Showing posts with label တိုင်းရင်းသားလူမျိုးများ. Show all posts
Showing posts with label တိုင်းရင်းသားလူမျိုးများ. Show all posts

Thursday, April 28, 2016

ကရင်လူမျိုးရှင်ဘုရင်ရှိခဲ့ဘူးသလား



ကရင်လူမျိုးဟာ များသောအားဖြင့်မိသားစုပုံစံ ညီကိုမောင်နှမပုံစံ ဆင်းရဲလည်းအတူတူ ချမ်းသာလည်းအတူတူအဆင့်အတန်းမခွဲခြားပဲ ကြီးသူစကားကိုနာခံတတ်ပြီညီညီညွတ်ညွတ်နေထိုင် တတ်တဲ့လူမျိုးဖြစ်တာကြောင့် ရှင်ဘုရင် အာဏာရှင်စနစ်အတော်ကိုရှားပါးခဲ့ပါတယ်။
ဒါကြောင့်လည်းဘုရင်အတော်ရှားခဲ့ကိုတွေ့ရမှာပါ။ဒါပေမဲ့ကရင်လူမျိုးမှာဘုရင်တွေမရှိခဲ့ဘူးလားတော့
မဟုတ်ပါဘူးရှိခဲ့ဘူးပါတယ်။ရှိခဲ့တဲ့ကရင်ရှင်ဘုရင်
တွေအကြောင်းကို အမျိုးများလေ့လာမှတ်သားနိုင်ဖို့ အရှင်ကုမာရ ပန်းတနော် ရေးသားတဲ့
ကရင်ရိုးရာယဉ်ကျေးမှုပဒေသာနှင့်အရိုးကောက်
တရားတော်စာအုပ်ကနေပြီထုပ်နှုတ်တင်ပြပေးလိုက် ရပါတယ်။
ကရင်ရှင်ဘုရင်များ
*****************
ဇယျမြို့
*******
သုဝဏ္ဏဘုမ္မိလို့ခေါ်တဲ့သထုံမြို့ဟာလွန်ခဲတဲ့နှစ်ပေါင်း၂၆၀၀ကျော်ကတိဿသက္ကရာဇာဘုရင်အုပ်ချုပ်ခဲ့ဘူးပါတယ်။တိဿသက္ကရာဇာဘုရင်ဟာဇယျာမြို့သစ်မှာ ၇လတိတိအောင်ပွဲခံစံတော်မူပြီသူ့ရဲ့သူရဲကောင်းကြီးဗျညားဣန္ဒကိုစောဗျသားဣန္ဒသေနရာဇာလို့ဘွဲ့ပေးပြီ မင်းမြောက်တန်ဆာငါးပါးနဲ့မင်းမြောက်ကာဇယျမြို့ကိုအုပ်စိုးစေခဲ့ပါတယ်။

Tuesday, April 5, 2016

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၆)


ကရင်လူမျိုးများ မြစ်နှစ်မွှာဒေသ၊ မြေထဲပင်လယ် ဘက်မှ အရှေ့တောင်အာရှဘက်သို့ ပျံ့နှံ့လာသော အယူအဆကို အက်စ်ကေချာတာဂျီ (S.K. Chatterji) က ထောက်ခံ တင်ပြထားသည် (The history and culture of the Indian meoiib. vol. 1, p148 – 149)။မြောက်ဘက်မှ တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာတွင် တရုတ်ပြည် အနောက်တောင်ဘက်ရှိ သံလွင်မြစ်၊ မဲခေါင်မြစ်၊ ယန်စီကျန် မြစ်ကြောင်းများအတိုင်း ပြောင်းရွှေ့လာပုံရသည်။ သံလွင်နှင့် မဲခေါင် မြစ်နှစ်ခု အနီးကပ်ဆုံးနေရာသည် (၁၀) မိုင်သာ ဝေးပြီး မဲခေါင်နှင့် ယန်စီကျန်မြစ် အနီးဆုံးနေရာသည် မိုင် (၅၀) ခန့်သာ ရှိသဖြင့် မနီးမဝေးရှိသော မြစ်ကြောင်း (၃) ကြောင်းမှ အာရှအရှေ့တောင်သို့ ပြောင်းရွှေ့လာပုံရပါသည်။ ယန်စီကျန် မြစ်ဝပိုင်းနှင့် မြစ်ဝှမ်းအောက်ပိုင်းသည် ရေလွှမ်းမိုးသဖြင့် ထိုဒေသသို့ ပျံ့နှံ့ရောက်ရှိသွားသော ကရင်များသည် တောင်ဘက်ဗီယက်နမ်ရှိ မြစ်နီမြစ်ကြောင်းဖြင့်လည်း တောင်ဘက်သို့ ရွှေ့လာပုံရပါသည်။

Tuesday, March 22, 2016

ကချင်လူမျိုးဆင်းသက်လာပုံ

 
ကချင်လူမျိုးတို့ သည် တိဗက်အနွယ်ဝင်များဖြစ်ပြီး ဗမာလူမျိုးတို့ နှင့်တနွယ်တည်းဆင်း သက်လာကြသူများဖြစ်သည်။တိဗက်ဗမာအနွယ်ဝင်တို့ သည် မြန်မာနိုင်ငံထဲသို့ တသုတ် ပြီးတသုတ်ရွှေ့ ပြောင်းဆင်းသက်လာကြကာ ၁၁ ရာစုနှစ်အတွင်းက မြန်မာနိုင်ငံမြောက် ဖျားစွန်းဒေသများသို့ ရောက်ရှိလာကြပြီး ၁၅ ရာစု နှစ်လောက်က ပြည်နယ်အတွင်းသို့  ရောက်ရှိအခြေစိုက်လာကြသည်ဟု ယူဆခဲ့ကြသည်။

ကချင်ပြည်နယ် သည် မြန်မာနိုင်ငံ မြောက်ပိုင်း သမပိုင်းဇုံတွင်တည်ရှိပြီးဧရာဝတီနှင့်
ချင်းတွင်းမြစ်ဖျားမြစ်ဝှမ်းဒေသမြေပြန့် များနှင့်တောတောင်များရောပြွမ်းလျက်ရှိသော
ပြည်နယ်တစ်ခုဖြစ်သည်။မှိုင်းညှို့ မြင့်မားလှသောတောင်ထွတ်တောင်တန်းများ၊နက်
ရှိုင်းထူထပ်သောသစ်တောကြီးများ၊ကြည်လင်အေးမြသောမြစ်ချောင်းရေတန်ခွန်များ
အင်းအိုင်များနှင့် စိမ်းလန်းသာယာလှပသောပြည်နယ်တစ်ခုဖြစ်သည်။

ရခိုင်လူမျိုးဆင်းသက်လာပုံ



နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။ ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင် အခြား လူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ၀င်ရောက်လာကြသည်။
ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ ရှေးအကျဆုံး မင်းဆက်များနှင့် တိုင်းပြည် နယ်ပယ်များသည် စစ်တွေပတ်ဝန်းကျင် ဒေသတ၀ိုက်လောက် တွင် အခြေခံသည်ကို အများဆုံးတွေ့ရှိရသည်။

Sunday, March 20, 2016

တိုင်းရင်းနွယ်ဖွား ဘာသာစကား


ပြည်ထောင်စု မြန်မာနိုင်ငံကြီးမှာ တိုင်းရင်းသား မျိုးနွယ်စု ဘယ်နှစ်မျိုးရှိလဲလို့ မေးလာခဲ့ရင် လက်ရှိ
လူဝင်မှုကြီးကြပ်ရေးက စာရင်းအရ (၁၃၅) မျိုး ရှိပါတယ်ခင်ဗျလို့ ဖြေရမှာပါပဲ။ ဒါပေမဲ့ ဒါမဟုတ်ဘူး အစိုးရက
သက်သက်ဝါဒဖြန့်တာ တမင်များအောင် လုပ်ထားတာလို့ ဆိုသလို၊ မဟုတ်သေးဘူး ဒီထဲမှာ မပါသေးတဲ့
မျိုးနွယ်စုတွေ ရှိသေးတယ်လို့ ပြောကြသူတွေလည်း ရှိကြပါတယ်။ ဘယ်လိုပဲ မျိုးနွယ်စုတွေ ကွဲပြားပေမယ့်
ဘာသာဗေဒအားဖြင့် ခွဲခြားကြည့်မယ် ဆိုရင်တော့ အဓိကအုပ်စုကြီး (၃) ခုဖြစ်တဲ့ Sino-Tibetan,
Austro-Asiatic နဲ့ Tai-Kadai ကနေ ဆင်းသက်လာတဲ့ တိဘက်-မြန်မာ၊ မွန်-ခမာနဲ့ ထိုင်း-တရုတ်
အုပ်စု (၃) ခုကိုသာ တွေ့ရမှာပါ။
ပင်မမျိုးနွယ်ဖြစ်တဲ့ Sino-Tibetan အုပ်စုကြီးမှာ Chinese နဲ့ Tibeto-Burman ဆိုပြီး မျိုးနွယ်အုပ်စုကြီး (၂) ခု
ထပ်ကွဲပါတယ်။ Chinese အုပ်စုမှာ မျိုးနွယ်စုပေါင်း (၁၄) ခု ရှိပြီး Tibeto-Burman အုပ်စုမှာ မျိုးနွယ်စုပေါင်း
(၄၃၅) ခု ရှိပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ Tibeto-Burman အုပ်စုဝင် တိုင်းရင်းသားတွေကတော့ -

ကရင်စာပေအစ

 
ကရင်လူမျိုးတို့သည်နေထိုင်လာခဲ့သော မက်ဆိုပိုတေးမီးယားဒေသနှင့် ရှိနလွင်ပြင် မြစ်နှစ်မွာဒေသတွင် ကရင်လူမျိုး တို့သည် စာရေးခြင်းအတတ်ပညာကို တတ်မြောက်ခဲ့ကြပြီဟု သမိုင်းသုတေသီတို့က ဆိုကြ၏။

အစောဆုံးကမ္ဘာ့စာပေ
ဘီစီ (၄၀၀၀)နှင့် (၃၀၀)ခန့်တွင် ဆူမာရီးယန်းလူမျိုးသည် မျှားသွားပုံ အက္ခရာနှင့် စာရေး၍ အီဂျစ်လူမျိုးတို့သည် အ ရုပ်စာဖြင့် ကမ္ဘာ့ပေါ်တွင် အစောဆုံးစာရေးနည်း ရေးသားကြသည်ကို သမိုင်းပညာရှင်တို့ကဆို၏။
ကမ္ဘာ့အနှံ့
ဆူမားရီးယန်းလူမျိုးတို့သည် ကျူနီဖေါင်းစာရေးနည်းကို ဆီမိုက်အနွယ်ဝင် ဘက်ဘီလုံးနီးယန်းလူမျိုးနှင့် အဆီး နီးယန်းလူမျိုးတို့က ဘီစီ (၂၅၀၀)ခန့်တွင် လက်ခံရယူခဲ့ပြီး ၄င်းတို့ထံမှ တစ်ဆင့် အင်ဒိုဥရောပအနွယ်ဖြစ် သော ဟစ်တိုက်နှင့် ပါရှန်းလူမျိုးတို့ထံမှ ဘီစီ (၁၅၀၀)နှင့် (၆၀၀)ခန့်တွင် အသီးသီးပြန့်နှံ့ခဲ့သည်။ အနောက် ဆီမင်းတစ်အနွယ်သည် ဖီနီရှန်ကုန်သည်များထံမှတစ်ဆင့် ဂရိလူမျိုးတို့က စာရေးနည်း အတတ်ပညာကို ဘီစီ (၉၀၀)ရာစုခန့်တွင် ရရှိကြပြီးလျှင် ဂရိတို့ထံမှတစ်ဆင့် လက်တင်၊ ပြစ်သစ်၊ဂျာမန်စသော ဥရောပဘာသာစပေများ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပေသည်။ ၁၅-ရာစုနှင့် စာပုံနှိပ် အတတ်ပေါ်ပေါက်လာခြင်းနှင့် သာသနာပြုပုဂိုလ်တို့၏ ကြိုးပမ်းအားထုတ်မှုကြောင့် စာရေးခြင်းအတတ်သည် ကမ္ဘာ့အနှံ့အပြားပျံ့နှံ့ခဲ့ပေ၏။ အာရှရောက်စာပေအက္ခရာ အရှေ့တောင်အာရှနိုင်င့များဖြစ်သည့် အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါလ်၊ တိဗက်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့၏ အသုံးပြုလျှက်ရှိသော အက္ခရာများမှာ အိန္ဒိယနိုင်ငံ၏ ဘီစီ (၇)ရာစုနောက်ပိုင်းတွင် ထွန်း ကားလာသည့်ဗြဟ္မီအက္ခရာများဖြစ်၏။

ဆလုံလူမျိုး

ဆလုံများနေထိုင်သည့် ကျွန်းရွာ
ဆလုံလူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဒ်တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့်မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။ ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ၀မ်းစာအတွက် လှည့်လည်ကျက်စားကြ သည်။
ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီး စီးနှင်းတိုက်ခိုက်လုယက်မှုများကြောင့် မြိတ်ကျွန်းစုဘက်သို့ ရွေှ့ပြောင်းလာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီး ကျွန်းများတွင် မြင်တွေ့နိုင်သည်။

