Saturday, April 30, 2016

ဆန်းကြယ်သောသတ္တဝါဂဠုန်


ဂဠုန်ကို အရှေ့တောင်အာရှဒဏ္ဍာရီအတော်များများမှာတွေ့ရတတ်ပြီးတော့ ဂဠုန်ဆိုတဲ့သတ္တဝါရဲ့ကိုယ်နဲ့ခြေဟာ လူသဏ္ဍာန် ၊ အတောင်နဲ့ ဦးခေါင်း၊ ခြေသည်းလက်သည်း တို့ဟာ လင်းယုန်ငှက်နဲ့အသွင်ပုံစံတူပြီး ဖြူသောမျက်နှာ၊ နီသောအတောင်နှင့် ကိုယ်ခန္ဓာပိုင်းမှာတော့ ကြွေအဆင်းကဲ့သို့ရှိတယ်လို့ဆိုကြပါတယ်။ ဟိန္ဒူကျမ်းများမှာတော့ ဂဠုန်ကို "ဂရုဒ"ဟုခေါ်ဆိုကြပြီး မာဂဓအဘိဓာန်များမှာတော့ ဂဠုန်ကို "လေးသောဝန်ကို ဆောင်ယူတတ်သော သတ္တ၀ါသည် ဂဠုန်မည်၏"လို့ဖွင့်ဆိုထားကြတာကို တွေ့ရပါတယ်။
                    မြန်မာ့စာပေနှင့် ယဉ်ကျေးမှုလောကမှာ ဟိန္ဒူအငွေ့အသက်များစီးဝင်ပြန့်နှံ့ခြင်းနဲ့အတူ ဂဠုန်နဲ့ ပတ်သတ်သောအကြောင်းအရာများက မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့တယ်လို့ ပညာရှင်များကခန့်မှန်းထားကြပါတယ်။ ဂဠုန်ဆိုသောအယူက အဓိကအားဖြင့် ဟိန္ဒူဘာသာမှ ဆင်းသက်လာခဲ့ခြင်းဖြစ်ပြီး ဟိန္ဒူဘာသာမှာတော့ ဂဠုန်ဟာ ပုံမှန်ငှက်တစ်ပါးမဟုတ်ဘဲ ဂဠုန်၏ဖခင်မှာ "ကဿယာပ"လို့ခေါ်တဲ့ ဗြဟ္မာကြီးတစ်ပါးဖြစ်ပြီးတော့ "ကဿယာပ"ဗြဟ္မာကြီးဟာ လူသားတွေကို စတင်ဖောက်ဖွားစေခဲ့သူ "မနု"ရဲ့အဘိုးလည်းဖြစ်တာကြောင့် ဂဠုန်ဟာ လူသားတွေနဲ့ဆွေမျိုးတော်စပ်တယ်လို့လည်းဆိုကြပါတယ်။

The Expression of Time


(၁) တိကျတဲ့ အချိန်ကို ဖော်ပြဖို့အတွက် " at " ကို သုံးပါတယ်။
at seven o'clock
at 5:45 am
at dawn
at midnight
at noon
at sunset
at the end of the show
at the beginning of the lesson
at Christmas
at the New Year
at Easter
at the weekend
at dinner time
at bed time

ပန်ထွာဧကရီ ခေါ် လင်မုန်းဘုရင်မ


တကယ်တော့ မြန်မာ့ရာဇ၀င်ထဲမှာ  အမျိုးသားတွေပဲ ရာနှုန်းပြည့် နေရာယူထားခဲ့တာ မဟုတ်ပါဘူး။  ထူးချွန်ထင်ရှားတဲ့ အမျိုးသမီးခေါင်းဆောင်တွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။  သူတို့ထဲကမှ မြန်မာ့သမိုင်းရဲ့ အစောပိုင်းကာလ ဖြစ်တဲ့ ပျုခေတ်မှာ  ပေါ်ပေါက်ခဲ့တဲ့ ဗိဿနိုးဘုရင်မ ပန်ထွာဧကရီ ဆိုတဲ့ အမျိုးသမီးပဒေသရာဇ်  ခေါင်းဆောင် အကြောင်းကို ကျနော်သိသလောက် ပြောပြချင်ပါတယ်..။
  သရေခေတ္တရာပြည်တွင် ဒွတ္တပေါင်မင်းကြီး အုပ်စိုးနေစဉ်ကာလအတွင်း  ထီးပြိုင်နန်းပြိုင်အဖြစ် ဗိဿနိုးပြည်တွင် ပန်ထွာဘုရင်မက  အုပ်ချုပ်နေခဲ့သည်။ ( ရာဇ၀င်ကျမ်းများအရ "ပြည်" ဟုသုံးနှုန်းရသော်လည်း  အမှန်မှာ မြို့ပြနိုင်ငံ ( city-state) အဆင့်မျှသာဖြစ်ပါသည်။)
  ပန်ထွာဘုရင်မသည် လူသာမန်မဟုတ်ချေ။ ခမည်းတော်မှာ  တကောင်းမင်းကြီး၏သားတော်အရင်း မဟာသမ္ဘ၀ ဖြစ်ပြီး မယ်တော်မှာ စန္ဒမုခိဘီလူးမ  ဖြစ်သည်။ ( တကောင်းမင်းကြီးက မျက်မမြင်သမ္ဘ၀ညီနောင်ကို  ဧရာဝတီမြစ်အတိုင်းမျှောလိုက်ရာ လမ်းခရီး၌ စန္ဒမုခိဘီလူးမက  ထမင်းခိုးစားသည့်အခါ သမ္ဘ၀ညီနောင်က ရိပ်မိပြီး သတ်မည်ဟု ဘီလူးမလက်ကို  ဆွဲသည်တွင် ဘီလူးမက မဟာသမ္ဘ၀ကို တပ်မက်စိတ်ဖြင့် သာယာမိသည့်အတွက် ပဋိသန္ဓေ  ခသည်ဟုဆို၏။ အံ့ဖွယ်ပင်။)
စန္ဒမုခိဘီလူးမသည် သမီးလေးကို  မွေးပြီးသည့်အခါ ပျူရွာတစ်ရွာအနီးရှိ ဆရာရသေ့ထံ ပညာသင်စေခဲ့သည်။  မိပန်ထွာလေး၏ ထက်မြက်မှုကို အနီးအပါးရှိ ရွာများကပါ သိရှိလာပြီးနောက်  အရွယ်ရောက်သည့်အခါ သူမကိုသာ ခေါင်းဆောင်အဖြစ် တစ်ညီတစ်ညွတ်တည်း  တင်မြောက်ခဲ့ကြသည်။
ပန်ထွာသည် ထိုရွာအပေါင်းတို့ကို စုစည်းကာ  ဗိဿနိုးမြို့ပြနိုင်ငံအဖြစ် ကျုံး၊မြို့ရိုးတို့ဖြင့် အကွက်ချကာ  ဖွဲ့စည်းတည်ထောင်ခဲ့သည်။

Thursday, April 28, 2016

ကရင်လူမျိုးရှင်ဘုရင်ရှိခဲ့ဘူးသလား



ကရင်လူမျိုးဟာ များသောအားဖြင့်မိသားစုပုံစံ ညီကိုမောင်နှမပုံစံ ဆင်းရဲလည်းအတူတူ ချမ်းသာလည်းအတူတူအဆင့်အတန်းမခွဲခြားပဲ ကြီးသူစကားကိုနာခံတတ်ပြီညီညီညွတ်ညွတ်နေထိုင် တတ်တဲ့လူမျိုးဖြစ်တာကြောင့် ရှင်ဘုရင် အာဏာရှင်စနစ်အတော်ကိုရှားပါးခဲ့ပါတယ်။
ဒါကြောင့်လည်းဘုရင်အတော်ရှားခဲ့ကိုတွေ့ရမှာပါ။ဒါပေမဲ့ကရင်လူမျိုးမှာဘုရင်တွေမရှိခဲ့ဘူးလားတော့
မဟုတ်ပါဘူးရှိခဲ့ဘူးပါတယ်။ရှိခဲ့တဲ့ကရင်ရှင်ဘုရင်
တွေအကြောင်းကို အမျိုးများလေ့လာမှတ်သားနိုင်ဖို့ အရှင်ကုမာရ ပန်းတနော် ရေးသားတဲ့
ကရင်ရိုးရာယဉ်ကျေးမှုပဒေသာနှင့်အရိုးကောက်
တရားတော်စာအုပ်ကနေပြီထုပ်နှုတ်တင်ပြပေးလိုက် ရပါတယ်။
ကရင်ရှင်ဘုရင်များ
*****************
ဇယျမြို့
*******
သုဝဏ္ဏဘုမ္မိလို့ခေါ်တဲ့သထုံမြို့ဟာလွန်ခဲတဲ့နှစ်ပေါင်း၂၆၀၀ကျော်ကတိဿသက္ကရာဇာဘုရင်အုပ်ချုပ်ခဲ့ဘူးပါတယ်။တိဿသက္ကရာဇာဘုရင်ဟာဇယျာမြို့သစ်မှာ ၇လတိတိအောင်ပွဲခံစံတော်မူပြီသူ့ရဲ့သူရဲကောင်းကြီးဗျညားဣန္ဒကိုစောဗျသားဣန္ဒသေနရာဇာလို့ဘွဲ့ပေးပြီ မင်းမြောက်တန်ဆာငါးပါးနဲ့မင်းမြောက်ကာဇယျမြို့ကိုအုပ်စိုးစေခဲ့ပါတယ်။

သူတောင်းစား ပုံပြင်


🌟တစ်ခါတုန်းကပေါ့ မြို့တစ်မြို့မှာ သူတောင်းစား တစ်ယောက်ရှိတယ်။
🌟ဆင်းဆင်းရဲရဲ တောင်းစားနေရတာကို မကြည့်ရက်လို့  သိကြားမင်းက လူပြည်ဆင်းလာပြီး  " အသင် လူသား ငါသင့်ကို ကူညီမယ် ဒါပေမဲ့ သင်ဘယ်လိုလုပ်မလဲဆိုတာကိုတော့ အမှန်အတိုင်းပြောပါ " လို့ပြောလိုက်တော့ သူတောင်းစား က " ကောင်းပါပြီ " လို့ပြန်ပြောတော့ သိကြားမင်းက " ငါ နင့်ကို ပိုက်ဆံ ငါးသိန်းပေးရင် သင် ဘာလုပ်မလဲ " ဆိုတော့ သူတောင်းစားက စဉ်းစားပြီး " ဖုန်းဝယ်မယ် " တဲ့၊
🌟သိကြားမင်းက ဖုန်းဝယ်ပြီး ဘာလုပ်မလို့လဲဆိုတော့ သူတောင်းစားသူငယ်ချင်းတွေကို ဖုန်းဆက်ပြီး ဘယ်နေရာတောင်းကောင်းလဲမေးပြီး အဲ့ ဒီနေရာသွားတောင်းမယ်တဲ့၊
🌟သိကြားမင်းက အင်း  ဒီငွေလောက်နဲ့ သူ့ဘဝမပြောင်းဘူးဆိုပြီ ဒါဆို သိန်းငါးဆယ် ပေးမယ် ဘာလုပ်မလဲဆိုတော့ သူတောင်းစား ကတချက်ထပ်တွေးလိုက်တယ်၊ဆိုင်ကယ်တစ်စီး ဝယ်ပြီးတောင်းလို့ ကောင်းတဲ့နေရာတွေကို မြန်မြန်သွားတောင်းလိုက်မှာပေါ့တဲ့၊