Sunday, April 2, 2017

အဘိဓမၼာ

****Unicode****

အဘိဓမ္မာ ဆိုတာ ဘာလဲ
******************************

အဘိဓမ္မာ ဆိုတာ ဘာလဲဆိုရင် …
The nature of our life ပဲ။
ဘဝရဲ့ သဘာဝကို … အသေးစိတ် ပြောထားတာကို
အဘိဓမ္မာ ခေါ်ပါတယ် … ။

အင်ဂျင်နီယာသင်တဲ့ ကျောင်းသားတွေကွာ။
မော်တော်ကားတစင်းကို …
ဘယ်လို တည်ဆောက်ထားသလဲ။
မော်တော်ကားတစင်းထဲမှာ …
ပစ္စည်းအရာဝတ္ထုလေးတွေ ဘယ်နှစ်မျိုးလောက်ပါဝင်သလဲ။
မင်းတို့ သင်ရတယ် မဟုတ်လား။
ဘယ်လိုပေါင်းစပ်တယ်။
ဟာ အဖုံးကြီး ဆွဲဖွင့်လိုက်တာနဲ့ အထဲမှာ ရှုပ်ပွနေတာပဲ။
ကြိုးတွေ၊ ပိုက်တွေ၊ ဂေါက်တွေ၊ ဂွတွေ၊
အဲဒီလို စနစ်တကျ မော်တော်ကား တစင်း တည်ဆောက်ထားသလို …
ရေဒီယိုတလုံး တည်ဆောက်ထားသလို …
ဟောဒီ Body structure
(ခန္ဓာကိုယ် တည်ဆောက်ထားမှု ) ကို သင်ရမယ် … ။

ဒီတော့ ဒီတခုကို ဘာတွေနဲ့၊ ဘာတွေနဲ့ ပေါင်းစပ်ပြီးတော့
ဘယ်လိုများ အချိုးညီညီ တည်ဆောက်ထားသလဲဆိုတာ
အဲဒီ အတတ်ပညာဟာ ဘာလဲဆိုရင် … အဘိဓမ္မာ။
သုံးလုံတည်းပဲ။
ဘာတွေလဲ ဆိုရင် ……
စိတ်ရယ်၊
စေတသိက်ရယ်၊
ရုပ်ရယ်။

ဘာတွေလဲ ???

စိတ်, စေတသိက်, ရုပ်ပါဘုရား။

စိတ်-၈၉-ပါးရှိတယ်။
စေတသိပ် ၅၂-ပါးရှိတယ်။
ရုပ် ၂၈-ပါးရှိတယ်။
လူဆိုလို့ရှိရင် စိတ် ဘယ်လောက်၊
စေတသိက် ဘယ်လောက်၊
ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့
ဘယ်လို၊ ဘယ်လို တည်ဆောက်၊
ခွေး၊ ဝက်၊ ကြက်၊ ငှက် တိရစ္ဆာန်ဆိုရင် …
စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊
ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ တည်ဆောက်၊
နတ်ဗြဟ္မာဆိုရင် ဘယ်လို၊
ရဟန္တာဆိုရင် ဘယ်လို၊
အဲဒီလို ပုဂ္ဂိုလ်
အမျိုးအစားတွေကို လိုက်ပြီးတော့၊
ဘဝအမျိုးမျိုးတွေကို လိုက်ပြီးတော့ ……
စိတ်အမျိုးအစားတွေကို၊
စေတသိက် အမျိုးအစားတွေကို၊
ရုပ်အမျိုးအစားတွေကို ……
သူ့ဟာနဲ့သူ စနစ်တကျ၊ … အချိုးကျ၊ပေါင်းစပ် …… တည်ဆောက်ပုံကို ဖော်ပြတာဟာ …  အဘိဓမ္မာ … ။

The nature of mentality and materiality
ရုပ် နာမ်တို့၏ သဘာဝ၊
အဲဒါဟာ ဘာခေါ်လဲ၊ အဘိဓမ္မာ။
အဘိဓမ္မာ ခုနစ်ကျမ်းဆိုတဲ့ စာအုပ်ကိုလှမ်းမကြည့်နဲ့၊ လှမ်းမကြည့်နဲ့ ……
မင်းတို့တွေ အဘိဓမ္မာခုနစ်ကျမ်းကို လှမ်းကြည့်ရင် …
အကုန်လုံး လန့်သွားမှာ၊
စာအုပ်က နည်းတာမှ မဟုတ်ဘဲ။
ဖတ်လဲ ဘာမှနားမလည်ဘူး။
အဲဒီစာအုပ်က ဘာတွေဟောထားသလဲဆိုရင် ……
ဘုရားကိုယ်တိုင် ဟောတာနော်။
စိတ်အကြောင်းရယ်၊
စေတသိက် အကြောင်းရယ်၊
ရုပ် အကြောင်းရယ်၊
အဲဒီအကြောင်းအရာသုံးပါးကို …
အကျယ်တဝင့် ဒီစာအုပ်ကြီးတွေထဲမှာ ရေးမှတ်ထားတာ။
တကယ်တော့ ဗုဒ္ဓရှင်တော်ရဲ့ ဓမ္မက …
စာအုပ်ထဲမှာ ထားဖို့မဟုတ်ဘူး။
လူထဲမှာ ထားရမယ် … ။

                                                                                                                                     
အဘိဓမ္မာသင်ချင်ရင် မင်းကိုယ်မင်း ပြန်ဖတ်
********************************************

လူနဲ့ ဓမ္မနဲ့၊ ဓမ္မနဲ့ လူသားနဲ့၊ တပေါင်းတည်းဖြစ်နေမှ
Dhamma is the light of your life ဖြစ်လာမှာ။
ဓမ္မနဲ့ လူနဲ့ တခြားစီဖြစ်နေရင် …
ကိုယ့်မှာဓမ္မအလင်းရောင် မရှိဘူး။
အဲဒါကြောင့် အမေရိကန်ကြီးတယောက်က …
ဘုန်းကြီးကို မေးတယ်။
ကိုယ်တော် တပည့်တော် အဘိဓမ္မာ သင်ချင်တယ်တဲ့။
How to learn the Abhidhamma?
Teach me Abhidhamma.
What is Abhidhamma? တဲ့။
သူက မေးခွန်းတွေနဲ့။
ဟေ့ Abhidhamma is your body. … ဟုတ်လား။
Don't read any book. You must read yourself.
မင်းကိုယ်ကိုယ် မင်းပြန်ဖတ်။
စိတ်က ဘယ်မှာရှိသလဲ ???  ဒီမှာပဲ၊ ကိုယ်မှာပဲ၊ စေတသိက်ကော ကိုယ်မှာ၊ ရုပ်တွေကော၊
စိတ် စေတသိက် ရုပ်က ဒီမှာပဲရှိတာ။
ဒီကိုယ်ခန္ဓာကြီး ပြန်ဖတ်မှ …
စိတ်၊ စေတသိက်၊ ရုပ်ကို …  တကယ်သိမှာ။
ဒီစာအုပ် ခဏထား။
မင်း ကိုယ်ကို မင်းပြန်ဖတ်ရင် ……
မင်း အဘိဓမ္မာ …  တကယ်တတ်သွားမယ် … ။

How to read myself  ?   သူကပြောတယ်။
ကျုပ်ကိုကိုယ် ကျုပ် ဘယ်လိုဖတ်မလဲ။
အေး ကောင်းပြီ …
" You must sit on the floor,in the cross legged position,
place your right hand on top of your left hand,
close your eyes slowly,
focus your mind at the tip of your nose."
ဟိုလူကို ဖတ်ခိုင်းပြီနော်။
တင်ပျဉ်ခွေထိုင်ပါ။
ကိုယ်ကို ဖြောင့်ဖြောင့်ထား။
မျက်လုံးကို ဖြည်းဖြည်းလေး မှိတ်၊
ဘယ်ဘက်လက်ပေါ် ညာလက်ကလေး တင်ထား။
Breathe normally, naturally.
မှန်မှန်လေး ရှူ။ ရိုးရိုးလေး အသက် ရှူ။
Focus your mind at the tip of your nose .
နှာသီးဖျားလေးကို ချိန်ထား၊
ဟိုလူက မျက်စိမှိတ် နဖူးကြောတွေ ဘာတွေ ရှုံ့လာတာ။
အဲသလို အရမ်းကြီး စိတ်ကို တင်းမထားနဲ့နော်။
Must be relax. သက်သောင့်သက်သာလေး လုပ်စမ်းပါ။
နှာသီးဖျား ချိန်ဆိုတော့ မျက်လုံး ဖွင့်ကြည့်တယ် … ။

venerable Sir; I'd like to ask you a question.
အို အရှင်ဘုရား၊ တပည့်တော် မေးခွန်းတခု မေးချင်တယ်။

ဟေ့လူ … မင်း နောက်မှ မေး။
မင်းကို ဒီမှာ ထိုင်ပြီး … အဘိဓမ္မာ ဖတ်ခိုင်းနေတာ … ။

နေပါဦး နောက်မှ ဖတ်ပါရစေတဲ့၊ အခု မေးချင်သေးတယ်၊၊

မင်းတို့နဲ့များ ကွာတယ်နော်။
ဟိုလူကတော့ ထိုင်ခိုင်းကာရှိသေးတယ်၊
မေးနေပြီ။ မမေးနဲ့ဦး၊ နောက်မှမေး။
မင်းစိတ် နှာသီးဖျား ချိန်ထား။

I miss my mind at the tip of nose.
စိတ်က နှာသီးဖျား ချိန်လို့ မရဘူး။
ချော်ချော်ထွက်သွားတယ်။  သူက ဒီလိုပြောတယ် … ။

Ok I like.
You must understand one thing Abhidhamma
This is called agitation.
ချိန်လို့မရဘူး။ လွဲနေတယ်။ လှုပ်နေတယ်၊
Creak ဖြစ်နေတယ်။
ဘာခေါ်လဲ။ ဥဒ္ဓစ္စ တဲ့။
စေတသိက်တလုံး သူပြောလိုက်တယ်။
စိတ်တွေ လှုပ်ရှားပြေးသွားနေတာကို ဘာခေါ်လဲ၊
ဥဒ္ဓစ္စ သင်ကြ။  ကိုယ်ကိုယ်ကို သင်၊ ဥဒ္ဓစ္စ။
Concentrated ဒီမှာ ချိန်လို့မြဲပြီဆိုလို့ရှိရင် ……
မင်းနားလည်လာပြီ။
အဘိဓမ္မာ တလုံး၊ သမာဓိ ဟုတ်လား။
အဲဒီလို သင်သွားတာ။
နောက်တော့ သူ ကြိုက်သွားတယ် … ။

                                                                                                                                                                                                                                                                

ဗုဒ္ဓကိုးကွယ်ပေမယ့် စည်းကမ်းမရှိလျှင်
**************************************

သုတ္တန် … The way of life,
ဝိနည်း … discipline,
အဘိဓမ္မာ … the nature of our body
           or our life,   This is Tipitaka,
           three baskets of Buddha’s teaching.
ဘုရားတို့ ရဲ့ အဆုံးအမပိဋကတ် သုံးပုံ။
အဲဒါ ဘာလုပ်ဖို့လဲ။
To be learnt …  သင်ဖို့။
After learning … သင်ပြီးရင် ဘာဆက်လုပ်မလဲ။
To be practiced …  ကျင့်ဖို့။
ဘာရှိသလဲ။
သီလ သမာဓိ ပညာ။
သီလ ထပ်ပြောစရာ မလိုတော့ဘူး။
Bodily discipline, Verbal discipline. ………

ကာယကံ စည်းကမ်းသုံးချက် ခုနက ပြောထားတယ်နော်။
ဝစီကံ ပါးစပ်ရဲ့ စည်းကမ်းခြောက်ချက်
ခုနက ပြောထားတယ်။
အဲဒီ ကိုယ် နှုတ် နှစ်ပါးရဲ့ စည်းကမ်းတွေကို ဘာခေါ်လဲ။ သီလ။
It is not for worship, not for belief.
ဒီပိဋကတ်သုံးပုံကို
I believe in the Tipitaka.
ငါ ပိဋကတ်သုံးပုံကို ယုံကြည်ပါ၏။
ဗုဒ္ဓဘာသာ ဖြစ်ရဲ့လား။
I worship the Tipitaka.
ငါ ပိဋကတ်သုံးပုံကို ရှိခိုးပါ၏။
ဗုဒ္ဓဘာသာဖြစ်ရဲ့လား။
မဖြစ်ဘူးနော် …… ။

I am learning. …  အဲဒါမှ …
very beginning of Buddhist ဆိုတာ … အဲဒါ။
learning … သင်ရမယ် နော်။
အဲ့ ပိဋကတ်သုံးပုံ သင်ပြီးရင် … ဘာဆက်လုပ်မလဲ။
ကျင့်မယ်။ ……  ဘာကိုလဲ …   သီလ။
ကိုယ်နှုတ်ရဲ့ စည်းကမ်းကို လေ့ကျင့်။
to be a good person.
လူကောင်းတယောက် ဖြစ်လာဖို့ရန်အတွက် … သီလအရေးကြီးတယ်။
ကာယကံမှာ စည်းကမ်းရှိရမယ်။
ဝစီကံမှာ စည်းကမ်းရှိရမယ်။
ဒါ religion ကို မဆိုဘူး။
ဘုန်းကြီးတို့က ဓမ္မကို ပြောနေတာ။
religion ကတော့ ကြိုက်တာကို ကိုးကွယ်။ ကိစ္စမရှိဘူး။
ဘာသာ တစ်ဘာသာတည်းနဲ့ မလုံလောက်ဘူးဆိုရင် …
ရှိတဲ့ဘာသာအကုန် ကိုးကွယ်။ …   ကိစ္စမရှိဘူး။
သို့သော် … အဲဒီစည်းကမ်းတွေ မလိုက်နာရင် …
ဒီလူဟာ …  လူကောင်းကို မဖြစ်ဘူး။
ဒါ အရေးကြီးတာနော် …… ။

                                                                                                                                                    

လူကောင်းဖြစ်ရုံနှင့် လူဖြောင့် ဖြစ်ပါ့မလား
*******************************************

ကောင်းပြီ။
ကိုယ် နှုတ်ရဲ့ စည်းကမ်းကို လိုက်နာရင် …
သီလပြည့်စုံရင် ဘာဖြစ်သလဲ။
Good person တဲ့။
လူကောင်း … ဒါပေမဲ့ ……
ကာယကံ စည်းကမ်းကောင်းလို့ … မလွန်ကျူးးဘူး။
ဝစီကံ စည်းကမ်းကောင်းလို့ …
ပါးစပ်နဲ့ လွန်ကျူးးတာလဲ မရှိဘူး။
ကိုယ်နှုတ်မှာ ဘာပြစ်မှုမှ မရောက်လို့
He, she, they become a good person but there are many many violation.
ဘာလဲ။ ကိုယ်နှုတ်ကတော့ မလွန်ကျူးးပါဘူး။
လူ ကောင်းတွေပဲ။
စိတ်ထဲကတော့ သောင်းကျန်းနေတာ … အားကြီးပဲ။
အဲဒါ ……  ပိုခက်လာတယ်။
ဒါ another stage. …  ပိုခက်လာတယ်နော်။
to be right person.
ဖြောင့်မတ်တဲ့လူတယောက် ဖြစ်လာဖို့ရန်အတွက်
We must control our mental violation.
စိတ်ရဲ့ ဆူပူသောင်းကျန်းမှုတွေကို ထိန်းထားရမယ်။
How to control ???
ဘယ်လိုထိန်းမလဲ ဆိုရင် …
ကျင့်နည်းကြံနည်းလေးတွေ … ပြောဖို့အချိန်မရဘူး။ သမထကျင့်စဉ်ကို …  ကျင့်ရင် …
စိတ်ဓာတ်သောင်းကျန်းမှု အကုန်လုံး … ငြိမ်သွားတယ်။
အဲဒါကြောင့် သမထကမ္မဋ္ဌာန်းကို …
tranquillity meditation လို့ ခေါ်တယ် နော် … ။

သမထဆိုတဲ့ စကားလုံးလေးက …
ငြိမ်းချမ်းစေသော ကျင့်စဉ်၊
စိတ်ကို တနေရာတည်းမှာ ထား၊
ဝီရိယနဲ့ သတိနဲ့ ညှပ်ပြီးတော့ ထိန်း။
တနေရာတည်းမှာ ထားလို့ … နှာသီးဖျားပဲ ပြောပြော။ ဘယ်နားဖြစ်ဖြစ်ပေါ့။
ဟောဒီ မက်ကရိုဖုန်းလေးပေါ် …  ထားမလား။
သို့မဟုတ် ……
ဟောဒီ မီးတိုင်လေး ထွန်းပြီးတော့ …  ထားမလား။
သို့မဟုတ် … ရေခွက်လေးထဲ စိုက်ကြည့်နေ။
သို့မဟုတ်လည်း ပန်းပွင့်လေးတပွင့် ရှေ့မှာ လှလှပပထား။
အဲဒီ ပန်းပွင့်လေး စိုက်ကြည့်နေ။
Concentration ရရင် … ဒါပြီးတာပဲ။
နည်းပေါင်း … လေးဆယ် …  ရှိတယ်။
ဘာနဲ့ပဲလုပ်လုပ် …  ဖြစ်တယ် … ။

ကြိုက်လို့ရှိရင် … လုပ်ကြည့်။
မိမိတို့နေတဲ့အခန်းလေးကို … လုံနေအောင် ပိတ်။
မနက် နေလာတဲ့အချိန်မှာ …
အရှေ့က တံခါးပေါက်မှာ … လေ သေးသေးလေး
ခဲတံလုံးလောက် မရှိတရှိ အပေါက်ကလေး ဖောက်။
အဲဒီက အလင်းရောင်လေး ဝင်လာမှာ မဟုတ်လား။
အဲဒါတွေကို … စိုက်ကြည့်
Concentration ဖြစ်ရင် …
ဒါလဲ … meditation ဖြစ်တာပဲ။ …… ရတယ်။ 
ဟာ …  နောက်လုပ်ချင်သေးသလား။
အဝိုင်းလေး တဝိုင်းလောက် … ပန်းကန်ပြားလောက် ဖြူဖြူစက်ဝိုင်းလေး တဝိုင်းလောက် … နံရံမှာ ရေးထား။
အဖြူလေး … ချောမွတ် ညီနေရမယ်။
အဲဒါ စိုက်ကြည့်ပြီးတော့ …  concentrate လုပ်။
အဖြူရောင် မကြိုက်ရင်လဲ … အနီရောင်ပေါ့။
အဲဒါ မကြိုက်ရင်လဲ … အပြာရောင်ပေါ့။
အဲဒါ မကြိုက်ရင်လဲ … အဝါရောင်ပေါ့။
အဲဒါဟာ ဘာလဲဆိုရင် … tranquillity meditation.

အဲဒီလို တခုတည်းသောအာရုံမှာ စိတ်ကိုတင်ထားလို့၊
စိတ်ဟာ မြဲလို့ ငြိမ်နေပြီဆိုလို့ရှိရင်လေ
စိတ်ရဲ့ hindrances ခေါ်တဲ့ …
နီဝရဏတွေ စိတ်ရဲ့ disturbance လို့လဲ ခေါ်မယ်ပေါ့။
အနှောက်အယှက်တွေ၊
အပိတ်အပင် အဆီးအတား …
စိတ်အညစ်အကြေးတွေ … ရှင်းသွားလို့ …
ခွက်တခွက်ထဲမှာ … ရေထည့်။
ရေဟာ … လှုပ်လဲ မနေစေနဲ့။
မီးထိုးထားလို့ … အခိုးလဲ ထွက်မနေစေနဲ့။
ဆေးရောင်စုံ ဆိုးထားလို့ … ရောင်စုံတွေလဲ ဖြစ်မနေစေနဲ့။
အောက်က …  အနည်လဲ မထစေနဲ့။
အပေါ်ကဖုံတွေလဲ … မလွှမ်းစေနဲ့။
ဘယ်နှစ်ပါးလဲ … ။

ရေခွက်ထဲ ငံ့ုကြည့်၊ ဘာတွေ့လဲ။
အရိပ်တွေ့တယ်။
အဲဒီတော့ …
ညီတွေ ညီမတွေ အားလုံး စိတ်ထဲမှာ …
အဲဒီလို အပြစ်ငါးပါးကင်းတဲ့ …
ကြည်အေး ငြိမ်နေတဲ့ … စိတ်ကလေး ဖြစ်လာအောင်
သမထကျင့်စဉ်ဆိုတာ … ကျင့်ကောင်းတယ်။
ဘယ်သူကျင့်ကျင့် …
Buddhist or non Buddhist,
Christion or Islam or Hindu
or anybody can practice,
anybody can attain the mental happiness.
ဘယ်သူမဆို … စိတ်ချမ်းသာခြင်းကို ရနိုင်တယ်။
စိတ်သောင်းကျန်းမှုတွေကို ငြိမ်စေတဲ့ နည်းဟာ ……
ဒီနည်းပဲ ရှိတယ် ။
It is not religion. It is not for worship.
It is not for belief but to be into practice
ကျင့်မှ …  ရမယ်။
ယုံကြည်နေရုံနဲ့ …  ရမှာမဟုတ်ဘူး … ။

ဆေးသောက်ဖြစ်အောင် သောက်ကြပါ
****************************************

ငါ ဖျားနေတယ်။
အဖျားပြတ်ဆေး … ငါ ယုံကြည်ပါတယ်နော်။
ဘယ်တော့မှ … အဖျားမပျောက်ဘူး။
ဆရာဝန်ကြီးက … ရေးပေးလိုက်တယ်။
မင်း အဖျား … ဘာကြောင့်ဖျားတာ။
ဒီဂရီ … ဘယ်လောက်ရှိတယ်။
ဘာ … အစားရှောင်။
အစာအိမ် … ဘာဖြစ်နေတယ်။
ဘာ … ဆေးသောက်။
မနက်ဘယ်နှစ်လုံး။ ည ဘယ်နှစ်လုံး။
နေ့ ဘယ်နှစ်လုံးသောက်၊ ရေးပေးလိုက်တယ်။
ဆရာဝန်ကရေးပေးတာ။
ဟာ … သိပ်တော်တဲ့ ဒေါက်တာဆိုပြီး …
ကိုယ့်နေရာကိုယ် ရောက်တော့ …
ဆေးပုလင်းလေး ဘေးချ။
ဆေးပုလင်းလဲ … ယုံကြည်တယ်။
ဆရာဝန်လဲ … ယုံကြည်တယ်။
ဆေးအညွှန်းလဲ … ယုံကြည်တယ်။
ဆေးအညွှန်းကြီးဖတ်နေ၊ ရောဂါ ပျောက်မလား … ။

ဒီကနေ့ ကမ္ဘာလူသားတွေက …
ဆေးညွှန်းတောင် ကောင်းကောင်း
မဖတ်ချင်တော့ဘူး ဖြစ်လာတယ်။
ပိဋကတ်သုံးပုံဆိုတာ …  ဆေးညွှန်းတွေဟုတ်လား။
အခုပြောနေတာ သီလ သမထ။
နောက် တတိယအဆင့် ဝိပဿနာ။  … အဲဒါ ဆေးနော်။
သီလဆေး သောက်ရင် …
ကာယကံ ဝစီကံမှာ ဘာဖြစ်လဲ … အပြစ်ကင်းသွားမယ်။
သမထ ဆေးသောက်ရင် …
မနောကံ စိတ်ရဲ့ သောင်းကျန်းမှုတွေ ငြိမ်းအေးသွားမယ်နော်။
ဝိပဿနာဆေးကို သောက်မယ်ဆိုရင်တော့ …
စိတ်ရဲ့ … ဟိုအထဲမှာ စွဲနေတဲ့ … ရောဂါရဲ့ အမြစ်ကို …
ဆရာက ဆေးကောင်းကောင်းနဲ့ … နုတ်လိုက်သလိုပေါ့။
ဝိပဿနာများ လုပ်လိုက်ပြီဆိုလို့ရှိရင် ………
စိတ်အညစ်အကြေးတွေ အကုန်လုံး သန့်ရှင်းသွားမယ် … ။

                                                                                             
သူတော်သူမြတ်ဖြစ်ချင်လျှင်
***************************

You will attain purification of mind in this very life.
စိတ်ရဲ့ သန့်ရှင်းမှုကို ရသွားမယ်။
At that time, you will becomea noble person.
ဘယ်နှစ်ဆင့်လဲ။
To be a good person
လူကောင်းတယောက်ဖြစ်ဖို့
practice Sila, To be a right person.
ဖြောင့်မတ်တဲ့စိတ် ပိုင်ရှင်တယောက် ဖြစ်လာဖို့ရာအတွက်
You should practice Samatha. To be a Noble person,
စာလုံးပေါင်း မမှားစေနဲ့။
သူတော် သူမြတ်တယောက် ဖြစ်လာဖို့အတွက်
We should practice insight meditation, Vipassana.

ဝိပဿနာဆိုတာ ဘာလဲဆိုရင် … စောစောက ပြောခဲ့ပြီ။
ဟို အမေရိကန်ကြီးကို … အဘိဓမ္မာ ဖတ်ဆိုတော့
ဘုန်းကြီး ဘယ်မှာဖတ်ခိုင်းလဲ။
ကိုယ်ထဲမှာ ဖတ်ရတယ်။
ဝိပဿနာဆိုတာ …  ကိုယ့်ကိုယ်ထဲရှိတဲ့ အရှိတွေကို …
အရှိအတိုင်း သိအောင်၊
အဲဒီ အရှိတရားတွေ …
တခုနဲ့တခု ဘယ်လို … interdependent ဖြစ်ပြီးတော့ တည်ဆောက်ထားတယ်ဆိုတာကို ……
အမှန်အတိုင်း မြင်အောင် ကြည့်တဲ့နည်းဟာ … ဘာလဲ
ဝိပဿနာ ပဲ … ။

အဲဒီဝိပဿနာ အားထုတ်လို့ရှိရင် …
စိတ်အညစ်အကြေးတွေ အကုန်လုံး  ဘာဖြစ်လဲ။
သန့်ရှင်းသွားတယ်။
အဲဒီတော့ … ထိုသူ ဘာဖြစ်လဲ။
Noble person သူတော်သူမြတ်တယောက်ဖြစ်လာမယ်။
ဘယ်နှစ်ဆင့်လဲ … သီလကျင့် လူကောင်းဖြစ်မယ်။
သမထကျင့် … လူဖြောင့်ဖြစ်မယ်။
ဝိပဿနာကျင်ရင် ………
သူတော်သူမြတ်တယောက် ဖြစ်လာမယ် … ။

ကျင့်စဉ် ဘယ်နှစ်မျိုးလဲ ??
သီလ သမာဓိ ပညာ …… ဒီသုံးမျိုးက ဘာလုပ်မလဲ။
To be practice.
အဲဒီ သီလ သမာဓိ ပညာ သုံးမျိုးကို ကျင့်လိုက်လို့ရှိရင်
We will realize the true nature of our life.
ဘဝရဲ့ အမှန်တရားတွေကို …   နားလည်လာမယ်။
ဘဝအမှန်ဆိုတော့ ……  သစ္စာတရားပေါ့ … ။

ဒါကြောင့် … ဗုဒ္ဓရဲ့ အဆုံးအမများသည် ……
ကိုးကွယ်ဖို့ …   religion မဟုတ်ဘူး။
သင်ဖို့ …  ဓမ္မ နော်။
ရှိခိုးဖို့ ယုံကြည်ဖို့ …  religion မဟုတ်ဘူး။
ကျင့်ဖို့ …  ဓမ္မ။
ယုံကြည်နေရုံမျှနဲ့ လုံလောက်တဲ့ Religion မျိုး မဟုတ်ဘူး။
သိရှိနားလည်အောင် လုပ်ရမယ့် …  ဓမ္မ။
အဆင့် ဘယ်နှစ်ဆင့်လဲ။
ဓမ္မအဆင့် သုံးဆင့်ကို ကျင့်ရင် …
ဒီပုဂ္ဂိုလ်တွေ ဓမ္မအဆင့် ဘယ်နှစ်ဆင့် တက်လာမလဲ။
to be a good person, to be a right person,
to be a noble person. လို့ ဘဝအဆင့် သုံးဆင့် မြင့်တက်လာမယ်။
လူသားတိုင်းရဲ့ ဘဝကို အဲဒီလို …
အဆင့်ဆင့် မြင့်တက်စေတဲ့ အဆုံးအမများကို ဘာခေါ်လဲ။
Buddha’s teaching …  ဒီလို ခေါ်ပါတယ် …… ။    ။

                                                                                                                                                                                                          

((( သီတဂူ ဆရာတော်ဘုရားကြီး )))

                                                                                                                                                                                ****Zawgyi*****

အဘိဓမၼာ ဆိုတာ ဘာလဲ
******************************

အဘိဓမၼာ ဆိုတာ ဘာလဲဆိုရင္ …
The nature of our life ပဲ။
ဘ၀ရဲ႔ သဘာ၀ကို … အေသးစိတ္ ေျပာထားတာကို
အဘိဓမၼာ ေခၚပါတယ္ … ။

အင္ဂ်င္နီယာသင္တဲ့ ေက်ာင္းသားေတြကြာ။
ေမာ္ေတာ္ကားတစင္းကို …
ဘယ္လို တည္ေဆာက္ထားသလဲ။
ေမာ္ေတာ္ကားတစင္းထဲမွာ …
ပစၥည္းအရာ၀တၳဳေလးေတြ ဘယ္ႏွစ္မ်ိဳးေလာက္ပါ၀င္သလဲ။
မင္းတို႔ သင္ရတယ္ မဟုတ္လား။
ဘယ္လိုေပါင္းစပ္တယ္။
ဟာ အဖံုးႀကီး ဆြဲဖြင့္လိုက္တာနဲ႔ အထဲမွာ ရႈပ္ပြေနတာပဲ။
ႀကိဳးေတြ၊ ပိုက္ေတြ၊ ေဂါက္ေတြ၊ ဂြေတြ၊
အဲဒီလို စနစ္တက် ေမာ္ေတာ္ကား တစင္း တည္ေဆာက္ထားသလို …
ေရဒီယိုတလံုး တည္ေဆာက္ထားသလို …
ေဟာဒီ Body structure
(ခႏၶာကိုယ္ တည္ေဆာက္ထားမႈ ) ကို သင္ရမယ္ … ။

ဒီေတာ့ ဒီတခုကို ဘာေတြနဲ႔၊ ဘာေတြနဲ႔ ေပါင္းစပ္ျပီးေတာ့
ဘယ္လိုမ်ား အခ်ိဳးညီညီ တည္ေဆာက္ထားသလဲဆိုတာ
အဲဒီ အတတ္ပညာဟာ ဘာလဲဆိုရင္ … အဘိဓမၼာ။
သံုးလံုတည္းပဲ။
ဘာေတြလဲ ဆိုရင္ ……
စိတ္ရယ္၊
ေစတသိက္ရယ္၊
ရုပ္ရယ္။

ဘာေတြလဲ ???

စိတ္, ေစတသိက္, ရုပ္ပါဘုရား။

စိတ္-၈၉-ပါးရွိတယ္။
ေစတသိပ္ ၅၂-ပါးရွိတယ္။
ရုပ္ ၂၈-ပါးရွိတယ္။
လူဆိုလို႔ရွိရင္ စိတ္ ဘယ္ေလာက္၊
ေစတသိက္ ဘယ္ေလာက္၊
ရုပ္ ဘယ္ေလာက္ ေပါင္းစပ္ျပီးေတာ့
ဘယ္လို၊ ဘယ္လို တည္ေဆာက္၊
ေခြး၊ ၀က္၊ ၾကက္၊ ငွက္ တိရစၧာန္ဆိုရင္ …
စိတ္ ဘယ္ေလာက္၊ ေစတသိက္ ဘယ္ေလာက္၊
ရုပ္ ဘယ္ေလာက္ ေပါင္းစပ္ျပီးေတာ့ တည္ေဆာက္၊
နတ္ျဗဟၼာဆိုရင္ ဘယ္လို၊
ရဟႏၲာဆိုရင္ ဘယ္လို၊
အဲဒီလို ပုဂၢိဳလ္
အမ်ိဳးအစားေတြကို လိုက္ျပီးေတာ့၊
ဘ၀အမ်ိဳးမ်ိဳးေတြကို လိုက္ျပီးေတာ့ ……
စိတ္အမ်ိဳးအစားေတြကို၊
ေစတသိက္ အမ်ိဳးအစားေတြကို၊
ရုပ္အမ်ိဳးအစားေတြကို ……
သူ႔ဟာနဲ႔သူ စနစ္တက်၊ … အခ်ိဳးက်၊ေပါင္းစပ္ …… တည္ေဆာက္ပံုကို ေဖာ္ျပတာဟာ …  အဘိဓမၼာ … ။

The nature of mentality and materiality
ရုပ္ နာမ္တို႔၏ သဘာ၀၊
အဲဒါဟာ ဘာေခၚလဲ၊ အဘိဓမၼာ။
အဘိဓမၼာ ခုနစ္က်မ္းဆိုတဲ့ စာအုပ္ကိုလွမ္းမၾကည့္နဲ႔၊ လွမ္းမၾကည့္နဲ႔ ……
မင္းတို႔ေတြ အဘိဓမၼာခုနစ္က်မ္းကို လွမ္းၾကည့္ရင္ …
အကုန္လံုး လန္႔သြားမွာ၊
စာအုပ္က နည္းတာမွ မဟုတ္ဘဲ။
ဖတ္လဲ ဘာမွနားမလည္ဘူး။
အဲဒီစာအုပ္က ဘာေတြေဟာထားသလဲဆိုရင္ ……
ဘုရားကိုယ္တိုင္ ေဟာတာေနာ္။
စိတ္အေၾကာင္းရယ္၊
ေစတသိက္ အေၾကာင္းရယ္၊
ရုပ္ အေၾကာင္းရယ္၊
အဲဒီအေၾကာင္းအရာသံုးပါးကို …
အက်ယ္တ၀င့္ ဒီစာအုပ္ႀကီးေတြထဲမွာ ေရးမွတ္ထားတာ။
တကယ္ေတာ့ ဗုဒၶရွင္ေတာ္ရဲ႔ ဓမၼက …
စာအုပ္ထဲမွာ ထားဖို႔မဟုတ္ဘူး။
လူထဲမွာ ထားရမယ္ … ။

                                                                                                                                     
အဘိဓမၼာသင္ခ်င္ရင္ မင္းကိုယ္မင္း ျပန္ဖတ္
********************************************

လူနဲ႔ ဓမၼနဲ႔၊ ဓမၼနဲ႔ လူသားနဲ႔၊ တေပါင္းတည္းျဖစ္ေနမွ
Dhamma is the light of your life ျဖစ္လာမွာ။
ဓမၼနဲ႔ လူနဲ႔ တျခားစီျဖစ္ေနရင္ …
ကိုယ့္မွာဓမၼအလင္းေရာင္ မရွိဘူး။
အဲဒါေၾကာင့္ အေမရိကန္ႀကီးတေယာက္က …
ဘုန္းႀကီးကို ေမးတယ္။
ကိုယ္ေတာ္ တပည့္ေတာ္ အဘိဓမၼာ သင္ခ်င္တယ္တဲ့။
How to learn the Abhidhamma?
Teach me Abhidhamma.
What is Abhidhamma? တဲ့။
သူက ေမးခြန္းေတြနဲ႔။
ေဟ့ Abhidhamma is your body. … ဟုတ္လား။
Don't read any book. You must read yourself.
မင္းကိုယ္ကိုယ္ မင္းျပန္ဖတ္။
စိတ္က ဘယ္မွာရွိသလဲ ???  ဒီမွာပဲ၊ ကိုယ္မွာပဲ၊ ေစတသိက္ေကာ ကုိယ္မွာ၊ ရုပ္ေတြေကာ၊
စိတ္ ေစတသိက္ ရုပ္က ဒီမွာပဲရွိတာ။
ဒီကိုယ္ခႏၶာႀကီး ျပန္ဖတ္မွ …
စိတ္၊ ေစတသိက္၊ ရုပ္ကို …  တကယ္သိမွာ။
ဒီစာအုပ္ ခဏထား။
မင္း ကိုယ္ကုိ မင္းျပန္ဖတ္ရင္ ……
မင္း အဘိဓမၼာ …  တကယ္တတ္သြားမယ္ … ။

How to read myself  ?   သူကေျပာတယ္။
က်ဳပ္ကိုကိုယ္ က်ဳပ္ ဘယ္လိုဖတ္မလဲ။
ေအး ေကာင္းျပီ …
" You must sit on the floor,in the cross legged position,
place your right hand on top of your left hand,
close your eyes slowly,
focus your mind at the tip of your nose."
ဟိုလူကို ဖတ္ခိုင္းျပီေနာ္။
တင္ပ်ဥ္ေခြထိုင္ပါ။
ကိုယ္ကို ေျဖာင့္ေျဖာင့္ထား။
မ်က္လံုးကို ျဖည္းျဖည္းေလး မွိတ္၊
ဘယ္ဘက္လက္ေပၚ ညာလက္ကေလး တင္ထား။
Breathe normally, naturally.
မွန္မွန္ေလး ရွဴ။ ရိုးရိုးေလး အသက္ ရွဴ။
Focus your mind at the tip of your nose .
ႏွာသီးဖ်ားေလးကို ခ်ိန္ထား၊
ဟိုလူက မ်က္စိမွိတ္ နဖူးေၾကာေတြ ဘာေတြ ရႈံ႔လာတာ။
အဲသလို အရမ္းႀကီး စိတ္ကို တင္းမထားနဲ႔ေနာ္။
Must be relax. သက္ေသာင့္သက္သာေလး လုပ္စမ္းပါ။
ႏွာသီးဖ်ား ခ်ိန္ဆိုေတာ့ မ်က္လံုး ဖြင့္ၾကည့္တယ္ … ။

venerable Sir; I'd like to ask you a question.
အို အရွင္ဘုရား၊ တပည့္ေတာ္ ေမးခြန္းတခု ေမးခ်င္တယ္။


ေဟ့လူ … မင္း ေနာက္မွ ေမး။
မင္းကို ဒီမွာ ထိုင္ျပီး … အဘိဓမၼာ ဖတ္ခိုင္းေနတာ … ။


ေနပါဦး ေနာက္မွ ဖတ္ပါရေစတဲ့၊ အခု ေမးခ်င္ေသးတယ္၊၊

မင္းတို႔နဲ႔မ်ား ကြာတယ္ေနာ္။
ဟိုလူကေတာ့ ထိုင္ခိုင္းကာရွိေသးတယ္၊
ေမးေနျပီ။ မေမးနဲ႔ဦး၊ ေနာက္မွေမး။
မင္းစိတ္ ႏွာသီးဖ်ား ခ်ိန္ထား။

I miss my mind at the tip of nose.
စိတ္က ႏွာသီးဖ်ား ခ်ိန္လို႔ မရဘူး။
ေခ်ာ္ေခ်ာ္ထြက္သြားတယ္။  သူက ဒီလိုေျပာတယ္ … ။

Ok I like.
You must understand one thing Abhidhamma
This is called agitation.
ခ်ိန္လို႔မရဘူး။ လြဲေနတယ္။ လႈပ္ေနတယ္၊
Creak ျဖစ္ေနတယ္။
ဘာေခၚလဲ။ ဥဒၶစၥ တဲ့။
ေစတသိက္တလံုး သူေျပာလိုက္တယ္။
စိတ္ေတြ လႈပ္ရွားေျပးသြားေနတာကို ဘာေခၚလဲ၊
ဥဒၶစၥ သင္ၾက။  ကိုယ္ကိုယ္ကို သင္၊ ဥဒၶစၥ။
Concentrated ဒီမွာ ခ်ိန္လို႔ျမဲျပီဆိုလို႔ရွိရင္ ……
မင္းနားလည္လာျပီ။
အဘိဓမၼာ တလံုး၊ သမာဓိ ဟုတ္လား။
အဲဒီလို သင္သြားတာ။
ေနာက္ေတာ့ သူ ႀကိဳက္သြားတယ္ … ။

                                                                                                                                                                                                                                                                

ဗုဒၶကိုးကြယ္ေပမယ့္ စည္းကမ္းမရွိလွ်င္
**************************************

သုတၱန္ … The way of life,
၀ိနည္း … discipline,
အဘိဓမၼာ … the nature of our body
           or our life,   This is Tipitaka,
           three baskets of Buddha’s teaching.
ဘုရားတို႔ ရဲ ႔ အဆံုးအမပိဋကတ္ သံုးပံု။
အဲဒါ ဘာလုပ္ဖို႔လဲ။
To be learnt …  သင္ဖို႔။
After learning … သင္ျပီးရင္ ဘာဆက္လုပ္မလဲ။
To be practiced …  က်င့္ဖို႔။
ဘာရွိသလဲ။
သီလ သမာဓိ ပညာ။
သီလ ထပ္ေျပာစရာ မလိုေတာ့ဘူး။
Bodily discipline, Verbal discipline. ………

ကာယကံ စည္းကမ္းသံုးခ်က္ ခုနက ေျပာထားတယ္ေနာ္။
၀စီကံ ပါးစပ္ရဲ႔ စည္းကမ္းေျခာက္ခ်က္
ခုနက ေျပာထားတယ္။
အဲဒီ ကိုယ္ ႏႈတ္ ႏွစ္ပါးရဲ႔ စည္းကမ္းေတြကို ဘာေခၚလဲ။ သီလ။
It is not for worship, not for belief.
ဒီပိဋကတ္သံုးပံုကို
I believe in the Tipitaka.
ငါ ပိဋကတ္သံုးပံုကို ယံုၾကည္ပါ၏။
ဗုဒၶဘာသာ ျဖစ္ရဲ႔လား။
I worship the Tipitaka.
ငါ ပိဋကတ္သံုးပံုကို ရွိခိုးပါ၏။
ဗုဒၶဘာသာျဖစ္ရဲ႔လား။
မျဖစ္ဘူးေနာ္ …… ။

I am learning. …  အဲဒါမွ …
very beginning of Buddhist ဆိုတာ … အဲဒါ။
learning … သင္ရမယ္ ေနာ္။
အ့ဲ ပိဋကတ္သံုးပံု သင္ျပီးရင္ … ဘာဆက္လုပ္မလဲ။
က်င့္မယ္။ ……  ဘာကုိလဲ …   သီလ။
ကိုယ္ႏႈတ္ရဲ႔ စည္းကမ္းကို ေလ့က်င့္။
to be a good person.
လူေကာင္းတေယာက္ ျဖစ္လာဖို႔ရန္အတြက္ … သီလအေရးႀကီးတယ္။
ကာယကံမွာ စည္းကမ္းရွိရမယ္။
၀စီကံမွာ စည္းကမ္းရွိရမယ္။
ဒါ religion ကို မဆိုဘူး။
ဘုန္းႀကီးတို႔က ဓမၼကို ေျပာေနတာ။
religion ကေတာ့ ႀကိဳက္တာကို ကိုးကြယ္။ ကိစၥမရွိဘူး။
ဘာသာ တစ္ဘာသာတည္းနဲ႔ မလံုေလာက္ဘူးဆိုရင္ …
ရွိတဲ့ဘာသာအကုန္ ကိုးကြယ္။ …   ကိစၥမရွိဘူး။
သို႔ေသာ္ … အဲဒီစည္းကမ္းေတြ မလိုက္နာရင္ …
ဒီလူဟာ …  လူေကာင္းကို မျဖစ္ဘူး။
ဒါ အေရးႀကီးတာေနာ္ …… ။

                                                                                                                                                    

လူေကာင္းျဖစ္ရံုႏွင့္ လူေျဖာင့္ ျဖစ္ပါ့မလား
*******************************************

ေကာင္းျပီ။
ကိုယ္ ႏႈတ္ရဲ႔ စည္းကမ္းကို လိုက္နာရင္ …
သီလျပည့္စံုရင္ ဘာျဖစ္သလဲ။
Good person တဲ့။
လူေကာင္း … ဒါေပမဲ့ ……
ကာယကံ စည္းကမ္းေကာင္းလို႔ … မလြန္က်ဴးးဘူး။
၀စီကံ စည္းကမ္းေကာင္းလို႔ …
ပါးစပ္နဲ႔ လြန္က်ဴးးတာလဲ မရွိဘူး။
ကိုယ္ႏႈတ္မွာ ဘာျပစ္မႈမွ မေရာက္လို႔
He, she, they become a good person but there are many many violation.
ဘာလဲ။ ကိုယ္ႏႈတ္ကေတာ့ မလြန္က်ဴးးပါဘူး။
လူ ေကာင္းေတြပဲ။
စိတ္ထဲကေတာ့ ေသာင္းက်န္းေနတာ … အားႀကီးပဲ။
အဲဒါ ……  ပိုခက္လာတယ္။
ဒါ another stage. …  ပိုခက္လာတယ္ေနာ္။
to be right person.
ေျဖာင့္မတ္တဲ့လူတေယာက္ ျဖစ္လာဖို႔ရန္အတြက္
We must control our mental violation.
စိတ္ရဲ႔ ဆူပူေသာင္းက်န္းမႈေတြကို ထိန္းထားရမယ္။
How to control ???
ဘယ္လိုထိန္းမလဲ ဆိုရင္ …
က်င့္နည္းၾကံနည္းေလးေတြ … ေျပာဖို႔အခ်ိန္မရဘူး။ သမထက်င့္စဥ္ကို …  က်င့္ရင္ …
စိတ္ဓာတ္ေသာင္းက်န္းမႈ အကုန္လံုး … ျငိမ္သြားတယ္။
အဲဒါေၾကာင့္ သမထကမၼ႒ာန္းကို …
tranquillity meditation လို႔ ေခၚတယ္ ေနာ္ … ။

သမထဆုိတဲ့ စကားလံုးေလးက …
ျငိမ္းခ်မ္းေစေသာ က်င့္စဥ္၊
စိတ္ကို တေနရာတည္းမွာ ထား၊
၀ီရိယနဲ႔ သတိနဲ႔ ညႇပ္ျပီးေတာ့ ထိန္း။
တေနရာတည္းမွာ ထားလို႔ … ႏွာသီးဖ်ားပဲ ေျပာေျပာ။ ဘယ္နားျဖစ္ျဖစ္ေပါ့။
ေဟာဒီ မက္ကရိုဖုန္းေလးေပၚ …  ထားမလား။
သို႔မဟုတ္ ……
ေဟာဒီ မီးတိုင္ေလး ထြန္းျပီးေတာ့ …  ထားမလား။
သို႔မဟုတ္ … ေရခြက္ေလးထဲ စိုက္ၾကည့္္ေန။
သို႔မဟုတ္လည္း ပန္းပြင့္ေလးတပြင့္ ေရွ႔မွာ လွလွပပထား။
အဲဒီ ပန္းပြင့္ေလး စိုက္ၾကည့္ေန။
Concentration ရရင္ … ဒါျပီးတာပဲ။
နည္းေပါင္း … ေလးဆယ္ …  ရွိတယ္။
ဘာနဲ႔ပဲလုပ္လုပ္ …  ျဖစ္တယ္ … ။

ႀကိဳက္လို႔ရွိရင္ … လုပ္ၾကည့္။
မိမိတို႔ေနတဲ့အခန္းေလးကို … လံုေနေအာင္ ပိတ္။
မနက္ ေနလာတဲ့အခိ်န္မွာ …
အေရွ႔က တံခါးေပါက္မွာ … ေလ ေသးေသးေလး
ခဲတံလံုးေလာက္ မရွိတရွိ အေပါက္ကေလး ေဖာက္။
အဲဒီက အလင္းေရာင္ေလး ၀င္လာမွာ မဟုတ္လား။
အဲဒါေတြကို … စိုက္ၾကည့္
Concentration ျဖစ္ရင္ …
ဒါလဲ … meditation ျဖစ္တာပဲ။ …… ရတယ္။ 
ဟာ …  ေနာက္လုပ္ခ်င္ေသးသလား။
အ၀ိုင္းေလး တ၀ိုင္းေလာက္ … ပန္းကန္ျပားေလာက္ ျဖဴျဖဴစက္၀ိုင္းေလး တ၀ိုင္းေလာက္ … နံရံမွာ ေရးထား။
အျဖဴေလး … ေခ်ာမြတ္ ညီေနရမယ္။
အဲဒါ စိုက္ၾကည့္ျပီးေတာ့ …  concentrate လုပ္။
အျဖဴေရာင္ မႀကိဳက္ရင္လဲ … အနီေရာင္ေပါ့။
အဲဒါ မႀကိဳက္ရင္လဲ … အျပာေရာင္ေပါ့။
အဲဒါ မႀကိဳက္ရင္လဲ … အ၀ါေရာင္ေပါ့။
အဲဒါဟာ ဘာလဲဆိုရင္ … tranquillity meditation.

အဲဒီလို တခုတည္းေသာအာရံုမွာ စိတ္ကိုတင္ထားလို႔၊
စိတ္ဟာ ျမဲလို႔ ျငိမ္ေနျပီဆိုလို႔ရွိရင္ေလ
စိတ္ရဲ႔ hindrances ေခၚတဲ့ …
နီ၀ရဏေတြ စိတ္ရဲ႕ disturbance လို႔လဲ ေခၚမယ္ေပါ့။
အေႏွာက္အယွက္ေတြ၊
အပိတ္အပင္ အဆီးအတား …
စိတ္အညစ္အေၾကးေတြ … ရွင္းသြားလို႔ …
ခြက္တခြက္ထဲမွာ … ေရထည့္။
ေရဟာ … လႈပ္လဲ မေနေစနဲ႔။
မီးထိုးထားလို႔ … အခိုးလဲ ထြက္မေနေစနဲ႔။
ေဆးေရာင္စံု ဆိုးထားလို႔ … ေရာင္စံုေတြလဲ ျဖစ္မေနေစနဲ႔။
ေအာက္က …  အနည္လဲ မထေစနဲ႔။
အေပၚကဖံုေတြလဲ … မလႊမ္းေစနဲ႔။
ဘယ္ႏွစ္ပါးလဲ … ။


ေရခြက္ထဲ ငံ႔ုၾကည့္၊ ဘာေတြ႔လဲ။
အရိပ္ေတြ႔တယ္။
အဲဒီေတာ့ …
ညီေတြ ညီမေတြ အားလံုး စိတ္ထဲမွာ …
အဲဒီလို အျပစ္ငါးပါးကင္းတဲ့ …
ၾကည္ေအး ျငိမ္ေနတဲ့ … စိတ္ကေလး ျဖစ္လာေအာင္
သမထက်င့္စဥ္ဆိုတာ … က်င့္ေကာင္းတယ္။
ဘယ္သူက်င့္က်င့္ …
Buddhist or non Buddhist,
Christion or Islam or Hindu
or anybody can practice,
anybody can attain the mental happiness.
ဘယ္သူမဆို … စိတ္ခ်မ္းသာျခင္းကို ရႏိုင္တယ္။
စိတ္ေသာင္းက်န္းမႈေတြကို ျငိမ္ေစတဲ့ နည္းဟာ ……
ဒီနည္းပဲ ရွိတယ္ ။
It is not religion. It is not for worship.
It is not for belief but to be into practice
က်င့္မွ …  ရမယ္။
ယံုၾကည္ေနရံုနဲ႔ …  ရမွာမဟုတ္ဘူး … ။

ေဆးေသာက္ျဖစ္ေအာင္ ေသာက္ၾကပါ
****************************************

ငါ ဖ်ားေနတယ္။
အဖ်ားျပတ္ေဆး … ငါ ယံုၾကည္ပါတယ္ေနာ္။
ဘယ္ေတာ့မွ … အဖ်ားမေပ်ာက္ဘူး။
ဆရာ၀န္ႀကီးက … ေရးေပးလိုက္တယ္။
မင္း အဖ်ား … ဘာေၾကာင့္ဖ်ားတာ။
ဒီဂရီ … ဘယ္ေလာက္ရွိတယ္။
ဘာ … အစားေရွာင္။
အစာအိမ္ … ဘာျဖစ္ေနတယ္။
ဘာ … ေဆးေသာက္။
မနက္ဘယ္ႏွစ္လံုး။ ည ဘယ္ႏွစ္လံုး။
ေန႔ ဘယ္ႏွစ္လံုးေသာက္၊ ေရးေပးလိုက္တယ္။
ဆရာ၀န္ကေရးေပးတာ။
ဟာ … သိပ္ေတာ္တဲ့ ေဒါက္တာဆိုျပီး …
ကိုယ့္ေနရာကိုယ္ ေရာက္ေတာ့ …
ေဆးပုလင္းေလး ေဘးခ်။
ေဆးပုလင္းလဲ … ယံုၾကည္တယ္။
ဆရာ၀န္လဲ … ယံုၾကည္တယ္။
ေဆးအညႊန္းလဲ … ယံုၾကည္တယ္။
ေဆးအညႊန္းႀကီးဖတ္ေန၊ ေရာဂါ ေပ်ာက္မလား … ။

ဒီကေန႔ ကမၻာလူသားေတြက …
ေဆးညႊန္းေတာင္ ေကာင္းေကာင္း
မဖတ္ခ်င္ေတာ့ဘူး ျဖစ္လာတယ္။
ပိဋကတ္သံုးပံုဆိုတာ …  ေဆးညႊန္းေတြဟုတ္လား။
အခုေျပာေနတာ သီလ သမထ။
ေနာက္ တတိယအဆင့္ ၀ိပႆနာ။  … အဲဒါ ေဆးေနာ္။
သီလေဆး ေသာက္ရင္ …
ကာယကံ ၀စီကံမွာ ဘာျဖစ္လဲ … အျပစ္ကင္းသြားမယ္။
သမထ ေဆးေသာက္ရင္ …
မေနာကံ စိတ္ရဲ႔ ေသာင္းက်န္းမႈေတြ ျငိမ္းေအးသြားမယ္ေနာ္။
၀ိပႆနာေဆးကို ေသာက္မယ္ဆိုရင္ေတာ့ …
စိတ္ရဲ႕ … ဟိုအထဲမွာ စြဲေနတဲ့ … ေရာဂါရဲ႔ အျမစ္ကို …
ဆရာက ေဆးေကာင္းေကာင္းနဲ႔ … ႏုတ္လိုက္သလိုေပါ့။
၀ိပႆနာမ်ား လုပ္လိုက္ျပီဆိုလို႔ရွိရင္ ………
စိတ္အညစ္အေၾကးေတြ အကုန္လံုး သန္႔ရွင္းသြားမယ္ … ။

                                                                                             
သူေတာ္သူျမတ္ျဖစ္ခ်င္လွ်င္
***************************

You will attain purification of mind in this very life.
စိတ္ရဲ႔ သန္႔ရွင္းမႈကို ရသြားမယ္။
At that time, you will becomea noble person.
ဘယ္ႏွစ္ဆင့္လဲ။
To be a good person
လူေကာင္းတေယာက္ျဖစ္ဖို႔
practice Sila, To be a right person.
ေျဖာင့္မတ္တဲ့စိတ္ ပိုင္ရွင္တေယာက္ ျဖစ္လာဖို႔ရာအတြက္
You should practice Samatha. To be a Noble person,
စာလံုးေပါင္း မမွားေစနဲ႔။
သူေတာ္ သူျမတ္တေယာက္ ျဖစ္လာဖို႔အတြက္
We should practice insight meditation, Vipassana.

၀ိပႆနာဆိုတာ ဘာလဲဆိုရင္ … ေစာေစာက ေျပာခဲ့ျပီ။
ဟို အေမရိကန္ႀကီးကို … အဘိဓမၼာ ဖတ္ဆိုေတာ့
ဘုန္းႀကီး ဘယ္မွာဖတ္ခိုင္းလဲ။
ကိုယ္ထဲမွာ ဖတ္ရတယ္။
၀ိပႆနာဆိုတာ …  ကိုယ့္ကိုယ္ထဲရွိတဲ့ အရွိေတြကို …
အရွိအတိုင္း သိေအာင္၊
အဲဒီ အရွိတရားေတြ …
တခုနဲ႔တခု ဘယ္လို … interdependent ျဖစ္ျပီးေတာ့ တည္ေဆာက္ထားတယ္ဆိုတာကို ……
အမွန္အတိုင္း ျမင္ေအာင္ ၾကည့္တဲ့နည္းဟာ … ဘာလဲ
၀ိပႆနာ ပဲ … ။

အဲဒီ၀ိပႆနာ အားထုတ္လို႔ရွိရင္ …
စိတ္အညစ္အေၾကးေတြ အကုန္လံုး  ဘာျဖစ္လဲ။
သန္႔ရွင္းသြားတယ္။
အဲဒီေတာ့ … ထိုသူ ဘာျဖစ္လဲ။
Noble person သူေတာ္သူျမတ္တေယာက္ျဖစ္လာမယ္။
ဘယ္ႏွစ္ဆင့္လဲ … သီလက်င့္ လူေကာင္းျဖစ္မယ္။
သမထက်င့္ … လူေျဖာင့္ျဖစ္မယ္။
၀ိပႆနာက်င္ရင္ ………
သူေတာ္သူျမတ္တေယာက္ ျဖစ္လာမယ္ … ။

က်င့္စဥ္ ဘယ္ႏွစ္မ်ိဳးလဲ ??
သီလ သမာဓိ ပညာ …… ဒီသံုးမ်ိဳးက ဘာလုပ္မလဲ။
To be practice.
အဲဒီ သီလ သမာဓိ ပညာ သံုးမ်ိဳးကို က်င့္လိုက္လို႔ရွိရင္
We will realize the true nature of our life.
ဘ၀ရဲ႔ အမွန္တရားေတြကို …   နားလည္လာမယ္။
ဘ၀အမွန္ဆိုေတာ့ ……  သစၥာတရားေပါ့ … ။

ဒါေၾကာင့္ … ဗုဒၶရဲ႔ အဆံုးအမမ်ားသည္ ……
ကုိးကြယ္ဖို႔ …   religion မဟုတ္ဘူး။
သင္ဖို႔ …  ဓမၼ ေနာ္။
ရွိခိုးဖို႔ ယံုၾကည္ဖို႔ …  religion မဟုတ္ဘူး။
က်င့္ဖို႔ …  ဓမၼ။
ယံုၾကည္ေနရံုမွ်နဲ႔ လံုေလာက္တဲ့ Religion မ်ိဳး မဟုတ္ဘူး။
သိရွိနားလည္ေအာင္ လုပ္ရမယ့္ …  ဓမၼ။
အဆင့္ ဘယ္ႏွစ္ဆင့္လဲ။
ဓမၼအဆင့္ သံုးဆင့္ကို က်င့္ရင္ …
ဒီပုဂၢိဳလ္ေတြ ဓမၼအဆင့္ ဘယ္ႏွစ္ဆင့္ တက္လာမလဲ။
to be a good person, to be a right person,
to be a noble person. လို႔ ဘ၀အဆင့္ သံုးဆင့္ ျမင့္တက္လာမယ္။
လူသားတိုင္းရဲ႔ ဘ၀ကို အဲဒီလို …
အဆင့္ဆင့္ ျမင့္တက္ေစတဲ့ အဆံုးအမမ်ားကို ဘာေခၚလဲ။
Buddha’s teaching …  ဒီလို ေခၚပါတယ္ …… ။    ။

                                                                                                                                                                                                          

((( သီတဂူ ဆရာေတာ္ဘုရားၾကီး )))