တစ်ခါတုန်းကပေါ့ မြို့တစ်မြို့မှာ သူတောင်းစား တစ်ယောက်ရှိတယ်။
ဆင်းဆင်းရဲရဲ
တောင်းစားနေရတာကို မကြည့်ရက်လို့  သိကြားမင်းက လူပြည်ဆင်းလာပြီး " အသင်
လူသား ငါသင့်ကို ကူညီမယ် ဒါပေမဲ့ သင်ဘယ်လိုလုပ်မလဲဆိုတာကိုတော့
အမှန်အတိုင်းပြောပါ " လို့ပြောလိုက်တော့ သူတောင်းစား က " ကောင်းပါပြီ "
လို့ပြန်ပြောတော့ သိကြားမင်းက " ငါ နင့်ကို ပိုက်ဆံ ငါးသိန်းပေးရင် သင်
ဘာလုပ်မလဲ " ဆိုတော့ သူတောင်းစားက စဉ်းစားပြီး " ဖုန်းဝယ်မယ် " တဲ့၊
သိကြားမင်းက
ဖုန်းဝယ်ပြီး ဘာလုပ်မလို့လဲဆိုတော့ သူတောင်းစားသူငယ်ချင်းတွေကို
ဖုန်းဆက်ပြီး ဘယ်နေရာတောင်းကောင်းလဲမေးပြီး အဲ့ ဒီနေရာသွားတောင်းမယ်တဲ့၊
သိကြားမင်းက
အင်း ဒီငွေလောက်နဲ့ သူ့ဘဝမပြောင်းဘူးဆိုပြီ ဒါဆို သိန်းငါးဆယ် ပေးမယ်
ဘာလုပ်မလဲဆိုတော့ သူတောင်းစား ကတချက်ထပ်တွေးလိုက်တယ်၊ဆိုင်ကယ် တစ်စီး ဝယ်ပြီးတောင်းလို့ ကောင်းတဲ့နေရာတွေကို မြန်မြန်သွားတောင်းလိုက်မှာပေါ့ တဲ့၊
သိကြားမင်းက
မဖြစ်သေးပါဘူး ဆိုပြီး သိန်း တစ်ရာပေးမယ်ကွာ... ဘာလုပ်မလဲမေးတော့
သူတောင်းစားက ကားဝယ်ပြီး တစ်မြို့လုံး လိုက်တောင်းမယ်တဲ့၊
သိကြားမင်းက
မဖြစ်ပါဘူး နောက်ဆုံးအနေနဲ့ သိန်းငါးရာပေးမယ် ဘာလုပ်မလဲဆိုတော့
သူတောင်းစားက ပျော်ပြီး ဟာ တစ်မြို့လုံးမှာရှိတဲ့ သူတောင်းစားတွေကို
ပိုက်ဆံပေး နှင်ထုပ်ပြီး တစ်မြို့လုံးကို သူတစ်ယောက်တည်း
တောင်းစားမှာပေါ့တဲ့၊
ဒီပုံပြင်လေးက
အတွေးအခေါ်မရှိတဲ့လူ ကိုဘာပေးပေး ဘာမှမဖြစ်လာပါဘူး ၊အခွင့်အရေး ဘယ်လောက်ရရ
အတွေးအခေါ် မပြောင်းနိုင်သ၍ ကောင်းမွန်တဲ့ ရလဒ် ဆိုတာ မဖြစ်ပေါ်လာပါဘူး။
ဒီသူတောင်းစားလေးကို
ကြည့် ရအောင် ၊သူ့မှာ သူ့လုပ်ငန်းချဲ့ ထွင် ကြီးထွားဖို့ ( Skill set )
ဆိုတဲ့ ကျွမ်းကျင်မှု အပြည့်ရှိပါတယ် ၊ ဒါပေမယ့် ချမ်းသာဖို့ အခွင့်အရေး
ရနေတာတောင် တောင်းစားနေတဲ့( Mind Set ) ကို မပြောင်းလဲ နိုင်တာက သူ့ ဘ၀ ရဲ့
အဖြေ ဖြစ်သွားပါတယ်။
မတူညီ
တဲ့ ကောင်းမွန်တဲ့ဘ၀ ရဲ့ ရလဒ်ကို လိုချင်သူအတွက် မတူညီတဲ့ လုပ်ဆောင်ချက်
တွေကို ပြုလုပ်မယ်ဆိုရင်တော့ သေချာပါတယ် သူများနဲ့မတူတဲ့ အကောင်းဆုံးဆိုတဲ့
ရလဒ်တွေကို တောင့်တလိုက်ရုံနဲ့ ရမယ့် ဘဝမျိုးကို ပိုင်ဆိုင်လာမှာပါ။
★★★ Change your brain,change your Life ★★★
ကမ္ဘာကြီးပြောင်းလဲနေတာကို မသိသေးသောသူများ အတွက် ရည်ရွယ်ပါသည်။★★★ Change your brain,change your Life ★★★
Credit , Ei mon thet
No comments:
Post a Comment