ဧရာဝတီမြစ်အရှည် ၁၃၅၀ -မိုင်ဖြတ်သန်းရာ ဒေသ ကချင်ပြည်နယ်၊
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊
ရန်ကုန်တိုင်းမြစ်လက်တက်များ တာပိန်မြစ်၊ မြစ်ငယ်မြစ်၊ ရွှေလီမြစ်၊ မူးမြစ်၊
ချင်းတွင်းမြစ်၊ရေဆင်းဧရိယာ ၁၅၈၇၀ဝ-စတုရန်းမိုင် (၄၁၁၀ဝ၀-စတုရန်း
ကီလိုမီတာ)အဆုံးသတ်စီးဝင်ရာ မုတ္တမပင်လယ်၊ ကပ္ပလီပင်လယ်၊အင်္ဂလိပ်ဘာသာအားဖြင့်
Irrawaddy သို့မဟုတ် Ayeyarwaddy ဟုခေါ်ဆိုသည့် ဧရာဝတီမြစ်သည်
မြန်မာနိုင်ငံရှိ အကြီးဆုံးမြစ်ဖြစ်ပြီး မြန်မာပြည်၏ အဓိကသွေးကြောကြီးသဖွယ်
မြစ်တစ်ခုလည်း ဖြစ်ပေသည်။ ဧရာဝတီ ဟူသောအမည်မှာ သင်္သကရိုက်ဘာသာမှ
ဆင်းသက်လာသည်ဟု ယူဆရပြီး အဓိပ္ပါယ်မှာ ဆင်မြစ်ဖြစ်သည်။ ဧရာဝတီမြစ်သည်
မြန်မာနိုင်ငံ၏ ဗဟိုချက်မနေရာများကို ဖြတ်သန်း စီးဆင်းသွားသည်။
Labels
- ၅၅၀ ဇာတ်တော် (4)
- Cocktails (13)
- Food & Beverage (25)
- Mocktail (5)
- ကျန်းမာရေး (21)
- စာအုပ်စင် (6)
- တိုင်းရင်းသားလူမျိုးများ (28)
- ဘဝတိုးတက်ရေးစာစုများ (60)
- ဘာသာရေး (72)
- ဘုရားသမိုင်း (52)
- မြန်မာတို့၏ဆယ့်နှစ်လရာသီဖြစ်ပေါ်လာပုံ (15)
- မြန်မာ့ရိုးရာဓလေ့ကိုးကွယ်မှုနှင့်ယုံကြည်မှု (39)
- လူငယ်ကဏ္ဏ (36)
- သမိုင်း (72)
- အင်္ဂလိပ်စာဝေါဟာရများ (44)
- အထွေထွေဗဟုသုတ (140)
Tuesday, June 21, 2016
Monday, June 6, 2016
သူကြွယ်သူဌေးအစစ်
အဘိုးအိုတစ်ယောက် မြစ်ကမ်းနဘေးမှာ အညောင်းပြေ
လမ်းလျှောက်နေတဲ့ တစ်နေ့မှာပေါ့။ အဘိုးအိုဟာ မြစ်ကမ်းနဖူးပေါ်မှာ
စိတ်ပျက်လက်ပျက်ထိုင်နေတဲ့ လူငယ်တစ်ယောက်နဲ့ သွားဆုံမိတယ်။ လူငယ်က
သက်ပြင်းတွေချ ညည်းတွားလို့။ မျက်နှာပြင် တစ်ခုလုံးလည်း ရွာတော့မယ့်မိုးလို
အုံ့မှိုင်းလို့။
အဘိုးအိုက မေးလိုက်တယ်။ “ ကလေး.. မင်းဘာဖြစ်နေတာလည်းကွ.. ဟေ…
မျက်နှာကြီးက သုန်မှုန်လို့ပါလား ” လို့ အဘိုးအိုက လူငယ်ကို ဂရုတစိုက်နဲ့
မေးလိုက်တယ်။ လူငယ်က အဘိုးအိုကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်တယ်။
“ကျွန်တော်က မွဲလိုက်တာမှ ဖွတ်ကဘိုးအေ ခေါ်ရလောက်အောင်ကို
မွဲတယ်ဗျာ၊ နေစရာ အိမ်လည်းမရှိ၊ သားမယားဆိုတာကတော့ ဝေလာဝေး၊ အလုပ်ကလည်း
မရှိတော့ ၀င်ငွေမရှိ၊ ငတ်တလှည့် ပြတ်တလှည့်နဲ့၊ ရေသောက် ဗိုက်မှောက်
အိပ်ရတဲ့ နေ့တွေ မရေတွက်နိုင်ပါဘူးဗျာ၊ အဖိုးရယ် ဒီလို လူတစ်ယောက်ရဲ့
မျက်နှာမှာ အပြုံးအရယ်ဆိုတာ ရှိနိုင်ပါ့ဦးမလားဗျာ ”..လို့ စိတ်ပျက်တဲ့
လေသံနဲ့ ပြောလိုက်တယ်။
နဂါးဆိုတာ
နဂါး(Nāga) ဆိုသည်မှာ သက္ကတနှင့် ပါဋ္ဌိဘာသာ စကားဖြစ်ပြီး
အလွန်ကြီးမားသော ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ ကျမ်းဂန်လာ မြွေကြီးများကို
ခေါ်ခြင်းဖြစ်သည်။ ဒဏ္ဍာရီများတွင် နဂါးသည် ခြေထောက်မပါပဲ မီးလျှံများကို
အသက်ရှူသော ၊ ကြည့်လိုက်ရုံနှင့် လောင်းကျွမ်း ပြာကျသွားစေနိုင်သည့် မြွေ
ပုံသဏ္ဍာန် သတ္တဝါ ဖြစ်သည်။ ၄င်းအစွမ်းကြောင့် မျက်စောင်းထိုး၍
ညှို့အားကောင်းသော မိန်းကလေးတို့ကိုလည်း နဂါးဟု ယခုထိတိုင် တင်စား
ခေါ်တပ်သည်။ မြန်မာ နိုင်ငံတွင် ခြေထောက်ပါသော နဂါးကိုမူ နယားဟု ခေါ်သည်။
မြန်မာတို့က နဂါးနှင့် ပုံသဏ္ဍန်နှင့် ဂုဏ်သတ္တိချင်း ဆင်တူသော အနောက်တိုင်း
နှင့်တရုတ် (Dragon) များကိုလည်း နဂါးဟုပင် အလွယ် တကူ ခေါ်ဝေါ်ကြသည်။
ဗုဒ္ဓဘာသာကျမ်းဂန်များ၌ ဖော်ပြထားသော နဂါး ပုံသဏ္ဌာန်
Saturday, June 4, 2016
ကာလီမယ်တော်
ကာလီမယ်တော်အကြောင်းကို သိချင်လို့ မေးကြတာများပါတယ်
ဘာသာဝင်တွေထဲမှာရော ဘာသာခြားတွေထဲမှာပါ ကာလီမယ်တော်ကြီးဟာ အလွန်ထင်ရှားကျော်ကြားလှပါတယ်
ဘုရားကျောင်းတွေထဲမှာလည်း ကာလီမယ်တော်ကြီးကျောင်းတွေဟာ အလွန်စည်ကားတာတွေ့ရတယ်
ဘာသာခြားတွေလည်းအများအပြားလာရော
သိသာထင်ရှားစွာ စောင်မတော်မူတဲ့အတွက်ကြောင့် မယ်တော်ကြီးကို အားကိုးကြတဲ့အပြင် ရုပ်သွင်တော်ကြောင့်လည်း ကြောက်ရွံ့ကြပါတယ်
ကာလီမယ်တော်အကြောင်းပြောပြပါဆို
ဗြဟ္မာ ဝိရှ်ဏု ရှိဝ သခင်တွေနဲ့ နတ်ဒေဝတာကြီးတွေတောင် မယ်တော်ကြီးအသွင်တော်ရဲ့သဘောကို ပြည့်စုံအောင်မသိနိုင်ဘူးလို့ ကျမ်းစာတွေမှာ အတိအလင်းရေးသားထားပါတယ်သာမန်လူသားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ မယ်တော့်အကြောင်းကို ဘယ်လိုများ ပြောပြနိုင်ပါ့မလဲသို့ပေမယ့် မေးမြန်းလာကြတော့လည်း တန္တြကျမ်းစာများစွာကိုကိုးကား၍မယ်တော်မြတ်ရဲ့ကျေးဇူးတော်ကို အောက်မေ့သတိရကာ ဖြေကြားပေးပါမည်
ဘီလူးအကြောင်း တစ်စေ့တစ်စောင်း
ဘီလူးဟူသော စကားလုံးမှာ ဘိရု ဟု ခေါ်သော
ပါဠိုစကားလုံးမှ ဆင်းသက်လာပါတယ်။ စကားလုံးပြောင်းလဲလာပုံမှာလည်း ဘိ
စကားလုံးမှာ ဤ ပြောင်းပြီး ရု တွင် ရ ကို ဦ ဟု ပြောင်းလဲကာ
ဝစ္စနှစ်လုံးထည့်ကာ ဘီလူးဆိုတဲ့ စကားလုံး ဖြစ်လာသည်ဟု ပေါရာဏကထာဋီကာတွင်
ပြဆိုထားပါတယ်။ ဘီလူး၏အဆင်းသဏ္ဍာန်မှာ ဆိုးဝါးလှပြီး ရက်စက်ကြမ်းကြုတ်တဲ့
နေရာမှာ နှစ်ယောက်မရှိဘဲ သတ္တ၀ါတို့ကို ညှဉ်းဆဲသတ်ဖြတ်ကာ အသွေးအသားများကို
စားသောက်တတ်သော နတ် ၊ ဖုတ် ၊ မြွေ ၊ ပြိတ္တာ ၊ တစ္ဆေများကို ခေါ်ဆိုကြောင်း
ကျမ်းဂန်များတွင် ပြရှိပါတယ်။
ဘီလူးကို ပါဠိဘာသာစကားဖြင့် ယက္ခ ၊ ရုက္ခဿ ၊
ကု မ္ဘဏ္ဍက ၊ ဒေ၀ ၊ ဘူတ ၊ ပေတ ၊ ၀ိသာစ ၊ အမနုဿ စသဖြင့် အမည်အမျိုးမျိုးဖြင့်
ခေါ်ဆိုကြပီးတော့ မြန်မာဘာသာစကားဖြင့် ဘီလူး ၊ ရက္ခိုသ် ၊ နတ် ၊ ဖုတ် ၊ ဒါနော
၊ ပြိတ္တာ ၊ တစ္ဆေ ၊ ဥပါဟူ၍ အမည်အမျိုးမျိုး တွင်ပါတယ်။ မည်မျှပင်
အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်စေပါမူ အကျဉ်းချုပ်အားဖြင့် နှစ်မျိုးသာ
ကွဲပါတယ်။
Subscribe to:
Posts (Atom)