Tuesday, November 10, 2015

လူမေးများသော မဖဲဝါအကြောင်း

လူမေးများသော မဖဲဝါအကြောင်း
သူဟာဘုရင့်မြေးတော် ၁ပါးပါ နာမည်က နန္ဒာဒေ၀ီပါသူ့ ဘိုးတော်ဘုရားကံတော်ကုန်တော့ သူ့ ခမည်းတော်ကို နန်းမပေးချင်တဲ့ ဦးရီးတော်ကနန်းကိုလုပ်ကြံပါတယ်။အဲဒီမှာ ခမည်းတော်က ရဟန်းဝတ်သွားပါတယ် နောက်ဦးရီးတော်က နန္ဒာဒေ၀ီရဲ့မယ်တော်ကို စုန်းမဆိုတဲ့ စွပ်ဆွဲချက်နဲ့က...ွပ်မျက်ပါတယ် နန္ဒာဒေ၀ီ နဲ့ အကိုတော်ကို တော့ ကောင်းကောင်းမွန်မွန်နေစေ ပါတယ်။ နန္ဒာဒေ၀ီ မှာချစ်သူရှိပါတယ်... တပ်မှုးလေး၁ဦးပါ ။
ဒါပေမဲ့ နန္ဒာဒေ၀ီ ရဲ့ ဦးရီးတော် ဟာ နန္ဒာဒေ၀ီကို သူ့ ရဲ့ ယောက်ဖတော်နဲ့ လက်ဆက်စေပါတယ်။ အဲဒီ ယောက်ဖတော် က လဲနန္ဒာဒေ၀ီကို ချစ်ခင်စုံမက်ပြီး လိုချင်နေတဲ့သူပါ။ ဒါပေမယ့်သူ့ မှာကြင်ယာတော်ရှိပြီး အဲဒီ ကြင်ယာတော် က နန္ဒာဒေ၀ီကို မနာလို တဲ့ အခါမှာ ယောက်ဖတော်က စစ်ထွက်နေတုန်း နန္ဒာဒေ၀ီကို စုန်းမဆိုတဲ့ စွပ်ဆွဲချက်နဲ့ သတ်မယ်အလုပ်မှာ နန္ဒာဒေ၀ီက သူ့ ချစ်သူနဲ့ င၀န်မြို့မှာ အချိန်းအချက်လုပ်လို့  အကိုတော်နဲအတူလှေနဲ့ အရင်ထွက်ပြေးခဲ့ပါတယ်။ င၀န်မြို့အရောက်မှာ နန္ဒာဒေ၀ီက မဖဲဝါဆိုတဲ့ အမည် အကိုတော်က ကိုစံမှဲ့ ဆိုတဲ့အမည်နဲ့ သာမန်လူတွေလိုနေထိုင်ခဲ့ပါတယ်။ နေပြည်တော်ကနေ သူတို့ကို လုပ်ကြံမယ့်သူလာမယ်ဆို တဲ့သတင်းအရစောင့်နေတဲ့လပြည့်ည မှာ ချစ်သူတပ်မှုးလေးက တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့ပါ တယ် တိုင်ဆိုင်တယ်ဆိုတာမသိတဲ့ နန္ဒာဒေ၀ီဟာ စိတ်နာပြီး မြစ်ကမ်းဘေးမှာရှိတဲ့ရွာ၁ရွာကို ပြောင်းခဲ့ပါတယ်။ အဲဒီမှာ အကိုတော်ဟာ ရေလုပ်ငန်းလုပ်ပါတယ်။ အရမ်းအကျိုးပေးပါတယ်။ ၁နေ့ မှာတော့ အကိုတော်ဟာ ရသေ့ကြီး ၁ပါးဆီမှာ ဂမုန်းတထောင်ဆေးကို မည့်သူအသက်မှမသတ်တော့ပါဘူးဆိုတာကို ဂတိပေးပြီး ထိုးပါတယ်။ ဒါပေမယ့် ဂတိမတည်ပဲ ရေလုပ်ငန်းကို ပြန်လုပ်တဲ့ အတွက် ဆေးအစွမ်းတွေ ဖောက်ပြန်ပြီးသားစိမ်းငါးစိမ်းတွေစားပါတယ် ။။ပြီးတော့ထွက်ပြေးသွားပါတယ် မဖဲဝါဟာ သူ့ အကိုရူးတာဂမုန်းတွေကြောင့်ဆိုပြီး ရသေ့ကြီးကျောင်းဝင်းထဲမှာရှိတဲ့ ဂမုန်းတွေအားလုံးကိုဖျက်ဆီးလိုက်ပါတယ်။ အဲဒီမှာရသေ့ကြီးရောက်လာပြီး နင်ဟာအစွမ်းထက်ဂမုန်းတွေရဲ့ကျိန်စာသင့်တော့မယ် ဆိုပြီးပြောတော့မှ အသိဝင်တချက်မ၀င်တချက်ဖြစ်ပြီး ရွာမှထွက်ပြေးရာ မှအခြားရွာ၁ရွာကို အရောက်မှာ ရွာသူကြီးသမီးလေး က မဖဲဝါကို ခေါ်ထားပါတယ် ။ဒါပေမယ့် မကျေနပ်နိုင်တဲ့ နေပြည်တော်မှ ယောက်ဖတော်ရဲ့ကြင်ယာတော် က သူလျှိတွေကတဆင့် မဖဲဝါဟာကလေးတွေကို သတ်တဲ့စုန်းမပါဆိုပြီး သတင်းလွင့်ခိုင်း ပါတယ်.....။ ရိုးသားတဲ့ရွာသားတွေကလည်းယုံထင်ကြောင်ထင်ဖြစ်နေတုန်းမှာ မဖဲဝါနဲ့ ရွာသူကြီးသမီးလေးဟာရွာပြင်ထွက်ရာက နေ တောခွေးတွေကြောင့် ရွာသူကြီးသမီးလေးဟာသေဆုံးသွားခဲ့ရပါ တယ် ရွာသားတွေက လိုက်သတ်ခံရလို့ပြေးရင်းကနေ ရွာရဲ့ သချိုင်းကုန်းမှာရှိတဲ့ ဇရပ်ကို (မိုးကြိုးပစ်တာလားမသိ)မီးလောင်နေတာကို ပြေးဝင်ပြီးအသေခံလိုက်ပါတယ် သူ့ ရဲ့ရန်သူတွေကို ဂလဲ့စားချေပြီး မဖဲဝါကို ရသေ့ကြီးက သချိုင်းကုန်းကို စောင့်ခိုင်းတာက နေ သချိုင်းကုန်းစောင့် မဖဲဝါဖြစ်လာပါတယ်....။ [ လူတွေမေးကြလွန်းလို့ ကြားဖူးနားဝရှိတာ ရေးတင်ပေးလိုက်ပါတယ်။ အကြောင်းရင်းမှန်ကို ကာယကံရှင် မဖဲဝါ (ခေါ်) Mrs.Yellow Ribbon နှင့် တိုက်ရိုက် ဆက်သွယ်စုံစမ်းကြပါရန် ]

No comments: