မြန်မာ့ ဆွေမျိုးစပ် ဝေါဟာရများ နိုင်ငံတကာနှင့် ဆက်ဆံမှု့တိုးတက်လာသော
ယနေ့အချိန်တွင် ယဉ်ကျေးမှု့ ကူးလူးယှက်နွယ်ခြင်း..များကြောင့်တချို့ကိစ္စ
များတွင် အရိုးပေါ်အရွက်ဖုံးသည့်အခြေအနေများကိုတွေ့လာကြရပါသည်။ နိုင်ငံတကာ
ဘာသာဗေဒ စကားများ အသုံးတွင်ကျယ်လာမှု့အပေါ်မူတည်ပြီး
......မြန်မာ့ယဉ်ကျေးမှု့ဓလေ့ထုံးတမ်းစဉ်လာများမှေးမှိန်ပျောက်ကွယ်ခြင်းမရှိစေရန်အတွက်
မြန်မာ့ ဆွေမျိုးစပ် ဝေါဟာရများအကြောင်း အနည်းငယ်တင်ပြလိုပါသည်။ မြန်မာ့
ဆွေမျိုးစပ် ဝေါဟာရများ ကိုလေ့လာကြည့်သောအခါ မိသားစုခြင်း
ရိုသေလေးစားမှု့၊ချစ်ခင်ကြင်နာမှု့ကိုအခြေတည်ကာ ခေါ်ဝေါ်သုံးစွဲခဲ့ကြောင်း
တွေ့ရပါသည်။
အရွယ်အကြီးအငယ်ကို လိုက်ပြီး.... မိကြီး ၊ မိထွေး ၊ ဘကြီး ၊
ဘထွေး၊... ဟူ ၍ လည်းကောင်း...မေတ္တာကို အခြေခံပြီး..... ဖိုး ၊ ဖွား ၊ သား ၊
သမီး ၊ ခင်ပွန်း ၊ ခမည်း ၊ ခဲအို ၊ ခယ်မ ၊ ........စသဖြင့် ခေါ်ဝေါ်
သုံးစွဲလေ့ ရှိကြပါသည်။ ဖိုး ၊ ဖွား ၊ တို့၏အထက်..ဆွေမျိုးဆက်များအား
အတိတ်တွင် ကျန်ခဲ့ ဝေးခဲ့ သည့် သဘောဖြင့်..ဘေး ၊ ဘီ ၊ ဘင် ၊ ဟူ ၍
လည်းကောင်း.........သား ၊ သမီး မှ အောက်အဖို့ကား သံယောဇဉ် အရင်းအမြစ်
တွယ်တာသည့်သဘော၊မြှေးကပ်တွယ်သည့် သဘောဖြင့် ....မြေး ၊ မြစ် ၊ တီ ၊ ကျွတ် ၊
တွတ် ၊ ဟူ ၍ လည်းကောင်း ..ခေါ်ဝေါ် အသုံးပြုခဲ့ပါသည်။ မင်းကြီး
မဟာသီရိဇေယျသူ ၁၂၂၇ ခုနှစ်တွင် ရေးသားခဲ့သော
က၀ိလက္ခဏာဒီပနီကျမ်းတွင်..မိမိအထက်...ဆွေမျိုး
ခုနှစ်ဆက်ကို...အဖအဖိုးအဘေးအဘီအဘဲးအဘောအဘွေး ... ဟူ ၍
လည်းကောင်း....မိမိအောက် ဆွေမျိုး
ခုနှစ်ဆက်ကို......သားမြေးမြစ်တီတွတ်ကျွတ်မျှော့........ ဟူ ၍ လည်းကောင်း
....ဖေါ်ပြထားပါသည်။
အမိ ၊ အမေ = မိမိကို မွေးသောကျေးဇူးရှင်..= တိုက်ရိုက်
သွေးသား တော်စပ်ခြင်း( နှာသံ ဖြင့် ရွတ်ရသော နူတ်ခမ်းဗျည်း ကို အနိမ့်သက်သံ
အိ ဖြင့် ပေါင်းစပ်ထားခြင်း )အဖ ၊ အဖေ = ချစ်ခင် အားကိုး ပြုလောက်သူ......
