ဒီတစ်ခေါက် မြန်မာနဂါးများအကြောင်းကို သုတရစေဖို့အတွက်ဖော်ပြပေးလိုက် ပါတယ်။ နဂါးဆိုတာကတော့ သက္ကတဘာသာစကားဖြစ်ပြီးတော့ "ဗုဒ္ဓဘာသာနှင့်ဟိန္ဒူကျမ်းများတွ င်ပါဝင်သောမြွေကြီးများ"လို့ အဓိပ္ပာယ်ရပါတယ်။
ဗုဒ္ဓဘာသာကျမ်းဂန်များမှာတော့ နဂါးရဲ့ပုံသဏ္ဍာန်ကို "ဒရယ်ချိုအသွင်ရှိသောချို၊ ကုလားအုပ်ခေါင်းပုံစံနှင့်တူသော ခေါင်း၊ နတ်မိစ္ဆာမျက်လုံး၊ မြွေ၏ခန္ဓာကိုယ်၊ ခုံးခွံသဏ္ဍာန်ဝမ်းဗိုက်ပုံစံ၊ ငါးကြင်းအကြေးခွံသဏ္ဍာန်ရှိသောအေ ကြးခွံ၊ လင်းယုန်လက်သည်းသဏ္ဍာန်ရှိသောလက် သည်း၊ ကျားဖဝါးပုံစံရှိသောဖဝါး၊ နှင့် နားရွက်မှာကား နွားနားရွက်နှင့်တူသည်"လို့ ဖွင့်ဆိုကြပါတယ်။
အဓိကအားဖြင့်တော့ မြန်မာနဂါးကို(၄)မျိုးခွဲခြားထားပြီး အဲ့ဒီအမျိုးအစား(၄)မျိုးကတော့ -
ဗုဒ္ဓဘာသာကျမ်းဂန်များမှာတော့ နဂါးရဲ့ပုံသဏ္ဍာန်ကို "ဒရယ်ချိုအသွင်ရှိသောချို၊ ကုလားအုပ်ခေါင်းပုံစံနှင့်တူသော
အဓိကအားဖြင့်တော့ မြန်မာနဂါးကို(၄)မျိုးခွဲခြားထာ
အကိုက်ခံရပါက အဆစ်အမြစ်များ မကွေးဆန့်နိုင်တော့ကာ မာကျောတောင့်တင်းသွားစေနိုင်သည့် 
"ကဌမုခနဂါး"
"ကဌမုခနဂါး"
အကိုက်ခံရပါက အသားထဲမှပုပ်ပွကာ အရည်များယိုထွက်ကျလာသည့် "ပုတိမုခနဂါး"
အကိုက်ခံရပါက လူအသားများ မီးလောင်သကဲ့သို့ အက်ကွဲလာစေသည့် "အဂ္ဂိမုခနဂါး"
အကိုက်ခံရပါက လူအသားများ မိုးကြိုးပစ်ခံရသဲ့သို့ အပိုင်းပိုင်းပြတ်သွားစေနိုင်
တို့ပဲဖြစ်ပြီးတော့ အဲ့ဒီအဓိကနဂါး(၄)မျိုးအောက်မှာ မှ နဂါးအမျိုးပေါင်း(၁ဝ၂၄)မျိုးအထိ ခွဲခြားထားပါသေးတယ်။
မြန်မာမှာ နဂါးကိုနိုင်တာ ဂဠုန်လို့အယူရှိပေမယ့် ဂဠုန်မစားနိုင်တဲ့နဂါး(၇)မျိုး လည်းရှိပါသေးတယ်။
အဲ့ဒါတွေကတော့
မြန်မာမှာ နဂါးကိုနိုင်တာ ဂဠုန်လို့အယူရှိပေမယ့် ဂဠုန်မစားနိုင်တဲ့နဂါး(၇)မျိုး
အဲ့ဒါတွေကတော့
ပဏီတ တရာ-ဇလာဗုဇ, ဂဗ္ဘသေယျက, ဥပပါတိက, ဟုဆိုအပ်သော မိမိတို့ဇာတ်သဘောအားဖြင့် မြင့်မြတ်သော နဂါးမျိုး၊
ကမ္ဗလဿ တရာနဂါးစစ်သူကြီး, စစ်ဗိုလ်မှူး, စစ်ဘုရင်များဖြစ်ကြသော ကမ္ဗလနဂါး, အဿတရနဂါးမျိုး၊
ဓတရဋ္ဌာ-ဓတရဋ္ဌမည်သော နဂါးဘုရင်
သတ္တသိဒန္တရ ဝါသိနော- တောင်စဉ်သီဒါ မဟာသမုဒ္ဒရာ၌ နေကြကုန်သော နဂါးမျိုး၊
ပထဝိဋ္ဌကာ-မြေအတွင်း၌ မှီတင်းပုန်းအောင်းကာ နေလေ့ရှိကြကုန်သော မြေအောင်းနဂါးမျိုး၊
ပဗ္ဗတဋ္ဌကာ-တောင်ခေါင်း တောင်တွင်း၌ မှီတင်းနေထိုင်ကြကုန်သော တောင်တွင်းနဂါးမျိုး၊
ဝိမာနဋ္ဌကာ-ဘောဂဝတီ နဂါးပြည်၌ရွှေငွေဗိမာန် စံအိမ်ပျံဖြင့် ဇိမ်ခံပျော်ပါး၍ နေကြကုန်သော နတ်နဂါးမျိုး။
ကမ္ဗလဿ တရာနဂါးစစ်သူကြီး, စစ်ဗိုလ်မှူး, စစ်ဘုရင်များဖြစ်ကြသော ကမ္ဗလနဂါး, အဿတရနဂါးမျိုး၊
ဓတရဋ္ဌာ-ဓတရဋ္ဌမည်သော နဂါးဘုရင်
သတ္တသိဒန္တရ ဝါသိနော- တောင်စဉ်သီဒါ မဟာသမုဒ္ဒရာ၌ နေကြကုန်သော နဂါးမျိုး၊
ပထဝိဋ္ဌကာ-မြေအတွင်း၌ မှီတင်းပုန်းအောင်းကာ နေလေ့ရှိကြကုန်သော မြေအောင်းနဂါးမျိုး၊
ပဗ္ဗတဋ္ဌကာ-တောင်ခေါင်း တောင်တွင်း၌ မှီတင်းနေထိုင်ကြကုန်သော တောင်တွင်းနဂါးမျိုး၊
ဝိမာနဋ္ဌကာ-ဘောဂဝတီ နဂါးပြည်၌ရွှေငွေဗိမာန် စံအိမ်ပျံဖြင့် ဇိမ်ခံပျော်ပါး၍ နေကြကုန်သော နတ်နဂါးမျိုး။
ဆိုပြီး လေ့လာမှတ်သားနိုင်ပါသေးတယ်။
နဂါးများဟာ အိုင်ကြီးများ၊ သမုဒ္ဒရာကြီးများ တောင်ကြီးများအောက်မှာနေထိုင် ကြတတ်ပြီး ဝေဘာရတောင်၏အောက်ခြေတွင်လည်း
မြေနေနဂါးများနေသည့် ယူဇနာ(၅ဝဝ)ကျယ်ဝန်းသော နဂါးပြည်ရှိတယ်လို့လည်းဆိုကြပါ တယ်။ ဤအတိုင်းပါပဲ နဂါးတို့ရဲ့ ဌာနေအသီးသီးကိုဖော်ပြရမယ်ဆိုရင် တော့
ရေနေနဂါးများသည် မြင်းမိုရ်တောင်ခြေရင်း၊ ပဏ္ဏကနဂါးများသည် အနောဝတ္တအိုင်၊
မုစလိန္ဒနဂါးများသည် မုစလိန္ဒာအို၊ ဥရုဝေလနဂါးများသည် ဥရုဝေလအိုင်၊
အဂ္ဂိဒဎုနဂါးများသာ် ဂယာဖြစ် စသဖြင့် အသီးသီးနေကြကြောင်းလည်း
ဗုဒ္ဓဘာသာကျမ်းဂန်များမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။
နဂါးရဲ့ပုံစံများဟာ
နေရာဒေသအယူကိုလိုက်၍ အမျိုးမျိုးရှိပြီး တရုတ်စသော အချို့နိုင်ငံများမှာ
နဂါးဟာခြေထောက်ပါတယ်လို့ အယူရှိကြပါတယ်။ မြန်မာမှာတော့
ခြေထောက်ပါသောနဂါးကို နယားလို့ခေါ်ကြပြီး မြန်မာ့ရိုးရာဆိုင်းဝိုင်းတွေမှာ အလှဆင်အသုံးပြုကြပါတယ်။ အခုလောက်ဆိုရင်တော့ မြန်မာ့နဂါးအကြောင်းကိုအတော်လေး သိသွားလောက်ပြီဖြစ်မှာပါ။ အားလုံးပဲ ပျော်ရွှင်ဖွယ်မြန်မာနှစ်သစ်အခါ သမယလေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါတယ်။
#ကာရှိုင်း (ကြယ်စင်ချစ်သူ)
#မှော်ပညာ
#မှော်ပညာ
No comments:
Post a Comment