Tuesday, November 10, 2015

မြန်မာ့ရိုးရာအင်္ဂတေစပ်နည်း

" မြန်မာ့ရိုးရာအင်္ဂတေစပ်နည်းဆိုတာ"
ကျွန်တော်တို့ မြန်မာ့သမိုင်းဝါသနာရှင်များကောအခြားလေ့လာသူများကောမြန်မာပြည်အနှံမှာရှိတဲ့ရှေးဟောင်းစေတီပုထိုးကျောင်းကန်တွေကိုသွားရောက်လေ့လာဖူးမျှော်ကြတဲ့အခါရှေးအစဉ်အဆက်မှသည်ယနေ့အချိန်ထိတည်ရှိခိုင်ခံ့နေတဲ့လက်ရာနဲ့ဗိသုကာပညာတွေကတော့မအံ့သြပဲမနေနိုင်ပါဘူးမြန်မာ့လူထုအပြင်ကမ္ဘာ့ လူထုကပါတအံ့တသြနဲ့မှင်သက်စေမဲ့လက်ရာတွေနဲ့ထုံမွှန်းထားကြပါတယ်အဲ့ဒီတော့ဒီရှေးဟောင်းအဆောက်အဦးတွေအကြောင်းကိုလေ့လာတဲ့အခါ ဆောက်အဦရဲ့မူလအခြေခံလုပ်ရမဲ့အပိုင်းဖြစ်တဲ့မြန်မာ့အင်္ဂတေဆက်နည်း/လုပ်နည်းကအရေးပါတ့အပိုင်းမှာတည်ရှိပါတယ်ဒါ့ကြောင့် ရှေးမြန်မာတို့ရဲ့အင်္ဂတေစပ်နည်းအချို့ကို
လေ့လာမိသလောက်အကျဉ်းလေးဖော်ပြလိုပါတယ်ပထမဆုံးကမ္ဘာကျော်ရွှေတိဂုံစေတီတော်ကြီးတည်တော့အသုံးပြုခဲ့တဲ့ အင်္ဂတေစပ်နည်းကစလို့ပြောရရင်" ကြဇုသီးတစ်ဆ တင်လဲနှစ်ဆဥသျှစ်သုံးဆကျွဲကော်ရည်ခြောက်ဆအုံတုံဆယ့်နှစ်ဆကိုရောပြီး ကော်ရည်ကိုစပ်ပါတယ်ရတဲ့ကော်ရည်ကိုအချိုးညီတဲ့(ဆတူ)သဲနဲ့ထုံးတို့ရောစပ်ပြီး မောင်းနဲ့တခါထောင်း အဲ့ဒီမှာအင်္ဂတေရပါတယ်"အဲ့ဒီမယ်ကြဇုသီးကိုသုံးတာကထုံးသည်အုတ်ကိုစားခြင်းကကာကွယ်ဖို့တင်လဲကြတော့အင်္ဂတေကိုမာစေဖို့ဥသျှစ်ကြတော့ခိုင်ခံ့ပြီးအရောင်ကောင်းစေဖို့ဖြစ်ပါတယ်ဒါ့အပြင်အင်္ဂတေစပ်နည်းနောက်တနည်းကိုလဲသုံးပြန်ပါတယ်အဲ့ဒီနည်းကတော့
တင်လဲရည်နှစ်မြူ ကျွဲကော်ရည်လေးမြူ( မြူဆိုတာ ထန်းရည်ထည့်တဲ့အိုးကို ဆိုလိုပါတယ်)

