Friday, December 25, 2015

အမျိုးသမီးတိုင်း သိသင့်သော သားအိမ်ကင်ဆာ၏ အဖြစ်အများဆုံးရောဂါလက္ခဏာ (၁၀) ချက်



အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ အတွက် သတိပေး လက္ခဏာတွေကို လျစ်လျူရှု မထားသင့်ပါဘူး။ ဒီလက္ခဏာတွေကို အစောပိုင်း အဆင့်ကတည်းက သိနားလည်မှသာ ကုသမှု ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

(၁) တင်ပဆုံ နာကျင်ကိုက်ခဲခြင်း
ချက်အောက်ပိုင်း တင်ပဆုံတွင်းမှာ နာကျင်တာနဲ့ တင်းနေတာစတဲ့ လက္ခဏာ တွေကို တာရှည်ခံစား နေရရင် သတိထားသင့်ပါတယ်။ ဒါက ရာသီအကြို ဝေဒနာ မဟုတ်ဘူး ဆိုတာ သေချာဖို့တော့ လိုပါတယ်။ တင်ပဆုံတွင်း နာကျင်ကိုက်ခဲမှုဟာ မမျိုးဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ မိန်းမကိုယ် ကင်ဆာစတဲ့ ကင်ဆာတွေနဲ့ ဆက်စပ်မှုရှိလို့ သတိထား သင့်ပါတယ်။

အိမ်နှင့်ပါတ်ဝန်းကျင်


- အိမ်ပတ်ဝန်းကျင်တွင်မစိုက်အပ်သောအပင်များ၊
- အိမ်ဆောက်ရက်ရွေးနည်း၊
- အိမ်ဆောက်လရွေးနည်း၊
- မသုံးအပ်သောသစ် (၈)မျိုး၊
- အိမ်၊ကျောင်း ဆောက်ရာတွင်မသုံးအပ်သော သစ် (၁၁)မျိုး၊
- အိမ်၊ကျောင်း ဆောက်ရာတွင် မပြုအပ်သောအရာများ၊
သစ်ပင်ပန်းမန်ဆိုတာ လူတွေအတွက်ကောင်းမွန်တဲ့ အရာပါ။ သဘာဝရာသီဥတုကို သင့်တင့်မျှတစေသလို သတ္တ၀ါတွေကိုလည်း အကျိုးပြုစေပါတယ်။ မိမိအိမ်ပတ်ဝန်းကျင် ခြံထဲ၊အိမ်မှာ အပင်တွေ စိုက်ပျိုးခြင်းဟာ ကိုယ်ရောစိတ်ပါ ရွှင်လန်းစေမှာပါ။

Frozen Melon Mix





အပြင်မှာ ရာသီဥတုပူချိန် စိတ်ဖိစီးမှုများချိန်နှင့် နေ့လယ်စာစားပြီး အနားယူချိန်တို့မှာ ဆို ပိုပြီးသောက်ရတာ အဆင်ပြေစေမှာပါ။ ဖရဲသီးနှင့် ပန်းသစ်တော်သီးတို့က ရင်ကိုအေးမြမှု၊ ဝမ်းကို အေးမှု၊ ခန္ဓာကိုယ်အပူကို ပျော့ချစေတဲ့ ဓာတ်အာနိသင်တွေရှိခြင်းကြောင့် နွေရာသီတွင်မက ရာသီတိုင်းမှာ ကျန်းမာရေးကို အထောက်အကူပေးပါတယ်။ ဖျော်ကြည့်ရအောင်နော်။ Glass tae အနေဖြင့် Long Mix အဖြစ် ဖျော်စပ်ကြည့်ရအောင်နော်။

Carnberry Cutie Mocktail





ဒီ Carnberry Cutie Mocktail လေးကတော့ အဓိကအားဖြင့် Carnberry Juice, Orange Juice ရယ်၊ သံပရာသီး ရယ်။ ပူစီနံတို့နဲ့ ပြုလုပ်ထားတာပါ။ ဒီ Mocktail လေးက သောက်လိုက်ရင် သောက်သုံးသူကို စိတ်ရွှင်လန်းဆန်းသွားစေမှာပါ။ ပူစီနံလေးလည်းပါတော့ ညဖက်သောက်သုံးရင် အိပ်ရေးဝဝ အိပ်ပျော်စေမှာဖြစ်တယ်။ အရသာလည်းရှိပြီး သောက်လို့ကောင်းတဲ့ Mocktail လေးတစ်ခွက်ပါ။

Tuesday, December 22, 2015

ထွေလီကာလီအင်္ဂလိပ်စာ


Take it easy   စိတ်မပူပါနဲ့ဗျာ
It's  piece of cake for me  ကျွန်တော့ အတွက်တော့ ဒါ လွယ်လွယ်လေးပါ
No need to rush   အလျင်လိုစရာမှ မလိုတာ
It's on me   ကျွန်တော် ပေးပါ့မယ်ဗျာ ဒီတခါတော့
play it by ears  မီးစင်ကြည့်ကပေါ့
look out !    သတိထား ! 
I do appreciate you     ငါ မင်းကို တကယ့်ကို ကျေးဇူးတင်ပါတယ်။

ဘုရားရှိခိုးရခြင်းအကြောင်းအရင်း


ဘုရားရှိခိုးရခြင်း၏အကြောင်းရင်းမှာ မြတ်စွာဘုရားသည် ကောင်းသောသဘာဝတရားများ နှင့် မကောင်းသော သဘာဝတရားများကို ဟောကြားပေးခဲ့သည်။ သင်ကြားပေးခဲ့သည်။
ထိုကြောင့် မြတ်စွာဘုရားကို ဗုဒ္ဓဘာသာဝင်တို့က ဆရာအဖြစ်မှတ်ယူသည်။ ဆရာအဖြစ် မှတ်ယူကာ ကျေးဇူးတင်သည့် အနေဖြင့် ရှိခိုးခြင်းဖြစ်သည်။ မြတ်စွာဘု၇ားကို ကြောက်၍ ရှိခိုးခြင်းမဟုတ်ပါ။ ရှိမခိုးဘဲ နေလိုက နေနိုင်သည်။
ကိုယ်ကျင့်တရားသာ အဓိကဖြစ်သည်။ မိမိကိုယ်တိုင် ကိုယ်ကျင့်တရား ကောင်းမွန်ကာ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းအောင် လုပ်ပေးဖို့နှင့် ကိုယ့်ပတ်ဝန်းကျင် စိတ်ချမ်းသာအောင် လုပ်ပေးဖို့ အရေးကြီးသည်။

Monday, December 21, 2015

သင်္ကြန်ရေသဘင်ပွဲဖြစ်ပေါ်လာပုံ

မြန်မာတို့၌ လတပေါင်း ၁၂-လ ပွဲတော်ပေါင်း၁၂ ပွဲဟု
သတ်မှတ်ချက်ရှိခဲ့ရာ သင်္ကြန်ပွဲတော်သည် နှစ်ဟောင်းကုန်ဆုံးသော နှစ်ဦးအချိန်၌ ကျင်းပသည့်
ပွဲတော်ဖြစ်၍ လူတိုင်းစိတ်ဝင်စားသော ပွဲတော် ဖြစ်ပါ
သည်။ ရှေးမင်းတို့လက်ထက်တော်အခါက သင်္ကြန်
ပြောင်းချိန် အတာတက်ချိန်တို့ကို ဗေဒင်ပညာရှိတို့က
သေချာစွာ တွက်ချက်၍ ဘုရင်မင်းမြတ်ထံ လျှောက်
ထားကြရသည်။ထိုအခါ ဘုရင်မင်းမြတ်က သက်ဆိုင်
ရာသို့ အမိန့်ထုတ်ပြန်၍ သင်္ကြန်ပြောင်းချိန် အတာတက်ချိန်တို့၌ အဆန်မပါသော အမြောက်သံ
များ ပေးစေရသည်။အခါတော် သုံးရက်အတွင်း၌ သန့်
စင်သော ရေကို အသိုက်အဝန်းတို့ဖြင့် ခပ်စေပြီးလျင်
စေတီ ပုထိုး ရုပ်ပွားတော်နှင့် ဗောဓိပင်ကို ညောင်ရေ
သွန်းကြရသည်။နန်းတွင်းသူ နန်းတွင်းသားများနှင့်တ
ကွ တိုင်းသူပြည်သားများလည်း တစ်ဦးပေါ်တစ်ဦး
မေတ္တာရေစင်ဖျန်း၍ သင်္ကြန်ပွဲသဘင် ဆင်နွှဲကြရ
သည်။
ရေသဘင်အစ
~~~~~~~~~~
ဤသင်္ကြန်ရေသဘင်ပွဲတော်သည် မြန်မာနိုင်ငံ၌သာ
မဟုတ် အိမ်နီးချင်းများ ဖြစ်ကြသော အိန္ဒိယပြည်
တရုတ်ပြည်တို့၌လည်းရှိလေသည်။
မြန်မာတို့၏ ရေကစားသော ဓလေ့သည် အိန္ဒိယမှ ကူး
စက်ဟန်တူသည်။အိန္ဒိယများ ရေကစားကြသည်ကား
ရေရိုးရိုးဖြင့် ပက်ဖြန်းကစားကြသည်မဟုတ် အနီရောင် ပန်းဆီရေဖြင့် ပက်ဖြနကစားကြခြင်းဖြစ်
လေသည်။ပန်းဆီရေဖြင့် ပက်ဖြန်းကစားကြခြင်းအ
ကြောင်းကို ကဝါလမိုင်းပုံပြင်၌ ဤသို့ဆိုလေသည်။
တစ်ရံရောအခါ သိကြားမင်းနှင့် ဗြဟ္မာမင်းတို့သည်
ဝါထပ်ရက်ငင်နှင့် ပက်သက်၍ အငြင်းအခုံ ဖြစ်ပွားကြ
ရာ တစ်ဦးနှင့်တစ်ဦး အလျှော့မပေးဘဲ ပြင်းထန်သော
အဆင့်သို့ ငြင်းခုံမှု ဆိုက်ရောက်လာကြသည်။
ထိုအခါ နှစ်ဦးသဘောတူ တိုင်ပင်၍ ဗေဒင်အကျော်
ကဝါလမိုင်ထံ အဆုံးအဖြတ်ကို ခံကြရသည်။
ရှုံသောသူက လက်ခံစတမ်းဟု ကတိကဝတ်ပြု၍
ကဝါလမိုင်းထံ မေးကြသောအခါ ဗြဟ္မာမင်း ရှုံးနိမ့်၍
ဗြဟ္မာမင်း လည်ဖြတ်ခံရလေသည်။
သို့သော် ပြတ်သွားသော ဗြဟ္မာမင်း ဦးခေါင်းကို
ကောင်းကင်သို့ ပစ်ပါက ကမ္ဘာ၌ မိုးဆိတ်သုဉ်းသွား
လိမ့်မည်။ကုန်း၌ပစ်ပါက မြေသြဇာခန်းခြောက်လိမ့်
မည်။ထို့ကြောင့် ဗြဟ္မာမင်း၏ ဦးခေါင်းကို နန္ဒာဒေဝီ
စသော နတ်သမီးများက အလှည့်ကျ ကိုင်ထားကြရ
သည်။ ဗြဟ္မာမင်း၏ ကိုယ်မှလည်း သွေးများယိုစီး
လျက်ရှိရာ ဤအတိုင်းထားပါက ကမ္ဘာကြီး သွေးဗွက်
အတွင်း နစ်မြုတ်သွားရန် ရှိသောကြောင့် သင့်လျှော်
သော ဦးခေါင်းကို တပ်ဆင်ရန် ဦးခေါင်းကို ရှာဖွေသောအခါ မဟာပိန္နဲဆင်မင်း အိက်ပျော်နေ
သည်ကို တွေ့သဖြင့် ဦးခေါင်းကို ဖြတ်ယူပြီး ဗြဟ္မာ
မင်း၏ကိုယ်၌တက်လိုက်ရသည်။ထိုဗြဟ္မာမင်း၏
ကိုယ်နှင့်  ဆင်းဦးခေါင်းနတ်မင်းကို မဟာပိန္နဲနတ် ဟူ
သော အမည်ဖြင့် လူတို့ကိုးကွယ်ခဲ့ရာဖြစ်ခဲ့သည်။
ဗြဟ္မာကိုယ်မှကျသော သွေးများကိုလည်း အန္တရာယ်ကင်း၍ သိဒ္ဓိမြောက်သည်ဟူသော ယူဆ
ချက်ဖြင့် လူသားများ မိမိနှင့်တကွ ချစ်ခင်သောသူများ
အပေါ် ပက်ဖြန်းကြလေသည်။ထိုအစဉ်အလာဖြင့်
ဟိန္ဒူလူမျိုးတို့သည် နီသောရေဖြင့် သင်္ကြန်ပွဲ ဆက်နွှဲ
ကြသည်ဟု ဆိုလေသည်။
မဟာပိန္နဲနတ်
~~~~~~~~~~~
လူခန္ဓာကိုယ်နှင့် ဆင်ဦးခေါင်းရှိသော နတ်ကို မဟာပိ
န္နဲနတ်ဟု သိကြသည်။မဟာပိန္နဲဟူသည်မှာ မဟာဝိနာ
ယက ဟူသော မဂဓ အက္ခရာကို မဟာဗိနာယကဟု
ရွတ်ဆိုရာမှ ဗိနာယကို  ဗိနာယ် ဗိန္နဲ ပိန္နဲဟုရွတ်ဆိုလာ
ကြခြင်းဖြစ်သည်။မဟာပိန္နဲဖြစ်လာပုံ အယူအဆသည်
တစ်ကျမ်းနှင့် တစ်ကျမ်းမတူညီပါချေ။ကဝါလမိုင်း ပုံ
ပြင်က ဗြဟ္မာကိုယ်နှင့် ဆင်ဦးခေါင်းကို မဟာပိန္နဲနတ်
ဟုဆိုသော်လည်း ကျမ်းတစ်စောင်၌မူကား ပရမေသွာ
ခေါ်သော သျီဝနတ်ဘုရား၏ ကြင်ယာတော် ပါရဝတီ
ခေါ် ပဗ္ဗတီဒေဝီသည် သျီဝ ခရီးသွားခိုက် မိမိကိုကိုယ်ကို ပွတ်သတ်လိုက်ရာ ချေးညှော်အမှုန့်
များထွက်လာသည်။ထိုအမှုန့်များကို စုပေါင်း၍ အရုပ်
လုပ်၏။အရုပ်ဖြစ်လာသောအခါ အသက်သွင်းလိုက်
ရာ သားတော်ဂဏေသျှ ဖြစ်လာသည်။ထိုသားတော်
ဂဏေသျှကို တံခါးးစောင့်ထား၍ ပဗ္ဗတီဒေဝီ ရေချိုးနေ
စဉ် သျှီဝခရီးထွက်ရာမှ ပြန်လာသည်။
ဂဏေသျှသည် ဖခင်ဖြစ်မှန်း မသိ၍ အိပ်ခန်းအတွင်းမ
ဝင်ရန် တားမြစ်ရာမှ သျှီဝ အမြတ်ထွပ်၍ မိမိတန်းခိုး
ဖြင့် ဂဏေသျှကို ခေါင်းဖြတ်လိုက်၏။ထိုခဏ၌ ပဗ္ဗတီ
ဒေဝီသည် ရေချိုးရာမှ ထွက်လာရာ သားဖြစ်သူ ခေါင်း
ပြတ်နေသည်ကို မြင်၍ မိမိသားဖြစ်ကြောင်း ပြောဆို၍
ငိုလေသည်။ထိုအခါ သျှီဝသည် မိမိသားမှန်းသိလျှင်
ဦးခေါင်းအစားတပ်ပေးရန် ရှာဖွေရာ ဆင်ကြီးကို ဦးစွာ
တွေ့သဖြင့် ဆင်ဦးခေါင်းကိုဖြတ်၍ ဆက်ပေးလိုက်ရာ
လူကိုယ်နှင့် ဆင်ခေါင်း မဟာပိန္နဲဖြစ်လာသည်ဟု ဆို
လေသည်။ဂဏေသျှဟူသည် မဟာပိန္နဲနတ်၏ အမည်
တစ်မျို့းဖြစ်လေသည်။
ကျမ်းတစ်စောင်အဆို ကျမ်းတစ်ကျမ်း၏ အလိုမှာ
မဟာပိန္နဲနတ်၏ မိခင် ပဗ္ဗတီဒေဝီသည် ယခင်ဘဝက
ပဇာပတိနတ်မင်းဖြစ်လေသည်။တစ်ရံရောအခါ ပဇာပတိနတ်မင်း ယဇ်ပူဇော်ပွဲကျင်းပရာသို့ အခြားသ
မတ်များကို ဖိတ်ကြားသော်လည်း ပဗ္ဗင်္ံတီ၏လင်ဖြစ်သူ
သျှီဝကိုမူကား ကြမ်းတမ်းသောကြောင့် မဖိတ်ကြား
ချေ။ထို့ကြောင့် သျှီဝအမြတ်ထွက်၍ ယဇ်ပွဲကို ဖြတ်ဆီးပြီလျှင် ယောက္ခမကြီး ပဇာပတိကို သတ်
လိုက်သည်။ပဇာပတိ သေသော်လည်း သမီး ပဗ္ဗတီ
လည်း စိတ်ဆင်းရဲ၍ မိမိကိုယ်ကို သတ်သေရာ ဟိမဝ
န္တာတောင်၌ သန္ဓေတည်ကာ ဖွားမြောက်လာသည်။
လည်းကောင်းကိုယ်ရောင်သည် အောင်မဲညိုပွင့်ရောင်
ရှိ၍ ဥမ္မာဟူ၍လည်းကောင်း ကာလီဟူ၍လည်းကောင်း ကြမ်းတမ်းသောကြောင့်
စဏ္ဍီဟူ၍လည်းကောင်း စစ်ပွဲများ၌ ဦးစီးတက်သော
ကြောင့် ဒူရဂါမယ်တော်ကြီးဟူ၍လည်းကောင်း ခေါ်
လေသည်။တစ်ရံရောအခါ ဒူရဂါ မယ်တော်ကြီးနှင့်
သျှီဝနတ်မင်းတို့သည် လက်တွဲ၍ ဟိမဝန္တာအတွင်း
လှည့်လည်ကြစဉ် ဆင်များပျော်မြူးနေသည်ကို မြင်ရာမှ ဒူရဂါမယ်တော်ကြီးသည် ဆင်အပေါ် အာရုံ
တိမ်းညွှတ်မိသည်ဟု ဆိုသည်။ထို့သို့ အာရုံတိမညွှတ်
မိခြင်းကြောင့် သားတော်ဖွားမြင်လာသောအခါ သွေး
တစ်ပမာ နီမြန်းသောအဆင်းရှိ၍ ဝက်ကဲ့သို့ ဝမ်းဗိုက်
သဏ္ဍာန်ရှိသော ဆင်းဦးခေါင်းလူကိုယ်နှင့် မဟာပိန္နဲ
နတ်ဖြစ်လာသည်ဟု ဆိုပြန်သည်။မဟာပိန္နဲနတ်သည်
ဟိန္ဒူဘာသာတွင် သျှီဝနတ်ဘုရား၏ သားတော်ဖြစ်
သောကြောင့် အလွန်တန်းခိုးကြီးသည်။ပညာပေး
တက်သောနတ်ဖြစ်သည်ဟု အမှုတစ်စုံတရာ ပြုလုပ်
ခါနီးတွင် ဥုံ--သီရိဂဏေသာယ နမော ဟုဆိုကာ ရှိခိုး
ခဲ့လျှင် အမှုကိစ္စပြီးသည်ဟု ယူဆကြသည်။ထိုအယူ
အဆဖြင့် ဆင်ခံဘုရားများကို ဗုဒ္ဓဘာသာဝင် မြန်မာ
တို့ပင်လျှင် အမြတ်တနိုးပြုလုပ်ကိုးကွယ်နေကြလေ
သည်။
မဟာပိန္နဲပူဇော်ပွဲ
မဟာပိန္နဲနတ်ကို ဘုရားအဖြစ် မဟုတ်ပဲ သာမန်နတ်
အဖြစ်ဖြင့် မြန်မာလူမျိုးများ ကိုးကွယ်ခြင်းပြုခဲ့ကြ
သည်။မြန်မာတို့၌ ဆယ်နှစ်လ ဆယ့်နှစ်ပွဲရှိခဲ့ရာ နတ်
တော်လသည် ရှေးယခင်က မဟာပိန္နဲနတ်ပွဲ ဆင်နွှဲ
သော လဖြစ်လေသည်။အင်းဝမင်များ လက်ထက်
တော်ကာလက မဟာပိန္နဲနတ်ပူဇော်ပုံကို လောကဗျူ
ဟာကျမ်း၌---ရွှေစည်ခုံဘုရား ဇရပ်တွင် အစဉ်ထား
သည့် မဟာပိန္နဲဆင်းတုကို နတ်တော်လဆန်း ၁၃ ရက်နေ့က မြန်မာ ပတ် တဆိုင်း တလိုင်းပတ် တဆိုင်း
ကလူတို့နှင့် သဘင်ခံရသည်။ အတွင်းတော်ကလည်း
အချို အဆိမ့် နွားနို့ ထောပတ် ပူဇော်ပွဲကို အတွင်း
တော်မြဲတို့က ကြပ်မတ်၍ ပူဇော်ရသည်။မင်းသား မင်း
မြေး မှူးတော် မတ်တော်တို့ကို မဟာပိန္နဲမှာ ပူဇော်စေ
ရမည့်အကြောင်း နှိုးဆော်၍ ပူဇော်စေရသည်။
လပြည့်နေ့ကို ရထားတွင်တင်၍ အတွင်းတော်မှာပြု
ရသည်။လပြည့်ကျော် ၁ ရက်နေ့မှာ မင်းသား မင်းမြေး
မှူးတော်မတ်တော်တို့ အိမ်မှာပြ၍ အပူဇော်ခံရသည်
ဟု မှတ်တမ်းတင်ထားလေသည်။မဟာပိန္နဲနတ်သည်
အလွန်တန်းခိုးကြီးမား၍ အောင်ဆုကိုပေးနိုင်စွမ်းရှိ
သော နတ်မငအဖြစ် ယုံကြည်ကြသောကြောင့် မဟာ
ပိန္နဲနတ် ဦးခေါင်းမြတ်မှ ယိုစီးသော သွေးသည်လည်း
လူတို့အား ကျန်းမားရေး ချမ်းသာရေး ပေးစွမ်းနိုင်သည်ဟု ယုံကြည်ကြသည်။ ထိုယုံကြည်
ချက်ဖြင့် ဟိန္ဒူလာသာဝင်တို့သည် သွေးအဆင်းရှိ
သော ပန်းဆီဖြင့်  ပက်ဖြန်း ရေကစားကြခြင်းဖြစ်လေ
သည်။******
တရုတ်ရေသဘင်
ဟိန္ဒုတို့၏ ရေသဘင်အစဉ်အလာသည် နီးစပ်ရာ
နိုင်ငံများသို့ အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ကူးစက်ခဲံ့
လေသည်။တရုတ်ပြည် ရှစ်ဆောင်ပန္နားပြည်နယ်ရှိ
တိုင်လူမျိုးတို့သည် နှစ်သစ်အချိန်တွင် ရေဖြန်းကစား
လေ့ရှိကြသည်။လည်းကောင်း ရေဖြန်းကစားလေ့ရှိ
သော ပုံပြင်သသည်လည်း ကဝါလမိုင်း ပုံပြင်နှင့်တူသ
ယောင် ရှိလေသည်။
ရှေးသရောအခါက မိစ္ဆာကောင်ကြီးတစ်ကောင်သည်
လူကိုယ်မှထွက်သော မီးတို့ဖြင့် လူတို့ကို နှိပ်စက်နေ
သည်။သူ့ကို လူတို့က အန်တုကြသော်လည်း မနိုင်ကြ
ချေ။ထို့ကြောင့် သူ့အား အရက်သေစာတို့ဖြင့် ပူဇော်
ကြရသည်။တစ်ရက်တွင် သူသည် အရက်အလွန်မူး
ဖြင့် ကမ္ဘာပေါ်မှာ ငါ့ကိုသတ်နိုင်သူမရှိ။ငါ့ကို သတ်လို
လျှင် ငါ၏ ဆံပင်တစ်မျှင်ဖြင့် ငါ၏လည်ပင်းကို ရစ်ပတ်
နိုင်မှ သေလိမ့်မည်ဟု ကြိမ်းဝါ၏။သူ့ကြိမ်းသံကို ကြားသဖြင့် လူတို့သည် သူ၏ အလုပ်အကျွေး ကညာ
ခုနစ်ဖော်တို့အား လာတ်ပေး၍ မိစ္ဆာကောင်ကြီးကို သတ်ပေးပါရန် တောင်းပန်ကြလေသည်။
ကညာခုနစ်ဖော်တို့သည် မိစ္ဆာကောင်ကြီး အိပ်ပျော်
နေခိုက် သူ့ဦးခေါင်းမှ ဆံပင်တစ်မျှင်ကို နုတ်၍ သူ၏
လည်ပင်ကို ရစ်ပတ်လိုက်ရာ ဦးခေါင်းပြတ်၍ မြေ၌
လိမ့်သွားလေသည်။ဦးခေါင်းလိမ့်ရာတစ်လျှောက်
မီးဟုန်းဟုန်းတောက်သဖြင့် သစ်ပင် မြက်ပင်များ မီး
လောင်ကျွမ်းသဖြင့် မြစ်ရေများပါ ခန်းခြောက်သွားရာ
ကညာခုနစ်ဖော်တို့သည် ထိုမိစ္ဆာ ဦးခေါင်းကြီးကို တစ်
လှည့်စီ ကိုင်ဆောင်ကြရသည်။မိစ္ဆာဦးခေါင်းကို ကိုင်
ဆောင်ကြသော ကညာခုနစ်ဖော်တို့ အလွန်ပူ
လောင်လှသဖြင့် ထိုအပူမှ သက်သာစေရန် လူတို့က
ရေများဖြင့် ပက်ဖြနပေးကြရသည်ဟုဆိုသည်။
ဤပုံပြင်သည် ကဝါလမိုင်းပုံပြင်၌ လာသော ပရမီသွာ
နတ်မင်း၏ သား အာသီဗြဟ္မာမင်း၏ ဦးခေါင်းကို အ
လှည့်ကျ ကိုင်ဆောင်ကြရသော နန္ဒာဒေဝီ စံသီဒေဝီ
ပြောက္ကာဒေဝီ ရဿဏဒေဝီ ကညာဒေဝီ မဟောရဏ
ဒေဝီ ဃောရဿဒေဝီ နတ်သမီး ခုနစ်ဖော်တို့နှင့်တူ
လေသည်။***
ထိုင်းရေသဘင်~~~
နှစ်စဉ်ရေဖြန်းပွဲ အစဉ်အလာသည် ထိုင်းနိုင်ငံ၌လည်း
ကျင်းပလေသည်။ထိုရေဖြန်းပွဲကို ထိုင်းတို့က
'ဆင်ကရန်'ပွဲဟုခေါ်လေသည်။ဆင်ကရန် သင်္ကရန်
သင်္ကြန်တို့သည် သင်္ကန္တ ဟူသော မဂဓပုဒ်၌ ရ'ဟူ
သော 'ရေဖ' ရောက်၍ စကားလုံးပြောက်လည်းလာ
ခြင်းဖြစ်သည်။သင်္ကန္တ ဟူသော မဂဓ အဓိပ္ပာယ်ကား
နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်း ဟူသော အနက်ကို ဟောလေသည်။
သင်္ကြန်ပွဲသည် အမှန်သော်ကား ဗုဒ္ဓဘာသာ ပွဲတော်
မဟုတ်ပါချေ သို့ရာတွင် ဗုဒ္ဓဘာသာ နိုင်ငံများတွင
ဘာသာရေးဘက်သို့ သွတ်သွင်း၍ ပွဲတော်ရက်များ
အတွင်း ဥပုဒ်စောင့် ခြင်း လှူဒါန်းခြင်း တရားထိုင်ခြင်း
ငါးလွှတ်ခြင်း ငှက်လွှတ်ခြင်း စသော ဓလေ့ကောင်း
များကို ပြုလုပ်ခဲ့ကြသည်။ ထိုင်းနိုင်ငံသည် ဗုဒ္ဓဘာသာဝင်နိုင်ငံဖြစ်သောကြောင့် သင်္ကြန်ရက်အ
တွင်း မြန်မာတို့ကဲ့သို့ ကောင်းမှုကုသိုလ်များ ပြုလုပ်
ကြလေသည်။အထူးအားဖြင့် သင်္ကြန်အကြိုနေ့တွင်
နေအိမ်ကို သန့်ရှင်း၍ မင်္ဂလာမရှိသော အဟောင်း
အမြင်းများကို မီးရှို့ဖျက်ဆီးကြရသည်။
သင်္ကြန်အကျနေ့တွင် ဗုဒ္ဓရုပ်ပွားတော်အား အမွှေးနံ့
သာတို့ဖြင့် ရေသပ္ပာယ်ကြသည်။ ထို့နောက် အသက်
အရွယ်ကြီးရင့်သူတို့အား လက်ပေါ်သို့ အမွှေးနံ့သာ
များ ဆွတ်ဖျန်းပေးကြသည်။အဝတ်သစ်များဖြင့် ရှိခိုး
ကန်တော့ကြသည်။သင်္ကြန်ရက်အတွင်း ငါးလွှတ်ပွဲ
များ ငှက်လွှတ်ပွဲများကို တပျော်တပါး ပြုလုပ်ကြသည်။ သင်္ကြန်ရက်အတွင်း ထင်းခွေ ရေခတ်မှစ၍ အလုပ်အကိုင် ရှောင်ကြဉ်၍ ကောင်းမှု
ကုသိုလ်ကိုသာ အများဆုံးပြုလုပ်တက်ကြလေသည်။
*မြန်မာရေသဘင် ရည်ရွယ်ချက်
မြန်မာနိုင်ငံတော်၌လည်း အလွန်ရှည်ဝေးသော ခောတ်ဟောင်းမှစ၍ သင်္ကြန်ရေပွဲ ဆင်နွှဲခဲ့ကြပေ
သည်။မြန်မာတို့၏ သင်္ကြန်ရေပွဲသည် ဟိန္ဒူတို့ရေပွဲမှ
ကူးစက်လာခြင်း ဖြစ်နိုင်ပါသည်။သို့သော် မြန်မာတို့
ကမူ ဟိန္ဒူတို့ကဲ့သို့ မဟာပိန္နဲနတ်၏ နတ်၏သွေး
ဖြင့် ပက်ဖြန်းသည်ဟု မယူဆပါ။ရိုးရိုးရေဖြင့် ပက်ဖြန်း
သည်ဟု ယူဆပါသည်။ရိုးရိုးရေသည်----
၁-ကြည်လင်သည်။
၂-အေးမြသည်။
၃-အညစ်အကြေးကို ပယ်သည်။
၎-ခွန်အားကို ဖြစ်စေနိုင်သည်။
၅-ဓားဖြင့် ခုတ်ပိုင်း ခြားနားသော်လည်း မကွဲမပြား
တစည်းတလုံးတည်း တည်သည်။
ဤတန်းခိုး ငါးပါးရှိသကဲ့သို့ နှစ်ဟောင်းကွယ်ပျောက်
နှစ်သစ်သို့ ရောက်ချိန်မှစ၍ လူတိုင်းလူတိုသည်---
၁-စိတ်နှလုံးကြည်လင်ပါစေ။
၂-ကိုယ်ရောစိတ်ပါ အေးမြချမ်းသာကြပါစေ။
၃-ကိလေသာ အညစ်အကြေးများကို ပယ်ခွာနိုက်ပါစေ။
၎-ကာယအင်အား ဥာဏအင်အား ဓနအင်အာှးုဥာတိ
အင်အား ပညာအင်အား တိုးပွားပါစေ။
၅-ရေကိုတားသော် အကြားမရှိသကဲ့သို့ လူအချင်းချငးလည်း မေတ္တာခိုင်မြဲကြပါစေ ဟူသော
ရည်ရွဟ်ချက်ဖြင့် သင်္ကြန်တော် ရေသဘင်ပွဲ ဆင်နွှဲ
ကြခြင်းဖြစ်ပါသည်-***
ဓမ္မပန်းချီ -၆-'၁၉၈၃-ပေဖူးလွှာမဂ္ဂဇင်း နှာ ၃၁ မှ ၄၁
ကူးယူဖော်ပြအပ်ပါသည်။်

မြန်မာပြည်မှ ထူးခြားသော မြစ် (၇)စင်း

(၁) ဧရာဝတီ မြစ်
ဧရာဝတီ မြစ်ဝှမ်းသည် (၄၁၃, ၆၇၄) စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး မြန်မာနိုင်ငံ စုစုပေါင်း အကျယ်အဝန်း၏ (၆၁) ရာခိုင်နှုန်းကို လွှမ်းခြုံထားပါသည်။ တိုင်းပြည်၏ အရေးအကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ရေကြောင်းလမ်းဖြစ်သည့်ဧရာဝတီမြစ်သည် မြစ်ကြောင်းအလျား(၂, ၁၇ဝ) ကီလိုမီတာနီးပါး ရှည်လျှားပါသည်။
ထူးခြားထင်ရှားသည့် အချက်မှာ ဧရာဝတီမြစ်ကြီး တစ်လျှောက်တွင် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ အင်းဝ စသည့်မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှုတို့ ပေါ်ထွန်းခဲ့ပြီး မြန်မာ့ ယဉ်ကျေးမှုများ ထွန်းကားလာခဲ့သည်ကို တွေ့ရသည့်အတွက် မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှု ဆိုသည်မှာ ဧရာဝတီသမိုင်း၊ ဧရာဝတီယဉ်ကျေးမှုဟုပြောလို့ရပါသည်။

သင်္ချိုင်းစောင့်မဖဲဝါ

အချိန်ကား ကုန်းဘောင်မင်းဆက် ၏ ခုနစ်ဆက်မြောက် ဘကြီးတော်မင်း (စစ်ကိုင်းမင်းသား) လက်ထက် တွင်ဖြစ် သည်။မဖဲဝါ သည်ပြည်မြို့ ဇာတိဖြစ်ပြီးမွေးချင်း မှာမောင်နှမနှစ်ယောက်တည်း သာရှိသည်။အစ်ကိုဖြစ်သူ  မောင်ကြံဆစ် သည်ပြည်မြို့စား ထံတွင် စာရေးတော်ကြီး အဖြစ်အမှုတော် ထမ်းလျှက်ရှိပြီး ဘွဲ့အမည်မှာ မင်းရဲဒိဗ္ဗဖြစ်သည်။မိဘနှစ်ပါးလုံး မရှေးမနှောင်း ကွယ်လွန်သွားပြီးနောက် အစ်ကိုဖြစ်သူမောင်ကြံဆစ်နှင့် အတူနေထိုင်လျှက် ရှိပြီး အစ်ကိုဖြစ်သူအား မိဘ သဖွယ်အားကိုးနေထိုင်ရရှာလေသည်။အစ်ကိုဖြစ်သူမှာနှမအား ချစ်လွန်းသော်လည်းသောက်စား မူးယစ်တတ်ပြီး မကြာခဏ ဆိုသလိုခိုက်ရန်ဖြစ် ပွား တတ်လေ့ ရှိသည်။

ဘုရားစေတီတွေရဲ့ မုခ်ဝမှာ ခြသေ့င်္ရုပ်တွေ ထုလုပ်ထားတဲ့ အဓိပ္ပါယ်


ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘုရားစေတီပုထိုး တိုင်းလိုလိုရဲ့
မုခ်ဝတွေမှာ ခြသေ့င်္ရုပ်တွေ ရှိနေတာကို အားလုံးတွေ့ရမှာပါ။ ဘာ
ကြောင့် ခြသေ့င်္ရုပ်တွေ ထားရတာလဲ ၊ ဘာအဓိပ္ပါယ်နဲ့လဲ....
ထိုအဖြေကို ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်တွင်
နေတဆူလတပါးထင်ရှားကျော်ကြားသော မုန်တိုင်ဆရာတော်ဘု
ရားကြီးက-
"ငါတို့ဂေါတမဘုရားလောင်းလျာသည် သုမေဓာရှင်ရသေ့ ဘ၀မှ
ဗျာဒိတ်ခံခဲ့သည်။ ၂၄ ဘ၀ ဖြစ်တော်မူရာ ပဒုမဘုရားရှင်လက်ထက်
တွင် ကေသရာဇာ ခြသေ့င်္မင်းဖြစ်ခဲ့ဖူးသည်။

ရွှံပေနေတဲ့ ပတ္တမြား


ပေါက်ဆီဆိုင်တစ်ဆိုင်ဟာ အရမ်းကိုရောင်းကောင်းပါတယ် ပေါက်စီက အလုံးကြီးသလို အဆာသွပ်ထားတာလည်းများပြီး အရသာ ကလည်းကောင်းတော့ အမြဲတမ်း ဆိုင်မှာ လာဝယ်တဲ့သူတွေ၊ ပေါင်းအိုးထဲက ထုတ်လာတဲ့ အငွေ့တထောင်းထောင်းနဲ့ မွေးကြိုင်ဖြူ အိနေတဲ့ ပေါက်စီ ပူပူနွေးနွေး တွေကို လာစောင့်ပြီး ဝယ်စားတဲ့သူတွေ နဲ့ ဆိုင်မှာ အမြဲ လူပြည့်နေတတ်ပါတယ်။
............................................
ဒီလိုနဲ့ တစ်နေ့ မှာ အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နဲ့ သူတောင်းစားတစ်ယောက်ဟာ ဆိုင်တံခါး ဝမှာမဝံ့ မရဲ ပုံစံ နဲ့ လာရပ်တယ် ဈေးဝယ် တစ်ချို့ က နှခေါင်းရှုံပြီး သူ့ကို ကွင်းသွားကြတယ်။ ဆိုင်အလုပ်သမားတစ်ယောက် ကထွက်လာပြီး သူတောင်းစားကို ဆဲလည်းဆဲ ဆိုင်ထဲကနေလည်း မောင်းထုတ်တော့တယ်။

Sunday, December 20, 2015

ဘုရင့်နောင်၏အကြီးကျယ်ဆုံးတိုက်ပွဲ

ဘုရင့်နောင်သည် အေဒီ ၁၅၆၈ အောက်တိုဘာ ၁၁ ရက်တွင်
ဟံသာဝတီနေပြည်တော်မှ စစ်အင်အား ငါးသိန်းလေးသောင်း ဖြင့်
ဒုတိယအကြိမ် ယိုးဒယားသို့ ချီတက်လေသည်။ နိုင်ငံအနှံမှ စော်ဘွားများ၏
အင်အား များပါ ဖြည့်တင်းထားရာ မြန်မာ့သမိုင်းတွင် အကြီးအကျယ်ဆုံးနှင့်
လူအင်အား အများဆုံး အသုံးပြု သော စစ်ပွဲဖြစ်သည်။ ချီတက်ပြီး ပိသလောက်မြို့ သို့
ရောက်လျှင် ပိသလောက်မြို့ စား၏ အားထုတ် မူကို အားရသဖြင့်
ရွှေတုံးများ ချီးမြင့်လေသည်။
ယိုးဒယားမြို့ သည် ရေများဖြင့် ၀ိုင်းရံထားရာ စစ်ချီရန် အခက်အခဲ ရှိ၏။
ထိုအချက်ကို ဘုရင့်နောင်တို့မှ
ကောင်းစွာသဘောပေါက်၏။ သို့သော် ဘုရင့်နောင်မှ ယိုးဒယားမြို့ ကို
ရှေးရိုးအတိုင်းသာ ၀ိုင်းရံထားမည်။ ဆန်ရေစပါးများကို ကျီဆောက်ကာ
သိုလှောင်ထားပြီး အယုဒ္ဓယမြို့ကို ရဲမက်များဖြင့် အထပ်ထပ် ၀ိုင်းရံ ထားစေလေ၏။
အယုဒ္ဓယမြို့ ရိုးထက်မြင့်သော အမြှောက်တင်မျှော်စင်ကြီးကိုလည်း
ဆောက်လုပ်ပြီး မြို့ ကို ၀ိုင်းရံစေကာ မြတပူအမြှောက်ကြီး များ တင်ကာ
မြို့ တွင်းသို့ ပစ်ရန် ပြင်ဆင်လေသည်။ စစ်ပွဲကို အမြှောက်ကြီးမျာအား
တပြိုင်နက် ပစ်စေပြီး စတင်လေ၏။

ဦးရွှေရိုးနဲ့ဒေါ်မိုးအကဘယ်ကစ

ရှင်ပြုအလှူမင်္ဂလာပွဲများ
စီတန်းလှည့်လည်ရာတွင်
အိုးစည်ဒိုးပတ်ဝိုင်းများ ပါဝင်လေ့ရှိပြီး မြူးကြွသွက်လက် သော အိုးစည်ဒိုးပတ် သံများနှင့်အတူ ဦးရွှေရိုးနှင့် ဒေါ်မိုးအကကို မကြာခဏမြင်တွေ့ကြရသည်။
ခေါင်း၊ ခါး၊ ခြေ၊ လက်၊ မျက်ခုံး၊
မျက်လုံး၊ နှာတံ၊ ပါးစပ် တစ်ပြိုင်နက် လှုပ်ရှား၊ တီးလုံးတီးကွက်များဖြင့် စည်းဝါးတကျ ဟာသလေးတွေနှောပြီး ကပြကြသည်မှာ ဘယ်ခါကြည့်ကြည့် မရိုးနိုင်။
မြန်မာတို့၏ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဂီတ၊ မူပိုင်ကကွက်ဖြစ်သည့် အတွက်
မြန်မာ့ယဉ်ကျေးမှု ပြယုဂ်တစ်ခု
အဖြစ် ဂုဏ်ယူဖွယ်ရာ ကောင်းလှသည်။
သို့ဖြစ်သောကြောင့် နိုင်ငံတော်အဆင့် ဖျော်ဖြေတင်ဆက်ရသည့် ဧည့်ခံပွဲကြီးများ၊ နိုင်ငံရပ်ခြားသို့ ချစ်ကြည်ရေးအရ
လှည့်လည်ကပြရ သည့်
မြန်မာ့ရိုးရာယဉ်ကျေးမှု
ပဒေသာကပွဲများတွင် ထိုအကကို ထည့်သွင်းကပြလေ့ရှိသည်။

Saturday, December 19, 2015

မြန်မာ့ကျပ်ငွေ

• မြန်မာနိုင်ငံမှာ အသပြာငွေကို ၁၈၅၂ ခုနှစ်ကည်းကသုံးခဲ့တယ်။ ပဌမဆုံးငွေက ၁၈၅၂ ကနေ ၁၈၈၉ အထိဖြစ်တယ်။
• ငွေဒင်္ဂါးခေါ်တဲ့အကြွေငွေကို ၁၈၅၂ ခုနှစ် မင်းတုန်းမင်းလက်ထက်က စသုံးတယ်။ ပြင်သစ်က အကူအညီပေးခဲ့တယ်။
• ၁၉၄၃ ကနေ ၁၉၄၅ အတွင်းသုံးခဲ့တာက ဂျပန်ငွေစက္ကူတွေဖြစ်တယ်။
• ၁-၇-၁၉၅၂ မှာ အသစ်တွေစသုံးတယ်။
• ၁၉၅၆ ခုနှစ်ကစပြီး ၁၊ ၅၊ ၁ဝ၊ ၂၅ နဲ့ ၅ဝ ပြားအကြွေတွေထုတ်တယ်။ ၁၉၄၄ ခုနှစ်မှာ ၁၊ ၅၊ ၁ဝ နဲ့ ၁ဝဝ ကျပ် စက္ကူတွေထုတ်တယ်။ ၁၉၄၄ မှာ ၁ဝဝ တန်ထုတ်တယ်။

Thursday, December 17, 2015

အာရုံငါးပါးခံစားချက်များ

မှတ်ချက် - အာရုံ ၅ ပါးခံစားချက်များကို Ing မသုံးရပါ ၊ အထူးသတိပြုပါ။
1. see = မြင်သည်
2. hear = ကြားသည်
3. smell = အနံ့ ရသည် (smell သည် အာရုံ ၅ပါး ခံစားချက်ထဲတွင် တစ်ပါး ပါပါသည်၊ သို့ရာတွင် လောလောဆယ် ပြုလုပ်နေသော ကိစ္စ များကိုမူ ing သုံးနိုင်သည်၊)
4. notice = သတိပြုမိသည်
5. recognize = မှတ်မိသည် ၊ ( အသိအမှတ်ပြုသည် )
6. appear = ပေါ်ထွက်လာသည်၊ ( မြင်ရသည် )

အပါတ်စဉ်(50)ဧည့်လမ်းညွှန်သင်တန်း

ဧည့်လမ်းညွှန်(အခြေခံ)သင်တန်းအမှတ်စဉ်(၅၀)ဝင်ခွင့်စာမေးပွဲအတွက် လေ့လာရန် ထုတ်ပြန်ထားပါတယ်။ဧည့်လမ်းညွှန်သင်တန်းကျောင်း ဝင်ခွင့်စာမေးပွဲ၃နာရီမေးခွန်းတွင် မြန်မာစာဗဟုသုတမေးခွန်းတွင် စာစီစာကုံးတစ်ပုဒ် နဲ့ အင်္ဂလိပ်စာမေးခွန်းတွင် အက်ဆေးတစ်ပုဒ် မဖြစ်မနေ ဖြေဆိုရပါမယ်။အခု အမှတ်စဉ်၅၀မှစပြီး မြန်မာစာဗဟုသုတအတွက် လေ့လာရန် ထုတ်ပြန်ပေးတာ ပထမဆုံးပါ။အရင်တုန်းက Unseen ပါ။အင်္ဂလိပ်စာမေးခွန်းကတော့ Unseenဆိုတော့ Grammar ပိုင်နိုင်ကျွမ်းကျင်လေ့လာထားပါ။ခရီးသွားဗဟုသုတများကို မေးပါတယ်။စာစီစာကုံးနဲ့အက်ဆေး ကျက်မဖြေပါနဲ့ ကိုယ်ပိုင်အတွေးဖြင့် စုတုပြု လေ့ကျင့်ရေးသားထားကြပါ။ဝင်ခွင့်စာမေးပွဲ အောင်မြင်ကြပါစေ။

စကားပြောခြင်းအကြောင်း ပြောပုံပြောနည်း





ကျွန်ုပ်တို့ အများစုသည် စကားပြောခြင်းအတွက် အချိန်တော်တော်များများ အသုံးပြုကြပါသည်။ တကယ်တမ်းအားဖြင့် မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာချက်က သာမာန်ဗြိတိသျှ လူမျိုးတစ်ယောက်သည် သူ့ဘ၀၏ အချိန်(၆)လကို ရာသီဥတုအကြောင်းပြောခြင်းသက်သက်ဖြင့် ကုန်လွန်စေပါသည်ဟု ဖော်ပြထားပါသည်။ ဒါကြောင့် စကားပြောခြင်းကို ဖော်ပြရန် ဝေါဟာရနည်းလမ်းများရှိခြင်းမှာ မဆန်းပါပေ။

Wednesday, December 16, 2015

မုဒြာအကြောင်း သိကောင်းစရာ



သက္ကတဘာသာအားဖြင့်မုဒြာ ပါဠိဘာသာအားဖြင့် မုဒ္ဒဟူသော ဝေါဟာရသည် ရုပ်ပွားဆင်းထု ရုပ်လုံး ရုပ်ကြွ စသည်တို့ကို လေ့လာသုတေသန ပြုရာတွင် မသိလျှင်မဖြစ်သော အခြေခံအကျဆုံး ပဋိမာ သိပ္ပံပညာရပ်၏ သော့ချက်တစ်ခုဖြစ်ပေသည်။ မုဒြာဆိုသည်မှာ အလွန်နက်နဲ့ သိမ်မွေ့ ၍ အတွင်းငုပ်သော အနက်အဓိပ္ပါယ် သဘောတရားများကိုရည်ညွှန်းခြင်းဖြစ်ပေသည်။ အချို့ မုဒြာမှာ လက်တစ်ဘက်တည်းဖြင့်သာ ဟန်အမူအရာ ပြခြင်းဖြစ်၍အချို့ မုဒြာမှာမူ လက်နှစ်ဘက်ဖြင့်ဖြစ်စေ လက်လေးငါးဆယ်ဘက်ဖြင့်ဖြစ်စေ ဟောကြားညွှန်ပြလိုသောသဘောတရားကို ဟန်အမူအရာပြထားခြင်းမျိုး ဖြစ်လေသည်။ သို့ ဖြစ်ရကား အချို့ ရုပ်ပွားဆင်းထုဆိုင်ရာပဋိမာသိပ္ပံပါရဂူကြီးများက မုဒြာဟူ၍၎င်း ဟတ္ထဟူ၍၎င်း ခွဲခြားခေါ် ဝေါ်ပညတ်ထားကြလေသည်။

“The Burmese Zodiac”




The Burmese zodiac (Burmese: ဇာတာ ရာသီခွင် [zàdà jàðì ɡwɪ̀ɴ]) is the traditional Burmese system of astronomy and astrology. While it is still an important component of the Burmese calendar, today, the zodiac is closely identified with Burmese astrology, called Bedin (ဗဒင်). Largely derived from Hindu astronomy and Vedic astrology, the Burmese zodiac consists of not only the same 12 signs of the Western zodiac but also 27 lunar mansions of the month and eight weekday signs.

Tuesday, December 15, 2015

အမျိုးသမီးတိုင်းသိထားသင့်သောသားအိမ်ခေါင်းကင်ဆာ

အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ အတွက် သတိပေး လက္ခဏာတွေကို လျစ်လျူရှု မထားသင့်ပါဘူး။ ဒီလက္ခဏာတွေကို အစောပိုင်း အဆင့်ကတည်းက သိနားလည်မှသာ ကုသမှု ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
(၁) တင်ပဆုံ နာကျင်ကိုက်ခဲခြင်း
ချက်အောက်ပိုင်း တင်ပဆုံတွင်းမှာ နာကျင်တာနဲ့ တင်းနေတာစတဲ့ လက္ခဏာ တွေကို တာရှည်ခံစား နေရရင် သတိထားသင့်ပါတယ်။ ဒါက ရာသီအကြို ဝေဒနာ မဟုတ်ဘူး ဆိုတာ သေချာဖို့တော့ လိုပါတယ်။

မြန်မာတို့၏ဆယ့်နှစ်လရာသီ


မြန်မာတို့၏ဆယ့်နှစ်လရာသီအကြောင်း PDF Book လေးလုပ်ပေးထားပါတယ်လိုချင်တဲ့သူများအောက်မှာ Download လုပ်လိုက်ပါနော်။

ဒီမှာနှိပ်လိုက်နော်

တပေါင်းလ




တပေါင်းလသည် မြန်မာပြက္ခဒိန်၏ နောက်ဆုံးလ။ တပေါင်းလတွင် ၃၀ ရက်ရှိသည် (ရက်စုံ)။

တပေါင် (တပေါင်း) ခေါ် ဆယ့်နှစ်လမြောက်လသည် ဖေဖော်ဝါရီ၊ မတ် အတွင်း ကျရောက်ပါသည်။ ထန်းပင်နှင့် သက်ဆိုင်သော အမည် ဖြစ်သည်။ ထန်းဖိုပင်များမှ ခံယူရရှိသည့် ထန်းရည်ကို မီးနှင့် ကျိုချက်ပြီး ထန်းလျက် ပြုလုပ်သည့် လဖြစ်သည်။ ဤလ၏ အထိမ်းအမှတ် ပန်းသည် သရဖီပန်း (Calophyllum amnenum) ဖြစ်ပါသည်။