= အကြီး အကဲ အချုပ်( နူတ်ခမ်းဌာန်ဖြစ် ရုန်းပွင့်ဗျည်း ပ ကို
လေသံတင်းဖြင့် ရွတ်ဖတ်ခြင်း မှ ဖ ဖြစ်လာသည် )ဖိုး ၊ အဖိုး = ခေါင် ၊ အကြီး
အမှုး = အဖိုးထိုက် အဖိုးတန် အဖွား = အထူး ချစ်ခင်အပ်သူ =
ကြီးမားသော(လျှာနောက်ပိုင်းသရ ဖာ ကို အပွင့်သရ မှ လျှာ အမြင့်ဆုံး အူ သရ
သို့ ရောက်အောင်ရွတ်ဆိုခြင်းဖြင့် ဖွာ သရ ဖြစ်ပြီး အမြင့်သက်သံ ဖြင့်
ပြန်ရွတ်သောအခါ ဖွား ဖြစ်လာသည်) သား = အသွေးအသား ၊ ငယ်ရွယ်သူ သမီး =
ရင်သွေး ၊ မိန်းကလေး.....(သား + မိ မှ လာသည်) မြေး = ရှက်တွယ် ၊ မြှေးကပ်
သူ မြစ် = အမြစ်တွယ် သည့် သဘော တီ...တွတ်....မျှော့....= မပြုတ်အောင်
တွယ်ကပ်သည့်
သဘော..
မိခင် နှင့် တော်စပ်သူများ........ မိကြီး = အမိ ထက် ကြီးသူ ၊ အမိ နှင့်
မခြား ချစ်အပ်သူ( အဖေ့ အစ်ကို.. ဘကြီး ၏ ဇနီး အဖြစ်လည်း သုံးသည် )မိထွေး =
အမိ ထက်ငယ်သူ ၊ အဖ ၏ နောက် ဇနီး ကြီးတော် = အမိ နှင့် မခြား ကြီးမြတ်သူ(
အဖေ့ အစ်ကို.. ဘကြီး ၏ ဇနီး ၊ အဖေ့ နှမ ၊ ဦးလေး ၏ ဇနီး အဖြစ်လည်း သုံးသည် )
ဒွေးဒေါ် ၊ ဒွေးလေး ၊ ဒွေးကြီး = ကြီးမြတ်သူ.အမေ ၏
ညီမ ၊ အဖေ့ ညီ၏ ဇနီး ဒေါ်ကြီး ၊ ဒေါ်လေး ၊ အဒေါ် =
ကြီးမြတ်သူ..အမေ ၏ အစ်မ ၊ အဖေ့ အစ်ကို ၏ ဇနီး ဦးကြီး
၊ ဦးရီး ၊ ၀ရီး ၊ ဦးလေး = ပွန်းပွန်းတီးတီး ကျွမ်းဝင်သော
ကြီးမြတ်သူ.............အမိ ၏ အစ်ကိုကြီး ၊ အဖ ဘက်မှ အဒေါ်၏
ခင်ပွန်း..
ဖခင် နှင့် တော်စပ် သူများ ........ဘကြီး ၊ ဘထွေး = အဖ နှင့် မခြား
ချစ်အပ်သူပထွေး = အမိ ၏ နောက်အိမ်ထောင် အရီးကြီး ၊ အရီးလတ် ၊ အရီးလေး =
ပွန်းပွန်းတီးတီး ကျွမ်းဝင်သော ကြီးမြတ်သူ......................အဖေ ၏ နှမ
အကြီး+ အလတ် + အငယ် ၊ အမေ့မောင် ဦးလေး၏ ဇနီး ညီ ၊ ညီမ = တမိသားချင်း ၊ မိမိ
နှင့် ထပ်တူမျှ တွယ်တာအပ်သူ.....................စွဲငြိ + ငြိတွယ် + ညီမျှ
ခြင်း သဘော နှမ = နှစ်သက်တွယ်တာ အပ်သောတမိပေါက် သားချင်းများ အနက်
ယောင်္ကျားလေးမှ မိမိအောက်ငယ်သော..မိန်းကလေး အား ခေါ်ခြင်း နောင် ၊ နောင်ကြီး ၊
နောင်ငယ် = ရှေ့ ကျသည့်သဘော ၊........တမိပေါက် သားချင်းများ ညီ အစ်ကို
များ အနက် အငယ်က အကြီးကို ခေါ်ခြင်း မောင် ၊ မောင်ကြီး ၊ မောင်ငယ် =
အင်အားကြီးမား ၊ အားကိုးအားထားတမိပေါက် သားချင်းများ အနက် မိန်းကလေးမှ
မိမိအောက်ငယ်သော ယောင်္ကျားလေး အား ခေါ်ခြင်း အစ်ကို ၊ အစ်ညီ ၊ အစ်မ =
ပြည့်ပြည့် ၀၀ ၊ အားပြု လောက်သောတမိပေါက် သားချင်းများ အနက် ငယ်ရွယ်သူ မှ
မိမိ ထက် အကြီးများ အား ခေါ်ခြင်း ၀မ်းကွဲ ၊ တနို့ခြား = ညီအစ်ကို +
မောင်နှစ်မ အရင်းမှ မွေးဖွား
လာသူများ...လက်ထပ်
ထိမ်းမြား ၍ တော်စပ်သူများ ......ခမီး (ခမည်း) ၊ ခမက် =
ဖခင်ရင်းကဲ့သို့ မြတ်နိုး ချစ်ခင်အပ်သူ ၊...သား
သမီး နှင့် စပ်ကာ ခင်မင်တွယ်တာရသူ( လင်မယား နှစ်ယောက်၏ အမိ အဖ အချင်းချင်း
တော်စပ်ပုံ ) ခယ်မ = နှမ အရင်းကဲ့သို့ တွယ်တာ အပ်သူ( မယား ၏ ညီမ ၊ ညီ ၏
မယား ) ခဲအို = အစ်ကို အရင်းကဲ့သို့ တွယ်တာ အပ်သူ ( အမ ၏ ခင်ပွန်း ၊ လင်
ယောင်္ကျား ၏ အစ်ကို ) ခင်ပွန်း ၊ ခင်ပွန်းမ = ခင်မင် ချစ်ခင် ရင်းနှီး
ကျွမ်းဝင်ရသူ ဇနီး = အထူး နီးနီးကပ်ကပ် ရှိသူ ခြွေးမ = အခြွေ အရံ ခြွေရွေ
ဝန်းရံ =သားဖြစ်သူ၏ ဇနီး တူ ၊ တူမ = တူညီ ၊ ထပ်တူ (မိမိ ရင်သွေးနှင့် မခြား
ချစ်ခင်အပ်သူ)(မိမိ၏ အကို+အမ+ညီ+ညီမ မှ မွေးဖွားသူ ) မယား = စွဲယူ ၊
စွဲမြဲ ( စွဲမြဲ ထားသော မိန်းမ) လင် = ပြည့်ပြည့် ၀၀ အားကိုးထိုက်သူ မရီး =
= ပွန်းပွန်းတီးတီး ကျွမ်းဝင်အပ်သော အမျိုးသမီး (အကို ၏ ဇနီး ၊ မယား ၏ အမ )
မတ် = မယိမ်း မယိုင် ဖြောင့်မတ်သောသူ ( လင် ၏ ညီ ၊ ညီမ ၏ လင် ) ယောက္ခမ =
ရစ်ပတ် ဖွဲ့ရှက် ခင်မင်ရသူ ( မယား+ လင် ၏ အမိအဖ ) ယောက်ဖ = ရစ်ပတ်
ဖွဲ့နှောင် လာသူ ( မယား ၏ မောင် ၊ နှမ ၏ လင် ) ယောက်မ = ရစ်ပတ် ဖွဲ့နှောင်
လာသူ ( လင် ၏ နှမ ၊ မောင် ၏ ဇနီး ) ( ဆရာမ ဒေါ်မာလေး ၏ မြန်မာဆွေမျိုးစပ်
ဝေါဟာရ များ....စာပေဗိမာန် ၁၉၇၇ မှကောက်နူတ် တင်ပြပါသည် )
No comments:
Post a Comment