Monday, November 30, 2015

Government Unit (ရာထူးအခေါ်အဝေါ်များ)


သမ္မတ (President)
ဒုသမ္မတ (Vice President)
လွှတ်တော် (Parliament)
မြို့တော်ဝန် (Mayor)
ဒုမြို့တော်ဝန် (Vice Mayor)
တိုင်းဒေသကြီးဝန်ကြီးချုပ် (Chief Minister)
တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ် (Union Ministers Region (or) State Ministers)
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် (Chief Minister of Mandalay Region)

ကေလာသ ဆံတော်ရှင် သမိုင်းကြောင်း



ရွှေပါဒ ခြေတော်ချ၍ ဇေယျာ ခ ကေလာသ

မြန်မာနိုင်ငံ သုဝဏ္ဏဘူမိဒေသသို့ မြတ်စွာဘုရားရှင်သည်
ဦးစွာ ပထမ တရားဦးဟောကြားတော်မူပြီး (၇)ရက် သီတင်းသုံးတော်မူ၍ဆံတော်ရှင်ဓါတ်မြတ်များ
ဝေငှရာ ဠာနကြီး ဖြစ်သည့် 
ကေလာသ တောင်တော်
မွန်ပြည်နယ်၊ ဘီးလင်းမြို့ နယ၊် တောင်ကြီး ကျေးရွာတွင်တည်ရှိသည်..။
ကျိုက်ထီးရိုး သမိုင်း နှင့် ဆက်စပ်နေသော ကေလာသ ဆံတော်ရှင် သမိုင်း
မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် ၁၁၁ ခုနှစ်
ဆောင်းဥတုတွင် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွချီတော်မူခဲ့ရာ၊
သထုံဘုရင် တိဿဓမ္မ သီဟရာဇာမင်းနှင့် မှူးမတ်ပြည်သူအပေါင်းတို့က စံကျောင်းတော်မဏ္ဍပ်ကြီးကို ဆောက်လုပ်လှူဒါန်းကြသည်။

ရဟန်းတော်များ ခေါင်းရိတ်ကြရတဲ့ အကြောင်းရင်း


ရဟန်းတော်တွေ ကိုရင်လေးတွေ သီလရှင်လေးတွေ ဘာကြောင့်ခေါင်းရိတ် ကြရတာလဲဆိုတဲ့  အကြောင်းလေးကို သိစေချင်ပါတယ်။အဲဒီအကြောင်းကို အရှင်နာဂသိန်ထေရ်လောင်းလျာ သူငယ်လေးက မေးလို့ အရှင်ရောဟန ထေရ်က ဖြေကြားထားတဲ့ ဆံပင်မှာ ဗလိဗောဓ ကြောင့်ကြဖွယ်အပြစ် ၁၆ ပါးရှိတယ်လို့ဆိုပါတယ်။ အဲဒီ (၁၆) ပါး သောအပြစ်ကြောင့် ရဟန်းတော်များ၊ ကိုရင်များ၊ သီလရှင်များခေါင်းရိတ်ကြရတာ ဖြစ်ပါတယ်။
အဲဒီအပြစ်တစ့်ဆယ်ခြောက်ပါးက ဘာတွေလဲလို့ဆိုတော့...

Cover Letter ရေးနည်း


"အလုပ်ချက်ခြင်းရစေတဲ့ မိတ်ဆက်နည်း(သို့ မဟုတ်)Cover Letter ရေးနည်း"
        “အလုပ်ချက်ခြင်းရစေတဲ့ မိတ်ဆက်နည်း”ဆိုလို့ ဘယ်သူနဲ့ ဘယ်လို ဆွေမျိုးတော်တယ် ဆို ပြီး မိတ်ဆက်တာမျိုး လို့ တော့ မထင်လောက်ပါဘူး။ကိုယ့် အရည်အချင်းကြောင့် ကိုယ့်ကို အထင်ကြီးအောင်၊ ကိုယ့် ကို အလုပ်မခန့် မိရင်တောင် အလုပ်ရှင် အနေနဲ့  နှမျောတသ ဖြစ်သွားအောင်…ကိုယ့်ကိုကိုယ် မိတ်ဆက်နည်းပါ…
(ပထမ..ရေးတုန်းကတော့ Cover Letter မိတ်ဆက်စာ ရေးနည်း အကြောင်း ပြောပြချင်တာပါ။ ဒါပေမယ့် .. အခုခေတ်ကျတော့ CV မှာ Cover Letter ကို သိပ် တချို့နေရာတွေ မှာ ရေးဖို့ မလိုကြတော့ တာတွေ့  ရတယ်။လိုအပ်ရင်တော့ Cover letter ကို ဒီ အတိုင်းရေးကြပါ။ ဒါပေမယ့်  အီးမေလ် နဲ့ CV ကို ပို့ တဲ့ အခါ မျိုးမှာ အီးမေးလ် ထဲမှာ မိတ်ဆက်စာအနေနဲ့ ရေးဖို့သိပ် အသုံးဝင်ပါတယ်။

မြောက်ဦးမြို့တော် အကြောင်း


ရခိုင်ပြည်နယ်
ရှေးရခိုင်မင်းဆက်၏ မြောက်ဦးခေတ်ကာလသည် ၁၄၃၀ မှ ၁၇၈၄ အထိ နှစ်ပေါင်း ၃၅၄နှစ်ရှည်ကြာခဲ့သည်။ ထိုကာလမှာ ရခိုင် မင်းဆက်၏ ကြီးကျယ်ခမ်းနားပြီးဂုဏ်ရောင်ပြောင်သော ရွှေထီးဆောင်း နောက်ဆုံးကာလဖြစ်ခဲ့၍ ယနေ့ထိ ရခိုင်လူမျိုးတိုင်းအတွက် ဂုဏ်ယူစရာကောင်းနေဆဲဖြစ်သည်။
မြောက်ဦးတွင် နေထိုင်ခဲ့ပြီး နန်းတော်အတွင်းဝင်ရောက်ခွင့်ရခဲ့ သော ပေါ်တူဂီဘုန်းတော်ကြီးဖာသာမန်ရီကွိက မြောက်ဦးအကြောင်းကို သူ၏(၁၇)ရာစုမှတ်တမ်းများတွင်အထူးရေးသားဖော်ပြခဲ့သည်။ အံ့ဘွယ် ကောင်းအောင် ကြီးကျယ်ခမ်းနားသည့် ရွှေနန်းတော်များနှင့် ရခိုင်လူမျိုးတို့၏လှပသောအိမ်များ အကြောင်းကို အသေးစိတ်ဖော်ပြခဲ့သည်။

Tour Guide သင်တန်းတက်လိုသူများအတွက်


Tour Guide သင်တန်းတက်ချင်တဲ့သူငယ်ချင်းတွေအတွက်
SiES Tourism School ရဲ့ကြေငြာလေးတင်ပေးပါရစေ။
အမှတ် (၅၀) ဧည့်လမ်းညွှန် ဝင်ခွင့်စာမေးပွဲ
အတွက် ပြင်ဆင်မှုသင်တန်းများစတင်ပြီ။
=========================
မြန်မာနိုင်၏ ခရီးသွားလုပ်ငန်းကြီးတစ်ရှိန်ထိုး
ဖွံ့ဖြိုးတိုးတက်ရန် မီးစိမ်းပြလျှက်ရှိပြီး
အလျှင်အမြန်မြင့်မားလာသော ဧည့်ဝင်နှုန်း
နှင့်အတူ TOURIST GUIDE လိုအပ်ချက်
သည်လည်း မြင့်မားလျှက်ရှိပါသည်။
ထို့ကြောင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာန
MOHT မှ မကြာမီ ကျင်းပတော့မည့်
ဧည့်လမ်းညွှန်ဝင်ခွင့် စာမေးပွဲကြီးကိုဖြေဆိုနိုင်ရန်
သင်ကြားပို့ချလျှက်ရှိပါသည်။

Thursday, November 26, 2015

ဘိလပ်မြေနှင့် သံချောင်း တွက်နည်း


အဆောက်အဦးဆောက်ဖို့စိတ်ကူးထားသူတွေ အကြမ်းသိစေဖို့ပါ

ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ
မေးတတ်လို့  အကြမ်းတွက်လို့ ရအောင်ပါ။
မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့  ပြောကြပါတယ်။
ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။
"ကုဗကျင်း"
======
- ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။
၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။

တန်ဆောင်မုန်းလပြည့်နေ့အကြောင်း


တန်ဆောင်မုန်းလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်တို့က သာမညဖလ အခါတော်နေ့ဟု ခေါ်ဆိုကြပါသည်။ ဘုရားမြတ်စွာသည် အဇာတသတ် မင်းသားအားသာမညဖလသုတ္တန်ကို ဟောကြားတော်မူရာ နေ့ဖြစ်သောကြောင့် ဟူ၏။
#သာမညဖလ အခါတော်နေ့ ဖြစ်ပေါ်လာခြင်း
အရှင်ဒေ၀ဒတ်သည် ဘုရားရှင်ကဲ့သို့ ဂုဏ်သတင်း ကျော်ကြားချင်၏။ လူတို့၏ လာဘ်ပူဇော် သက္ကာရ ပြုခြင်း ကိုလည်း ခံယူလို၏။ 
အရှင် သာရိပုတ္တရာ၊ အရှင် မောဂ္ဂလာန်၊ အရှင် အာနန္ဒာတို့ကဲ့သို့လည်း လူများစွာ၏ ကြည်ညိုမှုကို ခံချင်၏။ အရှင် ဒေ၀ဒတ်သည် သူ့သန္တာန်၌ ဖြစ်သော အလိုကြီးခြင်း လောဘရမ္မက်ကို မထိန်း ကွပ်နိုင် ဖြစ်လာပြီး"ဒါတွေရဖို့ဆိုလျှင် ဘုရားဖြစ်ဖို့ လိုမယ်။

Wednesday, November 25, 2015

နောင်တကြီးဆယ်ပါးမမှားရအောင်


၁။ ငယ်စဉ်အခါက ပစ္စည်းဥစ္စာမရှာခဲ့၍ အိုမင်းရင့်ရော် နောင်သောအခါမှ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တကြီးစွာရခြင်း။
၂။ ငယ်ရွယ်စဉ်က ပညာသင်ရန် အခွင့်ရေးရပါလျှက် ဆိုးပေတေကာ ကျောင်းပြေးလုပ်၍ နောင်အခါ အသက်မွေးမှု မပြည့်စုံခြင်းကြောင့် နောင်တကြီးစွာရခြင်း။
၃။ ကောက်ကျစ်စဉ်းလဲ ကုန်းချောစကားဖြင့် ရန်တိုက်ပေးခဲ့မိသောကြောင့် သေရာညောင်စောင်း လဲလျောင်းမိသောအခါ ငါပြုခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း ။
၎။ သတ္တဝါများအား သနားမဖက် ရက်စက်စွာ သတ်ခဲ့မိခြင်းကြောင့် သက်ရွယ်ကြီးရင့်လာသောအခါ ယူကြုံးမရဖြစ်ကာ နောင်တကြီးစွာ ရခြင်း။
၅။ မသွားလာအပ်သော သူမယားနှင့် သမီးများကို သွားလာပေါင်းသင်း ဖျတ်ဆီးမိခြင့်ကြောင့် မိမိသားသမီးရလာသောခါ နောင်တ တဖန် ပူပန်ရခြင်း။

သွေးကပြောသောလူတို့အကြောင်း


”လူတစ်ဦးစီ၏ သွေးအမျိုးအစားသည် ထိုသူ၏ စိတ်နေ သဘောထားနှင့် ကိုယ်ရည်ကိုယ်သွေး တို့ကို သိပ္ပံ နည်းကျစွာ တိတိကျကျ ညွှန်ပြနေပါသည်” ဟု ဂျပန်နိုင်ငံ တိုကျိုမြို့ သွေးအုပ်စု အမျိုးအစား သုတေသန သိပ္ပံ၏ ဌာနမှူး ”တိုရှီတာကာနိုမီ” ဆိုသူက ရှင်းလင်း တင်ပြခဲ့သည်။

သူသည် သွေးအမျိုးအစား ပိုင်ရှင် လူအမျိုးမျိုး တို့ကို နှစ်ပေါင်းများစွာသုတေသန ပြုခဲ့သူ ဖြစ်ရာ သူ၏ အယူအဆမှာ များစွာ လက်ခံနိုင်စရာ ရှိသည်။

အခြေခံ စိတ်နေသဘောထား

လူတို့သည် အေ၊ ဘီ၊ အေဘီနှင့် အို ဟူ၍သွေးအမျိုးအစား လေးမျိုး ရှိသည်။

ဗုဒ္ဓဘာသာ


ယနေ့ခေတ် ဗုဒ္ဓဘာသာမြန်မာလူမျိုးအများစုသည် ဘုန်းကြီးနှင့်ဘာသာတရားကို ကွဲကွဲပြား ပြားမသိရှိကြဘဲ ရောထွေးလျက် မြင်နေကြသည်ကိုတွေ့ရ၏။
မကောင်းသောဘုန်းကြီးတစ်ပါးပါးကို တွေ့မြင်လျှင် ကိုယ်တော်တို့ ဗုဒ္ဓဘာသာက မကောင်းဘူး။ လုပ်ချင် တာလုပ်တာပဲဟူသော ကဲ့ရဲ့မှုမျိုး ကို ကျူးလွန်တတ်ကြ၏။
ဘာသာတရားနှင့်ဘုန်းကြီး၊ ဘုန်းကြီးနှင့်ဘာသာတရားသည် တခြားစီဖြစ်သည်ကို သဘော ပေါက်နားလည်ထားဖို့လိုပေသည်။
ထိုသို့ပုဂ္ဂိုလ်နှင့်ဘာသာတရား ကွဲပြားအောင်နားလည်ထားပါမှ ဘာသာအယူဝါဒကူးပြောင်းခြင်းမှ
ရှောင်ကြဉ်နိုင်မည်ဖြစ်ပေသည်။
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ အားလုံး ဘာသာတရား၏အနှစ်သာရကို မိမိနှလုံးအိမ်သို့ရောက်အောင် လေ့လာအားထုတ်ပြီးဘာသာအယူဝါဒကူးပြောင်းခြင်းမှ ရှောင်ကြဉ်နိုင်ကြပါစေဟု..

မှိုစိုက်နည်း





ယခုဖော်ပြသောမှိုစိုက်နည်းမှာနေရာ ဒေသ တော်တော် များများနှင့် အဆင်ပြေသော နည်းလမ်း ဖြစ်ပါသည်။

အကျိုးကျေးဇူးများ
နေရာ ကျဉ်းကျဉ်းတွင် စိုက်ပျိုးနိုင်သည်
လုပ်ကိုင်ရန် လွယ်ကူသည်။
အရင်းအနှီး နည်းနည်းသာ လိုသည်။
အချိန်တို (၁၀ မှ ၁၅ ရက် ) အတွင်း ဝင်ငွေ ရနိုင်သည်။
မှိုစိုက်ပျိုး ဆွတ်ခူးပြီးသည့် ကုန်ကြမ်း များကို စိုက်ပျိုးရေး သုံး သဘာဝ မြေသြဇာ အဖြစ် ဆက်လက် အသုံးပြု နိုင်သည်။

Tuesday, November 24, 2015

၉၆၉ ဆိုတာဘာလဲ ~ What is 969?


969+၉၆၉ (အင်္ဂလိပ်+မြန်မာ) 
(English+ Myanmar)
-------------------------------------
၉၆၉ ဆိုတာဘာလဲ~~ What is 969?
၉၆၉ ဆိုတဲ့အနက်အဓိပ္ပါယ် မသိသေးတဲ့
ကျနော့်၏ အကိုအမ ညီမငယ်လေးများကို
သိစေလိုသော ဆန္ဒနဲ့ ကျနော် သိသ လောက်လေးကို
ရှင်းပြချင်ပါတယ်။
I would like to explain about it to my brothers and sisters who haven’t known fully the meaning of 969.
၉၆၉ ဆိုတဲ့ ဂဏန်း သုံးလုံးဟာ
ဘုရားဂုဏ်တော် ၉ ပါး တရားဂုဏ်တော် ၆ ပါး
သံဃာ့ဂုဏ်တော် ၉ ပါးကိုရည်ညွန်းထားတာ
ဖြစ်ပါတယ်။

လက်ထပ်ခွင့်


ဟိုးရှေးရှေးတုန်းကအရမ်းချစ်ကြတဲ့
ကောင်လေးနဲ့ကောင်မလေး အချစ်စုံတွဲ ရှိခဲ့ကြတယ်။
တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်လာကြတာသက်တမ်းသုံးနှစ်ပြည့်တဲ့အခါ လက်ထပ်ကြတော့မယ်ဆိုပြီး မင်္ဂလာရက်တစ်ရက်ရွေးချယ်သတ်မှတ်လိုက်တယ်။
ကောင်းလေးကတော့ ပျော်ရွှင်စရာကောင်းမယ့်သူတို့ရဲ့မင်္ဂလာရက်လေးကိုစိတ်ကူးယဉ်ပြီးပျော်နေရှာတာပေါ့။ဒါပေမယ့် အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့မရာက်ခင်မှာပဲ သူ့ချစ်သူကောင်မလေးက တခြားကောင်လေးတယောက်နဲ့ မမျှော်လင့်ဘဲလက်ထပ်သွားတယ်ဆိုတဲ့ သတင်းကိုကောင်လေးကြားလိုက်ရတယ်။

မြန်မာ သမိုင်းအကြောင်း


ပုဂံခေတ်မတိုင်မှီ မြန်မာနိုင်ငံ
အာရှ တိုက် ဆိုင်ရာ ဘာသာဝေါ ဟာရ ပညာရှင် များ က မြန်မာလူမျိုး များသည် အရှေ့  တိဗက် ဘာသာ ဝေါ ဟာရ အုပ်စု ၀င်လူမျိုး တမျိုးဖြစ် သည် ဟု အတည်ပြုထားကြသည်။ တရုတ် မှတ်တမ်းဟောင်း များ ၏ အဆို အရ မြန်မာလူမျိုးများ သည် တရုတ်ပြည် အနောက် မြောက် ကန်ဆူ နယ် တွင် နေထိုင်ကြသည်။ တ ရုတ် က ဖိသဖြင့် တိဗက် ကုန်းမြင့် ဒေသ တ၀ိုက် သို့ ပြောင်းသွားကြသည်။
တိဗက်တို့  က မောင်းထုတ် သဖြင့် ယူနန်နယ် သို့ ပြောင်းကြ သည်။ ထို အချိန် တွင် ယူနန် နယ် တွင် အင်အား ကြီးမား လာသည့် ထိုင်းရှမ်းများသည်ပြည်နယ်ကြီး ၆ ခုကို နန်ချို နိုင်ငံ အဖြစ် ပထမဆုံး သိမ်းသွင်း နေသည့် ကာလ ဖြစ်သည်။

အနမ်းနှင့်ကျန်းမာရေး


သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။
တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။

ကျိုက်သံလန်စေတီတော်သမိုင်းကြောင်း


ကျိုက်သံလန်စေတီမှာ မော်လမြိုင်မြို့ပေါ်တွင် အထင်ရှားဆုံး စေတီတစ်ဆူ ဖြစ်ပါသည်။
မြို၏အရှေ့ဖက် သံလင်တောင်စွယ်တွင် တည်ရှိပြီးတော့ စေတီသမိုင်းနှင့် စပ်လျဉ်း၍ အဆို ၂ မျိုး ကွဲပြားလျက် ရှိသည်။ တစ်မျိုးမှာ သာသနာနှစ် ၂၃၆ တွင် ယခု မော်လမြိုင် ခေါ် ရမ္မာဝတီမြို့
၏မှ မွတ်ပိရာဇာမင်းသည် သထုံပြည်မှ သွားတော် ဓာတ်တစ်ဆူရရှိခဲ့သဖြင့် မြတ်စွာဘုရားသခင် ကြွရောက်နားနေတော်မူဖူးရာ နာဂ၀သီတောင်လည်းခေါ် သံလင်တောင်စွယ်တွင် ဌာပနာ၍ စေတီတည်ခဲ့ကြောင်း။
ဆံတော်ဓာတ်ကိုလည်း ဌာပနာကြောင်းနှင့် အဆိုရှိသည်၊၊ဘုရားတည်ရာတောင်ကို အစွဲပြု၍ စေတီကိုလည်း
ကျိုက်သံလင်စေတီဟု ခေါ်တွင်လေသည်၊၊

Monday, November 23, 2015

အချစ်ဆိုတာ


(၁)
သူမ.. အပြင်မှာ နောက်ယောက်ျားလေးအသစ်တစ်ယောက် တွေ့နေတာကြောင့် အိမ်ကယောကျာ်းနဲ့ တစ်ကုတင်တည်းမအိပ်ချင်တော့ဘူး။
ဘီဒိုထဲက စောင်နဲ့ ခေါင်းအုံးအသစ်ထပ်ထုတ်ပြီး ယောကျာ်းနဲ့ကုတင်ခွဲအိပ်တယ်။
တစ်ယောက်တည်း ကုတင်အထက်မှာ ချမ်းလွန်းလို့ တုန်နေတယ်။
ယောက်ျားက ချက်ချင်းကုတင်နားလာပြီး သူ့စောင်နဲ့ လဲလိုက်တယ်..
ပြီးတော့ ပြောတယ်..

ချစ်သူတစ်ယောက်ကို မေ့ဖျောက်ရတာဟာ ဆေးစွဲနေတာကို ဖြတ်ရသလိုပါပဲ


ဲကိုယ်အရမ်းချစ်ရတဲ့ သူတစ်ယောက်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်တာဟာ သိပ်ကို
စွဲလန်းနေတဲ့ မူးယစ်ဆေးဝါးတစ်မျိုးကို ဖြတ်ဖို့ ကြိုးစားရသလိုပါပဲ။ ဒါဟာ
ခက်ခဲလှတဲ့ အရာတစ်ခုဆိုတာ စာဖတ်ပရိသတ်တို့ ကိုယ်တိုင်လည်း
တွေ့ဖူးကြမှာပါ။
ချစ်ခြင်းမှာ လူတော်တော်များများဟာ "ပိုးဖလံမျိုး မီးကိုတိုး"ဆိုသလို
ကိုယ့်ချစ်သူက ကိုယ့်အပေါ် မကောင်းမှန်းသိလျက်နဲ့တောင်
ဖက်တွယ်ထားတတ်ကြတယ်။

မြေဧက ဖွဲ့ နည်း တွက်နည်း


 တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
လေးနားညီ စတုရန်း= လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။
နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560
နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560

တြိဂံ = .၅xအခြေxအမြင့် ÷ 43560
တြိဂံ = ½ အခြေxအမြင့် ÷ 43560
ထောင့်မှန် တြိဂံ - အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560
စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560
ပုံသေ မြှောက်ကိန်း .၇၈၅၄
.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။

ရွေးကောက်ပွဲဆိုင်ရာဝေါဟာရများ အပိုင်း (၂)




၂၆။ Minority government – အမတ်နေရာနဲနဲနှင့် ဖွဲ့သော အစိုးရအဖွဲ့
အောက်လွှတ်တော်တွင် အနိုင်ရမဲ အရေအတွက်နဲနဲနှင့် ဖွဲ့ထားသော အစိုးရအဖွဲ့

၂၇။ MP (Member of Parliament) - လွှတ်တော်ကိုယ်စားလှယ်
အထက်လွှတ်တော်နှင့် အောက်လွှတ်တော် မှကိုယ်စားလှယ်များဖြစ်သည်။ ရွေးကောက်ပွဲကျင်းပချိန်တွင် ပါလီမန်ကိုဖျက်သိမ်းပြီး နောက်တစ်ကြိမ် ရွေးကောက်တင်မြှောက်သည်အထိ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမျှ မရှိပေ။

၂၈။ Opinion poll - ပြည်သူ့သဘောထား စစ်တမ်း
အကြောင်းအရာ တစ်ခု(သို့မဟုတ်) တစ်ခုထက်ပိုသော အကြောင်းအရာများအပေါ်တွင် ပြည်သူတွေရဲ့ သဘောထားများကို လေ့လာ၍ စစ်တမ်းကောက်ထားခြင်းဖြစ်သည်။

ရွေးကောက်ပွဲဆိုင်ရာဝေါဟာရများ - အပိုင်း (၁)




၁။ Absentee ballot - ပျက်ကွက်မဲ

မဲရုံသို့လာရောက် မဲပေးရန် ပျက်ကွက်သောမဲ။ စာတိုက်မှထည့်သောမဲ သို့မဟုတ် ကာယကံရှင်ကိုယ်စား အခြားတစ်ယောက်ယောက်မှ လာထည့်သောမဲမျိုးလည်းဖြစ်နိုင်သည်။

၂။ Agent- ကိုယ်စားလှယ်

ရွေးကောက်ပွဲနှင့်ဆိုင်သော ကိစ္စများတွင် စည်းရုံးလှုံ့ဆော်ခွင့် ရှိသည့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများအား ကိုယ်စားပြုသည့်သူ။

ရှိခိုး ဝတ်ပြုလျှင် သုံးကြိမ် ဦးချရခြင်း အကြောင်း


ဗုဒ္ဓဘာသာဝင်တိုင်းသည်  စေတီပုထိုး ၊ ဘုရားရုပ်ပွား ဆင်းတုတော် ၊ သံဃာတော်များ ၊ မိဘဆရာ ၊ သက်ကြီးဝါကြီးသူများကို
ရှိခိုး ကန်တော့ကြခြင်းသည် ဓလေ့ထုံးစံ တစ်ခုအနေဖြင့် ပြုလုပ်နေရခြင်း မဟုတ်ပါ ။ ထို့ထက် အဓိပ္ပာယ် ကျယ်ဝန်းပါသည် ။
လုပ်ဆောင်အပ်သော ဝတ္တရား ၊ လိုက်နာပြုကျင့်ရမည့် ဆက်ဆံရေး ၊ ဂုဏ်ယူဖွယ်ရာ လူမှုစရိုက် ၊ သိမ်မွေ့ရိုကျိုးသည့် ယဉ်ကျေးမှု၊
အဖြစ် ထိန်းသိမ်းထားရခြင်း ဖြစ်သည့်အပြင် မိမိဧ။် မာန်မာနကို နှိမ့်ချဝပ်တွားခြင်း သက်ေင်္တ လည်းဖြစ်ပါသည် ။
မွေးဖွားလာပြီး မည်သည့်အချိန် မှစ၍ ဗုဒ္ဓဘာသာဝင် ဖြစ်သွားသလဲ ဆိုတာကို သတိမမူမိဘဲ ဖြစ်တတ်ကြသည် ။ ဗုဒ္ဓဘာသာဧ။်

Sunday, November 22, 2015

ကျန်းမာရေးဗဟုသုတ


AIDS ရောဂါပိုးကို ကို နိုင်သည့် တိုင်းရင်းဆေးစွမ်း
------------------------------------------
ပြည်တွင်းမှာ AIDS လူနာ (ဆေးစစ်၍ သိရသူ)
တသိန်းနှစ်သောင်းကျော် ရှိတဲ့အနက် ART
(ဝေဒနာရှင်များအတွတ် ကမ္ဘာ့ ကျန်းမားရေးဌာနမှ
အထူးထုတ်ထားသည့် ဆေး)မပေးနိုင်သူ နှစ်သောင်းကျော်
ရှိနေတော့စိတ်ကျရောဂါဖြစ်ပြီး ဒီဆေးရတဲ့အထိစောင့်နေစရာ
မလိုပါဘူး။
ဒီရောဂါပိုးရှိနေတယ်လို့ သိရတဲ့သူတော်တော်များဟာ
စိတ်ထိခိုက်ခြင်း-စိတ်ဓါတ်ကျခြင်းကြောင့်
ရောဂါတွေတိုးလာကြတာများတယ်၊ တချို့ ဝေဒနာရှင်တွေဟာ ရှက်စိတ်နဲ့  တချို့ ကလည်း ဆေးရုံမှာဆေးမစစ်ရဲ့ ကြဘူး
ဟိုရောဂါလို ဒီရောဂါလိုလိုနဲ့ အသေခံသွားကြတယ်။

ဇက်ကြောတက်ပျောက် ဆေး


ဆေးနည်း။
ရှောက်သီးတလုံးကို အ၇ည်ညှစ်ယူပါ။ပြီးနောက် အခွံ၊ အစေ့၊ အရည် သုံးမျိုးးလုံးကို ဇလုံတခု ထဲထည့်ပါ၊ဆား နည်းနည်းထဲ့ပြီး ပွက်ပွက်ဆူနေသော ရေနွေးဖြူ ၂လီတာ ခန့် ထည့်ပြီး အအေးခံပါ၊ နံနက် တကြိမ် အိမ်ရာဝင်တကြိမ် အကြမ်း ပန်းကန်လုံး တလုံးပုံမှန်သောက်ပါ။
စွမ်းအင်
ရက်ပိုင်းအတွင်းသိသိသာသာ ပျောက်ကင်းပါသည်။ အ၀လွန်
သောသူများ သောက်ပါက နောက်ကြော ဇတ်ကြော မတက်
တော့ခြင်း ၊ အမောခံနိုင်ခြင်း ၊ ထိခိုက်ရှနာ အကျက်မြန်ခြင်း ၊ ကိုယ်လက် ပေါ့ပါးသွက် လက်ခြင်း တို့ ဖြစ်စေသည်။
ရှောက်သီး အစွမ်း နှင့် ကောက်နှတ်ချက်များ
ရှောက်သီး (Lemon) သည် အချဉ်ဓါတ်ပါသော အသီးများအုပ်စု (Citrus Fruit) တွင် ပါဝင်သည်။

မြတ်ကထိန်အကြောင်းသိကောင်းစရာ


★ မြတ် ကထိန် အကြောင်းသိကောင်းစရာ ★
ဗုဒ္ဓဘုရားသည် ဇေတ၀န် ကျောင်းတော်မြတ်၌ ကိန်းဝပ် စံမ္ပယ် တင့်တယ်စွာ သီတင်းသုံးနေတော်မူစဉ် သင်္ကန်းလျာ နွမ်းနယ်ပါးရှား ပါဝေယျကရဠတိုင်းသား ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်တို့အား အကြောင်းပြု၍ ကထိန်အလှူ ဖြစ်ပေါ်လာသည်။
★ ကထိန်ခင်းရန် ကိစ္စ ၈-ပါး
-------------------------------
1. ကထိန်သင်္ကန်းကို အလှူခံမှု၊
2. ကထိန်ခံထိုက်သောပုဂ္ဂိုလ်ကို သံဃာတော်တို့က စိစစ်ရွေးချယ်ပေးမှု၊
3. ထိုရွေးချယ်ခံရသူအားသိမ်တွင်း၌ ကမ္မဝါဖတ်၍ ကထိန်သင်္ကန်းကို ပေးမှု၊
4. တိစီဝရိက် အဓိဋ္ဌာန်တင် သင်္ကန်းဟောင်းကိုပစ္စဒ္ဓိုရ်ပြု အဓိဋ္ဌာန်စွန့်မှု၊
5. ခင်းမည့် သင်္ကန်းသစ်ကို ကပ္ပဗိန္ဒုထိုးမှု၊
6. သင်္ကန်းအမည်ဖြင့်အဓိဋ္ဌာန်တင်မှု၊
7. နှုတ်မြွက်၍ ခင်းမှု၊ 8. အနုမောဒနာပြုမှု။

ရခိုင်တို့ဧ။်တူရိယာစည်တီးခတ်ခြင်း


အတီးအမှုတ်စသော တူရိယာ စည်မျိုး၊ တပိုးမျိုး၊ စောင်းမျိုး ဟူ၍ အသီးသီးရှိကြ၏။ ပါဠိစာပေတွင် စည်ငါး မျိုးကိုပင် "တူရိယာငါးမျိုး"ဟူ၍ ခေါ်ဆိုထားသည်။ ထို့ကြောင့် ရှေးရခိုင်စာဆိုများက "ပဉ္စင်တူရိယာ၊ တီးမှုတ် ကာဖြင့်" ဟုဖွဲ့ဆိုခဲ့ကြလေသည်။ ထို့အတူ တိုရိယာ ငါးပါးဆိုသည်မှာလည်း စည်မျိုးငါးပါးပင်ဖြစ်၏။
အတီးအမှုတ် တူရိယာတို့တွင် စည်တူရိယာမှာ တီးခတ်အပ်သော တူရိယာမျိုးပင်ဖြစ်၏။ ဤစည် အမျိုး အစားများစွာကို ပါဠိစာပေနှင့် ကက္ကတတို့တွင် များစွာပါရှိပေ၏။ စည်မှာ အမျိုးအမည်ထူးပြားလှ၏။ ဤစည် တီးခတ်ခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တွင် အဘယ်အခါကပင် စတင်လာခဲ့ကြောင်းကို အတိအကျ ဖော် ပြရန် မဖြစ်နိုင်ပေ။

ကဆုန်လပြည့် (ဗုဒ္ဓနေ့)


မေး။ ဗုဒ္ဓဖြစ်ဖွယ်၊နေ့၌ဝယ်၊ ဘယ်သူ ဆွမ်းတော်ကပ်သနည်း။
ဖြေ။ ဗုဒ္ဓနေ့မှာ၊ သုဇာတာလျှင်၊ ဃနာနို့ဆွမ်း၊ ခွက်ပါကမ်း၊ လှူဒါန်း ဆက်ကပ် ပါသတည်း။
ဥရုဝေဠတော၏အနီး ‘သေနာ’မည်သော နိဂုံးရှိ၏။ ထိုနိဂုံးသဌေး၏သမီးသည် ‘သုဇာတာ’မည်၏။ ထိုသတို့သမီးသည် အပျိုဘဝတုန်းက ညောင်ပင်ကြီးသို့ချဉ်းကပ်၍‘အမျိုးတူ သဌေးသားနှင့် လက်ထပ်ရအောင်, သားဦးရတနာရအောင်စောင်မပါ။ တောင့်တတိုင်းပြည့်စုံလျှင်နှစ်စဉ် ပူဇော်ပါမည်’ဟု နတ်ကို တောင်းပန်ဖူး၏။

မြန်မာ့ဆိုင်းပညာ


ဆရာကြီး ဦးစိန်တင်ညွန့်ဟာ မန္တလေး ပန်တျာကျောင်း ဆိုင်းပညာသင်ကြားမှု မျိုးစေ့ကိုချပြီး တည်ထောင်ပေးခဲ့တဲ့ ဆိုင်းပညာရှင်ကြီး ဦးစိန်လှမောင်ရဲ့ သားတပည့်ပါပဲ။
တခါ ဆရာကြီး ဦးစိန်လှမောင်ဟာ ကမ္ဘာကသိတဲ့ ဆိုင်းပညာရှင်ကြီး စိန်ဗေဒါရဲ့ တပည့်ရင်း ဖြစ်ပါတယ်။
* ဆရာကြီးခင်ဗျား မြန်မာ့ဆိုင်းပညာဟာ ဘယ်ခေတ်လောက်က စပြီး ကျယ်ပြန့်လာခဲ့ပါသလဲ ခင်ဗျား။
** သရေခေတ္တရာ နောက်ပိုင်းကစပြီး ကျယ်ပြန့်ခဲ့ပါတယ်။
* မြန်မာ့ဆိုင်းပညာမျိုး  ကမ္ဘာမှာ ဘယ်နိုင်ငံက တတ်မြောက်ပါသလဲခင်ဗျား။
** မြန်မာ့ဆိုင်းပညာမျိုး ဘယ်နိုင်ငံမှာမှ မရှိပါဘူး။ ဒါပေမယ့် ကမ္ဘာမှာ တရုတ်နိုင်ငံက ပထမဆုံး မြန်မာ့ဆိုင်း ပညာကို သင်ယူခဲ့ပါတယ်။
အခုဆိုရင် ပီကင်းနဲ့ တခြားမြို့ကြီးတချို့မှာ မြန်မာ့ဆိုင်းများ ရှိနေကြပါပြီ။
* မြန်မာ့ဆိုင်းပညာကို ပြည်ပနိုင်ငံများက ဘယ်လိုမြင်ကြပါသလဲခင်ဗျား။

Saturday, November 21, 2015

ကွမ်းရွက်နှင့်ပျောက်ကင်းသောရောဂါများ


နှလုံးရောဂါ(Heart Attack)
နံနက်ရေချိုးပြီးတိုင်းရင်ဘတ်နှလုံးတည့်တည့်နေရာလက်ဝဲဘက်ရင်အုံမှာနေ့စဉ်ကွမ်းရွက်တရွက်ကပ်ပါနှလုံးနှင့်ဆိုင်သောရောဂါမှန်သမျှအကောင်းဆုံးစက်လေးတလုံးတပ်ထားသလိုကိုအကောင်းဆုံးကာကွယ်ပေးပါတယ်
မျက်စိရောဂါနှင့်ရေတိမ်ရောဂါ
ညတိုင်းကွမ်းရွက်ကပ်ရင် ( ၈ ) လနှင့်(၁၄ ) လအတွင်းမျက်မှန်ကျွတ်နိုင်ပါသည်မျက်လုံးထောင့်များ၍လက်မခွံအရွယ် ကွမ်းရွက်ကိုရေစွတ်၍ကပ်ပါ
အဓိကမှာမျက်လုံးနှင့်နှစ်ခေါင်းဘက်ထောင့်နှစ်ခုကိုဂရုပြု့ကပ်ပါနေ့အခါလဲကပ်နိုင်ပါတယ် computer ကြည့်သူ
Tv အကြည့်များသူFb သုံးသူများလဲကပ်သင့်ပါသည်။

Thursday, November 19, 2015

မိန်းကလေးတစ်ယောက် သူ့ချစ်သူကို အရမ်းတွယ်တာနေပြီဆို


၁။ အာရုံတွေဟာ အမြဲတမ်း သူ့အကြောင်းတွေနဲ့ ပြည့်နှက်နေတတ်တယ်။
၂။ သူအနားမှာ မရှိတဲ့ အချိန်တွေဆို အလိုလိုနေရင်း ဝမ်းနည်း အားငယ်နေတတ်တယ်။
၃။ ငါးမိနစ်ခြား တစ်ခါလောက် ကိုယ့်ကို ဆက်သွယ်လာဖို့ မျှော်လင့်နေတတ်တယ်။
၎။ ကိုယ့် နေ့စဉ်ဘဝက သူမပါရင် မပြည့်စုံတော့ဘူး။
၅။ သူနဲ့ ပတ်သက်ရင် အရာရာ ဆန္ဒတွေ စောနေတတ်တယ်။
၆။ သူနဲ့ပတ်သက်ရင် အကျီစား မခံနိုင်လောက်အောင် ခံစားလွယ်တယ်။ လိုအပ်တာထက်ပိုပြီး သဝန်တိုတတ်တယ်။

မျှော်လင့်ခြင်း ခရစ်စမတ်





ခရစ်စမတ် ဆိုသည်မှာအဘယ်နည်း။ ခရစ်စမတ်ပွဲတော်ကို အဘယ်ကြောင့်နှစ်စဉ် ကျင်းပနေကြ သနည်း။ တချို့ က ခရစ်စမတ်ဆိုသည် ခရစ်ယာန်ဘာသာဝင်တို့၏ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတစ်ခုဟု အထင်ရောက်ကြသည်။ တချို့ကလည်း ခရစ်စမတ်ကို ပြက္ခဒိန်တွင် အနီရောင်ရက်စွဲဖြင့်ဖော်ပြထားသည့် ကမ္ဘာလုံးဆိုင်ရာ ရုံးပိတ်ရက်၊ အားလပ်ရက်ဟု ယူဆကြသည်။ မည်သို့ဆိုစေ ယခုအခါ နိုင်ငံမရွေး၊ ဘာသာမရွေး၊ လူမျိုးမရွေး၊ အဆင့်အတန်းမရွေး၊ လူကြီးလူငယ်မရွေး လူသားအားလုံး ဆင်ယင်နွှဲပျော်ကြသည့် ခရစ်စမတ်နေ့ အကြောင်းကို လူတိုင်း သိရှိနားလည်ရန်လိုအပ်သည်ဟု ယူဆလျက် ဤဆောင်းပါးကို ရေးခြင်းဖြစ်သည်။

ခရစ်စမတ်





ခရစ်စမတ်-ဟူသော ဝေါဟာရသည် မြန်မာစကားလုံး စစ်စစ်မဟုတ်မူပဲ ရှေးဟောင်းအင်္ဂလိပ် “Christmas” ဝေါဟာရမှ တိုက်ရိုက်အသံ ဖလှယ်ထားသော စကားလုံး ဖြစ်သည်။ အင်္ဂလိပ်တို့ကလည်း ဂရိနှင့်လက်တင်ဘာသာတို့၏ စကားလုံးကို တစ်ဆင့် မွေးစားထားသည့် စကားလုံး ဖြစ်နေပြန်သည်။ ခရစ်စမတ်-စကားလုံးသည် “ခရစ် (စ်) နှင့် မတ်” ဟူ၍ နှစ်ပုဒ် ခွဲရသည်။
“ခရစ်(စ်)” ပုဒ်ကား ယေရှုဘုရားသခင်၏ အမည်နာမတော် ဖြစ်၍၊ “မတ်” သည် ပွဲတော်ဟု အဓိပ္ပါယ်ရသည်။ သို့ဖြင့် ခရစ်စမတ်ဟု ဆိုပါက ခရစ်ယာန် ဘာသာဝင်တို့က ယေရှုဘုရားသခင်ကို ပူဇော်ခြင်း၊ ယေရှုဘုရားသခင်အတွက် ပွဲတော်ကို ကျင်းပပေးခြင်းဟု ဖွင့်ဆိုရပေမည်။ အင်္ဂလိပ်ဘာသာဖြင့် “Christmas” ဟု ရေးနိုင်သကဲ့သို့ “Xmas” ဖြင့် အတိုကောက် ရေးသားနိုင်သေးသည်။ အဘယ်ကြောင့်ဆိုသော် “X” သည် “Chi” (ခရ်) ဟူသော ဂရိ၏ အစအက္ခရာ တစ်လုံး ဖြစ်သောကြောင့်တည်း။ ခေတ်သစ်လူငယ်တို့ကမူ ယေရှုဘုရားသခင် အထိမ်းအမှတ်ဖြစ်သည့် လက်ဝါးကပ်တိုင်ကို မိုင်နပ် ၄၅-ဒီဂရီစောင်းပါက “X” အက္ခရာ ဖြစ်လာမည်ဟု ယူဆကြသည်။

ခရစ်စမတ်ပုံပြင်




ရှေးတုန်းကတင်ရှားခဲ့တဲ့ဒဏ္ဍာရီတစ်ခုမှာဆိုထားတာကတော့တစ်ခါကလက်ဘနွန်နိုင်ငံရဲ့လှပသာယာတဲ့ တောအုပ်လေးတစ်ခုမှာ ထင်းရှူးပင်လေးသုံးပင်ပေါက်လာခဲ့တယ်တဲ့။အားလုံးသိကြတဲ့အတိုင်းပဲထင်းရှူးပင်တွေဟာ ကြီးထွားနှုန်းနှေးလွန်းတာကြောင့်အဲဒီထင်းရှူးပင်လေးသုံးပင်ဟာရာစုနှစ်နဲ့ချီပြီး`ရှင်သန်ခြင်းနဲ့သဆုံးခြင်း´၊`သဘာဝနဲ့ လူသား´ အကြောင်းတွေကို တွေးတော ဖြတ်ကျော်လာခဲ့ကြတယ်။
သူတို့ဟာ ဆ်ာလမွန်ဘုရင်ကြီးရဲ့ စစ်သည်ရဲမက်တွေ လက်ဘနွန်နိုင်ငံကို ရောက်လာတာ၊ Assyrian လူမျိုးတွေနဲ့သွေးမြေလွှမ်းခဲ့တဲ့တိုက်ပွဲတွေကိုမြင်တွေ့ခဲ့ကြတယ်။ပြီးတော့ကမ္ဘာ့ရန်တွေဖြစ်တဲ့ ယေဇာဗလ်(Jezebel)နဲ့ပရောဖတ်အီလိယာ(Elijah)တို့ကိုလည်းတွေ့ဖူးခဲ့တယ်။ သူတို့ရှေ့မှောက်မှာပဲအက္ခရာကိုတီထွင်လာကြတယ်။ကုန်သည်တွေကလည်းရောင်စုံအထည်အလိပ်တွေတင်ပြီး သူတို့နားက ဖြတ်သန်းသွားကြတယ်။ဒီလိုနဲ့သာတောင့်သာယာရှိတဲ့နေ့တစ်နေ့မှာထင်ရှူးပင်လေးသုံးပင်ဟာသူတို့ရဲ့အနာဂတ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ဆုံးဖြတ်လိုက်တယ်။

၃၈ ဖြာ မင်္ဂလာတရားတော် ( 38 Mangalas , Welfares )


၁ . လူဆိုး လူမိုက်ကို မမှီဝဲ မပေါင်းသင်းခြင်း
1. Not to associate with fools.
၂. ပညာရှိ လူလိမ္မာကို မှီဝဲပေါင်းသင်းခြင်း
2. To associate with wise.
၃.ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း
3. To honour those-worthy of honour.
၎. သင့်လျော်သောအရပ်တွင် နေခြင်း
4. To live in suitable region.
၅. ရှေးကပြုဖူးခဲ့သော ကောင်းမှု အထူးရှိခြင်း
5. To have accumulated merits of the past.

သိသင့်သော ယဉ်ကျေးမှုအချက် (၃၂) ချက်


၁။ မိမိနှင့် သင့်လျော်သောနေရာတွင်နေရာ၏။
၂။ လူကြီးများ၊ ဧည့်သည်များထံသို့ မခေါ်ဘဲမသွားရာ။
၃။ ရွှင်ပျသောမျက်နှာထားအမူအရာရှိရာ၏။
၎။ ကျယ်လောင်စွာ စကားမပြောရ။ ဆူညံခြင်းမရှိစေရ။
၅။ လူငယ်အချင်းချင်း သင့်တင့်စွာနေရာ၏။
၆။ လူကြီးများ၏အလုပ်ကို တတ်နိုင်သမျှ ကူညီရာ၏။
၇။ အိပ်ရာကို သန့်ရှင်းစေရာ၏။ မကြာမကြာနေလှန်းရာ၏။ အိပ်ရာမှထလျှင် ခြင်ထောင်ကိုတင်၍ စောင်၊ ခေါင်းအုံးတို့ကို နေရာတကျရှိစေရာ၏။
၈။ အိပ်ခန်းမှ မထွက်မီ နေရာတကျ ရှိမရှိ ကြည့်ရှုစီစဉ်ရာ၏။

သူရဿတိဘယ်ကလာသလဲ


ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂျူး ဘာသာကြီးငါးခုကိုလက်လှမ်းမမီတဲ့လူတွေက တောတွေရှိခိုး၊ တောင်တွေ
ရှိခိုးအမျိုးကို စုံနေတယ်။ဗမာတွေကတော့ သုံးဆယ်ခုနှစ်မင်း ရှိခိုးကြတယ်။
နည်းသေးတယ်ထင်ရင် အိန္ဒိယပြည် သွားတောင်းကြ။ ဟိုမှာ သုံးထောင့်ခုနှစ်ရာမကဘူး။
မှောင်ခိုလမ်းကြောင်းကနေ ရောက်လာတယ် ဆိုကြပါစို့၊မင်းတို့ဘုရားစင်ပေါ်မှာ သူရဿတီဆိုတဲ့ အရုပ်ကလေး ရှိတယ်။ ပိဋကတ်သုံးပုံ သူက စောင့်တယ်တဲ့။ တိပိဋကဆရာတော်တွေ အလကားဖြစ်သွားရော။
သြော်- ဒုက္ခ-- သူရဿတီ ဘယ်က လာသလဲ သိလား။ဗမာပြည်မှာ မွေးတဲ့ နတ်သမီး မဟုတ်ဘူး။
သူ့ရဲ့ မွေးရပ်မြေက ပန်ဂျပ်မှာ မွေးတာ။ ပန်ဂျပ်ဆိုတာ သိလား။

မီးဖိုချောင်နဲ့ဆိုင်သောစကားလုံးများ


မီးဖို - Cooker / Stove
ထင်း - Firewood
မီးသွေး - Charcoal
မီးညှပ် - Tongs
ကြောင်အိမ် - Cupboard / Meatsafe
ပန်းကန်စင် - Side board
ငရုပ်ဆုံ - Mortar
ငရုပ်ကျည်ပွေ့ - Pestle ...
စဉ့်တီတုန်း - Chopping block
ထမင်းအိုး - Rice cooking pot
ဟင်းအိုး - Curry pot

အချစ်နဲ့ဆိုင်သောစကားလုံးများ

 
အချစ် - Love                                         

မေတ္တာ -Affection

မေတ္တာတု၊ မေတ္တာရောင် - Affectation

ချစ်သူ - Lover

မြတ်နိုးသူ - Adorer , Admirer

ချစ်သူ ရည်းစား - Sweet heart, Girl friend ,Boy friend,

ချစ်မူ့ရေးရာ ကိစ္စ - Love affair

ဥပဒေနဲ့ဆိုင်သော စကားလုံးများ


တရားမမူ့ - Civil suit
ပြစ်မူ့ - Criminal case
တရားမမူ့ ( တရားလို ) – Plaintiff
တရားမမူ့ ( တရားပြိုင် ) – Defendant
ပြစ်မူ့ ( တရားလို ) - Complainant
ပြစ်မူ့ ( တရားခံ ) – Accused
သက်သေ - Witness
မျက်မြင်သက်သေ - Eye witness...
သက်သေခံ - Evidence
မမှန်သက်သေ - False evidence
အာမခံပေးခြင်း - Bail

Wednesday, November 18, 2015

ပုဂံမင်းများ



တောင်သူကြီးမင်းသည် ပုဂံမင်းဆက် သိန်းခိုမင်း ကံတော်ကုန်လွန်ပြီးနောက် မူးမတ်များတင်သော မင်းဖြစ်လေသည်။ ကောဇာ သက္ကရာဇ် ၂၇၉ တွင် တောင်သူကြီးမင်း နန်းတက်ခဲ့၏ ။ထိုမင်း ကို နတ်တော်ကျောင်းတကာမင်းအိုချမ်းသာညောင်ဦးစောရဟန်း ဟူ၍ အမျိုးမျိုး အမည်တွင်သည်။ တူးရွင်းဖြင့် ရိုက်သတ်ပြီး မင်းဖြစ်လာသူ ငတပါးမင်း (မင်းရိုး မဟုတ်သောမင်း) ဖြစ်သည်။
  • (သက္ကရာဇ် ၅၆၂ တွင် ၂ ခုအကြွင်းထား သက္ကရာဇ် ဖြိုခဲ့သော ဆရာသင်္ဃရာဇ် ခေါ် ပုပ္ပါးစောရဟန်းမင်း နှင့်ကွဲပြားစေရန် သက္ကရာဇ်ဖြို စောရဟန်းမင်း ကို ပုပ္ပားစောရဟန်း ၊ တောင်သူကြီးမင်း ကို ညောင်ဦး စောရဟန်း ဟု ခွဲခြားသတ်မှတ်၏။)
ပါးစပ်ရာဇ၀င်
တောင်သူကြီးမင်း    အခါတစ်ပါးက သိန်းခိုမင်းသည် တောလည်ထွက်ရာမှ မျက်စေ့လည်လမ်းမှားလျက် တောင်သူကြီးတစ်ဦး၏ ယာခင်းအနီး ရောက်သွားခဲ့သည်။ အဆိုပါဘုရင်သည် ဆာလောင်မွတ်သိပ်နေပြီး ရေငတ်လှသည်ဖြစ်ရာ တောင်ယာခင်းရှိ သခွားသီးများအား ပိုင်ရှင်နှစ်လိုမှုရှိမရှိ ဆင်ခြင်စဉ်းစားမနေပဲ ဆွတ်ယူစားသုံးမိသည်။ ထိုအခြင်းအရာကို ယာခင်းရှင် တောင်သူကြီး မြင်လေသော် လွန်စွာအမျက်ထွက်လျက် ဘုရင်အား တူးရွင်းဖြင့် မှားယွင်းသတ်မိသည်။ မူးမတ်တို့ရောက်လာပြီးအကြောင်းစုံသိလတ်သော် ဘုရင်ကိုသတ်သူသည် ဘုရင်လုပ်ရမည်ဟု ၀ိုင်းဝန်းအကြပ်ကိုင်ပြောဆိုကာ တောင်သူကြီးအား နန်းတော်သို့ခေါ်သည်။

Tuesday, November 17, 2015

သက္ကရာဇ်ဖြိုရင် သေတက်သည်

ဒီတစ်ခေါက်တော့လူအများသုံးပြီး လူသိနည်းသေးတဲ့ မြန်မာ့သက္ကရာဇ်ဖြစ်ပေါ်လာတဲ့အကြောင်း
လေးဖော်ပြပေးချင်ပါတယ် ဒီသက္ကရာဇ်ဖြိုတဲ့ထုံးတမ်းက ဘယ်ကစလဲဆိုတော့ လေ့လာတဲ့အခါ
အိန္ဒိယက စပါတယ်အိန္ဒိယမှာရှေးဟိန္ဒူပညာရှိ နက္ခတ်ဗေဒင် တက်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေဟာ
သက္ကရာဇ်တွေကို တွက်ချက်ပြီး ကိန်းခန်းကြုံရင် တန်ခိုးကြီးထွားသြဇာရှိတဲ့မင်းတွေက
သက္ကရာဇ်ဖြိုခဲ့ကြတဲ့ထုံးစံရှိပါတယ်ဘာလို့ဖြိုလဲဆိုတော့သက္ကရာဇ်ကိန်းခန်းကြုံလို့မဖြိုရင် ပြည်သူတွေမချမ်းမသာဖြစ်တက် ဒုက္ခရောက်တက်တယ်ဆိုပြီး ယုံကြည်ကြတာကြောင့်ပဲ ဖြိုတဲ့သက္ကရာဇ်ကိုလေ့လာတော့
မဇ္ဈိမဒေသ သာလိဝါဟနသက မင်းဟာကလိယုဂ်  (၃၁၈၀) မှာ (၃၁၇၉) ကိုဖြိုပြီး ကလိယုဂ်တစ်ခုအကြွင်းထားပါတယ် ဒီ သကမင်းကိုအစွဲပြုပြီး (သကရာဇ - သကရာဇ်) သက္ကရာဇ် ဆိုပြီးခေါ်ပါတယ်

ပလ္လင်များမှအရုပ်များရဲ့အစီရင်သဘော

ဒီနေ့မတော့
မြန်မာမင်းတို့ရဲ့
ရာဇပလ္လင်ကိုးခုနဲ့
အဲ့ဒီပလ္လင်တွေမှာစီရင်ထားရှိတဲ့
အရုပ်များရဲ့အဓိပ္ပာယ်လေးကို
အကျဉ်းလေးရေးပါ့မယ်
မြန်မာမင်းတို့ရဲ့ပလ္လင်များအနေနဲ့ကိုးခုရှိတယ်
အဲ့ဒီပလ္လင်တွေက
၁ သီဟာသန( ခြင်္သေ့ပလ္လင်)-ယမနေသားနဲ့လုပ်
၂ သီဟာသန(ခြင်္သေ့ပလ္လင်)-ယမနေသားနဲ့လုပ်
   ( သီဟသနပလ္လင်မှာ မြေနန်းပြသာဒ်နဲ့ လွှတ်တော်ဇေတဝန်ဆောင်နှစ်နေရာမှာထားတဲ့အတွက်ပလ္လင်တမျိုးထဲ ၂ နေရာဖြစ်တယ်)
၃ ပဒုမ္မာသန ( ကြာပလ္လင်)-တောင်ပိန္နဲ/ကရဝေ/သရက်နဲ့လုပ်
၎ ဘမရာသန (ပျားပလ္လင်)-ကံ့ကော်/ကရဝေသားနဲ့လုပ်
၅ မရူယာသန (ဒေါင်းပလ္လင်)-ပေါက်/သရက်သားနဲ့လုပ်
၆ မိဂါသန (သမင်ပလ္လင်)-သဖန်း/တောင်ပိန္နဲနဲ့လုပ်
၇ ဟံသာသန (ဟသာင်္ပလ္လင်)-သင်္ကန်းသားနဲ့လုပ်
၈ ဂဇာသန ( ဆင်ပလ္လင်)-စကား/သဖန်းသားနဲ့လုပ်
၉ သင်္ခာသန (ခရုသင်းပလ္လင်)-သရက်/စကား/တောင်ပိန္နဲသားနဲ့လုပ်

University လိပ်စာများ


နည်းပညာကောလိပ် မှော်ဘီ
Pyay Rd., Hle Ngote Chaung Village Track, မှော်ဘီမြို့နယ်
Phone:01-620072,01-620454
သွားဆေးတက္ကသိုလ်
Than Thu Mar Rd., (Nga/Ka)Ward, သင်္ဃန်းကျွန်းမြို့နယ်
Phone:01-571271,01-571767,01-571270
ဆေးဝါးကျွမ်းကျင်တက္ကသိုလ်  
ဖုန်းနံပါတ်။ ။ 01-9690485, 01-9699897, 01-9699877
ရန်ကုန်စီးပွားရေးတက္ကသိုလ်
No.(2) Main Rd., Ywar Thar Gyi, တောင်ဒဂုံမြို့နယ်
Phone:01-585070~2 , 01-585075,01-585064

Green Season Mocktail




ကဲဒီတစ်ခါ Alchohol မကြိုက်သူများအတွက်ကတော့ အထူးစဉ်းစားထားတဲ့ နွေရာသီ Mocktail လေးပါပဲ။ ကိုယ်နဲ့ အလွယ်တကူ လက်လှမ်းမှီရာပစ္စည်းတွေပဲမို့ လုပ်ရတာလွယ်ကူပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ နွေရာသီမှာ ဘယ်ကိုပဲ သွားသွား အလွယ်တကူ ဝယ်လို့ရနိုင်မယ့် ကြံရည်နဲ့ပါ။ နွေရာသီ ပူပြင်းတဲ့ရာသီဥတုမှာ ဆုံးရှုံးသွားတဲ့ Energy တွေ ကို ပြန်လည်ဖြည့်တင်းဖို့ အသီးအနှံဖျော်ရည် တစ်ခုကို ရွေးချယ်မယ်ဆိုရင်တော့ Sugar Cane Juice (ကြံရည်)က ပြိုင်ဘက် ကင်းပါပဲ။ သူ့ချည်းပဲ သောက်လို့ကောင်းသလို ချိုလို့ ကြံ ရည်ချည်းပဲ သောက်ရတာမကြိုက်ပါဘူးဆိုရင်တော့ ချင်း၊ Mint Leaves  ( ပူစီနံ) ရွက်တို့နဲ့ ပေါင်းစပ်ဖျော်သောက်ကြည့်လိုက်ပါ။ ချင်းနဲ့ ပူစီနံပါဝင်လို့ ပူရှိန်းပူရှိန်းနဲ့ ကျန်းမာရေးအတွက် ကောင်းမွန်သော Mocktail လေးပါပဲ။

Green Island Mocktail




ဒီတစ်ခါ Mocktail အနေနဲ့ကတော့ Cucumber နဲ့လုပ်ထားတဲ့ Mocktail လေးပါ။ Alcohol မပါဝင်ပေမယ့်လို့လည်း သခွားသီးရဲ့ ချိုမွှေးတဲ့ အနံ့အရသာဟာ သင့်ကို လန်းဆန်းစေမှုနဲ့ ချင်းရဲ့ ဆေးဖက်ဝင်အာနိသင်တွေကြောင့် Mocktail ဖျော်သောက်မယ်ဆိုရင် ငြင်းစရာမရှိတဲ့ Drinks လေးပါပဲ။ သူငယ်ချင်းတွေနဲ့ အပျင်းပြေဖျော်သောက်မယ်ဆိုရင် စိတ်ဝင်စားဖို့လည်းကောင်းပြီး သောက်လို့လည်းကောင်းတာမို့ အသင့်တော်ဆုံးပါပဲ။
   လိုအပ်သော ပစ္စည်းတွေကတော့
   Cucumber (သခွားသီး)   –   2-3 slices
   Ginger (ချင်း)   –   2 slices
   Lime (သံပရာသီး)   –   1 pcs
   Honey (ပျားရည်)   –   20 ml
   Mojito Syrup   –   10 ml
   (ဒီ syrup မရှိဘူးဆိုလျှင်လည်း ပူစီနံရွက်လေး၊ ငါးရွက်ခန့် ချေပြီးထည့်လည်း ရပါသည်၊)
   Soda   –   top up

Go Green Mocktail





ဒီတစ်ခါ Mocktail အနေနဲ့ကတော့ ပင်စိမ်းနံ့ သင်းသင်းလေးနဲ့ လွယ်လွယ်ကူကူ ဖျော်သောက်လို့ ကောင်းမယ့် Non-Alcohol Mocktail လေးပါပဲ။ စပျစ်သီးဖျော်ရည်နှင့် ဖျော်ထားတာမို့ စပျစ်သီးက ဝိတ်လည်းကျစေသလို ပင်စိမ်းကလည်း ကျန်းမာရေးအတွက်ကောင်းစေတာမို့ စပျစ်သီး Crazy တွေအတွက် အဆင်ပြေမှာပါ။
 ပါဝင်ပစ္စည်းတွေကတော့
   Grape Juice   –   240 ml
   Lime Juice   –   20 ml
   Basil Leaves   –   3 – 4 spring
   White sugar   –   2 spoons
ပြုလုပ်ပုံကတော့
          ရှေးဦးစွာ ပင်စိမ်းရွက် သုံးလေးရွက်ခန့်ကို ခြွေယူကာ ရေစင်စင်ဆေးပြီး ဖန်ခွက်ထဲကို ထည့်လိုက်ပါ။ ပြီးလျှင် စားပွဲတင်သကြား အဖြူနှစ်ဇွန်းခန့်ကိုထည့်ပြီး ပင်စိမ်းအနံ့လေးထွက်အောင် ည်းနည်းကြိတ်ခြေလိုက်ပါ။

Monday, November 16, 2015

အဆိပ်အတောက်ဖြစ်စေနိုင်သည့် အမြင့်မားဆုံးအစားစာ(၁၀)မျိုး


၁။ မှိုများ (Mushrooms)
မှိုတိုင်းကတော့ အဆိပ်အတောက် မဖြစ်ပေမယ့် မှိုဟာ အဆိပ်အတောက် ဖြစ်ပွားနိုင်မှု များပြားတဲ့ အစားအစာ ဖြစ်ပါတယ်။
မှိုမှာ စားကောင်းတဲ့ မှိုနဲ့ မစားကောင်းတဲ့ မှို(အဆိပ်ရှိမှို) ဆိုပြီး ရှိပါတယ်။
အဲဒီ့ နှစ်ခုကို ခွဲခြားနိုင်တဲ့ လက္ခဏာရပ်တွေ ရှိပေမဲ့ အမျိုးအမည် မသိတဲ့ မှိုတွေကိုတော့ မစားတာ အကောင်းဆုံးပါပဲ။
အကြမ်းအားဖြင့် အဆိပ်ရှိတဲ့မှိုနဲ့ အဆိပ်မရှိတဲ့မှို (စားလို့ရတဲ့ မှို) ခွဲခြားနည်း ကတော့ အဆိပ်မရှိတဲ့မှိုဟာ မှိုရဲ့ထိပ်ဖက်(Cap)ဟာ ပြားရပါမယ်။
မှိုရဲ့ရိုးတန်မှာ (Bumps) လို့ ခေါ်တဲ့ မှိုရိုးတံရဲ့ခြေစွပ် (ကွင်းစွပ်) မပါရှိရပါဘူး။
၂။ ငါးပူတင်း (Pufferfish)
ငါးပူတင်းဟာ အဆိပ်အတောက် အလွန်ဖြစ်စေတဲ့အတွက် ဂျပန်မှာ ဆိုရင် ငါးပူတင်းကို ချက်ပြုတ်မယ့် စားဖိုမှူးတွေကို အထူး လေ့ကျင့်ပေးထားပြီး ငါးပူတင်းချက်ပြုတ်နိုင်တဲ့ အသိအမှတ်ပြု လက်မှတ် (Certificate) ထုတ်မပေးခင်မှာ ကျွမ်းကျင်မှုကို စစ်ဆေးပြီးမှ ထုတ်ပေးပါတယ်။

" သီဟာသနပလ္လင်ဆိုတာ"

သီဟာသနပလ္လင်ဆိုတာ
မြေနန်းရယ် လွှတ်တော်ရယ် ပေါင်းနှစ်နေရာမှာထားတယ်
နန်းတော်မှာရှိတဲ့ ပလ္လင်တွေထဲမှာ
ဒီပလ္လင်ဟာအရေးပါဆုံးဖြစ်တယ်
ပလ္လင်ရဲ့အဓိပ္ပာယ် ခြင်္သေ့မှာ ရဲရင့်ခြင်း
ခွန်အားကြီးခြင်း စတဲ့ အရည်သွေးရှိသလို
ဘုရင်မှာလဲ ဒီသတ္တိရှိရမယ်လို့
ရည်ညွှန်းတယ်
ဒီပလ္လင်ကို
အရေးပါတဲ့ ကိစ္စတွေဖြစ်တဲ့
နိုင်ငံခြားသံတမန်ကြီးတွေ ဝင်ရောက်ဖူးမြော်
ကန်တော့ခံတဲ့အခါ
ကျွန်တော်မျိုးတို့ကို သစ္စာရေတိုက်တဲ့အခါ
နှစ်စဉ် နှစ်ကူး ဝါဝင် ဝါကျွတ်ကန်တော့ခံတဲ့အခါ
ပဒေသရာဇ်တွေရဲ့ ကန်တော့ခံလက်ဆောင်
လက်ခံတဲ့အခါ

ဘဝရဲ့တန်ဖိုး (The Value Of Life)


တစ်နေ့မှာ လူငယ်လေး တစ်ဦးဟာ အဖိုးဖြစ်သူ အနားကို သွားပြီး... "ဘ၀တန်ဖိုး ဆိုတာ ဘာလဲ... အဖိုး..?" ဆိုပြီး မေးလိုက်တယ်...
ဒါနဲ့ အဖိုးဖြစ်သူလည်း ကျောက်တုံး တစ်တုံးကို လူငယ်လက်ထဲ ထည့်ပေးလိုက်ပြီး... "ကဲ... ဒီကျောက်တုံးရဲ့ တန်ဖိုးဟာ ဘယ်လောက် ရှိလဲ ဆိုတာ သွားစုံစမ်းခဲ့ချေ... ဒါပေမဲ့ ရောင်းတော့ မရောင်းခဲ့နဲ့နော်..." ဆိုပြီး မှာလိုက်တယ်...
လူငယ်လည်း အဖိုးပေးလိုက်တဲ့ ကျောက်တုံးကို ယူပြီး ထွက်သွားလိုက်တယ်...
လမ်းမှာ လိမ္မော်သီးရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို တွေ့တော့ အထဲဝင်ပြီး ကျောက်ရဲ့ တန်ဖိုးကို မေးလိုက်တယ်... ဈေးသည်က..." ဒီကျောက်တုံးဆိုရင် လိမ္မော်သီး ၁၂ လုံးတော့ ရမယ်... ယူမှာလား" ဆိုပြီး ဈေးဖြတ်လိုက်တယ်... လူငယ်လည်း အဖိုးဖြစ်သူက မရောင်းနဲ့လို့ မှာထားတဲ့ အတွက် ဈေးသည်ကို တောင်းပန်ပြီး ပြန်ထွက်လာခဲ့တယ်...

အရည်အချင်းဆိုတာလေ့ကျင့်မှုကလာတယ်


တစ်ခါတုန်းက တရုတ်ပြည် ဆောင် မင်းဆက်လက်ထက်မှာ အင်မတန်မှ မြှားပစ်တော်တဲ့ ချန်ယူဇီလို့ခေါ်တဲ့ လူငယ်တစ်ယောက် ရှိသတဲ့။ ဒီလူငယ်ဟာ ဘယ်လောက်တောင် တော်သလဲဆိုရင် လှုပ်ရှားနေတဲ့ ပစ်မှတ်တွေကိုတောင် မှန်ကန်အောင် ပစ်ခတ်နိုင်တယ်။ ဒီလို မြှားပစ်တော်တဲ့အတွက် ချန် ဟာ သူ့ကိုယ်သူ အမြဲ ဂုဏ်ယူနေတယ်။ အပေါင်းအသင်းတွေကလည်း သူနဲ့ဆုံတိုင်းမှာ သူမြှားပစ် ဘယ်လောက် တော်ကြောင်းကို ချီးကျူးပြောဆိုကြတယ်။ ချန်ဟာ ကမ္ဘာပေါ်မှာ သူ့လောက် တော်တဲ့ မြှားပစ်သမား မရှိဘူးလို့တောင် အထင်ရောက် နေတာပေါ့။
တစ်နေ့တော့ သူမြှားပစ်လေ့ကျင့်နေတဲ့အချိန်ပေါ့။ သူ့ရဲ့ ဂုဏ်သတင်း ကြောင့် သူ မြှားပစ်တာကို လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေကလည်း များတယ်။ ပရိသတ်တွေ များလာလေလေ၊ ချန် ဟာ သူ့မြှားပစ်စွမ်းရည်ကို အမျိုးမျိုး ပြသလေပဲ။

အုံးလွဲရင်


လူတော်တော်များများ အုံးလွဲတတ်ကြပါတယ်။
အုံးလွဲလျှင် ဦးခေါင်းကို လှည့်မရတော့ပဲ အလွန် နာကျင်တဲ့ဝေဒနာကို ခံစားရတတ်ပါတယ်။
ဒီအခါမှာ ဆေးသောက်ဆေးထိုး ဒဏ်ကျေဆေးမျိုးစုံလိမ်းပြီး နှိပ်နယ်တတ်ကြပေမဲ့ ဝေဒနာကား မသက်သာ။
နာကျင်နေတဲ့ကြွက်သားများကို နှိပ်နယ်ခြင်းကြောင့် နာကျင်တဲ့ဒဏ်ကို ပို၍ပင် ခံစားရတတ်ပါတယ်။
ဒီလိုဖြစ်ရင်… ဦးခေါင်းရဲ့ ပထဝီကြော ခြေထောက်ကို သတိရလိုက်ပါ။
ခြေဖဝါးစောင်းကို ဦးစွာနှိပ်ပါ။ ပြီးတော့ ခြေခလယ်ကိုနှိပ်ပါ။ ပြီးရင် ခြေသူကြွယ်ကိုနှိပ်ပါ။