Tequila Kiss
...................
...................
Mexican အရက်ဖြစ်တဲ့ Tequila (တက်ကီလာ) ကိုအခြေခံထားတဲ့ ကော့တေးလ်လေးပါပဲ။ Tequila ဟာ သူ့ချည်းပဲသောက်လည်းကောင်းသလို အခုလိုမျိုး Sweet & Sour ပုံစံလေး
ဖျော်သောက်လည်းကောင်းတာမို့ Tequila ကြိုက်သူတွေအတွက် အရသာအသစ်အဆန်းလေးကို တင်ဆက်လိုက်ရပါတယ်နော်။ Tequila ကိုထုတ်လုပ်တဲ့ Blue Agave အပင်ရဲ့ Citrus
ဖြစ်တဲ့အနံ့ကလေးကို မွှေးတေးတေး အနံ့လေးဖြစ်အောင် Spiced ဖြစ်တဲ့ပစ္စည်းတွေဖြစ်တဲ့ ချင်းနဲ့ Pepper မှုန့်ကလေးနည်းနည်းကို သောက်လို့ကောင်းအောင် ရော စပ်ထားတာမို့ Tequila ကြိုက်ပရိသတ်တွေအတွက်ကတော့ မိုးရာသီ ကော့တေးလ်စစ်စစ်ပါပဲ။ ချင်းပါဝင်လို့ ကျန်းမာရေးအတွက်လည်း သင့် တော်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့
...............................
• Tequila silver - 60 ml
• Ginge (ချင်း) - 2 slices
• Pepper (ငရုတ်ကောင်း) - ၂ စေ့ခန့်
• Honey (ပျားရည်) - 10 ml
• Lime (သံပရာရည်) - 15 ml
• Bitter - 2 drops
ပြုလုပ်နည်း
.....................
ရှေးဦးစွာ ကော့တေးလ်ဖျော်မည့် Shaker ခွက်ထဲသို့ ချင်းပြားလေးနှစ်ပြားခန့်နှင့် ငရုတ် ကောင်းစေ့လေး နှစ်စေ့ခန့်ကို အနံ့ထွက်အောင် စက္ကန့်ဝက်လောက်ကြိတ်ချေလိုက်ပါ။ ငရုတ်
ကောင်းအစေ့မရှိလျှင်လည်း ရယ်ဒီမိတ်ငရုတ်ကောင်းမှုန့်လည်း သုံးလို့ရပါတယ်နော်။ ပြီးလျှင် ပျားရည်နှင့် သံပရာရည်တို့ကို ပါဝင်အချိုးအဆအတိုင်းထည့်လိုက်ပါ။ နောက် ထည့်ကာသောက်
မည့်ဖန်ခွက်ကို ပြင်ဆင်ရပါမည်။ ရေစင်အောင်သုတ်ထားသည့် ဖန်ခွက်နှုတ်ခမ်းတစ်ဝက်ခန့်ကို သံပရာရည်နည်းနည်းသုတ်လိမ်းလိုက်ပါ။ ပြီးလျှင် စားပွဲတင်ဆားကို ပန်းကန်ပြားထဲထည့်ကာ
ဖန်ခွက်နှုတ်ခမ်းနှင့် မှောက်ကာ ကပ်လိုက်လျှင် ပုံပါအတိုင်းရပါပြီ။ ထို့နောက် ရောစပ်ထားသည့် ကော့တေးလ်ကို ရေခဲသုံးခဲလောက်နှင့် စက္ကန့်ဝက်လောက် Shake ကာ ဖန်ခွက်ထဲသို့ထည့်ကာ
သုံးဆောင်နိုင်ပါပြီနော်။ အချိုကြိုက်သည်ဆိုပါက ပျားရည်လေးနည်းနည်း ထပ်ထည့်လိုက်ပါ။ နောက်ဆုံး ဖန်ခွက်ထဲထည့်သည့်အခါတွင် ချင်းပြားလေးတွေမပါအောင် ဆန်ခါလေးနဲ့စစ်ဖို့ မမေ့ ပါနဲ့ဦး။
Tequila Kiss ကို သူ့ချည်းပဲသောက်သည်ထက် ဆားလေးနည်းနည်းနှင့် ပေါင်းစပ် သောက်ပါက အရသာပိုထူးခြားသည်ကို တွေ့ရပါလိမ့်မယ်။ နောက်ဆုံးအနေနဲ့ ကော့တေးလ်ဖျော် စပ်ရာမှာသုံးတဲ့
Bitter ကို အနည်းငယ် အပေါ်ကထည့်လိုက်လျှင် ပြီးပြည့်စုံတဲ့ ကော့တေးလ် တစ်ခွက်ရပါပြီ။ ကဲ ကော့တေးလ်များဖျော်သောက်ကာ ဘဝအမောတွေပြေနိုင်ကြပါစေ။
Credit- Food Magazine
No comments:
Post a Comment