Thursday, March 17, 2016

ရခိုင်ရိုးရာ ပန်းရထားဆွဲပွဲ


သမိုင်းအကျဉ်း

ဗုဒ္ဓရှင်တော် ဂေါတမမြတ်စွာဘုရားရှင် ခမည်းတော်မှာ ကပိလ၀တ်ပြည်ရှင်
သုဒ္ဓေါဒနမင်း ဖြစ်ပြီး မယ်တော်မာယာမှာ ဒေ၀ဒဟတိုင်းပြည်သူဖြစ်သည်။
မယ်တော်မာယာမှာ ဗုဒ္ဓလောင်းလျာအား ပဋိသန္ဓေယူချိန်၌ မိမိဇာတိမြေ
ဒေ၀ဒဟပြည်သို့ ပဋိသန္ဓေအမှန်ရှိနေကြောင်းသက်သေပြရန်ပြန်လာစဉ် လမ်းခရီးဝက်
တိုင်းပြည်နှစ်ပြည်ကြား ``လုမ္ဗိနီတော´´ရှိ ဗုဒ္ဓလောင်းလျာ
သိဒ္ဓတ္ထမင်းသားအား ဖွားသန့်စင်တော်မူပြီး နောက်ခုနစ်ရက်နေ့တွင်
လွန်တော်မူသည်။ ထိုစဉ် ကပိလ၀တ်တိုင်းနှင့် ဒေ၀ဒဟတိုင်း
နှစ်ပြည်ထောင်သားအပေါင်းတို့မှာ မယ်တော် မာယာ အကြွင်းအကျန်
ရုပ်ကလာပ်တော်ကို သင်္ဂြိုဟ်တာဝန်ယူလိုသည့် တစ်ပြည်နှင့်တစ်ပြည်
အငြင်းပွားဖွယ်ဖြစ်လာပါသည်။ သို့ဖြစ်ပါ၍ မယ်တော်မာယာ၏
ကြွင်းကျန်ရုပ်ကလာပ်တော်ကို ပန်းယိုင်ရထားဆင်ပြီး
နှစ်ပြည်ထောင်သားအပေါင်းတို့က အပြိုင်ဆွဲကာ ဆုံးဖြတ်ခဲ့ရကြောင်း
သိရပါသည်။

Tuesday, March 15, 2016

ကရင်လူမျိုး



ကရင်လူမျိုးများသည် ရိုးသားကြိုးစားကြပြီး အေးဆေးသောဘဝကို လိုလားသူများဖြစ်ကြသည်။

လူမျိုးစုများ

ကရင်လူမျိုးတွင် စကောကရင် နှင့် ပိုးကရင် ဟူ၍ အဓိကလူမျိုးစုကြီး ၂ စုရှိသည်။
ထိုလူမျိုးစုကြီး ၂စုမှာ ဓလေ့စရိုက် နှင့် အသုံးပြုသော ဘာသာစကားတွင် ကွဲပြားခြား
နားမှုများရှိသည်။ စကောကရင်လူမျိုးများသည် ယောက်ျားလေးများ၏ အမည်ရှေ့တွင်
စောတပ်၍ ခေါ်​​ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် နော် တပ်၍ ခေါ်ဝေါ်လေ့
ရှိကြသည်။ ပိုးကရင်လူမျိုးများမှာမူ ယောက်ျားလေးများ၏ အမည်ရှေ့တွင် မန်း
တပ်၍ ခေါ်​​ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် နန့် တပ်၍ ခေါ်ဝေါ်လေ့
ရှိကြသည်။

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၅)


 သုတေသနစာတမ်း စောဖော (ရန်ကုန်တက္ကသိုလ်) ကရင်လူမျိုးများ မြစ်နှစ်မွှာဒေသ၊ မြေထဲပင်လယ် ဘက်မှ အရှေ့တောင်အာရှဘက်သို့ ပျံ့နှံ့လာသော အယူအဆကို အက်စ်ကေချာတာဂျီ (S.K. Chatterji) က ထောက်ခံ တင်ပြထားသည် (The history and culture of the Indian meoiib. vol. 1, p148 – 149)။ မြောက်ဘက်မှ တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာတွင် တရုတ်ပြည် အနောက်တောင်ဘက်ရှိ သံလွင်မြစ်၊ မဲခေါင်မြစ်၊ ယန်စီကျန် မြစ်ကြောင်းများအတိုင်း ပြောင်းရွှေ့လာပုံရသည်။ သံလွင်နှင့် မဲခေါင် မြစ်နှစ်ခု အနီးကပ်ဆုံးနေရာသည် (၁၀) မိုင်သာ ဝေးပြီး မဲခေါင်နှင့် ယန်စီကျန်မြစ် အနီးဆုံးနေရာသည် မိုင် (၅၀) ခန့်သာ ရှိသဖြင့် မနီးမဝေးရှိသော မြစ်ကြောင်း (၃) ကြောင်းမှ အာရှအရှေ့တောင်သို့ ပြောင်းရွှေ့လာပုံရပါသည်။ ယန်စီကျန် မြစ်ဝပိုင်းနှင့် မြစ်ဝှမ်းအောက်ပိုင်းသည် ရေလွှမ်းမိုးသဖြင့် ထိုဒေသသို့ ပျံ့နှံ့ရောက်ရှိသွားသော ကရင်များသည် တောင်ဘက် ဗီယက်နမ်ရှိ မြစ်နီမြစ်ကြောင်းဖြင့်လည်း တောင်ဘက်သို့ ရွှေ့လာပုံရပါသည်။

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၄)




သုတေသနစာတမ်း စောဖော (ရန်ကုန်တက္ကသိုလ်) 
ကရင်သည် အာရှအရှေ့တောင်သို့ ရောက်ရှိမလာမီ မည်သည့်အရပ်က လာခဲ့သည့် နောက် ကြောင်းကို ပြန်လေ့လာရမည် ဖြစ်သည်။ အာရှ အလယ်ပိုင်း၊ တရုတ်ပြည် အနောက်ဘက်နှင့် အနောက်တောင်ဘက်မှ လူရေစီးကြောင်းသဖွယ် တရွေ့ရွေ့ ပြောင်းလာသည်မှာ ထင်ရှားပါသည်။ ယနေ့တိုင် ယူနန်နယ်နှင့် တရုတ်ပြည် အနောက်တောင်ပိုင်း၌ မြောင်၊ လားဟူ စသော ကရင်မျိုးနွယ်စု အများအပြား ရှိကြသေးသည်။ အာရှတိုက် အလယ်ပိုင်း၌ ကရင်အခေါ်အဝေါ်နှင့် တွေ့ရသော အင်းအိုင်များလည်း ရှိသည်။ ၎င်းတို့မှာ - ၁။ အီစီနို (Issyk Nor) E.Long 77˚ N.Lat 43˚ ၂။ လော့ပ်နို (Lop Nor) E.Long 90˚ N.Lat 41˚ ၃။ ဒါလေနို (Dalai Nor) E.Long 117˚30 N.Lat 47˚15 ၄။ ကိုကိုနို (Koko Nor) E.Long 100˚ N.Lat 37˚ ၅။ ခါရင်နို (Charing Nor) E.Long 97˚ N.Lat 34˚45 ၆။ အိုရင်းနို (Oring Nor) E.Long 97˚30 N.Lat 34˚45 ၇။ ဇေလင်းနို (Zilling Nor) E.Long 89˚ N.Lat 31˚45 ၈။ တန်ကရဲနို (Tengri Nor) E.Long 90˚30 N.Lat 30˚45 စသည် စသည်ဖြင့် အများအပြား ရှိပါသည်။ သို့သော် ယခုအခါ ထိုအမည် အများအပြားသည် ပြောင်းလဲ သွားကြပြီး ဖြစ်ပါသည်။ ထူးခြားသည့် အချက် တခုမှာ ကရင်များ၌ မိဘဘိုးဘွား အစဉ်အဆက် ပြောကြသော “ထီးဆဲ့မဲ့ယွာ” (River of punning sand) ဖြစ်သည်။ ထီးဆဲ့မဲ့ယွာ ဆိုသည်မှာ ရေစီးဆင်းရာတွင် သဲများပါ ရော၍ စီးနေသော နေရာဒေသကို ရည်ရွယ်ပြောခြင်း ဖြစ်သည်။

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၃)


သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

karen-womanမြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ၏ ထူးခြားချက်မှာ သမိုင်း သုတေသီနှင့် ပညာရှင်အများက လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု စတင်ရာဒေသ Cradle of Civilization နှင့် လူမျိုးပေါင်းစုံတို့၏ မြေပုံ Dust heap of the nations ဟု အသိအမှတ်ပြု ထားသောကြောင့် ဖြစ်သည်။ (Lands and peoples vol III, The grower society) page 217, In the garden of Eden, Mesopotamia, … has been called the Cradle of cilivation “because here the humen race is thought to have had its beginning and it has also been formed the dust heap of the nations” because the ruins of mighty empires or ancient times are buried under its sunbaked soil.)

ကမ္ဘာဦးကျမ်းတွင်လည်း လူကိုစတင်ရာ “ဧဒင်ဥယျာဉ်” ဆိုသည်မှာလည်း ဤဒေသကို ဖော်ညွှန်းလျှက် ရှိသည်။

အထက်တနေရာတွင် ဖော်ပြထားသကဲ့သို့ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည့် အသားဖြူ လူမျိုးတို့သည် ဤဒေသနှင့် ဤပတ်ဝန်းကျင်တွင်ပင် ပေါ်ပေါက်လာခဲ့သည်။ ထိုနည်းတူ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြသော ယဉ်ကျေးသည့် မွန်ဂို အသားဝါ လူမျိုးနွယ်များကိုလည်း ဤဒေသတွင်ပင် တွေ့ရသည်။ (Pratical knowledge for all by Sir John Hammerton, page 67, The begeinning of history, 1st column, While on the lower Euphreates there are another group doscribed as Mongolian.)

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၂)


သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

karen-manကမ္ဘာ့လူမျိုးနွယ်များ

ကမ္ဘာ့သမိုင်း စတင်ဖြစ်ပေါ်မှု The Beginning of History ကို ပြန်၍ လေ့လာမည် ဆိုပါက လူမျိုးကြီး ၃ မျိုးကို တွေ့ရပေမည်။ ၎င်းတို့မှာ
၁။ အသားမည်း အနွယ် Negaroid နီဂရွိုက်
၂။ အသားဖြူ အနွယ် Europoid ယူရိုပွိုက်
၃။ အသားဝါ အနွယ် Mongoloid မွန်ဂိုလွိုက် တို့ ဖြစ်ပါသည်။

နီဂရွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက်ဖက်သို့ ပျံ့နှံ့ပြီး ကင်းယန်း၊ နိုင်ဂျီးရီးယန်း၊ ဇင်ဘာဘွေးယန်း စသဖြင့် အာဖရိက လူမျိုး၊ နိုင်ငံများ ဖြစ်ပေါ်လာသည်။ အချို့မှာ ပင်လယ် သမုဒ္ဒရာကို ဖြတ်၍ အရှေ့အိန္ဒိယ ကျွန်းစုဘက် တောင်ကျွန်းများ အထိပင် ပျံ့လွင့် ရောက်ရှိကြပေသည်။

ယူရိုပွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက် မြောက်ပိုင်းနှင့် ဥရောပတိုက်သို့ ရောက်ရှိသွားကြသည်။ ထင်ရှားသည့် ရှေးဦးမျိုးနွယ်များမှာ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည်တို့ ဖြစ်ကြသည်။ အာရိယန်များသည် အိန္ဒိယပြည်သို့ပင် ရောက်ရှိကြသည်။ ၎င်းယူရိုပွိုက်များကို Compton’s Encyclopedia စွယ်စုံကျမ်း အတွဲ S.(K.L) စာမျက်နှာ 98-A တွင် ပါရှိသော Language Family Tree ခေါ် ဘာသာစကား မိသားစုတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၁)




သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

karen-womans-costumeနိဒါန်း
ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇာစ်မြစ်တိုင်းသည် ၀တ္ထုဆန်ဆန်၊ စိတ်ကူးယဉ် ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း မပြုနိုင်ကြပေ။

ဥပမာအားဖြင့် ဂျပန်လူမျိုးတို့သည် မိမိတို့ ဘုရင်ကို “နေနတ်” မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပြီး မိမိတို့ လူမျိုးကိုလည်း “နေနတ်အနွယ်” များဟု ယူဆ ကြသည်။

ထိုနည်းတူ ကရင်လူမျိုးများ၏ မူလဇာစ်မြစ်နှင့် ပတ်သက် ၍ အမျိုးမျိုး ယူဆ ပြောဆိုကြပေသည်။ အချို့က ကရင်လူမျိုးများသည် တိဘက် လူမျိုး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ကရင်လူမျိုးများသည် တရုတ်ပြည် အနောက်မြောက်ပိုင်းမှ ဆင်းသက်လာကြ သော လူမျိုးတမျိုး ဖြစ်သည်ဟု ဆို၏။ အချို့ကလည်း ကရင်လူမျိုးသည် ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော ဤနိုင်ငံ၏ မူလ တိုင်းရင်းသား (aborgine) ဟု ဆိုကြ၏။ (Judson of Burma, by professor B.R. Pearn, page 79)။ တဖန် အချို့ကလည်း ကရင်လူမျိုးများသည် ဆီးမိုက် မျိုးနွယ်ကြီးမှ ဟီဘရူးခေါ် ဟေဗြဲ အနွယ်ဝင် ၁၂ မျိုးထဲမှ ပျောက်ဆုံးသွားသော လေ၀ိ အနွယ်ဖြစ်သည်ဟု အထောက်အထားနှင့် အခိုင်အမာ ဆိုကြသည်။

Monday, March 14, 2016

ကရင်ရိုးရာလက်ချည်ပွဲ


ဝါခေါင်လကို ကရင်လို လာခေါင်လို့ ခေါ်သတဲ့... ကရင်တို့အတွက် ဒီလရဲ့ပွဲတော်က ဝါခေါင်လက်ချည်ပွဲပါတဲ့... နှစ်စဉ်နှစ်တိုင်း ဝါခေါင်လဆန်း ၁ ရက်နေ့ကစပြီး လပြည့်နေ့အထိ လက်ချည်ပွဲ လုပ်လေ့ရှိကြသတဲ့... ဒီလက်ချည်ပွဲကိုပဲ ခြည်ဖြူဖွဲ့မင်္ဂလာ... ဝါခေါင်ခြည်ဖြူပွဲ ဆိုပြီးတော့လဲ ခေါ်ကြသေးသတဲ့...
တကယ်တော့ ကရင်ရိုးရာ လက်ချည်ပွဲဆိုတာက ဝါခေါင်လမှာ လုပ်တဲ့ပွဲတင် မကပါဘူး... ကာလဒေသကို လိုက်ပြီးတော့ အမျိုးအစား ၃ မျိုး ကွဲပါသတဲ့ဗျာ... ဒါတွေကတော့...
- လိပ်ပြာခေါ် ဆုတောင်လက်ချည်ပွဲ...
- ထိမ်းမြားမင်္ဂလာ လက်ချည်ပွဲ... နဲ့
- ဝါခေါင်လက်ချည်ပွဲ... တွေပဲ ဖြစ်ကြပါတယ်...
ထိမ်းမြားမင်္ဂလာ လက်ချည်ပွဲဆိုတာက ဇနီးမောင်နှံနှစ်ယောက်ရဲ့ လိပ်ပြာတွေကို မခွဲအတူတူ တစ်သက်လုံး လက်တွဲသွားနိုင်အောင် ပြုလုပ်ကျင်းပတဲ့... ကရင်ရိုးရာ လက်ထပ်ထိမ်းမြားတဲ့ အခမ်းအနားတစ်ခုပဲ ဖြစ်ပါတယ်...

ကရင်နှင့်ကရင့်ရိုးရာဝတ်စားဆင်ယင်မှုများ


ကရင်လူမျိုးများသည် မြန်မာနိုင်ငံတွင် လူဦးရေအားဖြင့် (၄) သန်းကျော်ရှိနေကြပြီး နေရာဒေသကြီး (၃) ခုတွင်နေထိုင်ကြသည်။ ၄င်းတို့မှာ (၁) ဧရာဝတီမြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်း၊ သံလွင်မြစ်ဝှမ်းနှင့် တနင်္သသာရီကမ်းရိုးတန်းဒေသ (၂) ဧရာဝတီမြစ်ဝှမ်းနှင့် စစ်တောင်းမြစ်ကြားရှိ ပဲခူးရိုးမတောင်တန်းများနှင့် ချိုင့်ဝှမ်းဒေသများ (၃) ရှမ်းကုန်းပြင်မြင့်တောင်ပိုင်းမှ ကယားပြည်နယ်၊ ကရင်ပြည်နယ်၏ချိုင့်ဝှမ်းနှင့် လွင်ပြင်များအပါအ၀င် ကျယ်ပြန့်သော ရှမ်းကုန်းပြင်မြင့်ဒေသများပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင်နေထိုင်ကြသော ကရင်များသည် ဘာသာစကားအားဖြင့် (၁၆) မျိုးခန့်ကွဲပြားခြားနားကြပြီး ယင်းတို့ကိုအဓိကအားဖြင့် အုပ်စုကြီးနှစ်ခုဖြစ်သော စကော-ဘွဲအုပ်စု (Sgaw-Bghai) နှင့်ပိုးအုပ်စု (Pow) တို့ပင်ဖြစ်သည်။ စကောသည် စကော-ဘွဲအုပ်စုတွင် အကျယ်ပြန့်ဆုံး အသုံးပြုသောစကား ဖြစ်သကဲ့သို့ ပိုးစကားသည်လည်း ပိုးအုပ်စုတွင် အကျယ်ပြန့်ဆုံး ပြောသောစကားဖြစ်သည်။ တစ်ခါတစ်ရံ ကရင်များကိုနေရာဒေသလိုက်၍ မြောက်ပိုင်းကရင်၊ တောင်ပိုင်းကရင် ဟူ၍ခွဲထားပြန်သည်။

ပအိုဝ်းအမျိုးသမီးဝတ်စုံအကြောင်း


အဓိက၀တ်စုံမှာ ခပ်ကျယ်ကျယ်ခပ်ပွပွ သင်တိုင်းများဖြစ်ကြသည်။လည်ပင်းနေရာတွင်အင်္ဂလိပ် Vပုံစံရှေ့နောက်ဖောက်ထား၍လက်မောင်းဝအကျယ်နှစ်ပေါက်ပါသည်။
ကိုယ်အောက်ပိုင်းတွင်ဒူးအထိရှိသောထမီကိုအသုံးပြုဝတ်ဆင်ကြသည်။ဒူးအောက်ပိုင်း ခြေသလုံးပတ်လည်တွင်
အ၀က်နက်စခေါ် ခြေပတ်ကို ချည်နှောင်ထားသည်။ရှေးယခင်က လက်မောင်းစွပ်များဆင်မြန်းသော်လည်းယခုအခါအမျိုးသားတိုက်ပုံဆန်ဆန် ကော်လာသေးခါးတိုဝတ်စုံကိုဝတ်ဆင်လာကြသည်။အမျိုးသမီးများသည်အမျိုးသားများနည်းတူတဘက်ခေါင်းစည်း စည်းလေ့ရှိသည်။ဆံပင်ကိုငယ်ထိပ်တည့်တည့်တွင်ထုံးထားပြီးဖက်ဖူးစောင်ဖြစ်စေ အဖြူ အနီ  အကြား
အရောင်ဖြစ်စေ ပြည်တွင်းဖြစ်တဘက်အမျိုးမျိုးကိုအသုံးပြုကြသည်။

Monday, December 14, 2015

ပါးရဲ

ပါးရဲထိုးခြင်းသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား များထဲမှ အထူးခြားဆုံးသော ချင်း တိုင်းရင်းသား များ၏ မိရိုးဖလာ အစဉ်အလာ တစ်ရပ် ဖြစ်ပါသည်။ အမျိုးသမီးများ၏ မျက်နှာ တွင်သာ ဆေးမင်ကြောင်ခေါ်၊ ပါးရဲခေါ် ပါးမဲ ထိုးခံ ရခြင်း ဖြစ်ပါသည်။ ဘုရင်များ၊ မိဖုရား တင်မြှောက် တော်ကောက်ခြင်းကြောင့်ဆိုသော အချက် အလက် များကလည်း သမိုင်းတွင် အတိအလင်းမရှိပါ။
မျက်နှာပေါ်တွင် ဆေးမင်ကြောင်ထိုးခြင်းက အာရှ တိုက်၊ အာဖရိက၊ လက်တင်အမေရိက ကမ္ဘာ့နိုင်ငံ အတော်များများတွင် ရှိသော်လည်း အမျိုးသမီး များ၏ မျက်နှာများတွင်သာ သီးသန့်ရွေးချယ်ပြီး ဆေးမင်ကြောင်ထိုးသော အလေ့အထသည် အလွန်ရှားပါးပါသည်။

Thursday, November 12, 2015

ပလောင်

 ပလောင်အစ
 

ပလောင်လူမျိုးတို့သည် ရှေးဦးအစ တကောင်းက ဟူသောပြူလူမျိုးများမှ ဆင်းသက်လာသည်။ ကာလ ကြာသောအခါပြူမှ ပလူး၊ ၎င်းမှ ပလောင်ဟုဆိုပြန်ပေသည်။ သစ်ချတောင်ဦးတိလောကဆရာတော် ဘုရား ရေးသည့် သောဠသမြေပုံကျမ်းတွင် ယင်းအဆိုပြုချက်ကို တွေ့နိုင်ပေသည်။
တစ်ဖန် ဣသျှံမော်ကွန်းတွင်ပလောင်တောတိုးယောလူမျိုးဟု ဆိုပြန်သည်။ သို့သော် နေနတ် သားမင်းသားနှင့် ရေနတ်နဂါးမင်းသမီးတို့ အကြောင်းဆုံကြပြီး ပလောင်လူမျိုး ပေါ်ပေါက်ခဲ့သည်ဟု ပလောင်ရာဇ၀င်အဆိုတွင် ရှိပေသည်။
အခြားပလောင်ရာဇ၀င်မှတ်တမ်းတစ်ခုတွင်မူပလောင်ဟုခေါ်သော ဝေါဟာရသည် တကောင်းခေတ် က ပေါ်ပေါက် ခဲ့သော ဝေါဟာရဖြစ်သည်။ တကောင်းခေတ်က သူပုန်များ ထကြွသောင်းကျန်းလေ ရာ ဘောင်းဘီဝတ် တောင်တန်းသားကြီး များက နန်းတော်တွင်းသို့ စုရုံးဝင်လာကြပြီး အရှင်မင်းမြတ်ကြီး တိုင်းပြည်ကား ဗလောင်းဗလဲ ဖောက်ပြန်နေသည်ဟု ရိုးသားစွာ လျှောက်ထားတော်မူခဲ့သည်။

Wednesday, November 11, 2015

အောက်နှိုက်သွားတယ် လို့ လူသိများတဲ့ လူပျိုလှည့်တဲ့ဓလေ့

အောက်နှိုက်သွားတယ် လို့ လူသိများတဲ့ လူပျိုလှည့်တဲ့ဓလေ့ ===================================
 မွန်လူမျိုးတို့ရဲ့ ထုးဆန်းပြီးလူသိများတဲ့ လူပျိုလှည့်ခြင်းဓလေ့တစ်ခု ကတော့ညဘက်အချိန်မှာ မိမိနှစ်သက်တဲ့မိန်းမပျိုအိမ်အောက် လူပျိုလှည့် တဲ့ဓလေ့ပါ ။ အောက်နှိုက်သွားခြင်းလို့ လူသိများတဲ့ ဓလေ့ လို့အခြားတိုင်းရင်းသားတွေ သိထားတဲ့ဓလေ့ ဟာ ရိုင်းစိုင်းတဲ့ဓလေ့တစ် ခု မဟုတ်ပါဘူး။ မွန်လို" ကြေ၀်ဝုတ် " မြန်မာအသံထွက် ကရဲဝု ( မိန်းမပိုး ခြင်း) လို့အဓိပ္ပါလ်ရပါတယ်။ မိကောင်းဖသားပီပီ အိမ်အောက်အရောက် သွားပြီးပွင့်ပွင့်လင်းလင်း ချစ်ရေးဆိုတဲ့ဓလေ့တစ်ခုပါ။ မွန်အိမ်တွေ ဟာ ခြေတံရှည်အိမ်ဖြစ်ပြီး အိမ်အောက်အထိ နွားလှည်းမောင်း သွင်းလို့ရအောင်၊ အချို့စပါးကျီတွေကို အိမ်အောက်မှာကန့်ပြီးဆောက် လို့ရအောင်ကို မြင့်ကြပါတယ်။