Thursday, May 5, 2016

(၃)ေသရိဝဝါဏိဇဇာတ္


****Unicode Version****



ရွဲကုန်သည်ဇာတ်
လွန်လေပြီးသောကာလယခုဘဒ္ဒကမ္ဘာမှရေတွက်သော်ငါးခုမြောက်ကမ္ဘာတွင်ဘုရားလောင်းသည်'သေရိဝတိုင်း'၌ရွဲကုန်သည်ဖြစ်လေသည်။သူ့တွင်လောဘကြီးသောရွဲကုန်သည်သူငယ်ချင်းတစ်ယောက်လည်းရှိလေသည်။သူတို့သည်နိလဝါဟမြစ်တစ်ဖက်ကမ်းရှိအရိဋ္ဌပူရမြို့တွင်ရွဲများကိုရောင်းချလေ့ရှိသည်။သူ့ရပ်ကွက်ကိုယ့်ရပ်ကွက်သူ့လမ်းကိုယ့်လမ်းဟူ၍ရောင်းချရမည့်နယ်မြေကိုခွဲခြားထားကာရောင်းချကြသည်။တစ်ဦးပိုင်သောဈေးကွက်တွင်အခြားတစ်ဦးကအလျင်ဝင်၍မရောင်းရ။ရောင်းလိုသော်ဈေးကွက်ပိုင်သူရောင်းပြီးမှသာရောင်းရသည်။ထိုအရိဋ္ဌပူရမြို့တွင်အထည်ကြီးပျက်မြေးအဖွားနှစ်ယောက်လည်းနေထိုင်လေသည်။သူတို့တွင်သူေဋ္ဌးကြီးသုံးစွဲခဲ့သောရွှေခွက်ဟောင်းကြီးကျန်နေလေသည်။ချေးတို့ဖြင့်မည်းနေသဖြင့်ရွှေခွက်မှန်းမသိနိုင်ပေ။တစ်နေ့သော်မြေးမလေးသည်လောဘသားရွဲကုန်သည်ထံမှရွဲကိုဝယ်ရန်တန်ဖိုးအဖြစ်ထိုခွက်ကိုပေးသည်။လောဘသားရွဲကုန်သည်လည်းခွက်ကိုအပ်ဖျားဖြင့်ခြစ်ကြည့်ရာရွှေခွက်မှန်းသိသော်လည်းအလကားယူလိုသဖြင့်ဒီခွက်ကြီးဘာမှတန်ဖိုးမရှိဘူးဟုဆို၍လွှင့်ပစ်ပြီးထွက်သွားလေသည်။
ထိုလမ်းကိုဘုရားလောင်းရွဲကုန်သည်ဝင်လာရာမြေးမလည်းရွဲတန်ဆာကိုထိုခွက်ဖြင့်လဲပြန်လေသည်။ဘုရားလောင်းလည်းရွှေခွက်မှန်းသိရာ'ညီမငယ်ထိုခွက်သည်ရွှေခွက်ဖြစ်၍အသပြာအဖိုးတစ်သိန်းထိုက်တန်လေသည်'ကျွန်ုပ်တွင်အဖိုးတစ်သိန်းထိုက်တန်သောရွဲများမပါပါဟုရိုးသားစွာပြောလေသည်။မြေးအဖွားနှစ်ယောက်ကလည်းရွဲတန်ဆာကိုရလျှင်ကျေနပ်ပြီဟုဆိုသည်။သို့ဖြင့်ဘုရားလောင်းကလည်းပါလာသောငွေအသပြာငါးရာနှင့်ငါးရာပင်ထိုက်တန်သောရွဲတို့ကိုပေးခဲ့ပြီးရွှေခွက်ကိုယူလာခဲ့လေသည်။အတန်ငယ်ကြာလတ်သောအခါလောဘသားရွဲကုန်သည်ပြန်လာပြီး'ခုနကရွှေခွက်ကိုပေးရွဲတစ်လုံးပေးမည်'ဟုဆိုလေရာမြေးအဖွားနှစ်ယောက်လည်းရွှေခွက်ကိုအခြားရွဲကုန်သည်တစ်ဦးအားရောင်းလိုက်ပြီဟုဖြေလေသည်။လောဘကြီးသောရွဲကုန်သည်လည်း'အဖိုးတစ်သိန်းထိုက်တန်သောရွှေခွက်ကြီးနှင့်လွဲလေပြီ'ဟုနောင်တကြီးစွာရ၍မေ့မြောသွားလေသည်။သတိပြန်ရလာချိန်တွင်ပါလာသောငွေနှင့်ရွဲများကိုအိမ်ရှေ့တွင်ပင်လွှင့်ပစ်၍ဘုရားလောင်းရွဲကုန်သည်အားရိုက်သတ်၍ရွှေခွက်ကိုလုယူရန်ချိန်ခွင်ရိုးကိုယူ၍နောက်မှမှအပြေးလိုက်သွားလေသည်။သို့သော်သူမြစ်ဆိပ်သို့ရောက်ချိန်တွင်ဘုရားလောင်းသည်ကူးတို့ဖြင့်ပြန်လေရာမြစ်တစ်ဖက်ကမ်းသို့ပင်ရောက်ရှိနေလေပြီ။ထို့ကြောင့်ရွဲကုန်သည်လည်းသူသည်အဖိုးတစ်သိန်းထိုက်တန်သောရွှေခွက်နှင့်လွဲခဲ့လေပြီဟုသိလိုက်လေသည်။ယင်းအသိဝင်လာသည်နှင့်တစ်ပြိုင်နက်သွေးပွက်ပွက်အန်၍အသက်ကုန်လေသည်။
အနှစ်ချုပ်-လောဘကြီးလျင်အရနည်းတတ်သည်။
ဇာတ်ပေါင်းသော်-လောဘသမားသည်ဒေဝဒတ်
ရိုးသားသောရွဲကုန်သည်သည်ဗုဒ္ဓ
ချစ်သူကို

***Zawgyi****

ရြဲကုန္သည္ဇာတ္
လြန္ေလျပီးေသာကာလယခုဘဒၵကမ႓ာမွေရတြက္ေသာ္ငါးခုေျမာက္ကမ႓ာတြင္ဘုရားေလာင္းသည္'ေသရိဝတိုင္း'၌ရြဲကုန္သည္ျဖစ္ေလသည္။သူ႔တြင္ေလာဘၾကီးေသာရြဲကုန္သည္သူငယ္ခ်င္းတစ္ေယာက္လည္းရွိေလသည္။သူတို႔သည္နိလဝါဟျမစ္တစ္ဖက္ကမ္းရွိအရိ႒ပူရျမိဳ႕တြင္ရြဲမ်ားကိုေရာင္းခ်ေလ့ရွိသည္။သူ႔ရပ္ကြက္ကိုယ့္ရပ္ကြက္သူ႔လမ္းကိုယ့္လမ္းဟူ၍ေရာင္းခ်ရမည့္နယ္ေျမကိုခြဲျခားထားကာေရာင္းခ်ၾကသည္။တစ္ဦးပိုင္ေသာေစ်းကြက္တြင္အျခားတစ္ဦးကအလ်င္ဝင္၍မေရာင္းရ။ေရာင္းလိုေသာ္ေစ်းကြက္ပိုင္သူေရာင္းျပီးမွသာေရာင္းရသည္။ထိုအရိ႒ပူရျမိဳ႕တြင္အထည္ၾကီးပ်က္ေျမးအဖြားႏွစ္ေယာက္လည္းေနထိုင္ေလသည္။သူတို႔တြင္သူေ႒းၾကီးသုံးစြဲခဲ့ေသာေရႊခြက္ေဟာင္းၾကီးက်န္ေနေလသည္။ေခ်းတို႔ျဖင့္မည္းေနသျဖင့္ေရႊခြက္မွန္းမသိႏိုင္ေပ။တစ္ေန႔ေသာ္ေျမးမေလးသည္ေလာဘသားရြဲကုန္သည္ထံမွရြဲကိုဝယ္ရန္တန္ဖိုးအျဖစ္ထိုခြက္ကိုေပးသည္။ေလာဘသားရြဲကုန္သည္လည္းခြက္ကိုအပ္ဖ်ားျဖင့္ျခစ္ၾကည့္ရာေရႊခြက္မွန္းသိေသာ္လည္းအလကားယူလိုသျဖင့္ဒီခြက္ၾကီးဘာမွတန္ဖိုးမရွိဘူးဟုဆို၍လႊင့္ပစ္ျပီးထြက္သြားေလသည္။
ထိုလမ္းကိုဘုရားေလာင္းရြဲကုန္သည္ဝင္လာရာေျမးမလည္းရြဲတန္ဆာကိုထိုခြက္ျဖင့္လဲျပန္ေလသည္။ဘုရားေလာင္းလည္းေရႊခြက္မွန္းသိရာ'ညီမငယ္ထိုခြက္သည္ေရႊခြက္ျဖစ္၍အသျပာအဖိုးတစ္သိန္းထိုက္တန္ေလသည္'ကြ်ႏ္ုပ္တြင္အဖိုးတစ္သိန္းထိုက္တန္ေသာရြဲမ်ားမပါပါဟုရိုးသားစြာေျပာေလသည္။ေျမးအဖြားႏွစ္ေယာက္ကလည္းရြဲတန္ဆာကိုရလွ်င္ေက်နပ္ျပီဟုဆိုသည္။သို႔ျဖင့္ဘုရားေလာင္းကလည္းပါလာေသာေငြအသျပာငါးရာႏွင့္ငါးရာပင္ထိုက္တန္ေသာရြဲတို႔ကိုေပးခဲ့ျပီးေရႊခြက္ကိုယူလာခဲ့ေလသည္။အတန္ငယ္ၾကာလတ္ေသာအခါေလာဘသားရြဲကုန္သည္ျပန္လာျပီး'ခုနကေရႊခြက္ကိုေပးရြဲတစ္လုံးေပးမည္'ဟုဆိုေလရာေျမးအဖြားႏွစ္ေယာက္လည္းေရႊခြက္ကိုအျခားရြဲကုန္သည္တစ္ဦးအားေရာင္းလိုက္ျပီဟုေျဖေလသည္။ေလာဘၾကီးေသာရြဲကုန္သည္လည္း'အဖိုးတစ္သိန္းထိုက္တန္ေသာေရႊခြက္ၾကီးႏွင့္လြဲေလျပီ'ဟုေနာင္တၾကီးစြာရ၍ေမ့ေျမာသြားေလသည္။သတိျပန္ရလာခ်ိန္တြင္ပါလာေသာေငြႏွင့္ရြဲမ်ားကိုအိမ္ေရွ႕တြင္ပင္လႊင့္ပစ္၍ဘုရားေလာင္းရြဲကုန္သည္အားရိုက္သတ္၍ေရႊခြက္ကိုလုယူရန္ခ်ိန္ခြင္ရိုးကိုယူ၍ေနာက္မွမွအေျပးလိုက္သြားေလသည္။သို႔ေသာ္သူျမစ္ဆိပ္သို႔ေရာက္ခ်ိန္တြင္ဘုရားေလာင္းသည္ကူးတို႔ျဖင့္ျပန္ေလရာျမစ္တစ္ဖက္ကမ္းသို႔ပင္ေရာက္ရွိေနေလျပီ။ထို႔ေၾကာင့္ရြဲကုန္သည္လည္းသူသည္အဖိုးတစ္သိန္းထိုက္တန္ေသာေရႊခြက္ႏွင့္လြဲခဲ့ေလျပီဟုသိလိုက္ေလသည္။ယင္းအသိဝင္လာသည္ႏွင့္တစ္ျပိဳင္နက္ေသြးပြက္ပြက္အန္၍အသက္ကုန္ေလသည္။
အႏွစ္ခ်ဳပ္-ေလာဘၾကီးလ်င္အရနည္းတတ္သည္။
ဇာတ္ေပါင္းေသာ္-ေလာဘသမားသည္ေဒဝဒတ္
ရိုးသားေသာရြဲကုန္သည္သည္ဗုဒၶ

No comments: