Labels
- ၅၅၀ ဇာတ်တော် (4)
- Cocktails (13)
- Food & Beverage (25)
- Mocktail (5)
- ကျန်းမာရေး (21)
- စာအုပ်စင် (6)
- တိုင်းရင်းသားလူမျိုးများ (28)
- ဘဝတိုးတက်ရေးစာစုများ (60)
- ဘာသာရေး (72)
- ဘုရားသမိုင်း (52)
- မြန်မာတို့၏ဆယ့်နှစ်လရာသီဖြစ်ပေါ်လာပုံ (15)
- မြန်မာ့ရိုးရာဓလေ့ကိုးကွယ်မှုနှင့်ယုံကြည်မှု (39)
- လူငယ်ကဏ္ဏ (36)
- သမိုင်း (72)
- အင်္ဂလိပ်စာဝေါဟာရများ (44)
- အထွေထွေဗဟုသုတ (140)
Friday, November 13, 2015
သိသင့် သိထိုက်သောစာစုလေးများ
သိသင့် သိထိုက်သောစာစုလေးများ” (အရှင်တိလောကသာရဖြေဆိုသည်။)
မေး ။ ။မဟာစေတီနှင့် ကောင်းမှုတော် အရှင်ဘုရား၊ သီရိလင်္ကာနိုင်ငံတွင် အကြီးဆုံးဖြစ်သော မဟာစေတီကြီးသည် တပည့်တော်တို့နိုင်ငံမှ ကောင်းမှုတော်ကြီးနှင့်စာလျှင် မည်သည်က ကြီးပါသနည်းဘုရား။ တတ်နိုင်ပါက အရွယ်ပမာဏတို့ကိုပါ နှိုင်းယှဉ်ဖော်ပြ၍ ဖြေကြားစေလိုပါသည်ဘုရား။ ( ဦးတင့်ဆွေ-ညောင်ပင်သာရပ်၊ ကလေးမြို့ )
ဖြေ။ ။ သီရိလင်္ကာနိုင်ငံရှိ မဟာစေတီကြီးမှာ အမြင့်ဉာဏ်တော် ၁၂၀၊ လုံးပတ်တော် ၃၆၀-ရှိကြောင်း ဘော ဣမံ မဟာစေတိယံ ၀ီသ ရတနေန သတာယာမံ၊ တိသတ သဋ္ဌိရတန ပရိဏာဟံ ဟောတိ-ဟု သာရတ္ထဒီပနီ ဋီကာကို ကိုး၍ သတပဒိကပုစ္ဆာကျမ်း၌ မင်းကွန်းဆရာတော် ဖြေဆိုပါသည်။ မြန်မာနိုင်ငံမှ ကောင်းမှုတော်ကြီးမှာ အမြင့်ဉာဏ်တော် ၁၀၁-တောင်၊ လုံးပတ်တော် ၅၀၂-တောင်၊ ၂-မိုက်၊ ၄-သစ် ရှိကြောင်း စွယ်စုံကျမ်း၌ ဖော်ပြထားသဖြင့် သီရိလင်္ကာ မဟာစေတီကြီးက ဉာဏ်တော်မြင့်၍ ကောင်းမှုတော်ကြီးက လုံးပတ်ကြီးကြောင်း သိရပါသည်။
**မိမိသည်ဘယ်အမျိုးအစားထဲ ပါဝင်နေသလဲ** ရဟန်းတို့ သူယုတ်မာဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် သူ့အသက်ကို သတ်၏၊ မပေးသည်ကို ယူ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်၏၊ မဟုတ် မမှန်သည် ကို ပြောဆို၏၊ မေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက...်၏၊ ရဟန်းတို့ ဤသူကို သူယုတ်မာဟု ဆိုအပ်၏။ ရဟန်းတို့ သူယုတ်မာအောက် သူယုတ်မာဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မိမိလည်း သူ့အသက်ကို သတ်၏၊ သူတစ်ပါးကိုလည်း သူ့အသက်သတ်ခြင်း၌ ဆောက်တည်စေ၏။ မိမိလည်း မပေးသည်ကို ယူ၏၊ သူတစ်ပါးကိုလည်း မပေးသည်ကို ယူခြင်း၌ ဆောက်တည်စေ၏။ မိမိလည်း ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်၏၊ သူတစ်ပါးကိုလည်း ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း၌ ဆောက်တည် စေ၏။ မိမိလည်း မဟုတ်မမှန်သည်ကို ပြောဆို၏၊ သူတစ်ပါး ကိုလည်း မဟုတ်မမှန်သည်ကို ပြောဆိုခြင်း၌ ဆောက်တည်စေ၏။ မိမိလည်း မေ့လျော့ကြောင်း ဖြစ်သော သေအရက်ကို သောက်၏၊ သူတစ်ပါးကိုလည်း မေ့လျော့ကြောင်း ဖြစ်သော သေအရက် သောက်ခြင်း၌့ဆောက်တည်စေ၏။ ရဟန်းတို့ ဤသူကို သူယုတ်မာအောက် သူယုတ်မာဟု ဆိုအပ်၏။ ရဟန်းတို့ သူတော်ကောင်းဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏၊ မေ့လျော့ကြောင်းဖြစ်သော သေအရက် သောက်ခြင်းမှ ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသူကို သူတော်ကောင်းဟု ဆိုအပ်၏။ ရဟန်းတို့ သူတော်ကောင်းထက် သူတော်ကောင်းဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိလည်း သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း သူ့ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏။ မိမိလည်း မပေးသည်ကို ယူခြင်းမှ ရှောင် ကြဉ်၏၊ သူတစ်ပါးကိုလည်း မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏။ မိမိလည်း ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ် ခြင်း၌ ဆောက်တည်စေ၏။ မိမိလည်း မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏။ မိမိလည်း မေ့လျော့ကြောင်းဖြစ်သော သေ အရက်သောက်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း မေ့လျော့ကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏။ ရဟန်းတို့ ဤသူကို သူတော်ကောင်းထက် သူတော် ကောင်းဟု ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။
win lwinmoe
Subscribe to:
Post Comments (Atom)
No comments:
Post a Comment