ပုဂံရှိ ထူးခြားသောအလင်းတန်းများ
ပုဂံလို့ပြောလိုက်တာနဲ့ အားလုံးသိပြီးသားပါ။စေတီပုထိုးေ တွများစွာတည်ရှိပြီး လှပတဲ့ရှုခင်းတွေနဲ့ မှော်ဆန်သောဒဏ္ဍာရီပုံပြင်တွေ များစွာရှိတဲ့နေရာပေါ့။
ကျန်တော် အခုပြောမှာကတော့ အဲဒီလိုမှော်ဆန်တဲ့ပုံပြင်တွေေ တာ့မဟုတ်ပါဖူး။ လူအများ သိပ်သတိမထားမိလေ့ရှိကြတဲ့ ပုဂံ ဘုရားများ ရှိ ထူးခြားသော အလင်းတန်းနှစ်ခုအကြောင်း ပါ။
ကျန်တော် အခုပြောမှာကတော့ အဲဒီလိုမှော်ဆန်တဲ့ပုံပြင်တွေေ
အနော်ရထာမင်း မတိုင်မီနှင့် အနော်ရထာလက်ထက်မှာ စေတီ တွေ ဥမင်တွေကိုသာအများဆုံးတည်လေ့ရှိ ပေမဲ့
ကျန်စစ်သားမင်းလက်ထက်ရောက်တဲ့ အခါမှာ ကုလားကျောင်းခံ ပုထိုးတွေ
ဘုရားကျောင်းတွေခေတ်စားလာတယ်။ ကျန်စစ်သားလက်ထက်မှာ အနုပညာ ဗိသုကာပညာတွေဟာ
ပိုမို ကျယ်ပြန့် ခဲ့ပြီး အထွတ်အထိပ်ကာလသို့ရောက်လာခဲ့တယ် ။ အရင်က ဥမင်တွေ ပုထိုးတွေကိုအမှောင်ပိတ်ကြီးတွေ တည်လေ့ရှိပေမဲ့ ကျန်စစ်သားလက်ထက်မှာတော့ ဂူအတွင်းကိုအလင်းရောက်နိုင်တဲ့ မုခ်ပေါက်လေးတွေ
ဖောက်လာကြတယ်။သက္ကရာဇ် ၄၅၂ အာနန္ဒာ ဘုရားကြီးတည်ဆောက်တဲ့အချိန်မှာတော့ဘုရားကျောင်းတွေဟာအလင်း လေဝင်လေထွက်ရောကောင်းမွန်လာခဲ့ တယ်။
ပုဂံမှာ အလင်းယူပုံ အတွက်စံထားရလောက်တဲ့ ဘုရားပုထိုးပေါင်းများစွာရှိတယ် ။ထိုအထဲမှ လူသိများတဲ့ဘုရားနှစ်ဆူကအလင်း တန်းနှစ်ခုအကြောင်းကိုပြောပြချ င်ပါတယ်။
ပထမကတော့ ပုထိုးသားများပါ။ပုထိုးသားများ ဘုရားဟာ အရွယ်အတော်အသင့် ကြီးသော အဆောက်အအုံဖြစ်ပြီး ကျယ်ဝန်းသောရှေ့ဆောင်ခန်းပါဝင် တယ်။အလယ်တွင် ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကြီးတည် ရှိရာ အခန်းနှင့် အတွင်းပတ်လမ်းရှိပြီး အတွင်းပတ်လမ်းရဲ့ အပြင်နံရံများတွင် ဗုဒ္ဓဝင်ပန်းချီများရေးဆွဲထားပြီး ရှေးမွန်ဘာသာနဲ့ကဗ္ဗည်းထိုးထား တယ်။အတွင်းခန်းဆင်းတုတော်ကြီး ဘေးနံရံအပေါ်ပိုင်းအမြင့်တွင် ဝိနည်းဒေသနာလာ ကဗ္ဗည်းစာများကို ရှေးမွန်ဘာသာများဖြင့်ရေးထိုးထားတယ်။ ဒီဘုရားကြီးရဲ့ ထူးခြားချက်မှာ ပင်မ ဗုဒ္ဓဆင်းတုတော်ကြီးပေါ်တွင်ကျရော က်နေသော အလင်းတန်းပင်ဖြစ်ပါတယ်။ ထိုးအလင်းတန်းများ ဘုရားဆင်းတုကြီးရဲ့ မျက်နှာတော်အထက်မုခ်ပေါက်မှလာေ ရာက်တယ်။ ထိုမုခ်ပေါက်ကလေးမှာ ဘုရားဆင်းတုကြီးနှင့် နှိုင်းယှဉ်လျှင် အင်မတန်သေးငယ်ပြီး အလင်းတန်းတစ်ခုသာဝင်ရောက်နိုင် တယ်။ သို့သော်ထိုးအလင်းတန်း ဟာ ဗုဒ္ဓဆင်းတုတော်ကြီးကို ဆလိုက်နှင့်ထိုးထားသလိုပါပဲ။နော က်အလင်းတစ်ခုမှာအပြင်တံခါးမှကြီးမှ ဝင်ရောက်လာသောအလင်းဖြစ်တယ်။ ထိုအလင်းကို မုခ်ပေါက် နှစ်ဆင့် ခံလျက် ဘုရားဆင်းတုတော်ကြီးကိုယ်ပေါ်ရော က်အောင်
အဆင့်ဆင့် စစ်ယူထားတယ်။ ထိုအလင်းတန်းနှစ်ခု ရဲ့ထူးခြားချက်ကတော့
ဘုရားကျောင်းကြီးတစ်ခုလုံး ဘုရားဆင်းတုကြီးတစ်ခုတည်းသာ
ကွတ်တိလင်းစေခြင်းဖြစ်ပါတယ်။ ဘုရားကျောင်းထဲမှာ
ဘုရားဆင်းတုကလွဲလို့အရာအားလုံး အမှောင်တိဖုံးနေတယ်။ကျန်ပုဂံဘု ရားများတွင်မတွေ့ရသော ဒီထူးခြားမှုကို သိချင်ရင်တော့ ပုထိုးသားများဘုရားရောက်တဲ့အခါ ဘုရားဆင်းတုကြီးကို
flash မဖွင့်ပဲ ဓာတ်ပုံရိုက်ကြည့်ပါ ။ ဖုံးနဲ့ပဲရိုက်ရိုက်
ကင်မရာနဲ့ပဲရိုက်ရိုက် အရာအားလုံးအမှောင်တိဖြစ်နေပြီး
ဘုရားဆင်းတုတစ်ခုတည်းသာကွက်တိ အပိုအလိုမရှိ ထင်ထင်ရှားရှားပေါ်နေပါလိမ့်မယ်။
နောက်ဘုရားတစ်ခုကတော့ အာနန္ဒာဘုရားပါ။အာနန္ဒာဂူတော်ကြီး တွင် ပဓာနအားဖြင့် မတ်တပ်ရပ်ကိုယ်တော်ကြီးလေးဆူကို အလယ်ဗဟို တွင်အရပ်လေးမျက်နှာသို့ မျက်နှာမူလျက် ပြုလုပ်ထားတယ်။ထိုမတ်တပ်ရန်ကို ယ်တော်ကြီးလေးဆူကို အတွင်းပတ်လမ်းအပြင်ပတ်လမ်း နှစ်ထပ်ပြုလုပ်ထားတယ် အမိုးပေါင်းကူးကြီးများနှင့်တကွ လေဝင်လေထွက် ကောင်းစေရန် အပေါက်ကြီးငယ်များလည်းနံရံတွင် မျက်နှာချင်းဆိုင်ထုက်ချင်းဖော က်ထားတယ်
မတ်တပ်ရပ်ကိုယ်တော်ကြီးများတွင် မျက်နှာတော်နှင့်တကွ ကိုယ်တော်တစ်ခုလုံး အလင်းရစေရန် အပေါက်ကို ထည့်သွင်းဖောက်လုပ်ခဲ့တယ်
မတ်တပ်ရပ်ကိုယ်တော်ကြီးများတွင်
၁၉ရာစုတွင်မတ်တပ်ရပ်ကိုယ်တော် ကြီးများဦးခေါင်းတော်ထက်တွင် သစ်သားမျက်နှာကျက်များပြုလုပ်ဆွဲတင်ထားရာ အပေါ်မှဝင်ရောက်လာသောအလင်းသည် ဆင်းတုတော်ကြီးများအပေါ်သို့မကျေ ရာက်နိုင်ပဲရှိလေတယ်။ နောက်ပိုင်းတွင် ထိုမျက်နှာကျက်များကိုဖယ်ရှားခဲ့ ရာ အပေါ်မုခ်ပေါက်မှအလင်းတန်းသည် ဆင်းတုတော်ကြီးအပေါ်ကျရောက်လာခဲ့ တယ်
အာနန္ဒာ ဘုရားကြီးတွင် အလင်းအားကောင်းသောကြောင့် ထိုအပေါ်မှဝင်ရောက်လာသောအလင်းတန်းသည် နေ့ဖက်တွင် သိသာထင်ရှားခြင်းမရှိသော်လည်း လသာသောညများတွင် ဘုရားကြီးတစ်ခုလုံးအမှောင်တြိ ဖစ်နေခိုက် ဆင်းတုတော်ကြီးများကို ထိန်လင်းထင်းရှားစွာ ကြက်သီးထဖွယ်တွေ့မြင်နိုင်တယ်။
No comments:
Post a Comment