Tuesday, November 10, 2015

"ရွှေအင်းတိန်ဘုရားသမိုင်း"

"ရွှေအင်းတိန်ဘုရားသမိုင်း"


ရွှေအင်းတိန် ဘုရား
~~~~~~~~~~~~~~~
ရွှေအင်းတိန်ဘုရားသည် ကမ္ဘောဇပြည်ခေါ် ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းတိန်မြို့၊ ယခုအင်းတိန်ရပ်၊ အင်းလေးမှာဖြစ်သည်။ ဘုရားများက ရှေးလက်ရာတွေမပျက်စီးဘဲ တော်တော်လေး ကျန်နေသေးသည်။ ဘုရားစေတီပုံစံများမှာ မွေတော်ကက္ကူဘုရားပုံစံ များနှင့်ဆင်တူသည်။ ရွှေအင်းတိန်ဘုရားများသည် ထိန်းသိမ်းရန် များစွာ လိုအပ်နေပါသေးသည်။ အင်းတိန် လှေဆိပ်၊ ပန်းချီပြခန်းများ၊ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များ၊ ရွှေအင်းတိန်ဈေး၊ အင်းတိန်မူလတန်းလွန်ကျောင်း စသည်တို့ရှိပါသည်။
သမိုင်းဝင် ရွှေအင်းတိန်မြတ်စွာဘုရားကြီးကို တည်ထားခဲ့သော ဒါယကာသည် ပဋလိပုတ်ပြည့်ရှင် သီရိဓမ္မာသောကမင်းကြီး ဖြစ်ပါသည်။ သာသနာနှစ် ၂၀၀ ကျော်ကျော်လောက်တွင် ဘုရားရှင်၏ ဘရိယ (မွေတော်၊ ဓာတ်တော်) ကိုဌာပနာပြီး တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။
ပထမအကြိမ် ပြုပြင်တော်မူသော မင်းသည် အနော်ရထာမင်းကြီးဖြစ်ပါသည်။ ထိုအချိန်တွင် ဘုရားကိုထပ်ဆင့်တည်၍ ၀တ်မိုးမြေ အရံစောင့် ကျွန်းသီတော် များကိုလှူတော်မူပါသည်။
အရံစေတီပေါင်းက ၁၀၅၄ ဆူရှိပြီး ဘုရားစောင်းတန်းကြီးမှာ ပါဝင်တည်ဆောက်ထားသော တိုင်လုံး အရေအတွက်မှာ ၄၀၃ လုံးရှိသည်။ အရှည်မှာ ၃.၃ ဖာလုံရှိသည်။ ဘုရားကြီး၏ နယ်နိမိတ်သည် အရှေ့ဘက်တွင် ကျောက်ပွန်ရေထွက်၊ နောက်ကန် အင်းဆင်သေကုန်း၊ အရှေ့တောင်တွင် သရက်မောင်နှမ၊ တောင်ခြားတွင် ချောင်းချောက်ကြီး ပျားစွဲတော်၊ အနောက်ကြားတွင် ဆင်ရုပ်ညောင်စည်၊ အနောက်မြောက်တွင် စစ်တောင်းတောင်၊ ခမောက်တောင်၊ ရသေ့ကုန်း၊ မြောက်ဘက်တွင် နတ်သမီးတောင်၊ ရသေ့တောင်၊ ဝေလုကမ္ပတောင်၊ အရှေ့မြောက်တွင် အင်းရေပြင်ကျောက်ခြံ တို့ဖြစ်ပါသည်။ အရံစောင့် ကျွန်သီးကား ၅၀၀ ဖြစ်ပါသည်။ ယခုကျွန်သီးတော်တွေကား လူဦးရေ ၅၀၀၊ အိမ်ခြေ ၈၁၊ ကျားကြီး ၅၀၊ ကျားငယ် ၁၁၀၊ မကြီး ၆၈၊ မငယ် ၅၉ ယောက်တို့ဖြစ်ပါသည်။

No comments: