရပ်မသင့်သဖြင့် သိကြားမင်းကဖျက်၍ မြစ်ဆိပ်ကမ်းအနီး သီတင်းသုံးသော ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတနှင့် ဒိဗ္ဗဃာန ရသေ့သုံးဦးတို့အား အပ်နှံပြီးနောက် ကဿပဘုရားရှင်၏ ရွှေသလွန်တော် ဌာပနာရာ နဂုတ္တမတောင်ထိပ်၌ သက္ကရာဇ် ၁၂၈ ခုနှစ် တပေါင်းလပြည့်နေ့တွင် ဌာပနာထားလေသည်။ စေတီတည်ရန်ကိုမူ သလွန်တော်ပင့်ဆောင်ခဲ့သော ဘီလူးလေးဦးတို့ လူ့ဘ၀သို့ရောက်မှ တည်စေရန် အဓိဌာန်ထားခဲ့လေသည်။