သစ်ခေါက်ရည်ခြောက်မြူရောပါတယ်ဥသျှစ်တဝက် သစ်ကြံပိုးတစ်ဝက် ဂုံညှင်းဆန်တစ်ပြည် သဖန်းခါးသီးတစ်ပြည် ဖန်ရည်တစ်ခွက် အုံတုံတစ်ခွဲ မဲလှိုင်ခေါက် တစ်ဇွန်း ပန်းပေါင်းရသလောက်ထည့်ပြီးတော့ကျင်းထဲရေထည့်ပြီးကိုးရက်ဆယ်ရက်လောက်ရေစိမ်ပြီး အရည်ကိုယူရပါတယ်(အဲ့ဒိမှာကြဇုသီးသစ်ကြံပိုးပန်းပေါင်းထည့်ရတာကလုပ်တဲ့လုပ်သားတွေအနံ့အသက်နံစော်ခြင်းကသက်သာဖို့ဖြစ်ပါတယ်)ပြီးတော့သဖန်းခါးသီးထည့်တာကလက်ပေါက်ပြဲတာသက်သာဖို့နဲ့ထုံးဓတ်လွန်ကဲတာကို လျှော့စေဖို့ဖြစ်ပါတယ်ဆက်ပြီးတော့ပုဂံခေတ်အင်္ဂတေစပ်နည်းကြတော့အုံတုံအပင်ကအခေါက်ကိုခွာပြီးကြိုရတဲ့အရည်ငါးဆကျွဲကော်ရည်(ကျွဲရည်နွားရည်ကြိုပြီးရတဲ့အရည်) ခြောက်ဆဥသျှစ်သီးမှရတဲ့အစေးတစ်ဆတင်လဲရည်နှစ်ဆတို့နဲ့ ထုံးနဲ့သဲဇတူစပ်ပြီးအင်္ဂတေကိုပြုလုပ်ကြပါတယ်နောက်တနည်းကကျွဲကော် ရေ အုံတုံ ဥသျှစ်နွားနို့အသစ်လက်ပံရေ ကောက်ညှင်းထမင်းနယ်ပျားရည်ရှားစောင်းသဖန်းခါးလက်ပံသီးကရတဲ့လဲဝါချဉ်ရည်စတဲ့အရာတွေနဲ့လည်းအင်္ဂတေစပ်ပါတယ်နောက်တနည်းကကျွဲကော်ရည် အုံတုံ ဥသျှစ် နွားနို့ လက်ပံတရော် ကောက်ညှင်း ထမနဲ ပျားရည်တင်လဲ ဖုတ်ချောက်ချင်ရွေးရှားစောင်းသဖန်းခါးလက်ဝါစတဲ့ဆယ်မျိုးကိုဆယ့်နှစ်ခါပြန်ထောင်းပြီး လုပ်ပါတယ်ပြီးတော့ မင်စာမှတ်တမ်းတွေအရစလေမြို့အနောက်ဘက် သီဟိုဠ်ပုံပေါက်ဂူဘုရားအမှတ်၁၅ရဲ့နံရံဆေးရေးမှာ ဖော်ပြထားတာက(စာသားရှည်မည်ဖြစ်၍ အင်္လကာစာချိုးမရေးတော့ပါ)ကြေညက်တဲ့ မဖောက်ထုံး မနည်းမများကို ကျွဲပျိုရဲ့ အရေနဲ့မတူးမချစ်အောင်ကျိုရောစပ်စိမ်ရည်အရက်ကဲ့သို့မဆူမချဉ်တဲ့တင်လဲကိုအစေးနဲ့ပြည့်တဲ့ သစ်စေးပင်က အခေါက်နဲ့ခွာယူပြီး ရောလို့ အရည်ရအောင်ကျို
ပြီးတော့အားလုံးကြေအောင်သမအောင်မွှေပြီးမုံ့ကဲ့သို့ပြားပြားထား ပြီးတော့နေပူလှန်း
ခြောက်ခါနီး ရေထဲ့ သုံးကြိမ်နင်း (မောင်းခွက်ထဲထည့်ထောင်းသည်ကိုဆိုလိုပါတယ်) အဲ့ဒီမှာ အင်္ဂတေရပါတယ်
တနည်အားဖြင့်တော့ "ကျွဲကော်ရည် ၁၀ အိုးသစ်ဆေးခေါက်ရည် ၅ မြူ တင်လဲ ၃ မြူအုံတုံခေါက်ကျိုရည် ၂ မြူ ထုံး ၂၀ မြူသဲ ၂၀ မြူ ရောစပ်ပြီး အင်္ဂတေရပါတယ်"ပြီးတော့ အထက်ပါ အင်္ဂတောစပ်နည်းတွေက
ရတဲ့အင်္ဂတွေတေကို စေးစေးပိုင်ပိုင်ရှိဖို့ကမောင်းနဲ့သော်လည်းကောင်း( သရုပ်ပြပုံ ၁၃)အင်္ဂတေနယ်တဲ့ဘီးနဲ့( သရုပ်ပြပုံ ၁၄) နဲ့နယ်ပြီးပြုလုပ်ခဲ့ကြတယ်လို့လေ့လာမှတ်သားမိပါတယ်ဒါကတော့ရှေးမြန်မာတို့ရဲ့ စေတီပုထိုး
ဘုရားကျောင်းကန်တွေကိုတည်ထားဆောက်လုပ်တဲ့အခါအဓိကသုံးရမဲ့အင်္ဂတေကိုမြန်မာ့နည်းမြန်မာ့ဟန်နဲ့တီထွင်ကြံဆလုပ်ခဲ့ကြတဲ့ပြုလုပ်ပုံသမိုင်းအကျဉ်းလေးဖြစ်ပါတယ်အခြားပြုလုပ်ပုံတည်ဆောက်ပုံတွေရှိသေးပေမဲ့
အချိန်နဲ့စာသားရှည်မှာကိုတွက်ဆပြီးသိတန်သလောက်လေ့လာလို့ရအောင်ဖော်ပြပေးလိုက်ပါတယ်။
ဒါ့ကြောင့်မြန်မာ့မြေပေါ်ကရှေးဟောင်းစေတီပုထိုးအဆောက်အဦးတွေကိုလေ့လာရင်း ရှေးမြန်မာတို့ရဲ့
အင်္ဂတေစပ်နည်းကိုအနည်းအကျဉ်းမျှသိရှိရအောင်ဗဟုသုတဝမ်းစာအလို့ငှာဖော်ပြရေးသားလိုက်ပါတယ်--ဗိုလ်ကျော်ခေါင်
( အကိုးအကား ဆရာမုံရွာ တိုးဝေ( ပန်းရန်)ရဲ့
စာပေဗိမာန်စာမူဆုရ မြန်မာ့ရိုးရာ ပန်းရန် ပန်းတော့ပညာ နဲ့ အခြားလေ့လာမူမှ

No comments: