Thursday, May 5, 2016

(၂)ဝဏၰဳပထဇာတ္


*****Unicode Version *****



စိတ်ဓါတ်မကျသောလှည်းကုန်သည်
လွန်လေပြီးသောကာလဗာရာဏသီပြည်တွင်ဗြဟ္မဒတ်မင်းအုပ်စိုးစဉ်ကာလကဘုရားလောင်းသည်လှည်းမျိုး၌ဖြစ်၍ဝန်ပြည့်ပါသောလှည်းအစီးငါးရာနှင့်ငါးဆယ့်ကိုးယူဇနာကျယ်သောကန္တာရကိုဖြတ်၍ကုန်ရောင်းထွက်ခဲ့လေသည်။ကန္တာရဖြစ်၍ညပိုင်းတွင်သာခရီးသွားနိုင်ပြီးနေ့အချိန်တွင်ပူပြင်းလွန်းသောကြောင့်ရောက်သည့်နေရာတွင်တဲဆောက်ပြီးခရီးတထောက်နားကြရလေသည်။သဲကန္တာရ၏ကျယ်ပြန့်မှုကြောင့်နက္ခတ်တာရာကိုကျွမ်းကျင်သောသူကိုလမ်းပြခေါ်၍ခရီးထွက်ရလေသည်။ငါးဆယ့်ကိုးယူဇနာခရီးရောက်သောအခါယခုတစ်ညမောင်းလိုက်လျှင်မနက်ဆိုလိုရာခရီးသို့ရောက်ရှိနိုင်သည်ဟုလမ်းပြကပြောသည်။သူ့စကားကြောင့်လှည်းသားများသည်ရိက္ခာအားလုံးကိုသုံးပစ်လိုက်ကြရာသောက်ရေပင်မကျန်တော့။
သူတို့အဖွဲ့သည်ညစာစားပြီးနောက်ထိုစခန်းထောက်မှခရီးဆက်ခဲ့ကြသည်။လမ်းပြသည်လှည့်ပေါ်တွင်ထိုင်၍ဘယ်ကွေ့ယာ(ညာ)ကွေ့တည့်တည့်မောင်းစသည်ဖြင့်ညွှန်ကြားပေးသည်။သူသည်အိပ်ရေးပျက်ပေါင်းများသဖြင့်လမ်းညွှန်နေရင်းအိပ်ပျော်သွားခဲ့သည်။လမ်းညွှန်သူမရှိသဖြင့်နွားတို့သည်မောင်းလာရာလမ်းကိုပြန်သွား၍မိုးလင်းမှစခန်းဟောင်းကိုပြန်ရောက်သွားကြောင်းသိကြသည်။ဘုရားလောင်းလှည်းမှူးကြီးလည်းစောစီးစွာရေရှာထွက်ရာရေကိုကားမတွေ့မြက်ဖုတ်ကလေးကိုသာတွေ့ရသည်။ထိုမြက်ဖုတ်အောက်တွင်ရေရှိနိုင်ကြောင်းဆင်ခြင်မိ၍လှည်းသားများကိုထိုနေရာတွင်တူးစေသည်။အတောင်ခြောက်ဆယ်အနက်အထိတိုင်တူးမိသော်လည်းရေမထွက်သေးဘဲကျောက်ဖြာကြီးတစ်ခုခံနေသဖြင့်လှည်းမှူးကြီးလည်းခွန်းအားဗလနှင့်ပြည့်စုံ၍လုံ့လလည်းရှိသောလက်စွဲတော်လူငယ်တစ်ယောက်ကိုထိုကျောက်ဖြာကြီးအားထုခွဲရန်တာဝန်ပေးလိုက်သည်။လူငယ်သည်သံတူကြီးဖြင့်ထုခွဲရာကျောက်ဖျာကြီးကွဲ၍ထန်းလုံးပမာဏရှိသောရေလုံးကြီးပန်းထွက်လာသည်။ရေရလာ၍လူများနွားများအသက်ချမ်းသာရကာချက်ပြုတ်စားသောက်၍နေဝင်သောအခါလိုရာခရီးသို့ဆက်နိုင်လေသည်။

အနှစ်ချုပ်။ဒုက္ခနောက်မှာသုခရှိတတ်သည်။
ဇာတ်ပေါင်းသော်။လှည်းမှူးသည်ဗုဒ္ဓ
လုံ့လရှိသောလူငယ်နှင့်လှည်းသားများသည်ဗုဒ္ဓ၏ပရိတ်သတ်
ချစ်သူကို


*****Zawgyi Version****
စိတ္ဓါတ္မက်ေသာလွည္းကုန္သည္
လြန္ေလျပီးေသာကာလဗာရာဏသီျပည္တြင္ျဗဟၼဒတ္မင္းအုပ္စိုးစဥ္ကာလကဘုရားေလာင္းသည္လွည္းမ်ိဳး၌ျဖစ္၍ဝန္ျပည့္ပါေသာလွည္းအစီးငါးရာႏွင့္ငါးဆယ့္ကိုးယူဇနာက်ယ္ေသာကႏၲာရကိုျဖတ္၍ကုန္ေရာင္းထြက္ခဲ့ေလသည္။ကႏၲာရျဖစ္၍ညပိုင္းတြင္သာခရီးသြားႏိုင္ျပီးေန႔အခ်ိန္တြင္ပူျပင္းလြန္းေသာေၾကာင့္ေရာက္သည့္ေနရာတြင္တဲေဆာက္ျပီးခရီးတေထာက္နားၾကရေလသည္။သဲကႏၲာရ၏က်ယ္ျပန္႔မႈေၾကာင့္နကၡတ္တာရာကိုကြ်မ္းက်င္ေသာသူကိုလမ္းျပေခၚ၍ခရီးထြက္ရေလသည္။ငါးဆယ့္ကိုးယူဇနာခရီးေရာက္ေသာအခါယခုတစ္ညေမာင္းလိုက္လွ်င္မနက္ဆိုလိုရာခရီးသို႔ေရာက္ရွိႏိုင္သည္ဟုလမ္းျပကေျပာသည္။သူ႔စကားေၾကာင့္လွည္းသားမ်ားသည္ရိကၡာအားလုံးကိုသုံးပစ္လိုက္ၾကရာေသာက္ေရပင္မက်န္ေတာ့။
သူတို႔အဖြဲ႕သည္ညစာစားျပီးေနာက္ထိုစခန္းေထာက္မွခရီးဆက္ခဲ့ၾကသည္။လမ္းျပသည္လွည့္ေပၚတြင္ထိုင္၍ဘယ္ေကြ႕ယာ(ညာ)ေကြ႕တည့္တည့္ေမာင္းစသည္ျဖင့္ညႊန္ၾကားေပးသည္။သူသည္အိပ္ေရးပ်က္ေပါင္းမ်ားသျဖင့္လမ္းညႊန္ေနရင္းအိပ္ေပ်ာ္သြားခဲ့သည္။လမ္းညႊန္သူမရွိသျဖင့္ႏြားတို႔သည္ေမာင္းလာရာလမ္းကိုျပန္သြား၍မိုးလင္းမွစခန္းေဟာင္းကိုျပန္ေရာက္သြားေၾကာင္းသိၾကသည္။ဘုရားေလာင္းလွည္းမွဴးၾကီးလည္းေစာစီးစြာေရရွာထြက္ရာေရကိုကားမေတြ႕ျမက္ဖုတ္ကေလးကိုသာေတြ႕ရသည္။ထိုျမက္ဖုတ္ေအာက္တြင္ေရရွိႏိုင္ေၾကာင္းဆင္ျခင္မိ၍လွည္းသားမ်ားကိုထိုေနရာတြင္တူးေစသည္။အေတာင္ေျခာက္ဆယ္အနက္အထိတိုင္တူးမိေသာ္လည္းေရမထြက္ေသးဘဲေက်ာက္ျဖာၾကီးတစ္ခုခံေနသျဖင့္လွည္းမွဴးၾကီးလည္းခြန္းအားဗလႏွင့္ျပည့္စုံ၍လုံ႔လလည္းရွိေသာလက္စြဲေတာ္လူငယ္တစ္ေယာက္ကိုထိုေက်ာက္ျဖာၾကီးအားထုခြဲရန္တာဝန္ေပးလိုက္သည္။လူငယ္သည္သံတူၾကီးျဖင့္ထုခြဲရာေက်ာက္ဖ်ာၾကီးကြဲ၍ထန္းလုံးပမာဏရွိေသာေရလုံးၾကီးပန္းထြက္လာသည္။ေရရလာ၍လူမ်ားႏြားမ်ားအသက္ခ်မ္းသာရကာခ်က္ျပဳတ္စားေသာက္၍ေနဝင္ေသာအခါလိုရာခရီးသို႔ဆက္ႏိုင္ေလသည္။

အႏွစ္ခ်ဳပ္။ဒုကၡေနာက္မွာသုခရွိတတ္သည္။
ဇာတ္ေပါင္းေသာ္။လွည္းမွဴးသည္ဗုဒၶ
လံု႔လရွိေသာလူငယ္ႏွင့္လွည္းသားမ်ားသည္ဗုဒၶ၏ပရိတ္သတ္

No comments: