Tuesday, May 17, 2016

ကိႏၷရီ ကိႏၷရာ သိေကာင္းစရာ


ကိႏၷရာ ( ကိ ံ + နရာ ) နရာ - ထိုလူသည္၊ ကိ ံ - ဘယ္လိုပုံပန္းသ႑ာန္ႀကီးလဲ ?
ကိႏၷရီ ( ကိ ံ + နရီ ) နရီ - နာရီ - ထိုအမ်ိဳးသမီးသည္၊ ကိ ံ - ဘယ္လို ပုံပန္းသ႑ာန္လဲ ?
ဒါကေတာ႔ သကၠဋ ဘာသာက ဆင္းသက္လာတဲ႔ စကားလုံးတစ္ခုကို စာေရးသူရဲ႕ တတ္သေလာက္ မွတ္သေလာက္ ဥာဏ္ေလးနဲ႔ definition အဓိပၸါယ္ ဖြင္႔ႀကည္႔တာပါ။ မ်ားၿပားလွတဲ႔ ဇာတ္ေတာ္ေတြ သမိုင္းေတြ ရွိခဲ႔တာမို႔ ေခတ္တိုင္း ေခတ္တိုင္းမွာ ရွိေနတယ္လို႔ အတိအက် သတ္မွတ္ဖို႔ ခဲယဥ္းေပမယ္႔ ဟို ေရွးအတိတ္ဆီကေတာ႔ ကိႏၷရီ ကိႏၷရာ ေတြ ရွိခဲ႔တယ္ ဆိုတာ လက္ခံရမွာပါ၊
ကိႏၷရာသည္ လူတစ္ပိုင္း ငွက္တစ္ပိုင္း တိရစၧာန္မ်ဳိးျဖစ္သည္။ ကိႏၷရာမ်ား၏ ပံုသ႑ာန္မွာ ေခါင္း ကိုယ္ လက္တို႔သည္ လူကဲ့သို႔ ခက္မငါးျဖာရွိသည္။ မ်က္ႏွာသ႑ာန္၊ ေျခလက္သ႑ာန္တို႔သည္ လူႏွင့္မတူ။ ကိႏၷရာ၏ ခံတြင္းမွ လည္ပင္းအထိ ျမင္းႏွင့္ တူ၍ လည္ပင္းမွ ေအာက္ေျခဖ်ားအထိ ႏႈတ္သီး၊ လက္ေျခတို႔သည္ ငွက္ႏွင့္တူသည္။

"ေဇာ္ဂ်ီအေၾကာင္း မွတ္သားဖြယ္ရာမ်ား"


ေဇာ္ဂ်ီဆိုတဲ့ စကားဟာပါဠိသကၠတစကားအမ်ိဳးအစားတစ္မ်ိဳးျဖစ္ေဟာဟိႏၵီစကားလံုး ေဇာဂီ(ေယာဂီ)ဆိုတဲ့စကားကေနဆင္းသက္လာၿပီးေတာ့
တကယ္တမ္းေတာ့ ေယာဂီဆိုတဲ့အသံကေန ျမန္မာေတြက ေဇာဂီ ၿပီးေနာက္
ကာလေရြ႕လ်ားလာတဲ့အခါ ေဇာ္ဂ်ီဆိုၿပီးေခၚဆိုခဲ့ၾကပါတယ္။အဓိပၸာယ္ကေတာ့ "ေယာဂတရားကို အားထုတ္ေနသူ"ပင္ျဖစ္ၿပီး သမထတရား၊ စ်န္တရား၊သမာဓိတရားမ်ားကိုက်င့္ႀကံအားထု
တ္ေနသူလို႔လည္းေခၚဆိုႏိုင္ပါတယ္။အခ်ိဳ႕က ေဇာ္ဂ်ီနဲ႔ဝိဇၨာဓိုရ္ဆိုတာကို အတူတူပဲ
လို႔ဆိုၾကေပမယ့္ ေဇာ္ဂ်ီနဲ႔ ဝိဇၨာဓိုရ္ဟာ တူညီျခင္းမရွိဘူးလို႔ အခ်ိဳ႕ပညာရွိပုဂၢိဳလ္မ်ားကဆိုၾကျပန္ပါတယ္။ "
ဝိဇၨာဓိုရ္ေသာ ေဇာ္ဂ်ီသည္ တစ္ကိုယ္မွ အမ်ားျဖစ္နိုင္၏။ကြယ္ေပ်ာက္နိုင္၏။

မွတ္သားစရာ ျမန္မာနဂါးမ်ားအေၾကာင္း


                ဒီတစ္ေခါက္ ျမန္မာနဂါးမ်ားအေၾကာင္းကို သုတရေစဖို႔အတြက္ေဖာ္ျပေပးလိုက္ပါတယ္။ နဂါးဆိုတာကေတာ့ သကၠတဘာသာစကားျဖစ္ၿပီးေတာ့ "ဗုဒၶဘာသာႏွင့္ဟိႏၵဴက်မ္းမ်ားတြင္ပါဝင္ေသာေႃမြႀကီးမ်ား"လို႔ အဓိပၸာယ္ရပါတယ္။  
                    ဗုဒၶဘာသာက်မ္းဂန္မ်ားမွာေတာ့ နဂါးရဲ႕ပံုသ႑ာန္ကို "ဒရယ္ခ်ိဳအသြင္ရွိေသာခ်ိဳ၊ ကုလားအုပ္ေခါင္းပံုစံႏွင့္တူေသာေခါင္း၊ နတ္မိစာၦမ်က္လံုး၊ ေႃမြ၏ခႏၶာကိုယ္၊ ခံုးခြံသ႑ာန္ဝမ္းဗိုက္ပံုစံ၊ ငါးၾကင္းအေၾကးခြံသ႑ာန္ရွိေသာအေၾကးခြံ၊ လင္းယုန္လက္သည္းသ႑ာန္ရွိေသာလက္သည္း၊ က်ားဖဝါးပံုစံရွိေသာဖဝါး၊ ႏွင့္ နားရြက္မွာကား ႏြားနားရြက္ႏွင့္တူသည္"လို႔ ဖြင့္ဆိုၾကပါတယ္။
                     အဓိကအားျဖင့္ေတာ့ ျမန္မာနဂါးကို(၄)မ်ိဳးခြဲျခားထားၿပီး အဲ့ဒီအမ်ိဳးအစား(၄)မ်ိဳးကေတာ့ -
အကိုက္ခံရပါက အဆစ္အျမစ္မ်ား မေကြးဆန္႔ႏိုင္ေတာ့ကာ မာေက်ာေတာင့္တင္းသြားေစႏိုင္သည္
  "ကဌမုခနဂါး"

Thursday, May 12, 2016

နဝရူပ 'ဗ်ာလ'


ကမာၻဦးကတည္းက လူမ်ိဳးတုိင္း ဘာသာတုိင္း၌ ၄င္းတို႔၏ ဒ႑ာရီ ဆန္ေသာ အထိမ္းအမွတ္ သေကၤတ ရုပ္ထုမ်ား ရွိခဲ့ၾကသည္။ အလားတူပင္ ရခိုင္ လူမ်ိဳး၌လည္း ဒ႑ာရီဆန္ေသာ အထိမ္းအမွတ္ သေကၤတ ရုပ္ထု တစ္ခုရွိသည္။ သို႔ရာတြင္ ယင္းရုပ္ထုကို ကမာၻကပင္ မဆိုထားႏွင့္ ျမန္မာႏုိင္ငံ၌ပင္ လူအေတာ္မ်ားမ်ား မသိရွိ ၾကေသးေပ။ ၄င္းတုိ႔ကို ေရွးေဟာင္း ေစတီပုထုိးမ်ား၏ ေက်ာက္ဆစ္လက္ရာမ်ားတြင္ ပံုသ႑ာန္ အမ်ိဳးမ်ိဳးရွိေသာ ေရွးေဟာင္းလက္ရာ အေမြအႏွစ္အျဖစ္ ေတြ႕ရွိႏုိင္ပါသည္။ ယင္း သတၱဝါကို ရခုိင္ လူမ်ိဳးတို႔က “ဗ်ာလ” ဟုေခၚဆို ခဲ့ၾကသည္။ အဆိုပါ သတၱဝါ မွာရခုိင္ လူမ်ိဳးတို႔၏ ေရွးရုိး စဥ္ဆက္ တစ္ေလွ်ာက္ ရွိခဲ့ေသာ ဒ႑ာရီဆန္ေသာ သတၱဝါျဖစ္သည္။

Wednesday, May 11, 2016

ေက်းဇူးေတာ္ရွင္ လယ္တီဆရာေတာ္ဘုရားႀကီး၏ ဗုဒၶ၀င္ ခုနစ္ေန႔ ဘုရားရွိခိုး


( သေႏၶေတာ္ယူေသာေန႔)
၁။ သံုးလူ႔ရွင္ပင္၊ ကၽြန္႔ထိပ္တင္၊ ေသာင္းခြင္စၾကာ၀ဠာ၊ နတ္ျဗဟၼာတို႔၊
ညီညာရံုးစု၊ ေတာင္းပန္မႈေၾကာင့္၊ ရတုနဂို၊ ရႊန္းရႊန္းစိုသည္၊ ၀ါဆိုလျပည့္၊
ၾကြက္မင္းေန႔၀ယ္၊ ခ်မ္းေျမ႔ၾကည္ျဖဴ၊ သေႏၶယူသည္၊
နတ္လူၿငိမ္ဘို႔-ကိန္းပါကို။ (မ)
(ဖြားျမင္ေတာ္မူေသာေန႔)
၂။ သေႏၶယူခါ၊ ဆယ္လၾကာေသာ္၊ မဟာသကၠရာဇ္၊
ေျခာက္ဆယ့္ရွစ္ႀကံဳ၊ ကဆုန္ လျပည့္၊ ေသာၾကာေန႔၀ယ္၊
ခ်မ္းေျမ့စံုညီ၊ လုမၺနီ၌၊ မဟီလႈိက္ဆူ၊ ဖြားေတာ္မူသည္၊
နတ္လူေအာင္ၿမိဳ့-လမ္းပါကို။ (သိ)
(ေတာထြက္ေတာ္မူေသာေန႔)
၃။ ဖြားျမင္ေျမာက္ေသာ္၊ ဆယ္ေျခာက္ႏွစ္ရြယ္၊ ပ်ိဳႏုနယ္၌၊ သံုးသြယ္ေရႊနန္း၊
သိမ္းျမန္းၿပီးလစ္၊ ဆယ့္သံုးႏွစ္လွ်င္၊ ဘုန္းသစ္လွ်ံလူ၊ စံေတာ္မူ၍၊ ရြယ္မူႏုၿဖိဳး၊
ႏွစ္ဆယ့္ ကိုး၀ယ္၊ ေလးမ်ိဳးနိမိတ္၊ နတ္ျပဟိတ္ေၾကာင့္၊ ေရႊစိတ္ျငင္ၿငိဳ၊
သံေ၀ပိုကာ၊ ၀ါဆိုလျပည့္၊ က်ားမင္းေန႔၀ယ္၊ ခ်မ္းေျမ့ရဂံု၊ ေတာရပ္လႈံသည္၊
စံုၿမိဳင္ပင္ရိပ္ ခန္းမွာကို။ (ၾက)

Tuesday, May 10, 2016

ငါးသုံးေကာင္ပုံျပင္


မိမိတို႕ရဲ႕ ကေလးေတြကို ဒီငါးသံုးေကာင္အေၾကာင္း ေျပာျပေပးပါ..
(ဘ၀အတြက္ အလြန္တန္ဖိုးရွိပါတယ္)
✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿
(၁) Chum salmon ငါး
Chum salmon ငါးအမဟာ ဥ,ဥၿပီးတာနဲ႔ ဥရဲ႕မလွမ္းမကမ္းမွာ ေစာင့္ေနခဲ့တယ္။ ဥကေပါက္လာတဲ့ ငါးကေလးေတြဟာ အစာမ႐ွာတတ္ေသးေတာ့ မိခင္ရဲ႕အသားကိုပဲ စားရေတာ့တယ္။
Chum salmon အမဟာ ငါးကေလးကိုက္တဲ့ဒဏ္ကို အံႀကိတ္ၿပီး ခံခဲ့ပါတယ္။ ငါးကေလးေတြႀကီးျပင္းလာခ်ိန္မွာ ငါးအမဟာ အစားခံရလို႔ အ႐ိုးပဲက်န္ခဲ့ေတာ့တယ္။
Chum salmonငါးအမဟာ ေလာကမွာ အျမင့္ျမတ္ဆံုးျဖစ္တဲ့မိခင္ေမတၱာကို အသံတိတ္ ေပးဆပ္ေနခဲ့ပါတယ္။
Chum salmon ငါးက မိခင္ေမတၱာျပည့္ဝတဲ့ ငါးတစ္မ်ဳိးျဖစ္ပါတယ္။

က်န္စစ္သား သမိုင္းေၾကာင္း


အေနာ္ရထာမင္း(အနိရုဒၶ)လြန္ေသာ္ သူ၏သားေတာ္ေစာလူးမင္းနန္းတက္သည္။ ေစာလူးမင္းအား သူ၏ငယ္သူငယ္ခ်င္းျဖစ္သူ ငရမန္ကန္း ကပုန္ကန္ဖမ္းဆီးသြားသျဖင့္ က်န္စစ္သားကသြားေရာက္ကယ္တင္ရာ ေစာလူးမင္းက က်န္စစ္သားသူ႔အားကယ္တင္ ပါသည္ဟု ေအာ္ေလသျဖင့္ ေစာလူးမင္းကိုထားခဲ့ရေလသည္။ရန္သူလက္ခ်က္ျဖင့္ ေစာလူးမင္းကံကုန္သည္တြင္ ပုဂံျပည္တြင္ က်န္စစ္သားမင္း နန္းတက္ေလသည္။ က်န္စစ္သားမင္းႀကီးသည္ ပုဂံျပည္ထီးနန္းကို ခရစ္ႏွစ္ ၁၀၈၄ တြင္ဆက္ခံခဲ့ပါသည္။
အေနာ္ရထာမင္းႀကီး၏ အားထားရေသာ သူရဲေကာင္းတစ္ေယာက္ျဖစ္သည့္ က်န္စစ္သားသည္ အေနာ္ရထာထူေထာင္ခဲ့ေသာ ႏိုင္ငံေတာ္ကိုမၿပိဳကြဲေအာင္ စည္းရုံးေဆာင္ရြက္ႏိုင္ခဲ့သည္။ မြန္-ျမန္မာ ခ်စ္ၾကည္စြာေနထိုင္ေရးကိုအားေပးသည့္အေနျဖင့္ သူေရးထုိးခဲ့ေသာ ေက်ာက္စာမ်ားတြင္ မြန္ဘာသာကိုလည္း ထည့္သြင္းေစခဲ့သည္။ ဆည္၊ ေျမာင္း၊ ေက်ာင္း၊ ကန္မ်ားကို ႏိုင္ငံေတာ္အႏွံ႔ ေဆာက္လုပ္ေစခဲ့သည္။ သာသနာေတာ္ကို ခ်ီးေျမွာက္၍ ဘုရား၊ ေစတီ၊ ဂူပုထုိးမ်ားလည္း တည္ထားခဲ့သည့္အျပင္ ဗုဒၶဂါယာရွိ ပ်က္စီးယိုယြင္းမူ႔မ်ားကို

ဒုလႅဘ


“အက်ဳိးမ်ားရန္ ဒုလႅဘရဟန္းခံ”
••••••••••••••••••••••••••••••••••
ယခုေခတ္အခါ၌ ေရွးေခတ္အခါမ်ားကထက္ဒုလႅဘရဟန္းခံပြဲမ်ား ျမန္မာျပည္တြင္ ပို၍
မ်ားျပားလာပါသည္။ ဒုလႅဘဟူေသာ အမည္ႏွင့္ ေလ်ာ္ညီစြာ က်င့္သံုးေနထိုင္ပါက ဒုလႅဘ
ရဟန္းခံျပဳသူမ်ားလည္း မဂ္ဖိုလ္နိဗၺာန္ ေရာက္သည္အထိ အက်ဳိးမ်ားၾကမည္ ျဖစ္ေပသည္။
သာသနာေတာ္ႀကီးလည္း မိမိတုိ႔ကို အေၾကာင္းျပဳ၍ တိုးတက္ႀကီးပြား အက်ဳိးမ်ားမည္ ျဖစ္ေပသည္။
ဒုလႅဘဟူေသာအမည္ႏွင့္ ေလ်ာ္ညီစြာ က်င့္သံုးေနထိုင္ျခင္း မရွိပါက မိမိတုိ႔လည္း အပါယ္ငရဲသုိ႔
က်ေရာက္သြားသည္အထိ ဆုတ္ယုတ္သြားမည္ ျဖစ္ေပသည္။ သာသနာေတာ္ႀကီးလည္း
မိမိတုိ႔ကုိ အေၾကာင္းျပဳ၍ ဆုတ္ယုတ္သြားမည္ျဖစ္ေပသည္။ သုိ႔ျဖစ္၍ မိမိအတြက္၊
သာသနာေတာ္ႀကီးအတြက္ အက်ဳိးရွိေသာဒုလႅဘရဟန္းေတာ္မ်ားျဖစ္ေအာင္ က်င့္ၾကံ
အားထုတ္သင့္လွေပသည္။

Thursday, May 5, 2016

ဘဝဒႆန

ယုန္ျဖဴေလးက ေတာင္ေျခက လႈိင္ဂူတစ္ခုေရွ႕မွာစာေရးေနတယ္။
ေျမေခြးတစ္ေကာင္က အနားကပ္လာၿပီး ယုန္ကိုေမးတယ္.. “မင္းဘာအေၾကာင္းေရးေနတာလဲ”
ယုန္ကျပန္ေျဖတယ္ [{ အားႏြဲ႕တဲ့ ယုန္ျဖဴငယ္ေလးတစ္ေကာင္က ေျမေခြးကိုဘယ္လိုသတ္စားလိုက္တယ္}] ဆိုတဲ့အေၾကာင္းေလး.. ။
ေျမေခြးက မယံုဘူး၊ ဒါနဲ႔ ယုန္က ေျမေခြးကိုလႈိဏ္ဂူထဲေခၚသြားတယ္။
ခဏၾကာေတာ့ ယုန္တစ္ေကာင္ထဲ လႈိဏ္ဂူထဲကျပန္ထြက္လာတယ္၊
စာဆက္ ေရးတယ္။
ေတာဝက္တစ္ေကာင္က အနားကပ္လာၿပီး ယုန္ကိုေမးတယ္.. “မင္းဘာအေၾကာင္းေရးေနတာလဲ”
ယုန္ကျပန္ေျဖတယ္ [{ အားႏြဲ႕တဲ့ယုန္ျဖဴငယ္ေလးတစ္ေကာင္က ေတာဝက္ကိုဘယ္လိုသတ္စားလိုက္တယ္}] ဆိုတဲ့အေၾကာင္းေလး.. ။

(၄)စူဠေသ႒ိဇာတ္ေတာ္

***Unicode***



အကြံကောင်းသောသူဌေး
တစ်ရံရောအခါဗာရာဏသီတွင်ဗြဟ္မဒတ်မင်းကြီးထီးနန်းစိုးစံချိန်ဘုရားလောင်းသည်ဗာရာဏသီ၌စူဠသေဋ္ဌိမည်သောသူဌေးကြီးဖြစ်လေသည်။သူဌေးကြီးသည်ဗြဟ္မဒတ်မင်းကြီးကိုခစားရန်ထွက်လာစဉ်လမ်းတွင်ကြွက်သေတစ်ကောင်ကိုတွေ့ရာဉာဏ်ပညာနှင့်ပြည့်စုံသူသည်'ဤကြွက်သေကိုအရင်းပြု၍ကြီးပွါးချမ်းသာနိုင်သည်ဟုရေရွတ်လေသည်။ထိုစကားကိုဆင်းရဲသားတစ်ယောက်ကကြား၍ကြွက်သေကိုကောက်ယူပြီးဈေးတွင်ကြောင်စာအဖြစ်ရောင်းချရာအသပြာတစ်ခြင်ရွေးရသည်။ထိုအသပြာဖြင့်တင်လဲဝယ်ယူပြီးပန်းသည်များကိုတင်လဲကျွေး၍ရေတိုက်လေရာပန်းသည်များကပန်းတစ်ဆုပ်စီပြန်ပေးသည်။ထိုပန်းများကိုရောင်းရသည့်ငွေဖြင့်တင်လဲများထပ်ဝယ်ပြန်လေသည်။နောက်နေ့တွင်ပန်းခြံသို့လိုက်သွားပြီးတင်လဲကျွေး၍ရေတိုက်လေသည်။ပန်းသည်များမှမိမိတို့ပန်းများထဲမှတစ်ဝက်စီခွဲ၍ပေးသဖြင့်ထိုပန်းများကိုရောင်းချရာအသပြာရှစ်ပြားရသည်။တစ်နေ့တွင်လေပြင်းများတိုက်သဖြင့်မင်းဥယျာဉ်တွင်သစ်ကိုင်းများကျိုးကြွေကုန်သည်။သူသည်ကလေးများကိုတင်လဲကျွေး၍သစ်ကိုင်းများကိုသယ်ထုတ်စေ၍ဘုရင့်အိုးလုပ်တော်ထံရောင်းလေသည်။အသပြာတစ်ဆယ့်ခြောက်ပြားနှင့်အိုးငါးလုံးရသည်။စုစုပေါင်းနှစ်ဆယ့်လေးအသပြာပိုင်ဆိုင်လာသည်။
သူသည်မြက်ရိတ်သမားများကိုရေတိုက်ပြန်လေသည်။မြက်ရိတ်သမားများက'အကူညီလိုကပြောပါကူညီမည်'ဟုပြောကြလေသည်။သူသည်မိတ်ဆွေသစ်ဆက်လက်ရှာဖွေရာဆိပ်ကမ်းအရာရှိနှင့်ကုန်းလမ်းဘက်ဆိုင်ရာဝန်ထမ်းတို့ကိုတွေ့သည်။တစ်နေ့တွင်ကုန်းလမ်းဘက်ဆိုင်ရာဝန်းထမ်းက'မနက်ဖြန်တွင်မြင်းကုန်သည်တစ်ယောက်ဒီမြို့ကိုလာမည်မြင်းကောင်ရေငါးရာပါမည်ဟုသတင်းပေးလေသည်။သူသည်မြက်ရိတ်သမားငါးရာထံသွား၍မြက်တစ်စီးစီတောင်းယူ၍မြင်းကုန်သည်လာသောအခါသူ၏မြက်ထုံးများအကုန်ရောင်းလိုက်ရာအသပြာတစ်ထောင်ရလေသည်။နောက်သုံးရက်အကြာတွင်ဆိပ်ကမ်းအရာရှိက'ကုန်သည်လှေကြီးတစ်စီးဆိုက်ကပ်ရန်'ရှိသည်ဟုသတင်းပေးသည်။ဤတွင်သူသည်ရထားတစ်စီးနှင့်လူအချို့ကိုဌားကာအခြွေအရံပရိသတ်အဖြစ်ရထားပေါ်တင်၍သူဌေးကြီးဟန်ပန်ဖြင့်ဆိပ်ကမ်းသို့ဆင်းလေသည်။လှေပါကုန်အားလုံးကိုအရောင်းအဝယ်ပြုရန်လှေသူကြီးဖြင့်ကတိပြုပြီးသစ္စာအထိမ်းအမှတ်အဖြစ်လှေသူကြီးကိုလက်စွပ်တစ်ကွင်းပေးသည်။ထို့နောက်သူသည်ကန့်လန့်ကာသုံးထပ်ကာ၍အထဲတွင်ခမ်းနားစွာနေလေသည်။ကုန်သည်လှေကြီးဆိုက်ကပ်သည်ဆိုသောသတင်းကြောင့်ဗာရာဏသီမှကုန်သည်တစ်ရာတို့ကုန်ဝယ်ရန်ဆိပ်ကမ်းသို့ဆင်းလာကြသည်။သို့သော်လှေသူကြီးနှင့်ရောင်းဝယ်၍မရတော့ပေ။သူအမျိုးသားနှင့်တွေ့ဆုံရန်ကန့်လန့်ကာနောက်မှအစောင့်အရှောက်များထံသုံးကြိမ်သုံးခါခွင့်တောင်းပြီးအသပြာတစ်ထောင်စီပေးပါမှတွေ့ခွင့်ရကြလေသည်။နောက်ဆုံးတွင်လှေပေါ်ပါသောကုန်အားလုံးတန်ဖိုးနှင့်တကွထိုအမျိုးသားအတွက်အသပြာတစ်သိန်းပေးသဖြင့်အရောင်းအဝယ်တည့်သွားကြလေသည်။သူသည်သူ့အားကူညီထားသူများ၏ကျေးဇူးကိုမမေ့ချေ။စူဠသေဋ္ဌိသူဌေးထံသွား၍အသပြာတစ်သိန်းကန်တော့လေသည်။သူဌေးကအကျိုးအကြောင်းပြန်မေးရာကြွက်သေတစ်ခုအရင်းပြု၍လေးလအတွင်းအသပြာနှစ်သိန်းကြွယ်ဝလာပုံကိုပြောပြသည်။စူဠသေဋ္ဌိသူဌေးသည်ထိုသူ၏ကြံရည်ဖန်ရည်ကိုသဘောကျသဖြင့်သမီးပျိုနှင့်ထိမ်းမြားလက်ထပ်ပေးလေသည်။
ချစ်သူကို

***Zawgyi***
အၾကံေကာင္းေသာသူေဌး
တစ္ရံေရာအခါဗာရာဏသီတြင္ျဗဟၼဒတ္မင္းၾကီးထီးနန္းစိုးစံခ်ိန္ဘုရားေလာင္းသည္ဗာရာဏသီ၌စူဠေသ႒ိမည္ေသာသူေဌးၾကီးျဖစ္ေလသည္။သူေဌးၾကီးသည္ျဗဟၼဒတ္မင္းၾကီးကိုခစားရန္ထြက္လာစဥ္လမ္းတြင္ၾကြက္ေသတစ္ေကာင္ကိုေတြ႕ရာဥာဏ္ပညာႏွင့္ျပည့္စုံသူသည္'ဤၾကြက္ေသကိုအရင္းျပဳ၍ၾကီးပြါးခ်မ္းသာႏိုင္သည္ဟုေရရြတ္ေလသည္။ထိုစကားကိုဆင္းရဲသားတစ္ေယာက္ကၾကား၍ၾကြက္ေသကိုေကာက္ယူျပီးေစ်းတြင္ေၾကာင္စာအျဖစ္ေရာင္းခ်ရာအသျပာတစ္ျခင္ေရြးရသည္။ထိုအသျပာျဖင့္တင္လဲဝယ္ယူျပီးပန္းသည္မ်ားကိုတင္လဲေကြ်း၍ေရတိုက္ေလရာပန္းသည္မ်ားကပန္းတစ္ဆုပ္စီျပန္ေပးသည္။ထိုပန္းမ်ားကိုေရာင္းရသည့္ေငြျဖင့္တင္လဲမ်ားထပ္ဝယ္ျပန္ေလသည္။ေနာက္ေန႔တြင္ပန္းျခံသို႔လိုက္သြားျပီးတင္လဲေကြ်း၍ေရတိုက္ေလသည္။ပန္းသည္မ်ားမွမိမိတို႔ပန္းမ်ားထဲမွတစ္ဝက္စီခြဲ၍ေပးသျဖင့္ထိုပန္းမ်ားကိုေရာင္းခ်ရာအသျပာရွစ္ျပားရသည္။တစ္ေန႔တြင္ေလျပင္းမ်ားတိုက္သျဖင့္မင္းဥယ်ာဥ္တြင္သစ္ကိုင္းမ်ားက်ိဳးေၾကြကုန္သည္။သူသည္ကေလးမ်ားကိုတင္လဲေကြ်း၍သစ္ကိုင္းမ်ားကိုသယ္ထုတ္ေစ၍ဘုရင့္အိုးလုပ္ေတာ္ထံေရာင္းေလသည္။အသျပာတစ္ဆယ့္ေျခာက္ျပားႏွင့္အိုးငါးလုံးရသည္။စုစုေပါင္းႏွစ္ဆယ့္ေလးအသျပာပိုင္ဆိုင္လာသည္။
သူသည္ျမက္ရိတ္သမားမ်ားကိုေရတိုက္ျပန္ေလသည္။ျမက္ရိတ္သမားမ်ားက'အကူညီလိုကေျပာပါကူညီမည္'ဟုေျပာၾကေလသည္။သူသည္မိတ္ေဆြသစ္ဆက္လက္ရွာေဖြရာဆိပ္ကမ္းအရာရွိႏွင့္ကုန္းလမ္းဘက္ဆိုင္ရာဝန္ထမ္းတို႔ကိုေတြ႕သည္။တစ္ေန႔တြင္ကုန္းလမ္းဘက္ဆိုင္ရာဝန္းထမ္းက'မနက္ျဖန္တြင္ျမင္းကုန္သည္တစ္ေယာက္ဒီျမိဳ႕ကိုလာမည္ျမင္းေကာင္ေရငါးရာပါမည္ဟုသတင္းေပးေလသည္။သူသည္ျမက္ရိတ္သမားငါးရာထံသြား၍ျမက္တစ္စီးစီေတာင္းယူ၍ျမင္းကုန္သည္လာေသာအခါသူ၏ျမက္ထုံးမ်ားအကုန္ေရာင္းလိုက္ရာအသျပာတစ္ေထာင္ရေလသည္။ေနာက္သုံးရက္အၾကာတြင္ဆိပ္ကမ္းအရာရွိက'ကုန္သည္ေလွၾကီးတစ္စီးဆိုက္ကပ္ရန္'ရွိသည္ဟုသတင္းေပးသည္။ဤတြင္သူသည္ရထားတစ္စီးႏွင့္လူအခ်ိဳ႕ကိုဌားကာအေျခြအရံပရိသတ္အျဖစ္ရထားေပၚတင္၍သူေဌးၾကီးဟန္ပန္ျဖင့္ဆိပ္ကမ္းသို႔ဆင္းေလသည္။ေလွပါကုန္အားလုံးကိုအေရာင္းအဝယ္ျပဳရန္ေလွသူၾကီးျဖင့္ကတိျပဳျပီးသစၥာအထိမ္းအမွတ္အျဖစ္ေလွသူၾကီးကိုလက္စြပ္တစ္ကြင္းေပးသည္။ထို႔ေနာက္သူသည္ကန္႔လန္႔ကာသုံးထပ္ကာ၍အထဲတြင္ခမ္းနားစြာေနေလသည္။ကုန္သည္ေလွၾကီးဆိုက္ကပ္သည္ဆိုေသာသတင္းေၾကာင့္ဗာရာဏသီမွကုန္သည္တစ္ရာတို႔ကုန္ဝယ္ရန္ဆိပ္ကမ္းသို႔ဆင္းလာၾကသည္။သို႔ေသာ္ေလွသူၾကီးႏွင့္ေရာင္းဝယ္၍မရေတာ့ေပ။သူအမ်ိဳးသားႏွင့္ေတြ႕ဆုံရန္ကန္႔လန္႔ကာေနာက္မွအေစာင့္အေရွာက္မ်ားထံသုံးၾကိမ္သုံးခါခြင့္ေတာင္းျပီးအသျပာတစ္ေထာင္စီေပးပါမွေတြ႔ခြင့္ရၾကေလသည္။ေနာက္ဆုံးတြင္ေလွေပၚပါေသာကုန္အားလုံးတန္ဖိုးႏွင့္တကြထိုအမ်ိဳးသားအတြက္အသျပာတစ္သိန္းေပးသျဖင့္အေရာင္းအဝယ္တည့္သြားၾကေလသည္။သူသည္သူ႔အားကူညီထားသူမ်ား၏ေက်းဇူးကိုမေမ့ေခ်။စူဠေသ႒ိသူေဌးထံသြား၍အသျပာတစ္သိန္းကန္ေတာ့ေလသည္။သူေဌးကအက်ိဳးအေၾကာင္းျပန္ေမးရာၾကြက္ေသတစ္ခုအရင္းျပဳ၍ေလးလအတြင္းအသျပာႏွစ္သိန္းၾကြယ္ဝလာပုံကိုေျပာျပသည္။စူဠေသ႒ိသူေဌးသည္ထိုသူ၏ၾကံရည္ဖန္ရည္ကိုသေဘာက်သျဖင့္သမီးပ်ိဳႏွင့္ထိမ္းျမားလက္ထပ္ေပးေလသည္

(၂)ဝဏၰဳပထဇာတ္


*****Unicode Version *****



စိတ်ဓါတ်မကျသောလှည်းကုန်သည်
လွန်လေပြီးသောကာလဗာရာဏသီပြည်တွင်ဗြဟ္မဒတ်မင်းအုပ်စိုးစဉ်ကာလကဘုရားလောင်းသည်လှည်းမျိုး၌ဖြစ်၍ဝန်ပြည့်ပါသောလှည်းအစီးငါးရာနှင့်ငါးဆယ့်ကိုးယူဇနာကျယ်သောကန္တာရကိုဖြတ်၍ကုန်ရောင်းထွက်ခဲ့လေသည်။ကန္တာရဖြစ်၍ညပိုင်းတွင်သာခရီးသွားနိုင်ပြီးနေ့အချိန်တွင်ပူပြင်းလွန်းသောကြောင့်ရောက်သည့်နေရာတွင်တဲဆောက်ပြီးခရီးတထောက်နားကြရလေသည်။သဲကန္တာရ၏ကျယ်ပြန့်မှုကြောင့်နက္ခတ်တာရာကိုကျွမ်းကျင်သောသူကိုလမ်းပြခေါ်၍ခရီးထွက်ရလေသည်။ငါးဆယ့်ကိုးယူဇနာခရီးရောက်သောအခါယခုတစ်ညမောင်းလိုက်လျှင်မနက်ဆိုလိုရာခရီးသို့ရောက်ရှိနိုင်သည်ဟုလမ်းပြကပြောသည်။သူ့စကားကြောင့်လှည်းသားများသည်ရိက္ခာအားလုံးကိုသုံးပစ်လိုက်ကြရာသောက်ရေပင်မကျန်တော့။
သူတို့အဖွဲ့သည်ညစာစားပြီးနောက်ထိုစခန်းထောက်မှခရီးဆက်ခဲ့ကြသည်။လမ်းပြသည်လှည့်ပေါ်တွင်ထိုင်၍ဘယ်ကွေ့ယာ(ညာ)ကွေ့တည့်တည့်မောင်းစသည်ဖြင့်ညွှန်ကြားပေးသည်။သူသည်အိပ်ရေးပျက်ပေါင်းများသဖြင့်လမ်းညွှန်နေရင်းအိပ်ပျော်သွားခဲ့သည်။လမ်းညွှန်သူမရှိသဖြင့်နွားတို့သည်မောင်းလာရာလမ်းကိုပြန်သွား၍မိုးလင်းမှစခန်းဟောင်းကိုပြန်ရောက်သွားကြောင်းသိကြသည်။ဘုရားလောင်းလှည်းမှူးကြီးလည်းစောစီးစွာရေရှာထွက်ရာရေကိုကားမတွေ့မြက်ဖုတ်ကလေးကိုသာတွေ့ရသည်။ထိုမြက်ဖုတ်အောက်တွင်ရေရှိနိုင်ကြောင်းဆင်ခြင်မိ၍လှည်းသားများကိုထိုနေရာတွင်တူးစေသည်။အတောင်ခြောက်ဆယ်အနက်အထိတိုင်တူးမိသော်လည်းရေမထွက်သေးဘဲကျောက်ဖြာကြီးတစ်ခုခံနေသဖြင့်လှည်းမှူးကြီးလည်းခွန်းအားဗလနှင့်ပြည့်စုံ၍လုံ့လလည်းရှိသောလက်စွဲတော်လူငယ်တစ်ယောက်ကိုထိုကျောက်ဖြာကြီးအားထုခွဲရန်တာဝန်ပေးလိုက်သည်။လူငယ်သည်သံတူကြီးဖြင့်ထုခွဲရာကျောက်ဖျာကြီးကွဲ၍ထန်းလုံးပမာဏရှိသောရေလုံးကြီးပန်းထွက်လာသည်။ရေရလာ၍လူများနွားများအသက်ချမ်းသာရကာချက်ပြုတ်စားသောက်၍နေဝင်သောအခါလိုရာခရီးသို့ဆက်နိုင်လေသည်။

အနှစ်ချုပ်။ဒုက္ခနောက်မှာသုခရှိတတ်သည်။
ဇာတ်ပေါင်းသော်။လှည်းမှူးသည်ဗုဒ္ဓ
လုံ့လရှိသောလူငယ်နှင့်လှည်းသားများသည်ဗုဒ္ဓ၏ပရိတ်သတ်
ချစ်သူကို


*****Zawgyi Version****
စိတ္ဓါတ္မက်ေသာလွည္းကုန္သည္
လြန္ေလျပီးေသာကာလဗာရာဏသီျပည္တြင္ျဗဟၼဒတ္မင္းအုပ္စိုးစဥ္ကာလကဘုရားေလာင္းသည္လွည္းမ်ိဳး၌ျဖစ္၍ဝန္ျပည့္ပါေသာလွည္းအစီးငါးရာႏွင့္ငါးဆယ့္ကိုးယူဇနာက်ယ္ေသာကႏၲာရကိုျဖတ္၍ကုန္ေရာင္းထြက္ခဲ့ေလသည္။ကႏၲာရျဖစ္၍ညပိုင္းတြင္သာခရီးသြားႏိုင္ျပီးေန႔အခ်ိန္တြင္ပူျပင္းလြန္းေသာေၾကာင့္ေရာက္သည့္ေနရာတြင္တဲေဆာက္ျပီးခရီးတေထာက္နားၾကရေလသည္။သဲကႏၲာရ၏က်ယ္ျပန္႔မႈေၾကာင့္နကၡတ္တာရာကိုကြ်မ္းက်င္ေသာသူကိုလမ္းျပေခၚ၍ခရီးထြက္ရေလသည္။ငါးဆယ့္ကိုးယူဇနာခရီးေရာက္ေသာအခါယခုတစ္ညေမာင္းလိုက္လွ်င္မနက္ဆိုလိုရာခရီးသို႔ေရာက္ရွိႏိုင္သည္ဟုလမ္းျပကေျပာသည္။သူ႔စကားေၾကာင့္လွည္းသားမ်ားသည္ရိကၡာအားလုံးကိုသုံးပစ္လိုက္ၾကရာေသာက္ေရပင္မက်န္ေတာ့။
သူတို႔အဖြဲ႕သည္ညစာစားျပီးေနာက္ထိုစခန္းေထာက္မွခရီးဆက္ခဲ့ၾကသည္။လမ္းျပသည္လွည့္ေပၚတြင္ထိုင္၍ဘယ္ေကြ႕ယာ(ညာ)ေကြ႕တည့္တည့္ေမာင္းစသည္ျဖင့္ညႊန္ၾကားေပးသည္။သူသည္အိပ္ေရးပ်က္ေပါင္းမ်ားသျဖင့္လမ္းညႊန္ေနရင္းအိပ္ေပ်ာ္သြားခဲ့သည္။လမ္းညႊန္သူမရွိသျဖင့္ႏြားတို႔သည္ေမာင္းလာရာလမ္းကိုျပန္သြား၍မိုးလင္းမွစခန္းေဟာင္းကိုျပန္ေရာက္သြားေၾကာင္းသိၾကသည္။ဘုရားေလာင္းလွည္းမွဴးၾကီးလည္းေစာစီးစြာေရရွာထြက္ရာေရကိုကားမေတြ႕ျမက္ဖုတ္ကေလးကိုသာေတြ႕ရသည္။ထိုျမက္ဖုတ္ေအာက္တြင္ေရရွိႏိုင္ေၾကာင္းဆင္ျခင္မိ၍လွည္းသားမ်ားကိုထိုေနရာတြင္တူးေစသည္။အေတာင္ေျခာက္ဆယ္အနက္အထိတိုင္တူးမိေသာ္လည္းေရမထြက္ေသးဘဲေက်ာက္ျဖာၾကီးတစ္ခုခံေနသျဖင့္လွည္းမွဴးၾကီးလည္းခြန္းအားဗလႏွင့္ျပည့္စုံ၍လုံ႔လလည္းရွိေသာလက္စြဲေတာ္လူငယ္တစ္ေယာက္ကိုထိုေက်ာက္ျဖာၾကီးအားထုခြဲရန္တာဝန္ေပးလိုက္သည္။လူငယ္သည္သံတူၾကီးျဖင့္ထုခြဲရာေက်ာက္ဖ်ာၾကီးကြဲ၍ထန္းလုံးပမာဏရွိေသာေရလုံးၾကီးပန္းထြက္လာသည္။ေရရလာ၍လူမ်ားႏြားမ်ားအသက္ခ်မ္းသာရကာခ်က္ျပဳတ္စားေသာက္၍ေနဝင္ေသာအခါလိုရာခရီးသို႔ဆက္ႏိုင္ေလသည္။

အႏွစ္ခ်ဳပ္။ဒုကၡေနာက္မွာသုခရွိတတ္သည္။
ဇာတ္ေပါင္းေသာ္။လွည္းမွဴးသည္ဗုဒၶ
လံု႔လရွိေသာလူငယ္ႏွင့္လွည္းသားမ်ားသည္ဗုဒၶ၏ပရိတ္သတ္

(၁)အပဏၰကဇာတ္





''လှည်းကုန်သည်နှစ်ဦး'' တစ်ရံရောအခါတုန်းကဗာရာဏသီပြည်တွင်ဗြဟ္မဒတ်မင်းအုပ်ချုပ်စဉ်အခါ၌ဘုရားအလောင်းသည်လှည်းကုန်သည်မျိုး၌ဖြစ်၏။သူသည်လိမ္မာရေးခြားရှိ၍အရာရာတိုင်းကိုစဉ်းစားချင့်ချိန်ဝေဖန်တတ်သည်။လှည်းငါးရာဖြင့်အနယ်နယ်အရပ်ရပ်သို့အရောင်းအဝယ်ထွက်သည်။ထိုဗာရာဏသီမြို့တော်၌ပင်ဆင်ခြင်တုံတရားမရှိဘဲအရာရာတိုင်းကိုယုံလွယ်တတ်သောအခြားလှည်းကုန်သည်တစ်ယောက်လည်းရှိသည်။တစ်နေ့သောအခါဘုရားအလောင်းလှည်းကုန်သည်သည်လှည်းငါးရာကိုဝန်စည်အပြည့်တင်၍ကုန်ရောင်းထွက်ရန်စီစဉ်နေစဉ်တွင်လှည်းကုန်သည်မိုက်လည်းဘုရားအလောင်းသွားမည့်ခရီးစဉ်အတိုင်းလှည်းငါးရာကုန်အပြည့်တင်ဆောင်၍ကုန်ရောင်းထွက်မည်ဆိုသည့်သီတင်းထွက်လာသည်။ဘုရားလောင်းလည်း''လူတစ်ထောင်နှင့်နွားနှစ်ထောင်''တစ်ချိန်ထဲခရီးထွက်ရန်မလွယ်ကူ။ထင်းမီးကအစခစန်းချရေးထိခက်နိုင်သည်ကိုစဉ်းစားဆင်ခြင်မိသဖြင့်လှည်းကုန်သည်မိုက်ကိုခေါ်၍'သင်ရှေ့ကသွားလိုကသွားပါသို့မဟုတ်နောက်တွင်ချန်နေ၍လိုက်လိုကလည်းလိုက်ပါ'ဟုပြောဆိုဆွေးနွေးလေသည်။လှည်းကုန်သည်မိုက်လည်း''ရှေးဦးစွာသွားပါကမိမိကုန်များဈေးကောင်းရမည်နောက်မှလိုက်ပါကမိမိကုန်များဈေးကောင်းရနိုင်မည်မဟုတ်''ဟုဆင်ခြင်တွေးဆ၍မိမိရှေ့ကသွားမည်ဖြစ်ကြောင်းပြောသည်။လှည်းကုန်သည်မိုက်အဖွဲ့ခရီးထွက်၍မကြာမီတွင်ခရီးကြမ်းအလယ်သို့ရောက်၏။ထိုကန္တာရထဲတွင်ဘီလူးတို့လူအသွင်ဖန်ဆင်း၍နွားပျိုဖြူကသောလှည်းယာဉ်ကလေးဖြင့်မျက်နှာချင်းဆိုင်အရပ်မှမောင်းနှင်လာကြသည်။
ခေါင်းဆောင်ကလှည်းစီး၍အခြွေအရံတို့ကခြေလျင်လိုက်ပါလာကြသည်။သူတို့ကိုယ်နှင့်အဝတ်အစားတို့မှာရွှံ့ညွံများဖြင့်ရွှဲရွှဲစိုနေသည်။ကုန်သည်မိုက်အဖွဲ့နှင့်တွေ့သောအခါလမ်းခရီးအခြေအနေကိုစုံစမ်းမေးမြန်းကြသည်။ဘီလူးတို့ကရှေ့တွင်မိုးကြီးသည်းထန်စွာရွာနေသည်။လမ်းခရီးတစ်လျှောက်တွင်လည်းအင်းအိုင်ချိုင့်ဝှမ်းများလည်းရေပြည့်လျက်ရှိပြီးကြာပန်းမျိုးစုံတို့ဖူးပွင့်နေသည်ဟုပြောပြကြသည်။ထိုသီတင်းကိုကြားသောအခါလှည်းကုန်သည်မိုက်သည်ဝန်ပေါ့စေရန်အတွက်ပါလာသောရေများကိုသွန်ပစ်ခိုင်းကာရှေ့သို့ခရီးဆက်ကြသည်။ညနေစခန်းချရပ်နားသောအခါရေမရှိ၍မချက်ပြုတ်နိုင်ကြပေ။နွားများလည်းရေငတ်လူများလည်းအာဟာရပြတ်ကုန်ကြ၏။လူများကောနွားများပါအာဟာရပြတ်၍အားအင်ကုန်ခမ်းကုန်ကြသည်။ဤယုန်ကိုမြင်၍ဤခြုံကိုထွင်ခဲ့သောဘီလူးများသည်ညအချိန်အခါရောက်သောအခါလှည်းကုန်သည်မိုက်ဦးဆောင်သောလှည်းစခန်းကိုဝင်၍လူများကောနွားများကိုပါဖမ်းစီး၍စားသောက်ပစ်လိုက်ကြလေသည်။ဘုရားလောင်းလှည်းကုန်သည်အဖွဲ့သည်ကုန်သည်မိုက်အဖွဲ့ထွက်ခွါအပြီးလဝက်ပြည့်သည့်နေ့တွင်မှခရီးကိုစတင်ထွက်ခွါ၍ကန္တာရအဝင်ကိုရောက်သည်နှင့်ရေကိုလုံလောက်စွာဖြည့်ကြသည်။''မိမိခွင့်ပြုချက်မရဘဲကန္တာရအတွင်းရေကိုလက်တစ်ဆုပ်သော်မျှမဖြုန်းတီးရမည်သည့်အသီးအရွက်ကိုသော်မှခူးယူစားသောက်ခြင်းမပြုရဟူ၍တင်းကြပ်သည့်စည်းကမ်းများချမှတ်သည်။အဆိပ်သီးအဆိပ်ရွက်များကိုစားသောက်မိမည်စိုး၍စည်းကမ်းများချမှတ်ခြင်းဖြစ်သည်။ဘုရားလောင်းလှည်းကုန်သည်အဖွဲ့ကန္တာရအလယ်သို့ရောက်သောအခါရှေ့ကကဲ့သို့ရေများကိုစွန့်လွှတ်စေရန်ဘီလူးများကလှည့်စားကြပြန်လေသည်။သို့သော်ဘုရားလောင်းကိုကားလှည့်စား၍မရ။ကန္တာရထဲတွင်မိုးရွာနေသည်ဆိုသော်လည်းမိုးရိပ်လေရိပ်စိုးစဉ်းမျှပင်မတွေ့သဖြင့်မယုံကြည်။ထို့အပြင်''ဤသူများကမျက်လုံးများကနီသည်ကိုယ်ရိပ်လည်းမထွက်ဧကန်စင်စစ်လူမဖြစ်နိုင်နတ်ဘီလူးများသာဖြစ်မည်ဟုဆင်ခြင်သုံးသပ်မိလေသည်''။သို့ကြောင့်ရေများကိုမစွန့်ပစ်စေဘဲသယ်ဆောင်စေခဲ့သည်။နေဝင်၍စခန်းထောက်သော်ရှေ့ကသွားနှင့်လှည်းကုန်သည်မိုက်နှင့်အဖွဲ့ကိုဘီလူးများစားထား၍ကြွင်းကျန်ရစ်သောအရိုးများကိုတွေ့သည်လှည်းများကိုလည်းတွေ့သည်။ဘုရားလောင်းနှင့်အဖွဲ့သည်ထိုညအဖို့ထိုနေရာတွင်ပင်ချက်ပြုတ်စားသောက်၍စခန်းချကြလေသည်။ဘုရားလောင်းကမူမအိပ်ဘဲညဥ့်သုံးယံပတ်လုံးသန်လျက်ကိုထမ်း၍သူ့ပရိတ်သတ်ကိုစောင့်ရှောက်နေခဲ့သည်။ဘုရားလောင်းသည်နံနက်ခရီးဆက်ခါနီးတွင်မိမိအဖွဲ့မှလှည်းအိုဟောင်းများကိုလှည်းကောင်းများနှင့်လဲစေ၍တန်ဖိုးနည်းကုန်စည်များကိုလည်းပိုင်ရှင်မဲ့ပစ္စည်းများထဲမှတန်ဖိုးကြီးပစ္စည်းများနှင့်လဲလည်စေခဲ့သည်။ထို့နောက်မိမိတို့လိုရာခရီးသို့ဆက်လက်ထွက်ခွါ၍ကုန်စည်များကိုရောင်းချစေခဲ့ရာတန်ဖိုးနှစ်ဆမြတ်လေသည်။
အနှစ်ချုပ်။  ။မစဉ်းစားမဆင်ခြင်သူအကျိုးယုတ်၍စဉ်းစားဆင်ခြင်သူသည်အကျိုးကျေးဇူးများတတ်သည်။
ဇာတ်ပေါင်းသော်။လှည်းကုန်သည်မိုက်သည်ဒေဝဒတ်
ပညာရှိလှည်းကုန်သည်သည်ဗုဒ္ဓ
ချစ်သူကို




''လွည္းကုန္သည္ႏွစ္ဦး'' တစ္ရံေရာအခါတုန္းကဗာရာဏသီျပည္တြင္ျဗဟၼဒတ္မင္းအုပ္ခ်ဳပ္စဥ္အခါ၌ဘုရားအေလာင္းသည္လွည္းကုန္သည္မ်ိဳး၌ျဖစ္၏။သူသည္လိမၼာေရးျခားရွိ၍အရာရာတိုင္းကိုစဥ္းစားခ်င့္ခ်ိန္ေဝဖန္တတ္သည္။လွည္းငါးရာျဖင့္အနယ္နယ္အရပ္ရပ္သို႔အေရာင္းအဝယ္ထြက္သည္။ထိုဗာရာဏသီျမိဳ႕ေတာ္၌ပင္ဆင္ျခင္တုံတရားမရွိဘဲအရာရာတိုင္းကိုယုံလြယ္တတ္ေသာအျခားလွည္းကုန္သည္တစ္ေယာက္လည္းရွိသည္။တစ္ေန႔ေသာအခါဘုရားအေလာင္းလွည္းကုန္သည္သည္လွည္းငါးရာကိုဝန္စည္အျပည့္တင္၍ကုန္ေရာင္းထြက္ရန္စီစဥ္ေနစဥ္တြင္လွည္းကုန္သည္မိုက္လည္းဘုရားအေလာင္းသြားမည့္ခရီးစဥ္အတိုင္းလွည္းငါးရာကုန္အျပည့္တင္ေဆာင္၍ကုန္ေရာင္းထြက္မည္ဆိုသည့္သီတင္းထြက္လာသည္။ဘုရားေလာင္းလည္း''လူတစ္ေထာင္ႏွင့္ႏြားႏွစ္ေထာင္''တစ္ခ်ိန္ထဲခရီးထြက္ရန္မလြယ္ကူ။ထင္းမီးကအစခစန္းခ်ေရးထိခက္ႏိုင္သည္ကိုစဥ္းစားဆင္ျခင္မိသျဖင့္လွည္းကုန္သည္မိုက္ကိုေခၚ၍'သင္ေရွ႕ကသြားလိုကသြားပါသို႔မဟုတ္ေနာက္တြင္ခ်န္ေန၍လိုက္လိုကလည္းလိုက္ပါ'ဟုေျပာဆိုေဆြးေႏြးေလသည္။လွည္းကုန္သည္မိုက္လည္း''ေရွးဦးစြာသြားပါကမိမိကုန္မ်ားေစ်းေကာင္းရမည္ေနာက္မွလိုက္ပါကမိမိကုန္မ်ားေစ်းေကာင္းရႏိုင္မည္မဟုတ္''ဟုဆင္ျခင္ေတြးဆ၍မိမိေရွ႕ကသြားမည္ျဖစ္ေၾကာင္းေျပာသည္။လွည္းကုန္သည္မိုက္အဖဲြ႕ခရီးထြက္၍မၾကာမီတြင္ခရီးၾကမ္းအလယ္သို႔ေရာက္၏။ထိုကႏၲာရထဲတြင္ဘီလူးတို႔လူအသြင္ဖန္ဆင္း၍ႏြားပ်ိဳျဖဴကေသာလွည္းယာဥ္ကေလးျဖင့္မ်က္ႏွာခ်င္းဆိုင္အရပ္မွေမာင္းႏွင္လာၾကသည္။
ေခါင္းေဆာင္ကလွည္းစီး၍အေျခြအရံတို႔ကေျခလ်င္လိုက္ပါလာၾကသည္။သူတို႔ကိုယ္ႏွင့္အဝတ္အစားတို႔မွာရႊံ႕ညြံမ်ားျဖင့္ရႊဲရႊဲစိုေနသည္။ကုန္သည္မိုက္အဖြဲ႕ႏွင့္ေတြ႕ေသာအခါလမ္းခရီးအေျခအေနကိုစုံစမ္းေမးျမန္းၾကသည္။ဘီလူးတို႔ကေရွ႕တြင္မိုးၾကီးသည္းထန္စြာရြာေနသည္။လမ္းခရီးတစ္ေလွ်ာက္တြင္လည္းအင္းအိုင္ခ်ိဳင့္ဝွမ္းမ်ားလည္းေရျပည့္လ်က္ရွိျပီးၾကာပန္းမ်ိဳးစုံတို႔ဖူးပြင့္ေနသည္ဟုေျပာျပၾကသည္။ထိုသီတင္းကိုၾကားေသာအခါလွည္းကုန္သည္မိုက္သည္ဝန္ေပါ့ေစရန္အတြက္ပါလာေသာေရမ်ားကိုသြန္ပစ္ခိုင္းကာေရွ႕သို႔ခရီးဆက္ၾကသည္။ညေနစခန္းခ်ရပ္နားေသာအခါေရမရွိ၍မခ်က္ျပဳတ္ႏိုင္ၾကေပ။ႏြားမ်ားလည္းေရငတ္လူမ်ားလည္းအာဟာရျပတ္ကုန္ၾက၏။လူမ်ားေကာႏြားမ်ားပါအာဟာရျပတ္၍အားအင္ကုန္ခမ္းကုန္ၾကသည္။ဤယုန္ကိုျမင္၍ဤျခံဳကိုထြင္ခဲ့ေသာဘီလူးမ်ားသည္ညအခ်ိန္အခါေရာက္ေသာအခါလွည္းကုန္သည္မိုက္ဦးေဆာင္ေသာလွည္းစခန္းကိုဝင္၍လူမ်ားေကာႏြားမ်ားကိုပါဖမ္းစီး၍စားေသာက္ပစ္လိုက္ၾကေလသည္။ဘုရားေလာင္းလွည္းကုန္သည္အဖြဲ႕သည္ကုန္သည္မိုက္အဖြဲ႕ထြက္ခြါအျပီးလဝက္ျပည့္သည့္ေန႕တြင္မွခရီးကိုစတင္ထြက္ခြါ၍ကႏၲာရအဝင္ကိုေရာက္သည္ႏွင့္ေရကိုလုံေလာက္စြာျဖည့္ၾကသည္။''မိမိခြင့္ျပဳခ်က္မရဘဲကႏၲာရအတြင္းေရကိုလက္တစ္ဆုပ္ေသာ္မွ်မျဖဳန္းတီးရမည္သည့္အသီးအရြက္ကိုေသာ္မွခူးယူစားေသာက္ျခင္းမျပဳရဟူ၍တင္းၾကပ္သည့္စည္းကမ္းမ်ားခ်မွတ္သည္။အဆိပ္သီးအဆိပ္ရြက္မ်ားကိုစားေသာက္မိမည္စိုး၍စည္းကမ္းမ်ားခ်မွတ္ျခင္းျဖစ္သည္။ဘုရားေလာင္းလွည္းကုန္သည္အဖြဲ႕ကႏၲာရအလယ္သို႔ေရာက္ေသာအခါေရွ႕ကကဲ့သို႔ေရမ်ားကိုစြန္႔လႊတ္ေစရန္ဘီလူးမ်ားကလွည့္စားၾကျပန္ေလသည္။သို႔ေသာ္ဘုရားေလာင္းကိုကားလွည့္စား၍မရ။ကႏၲာရထဲတြင္မိုးရြာေနသည္ဆိုေသာ္လည္းမိုးရိပ္ေလရိပ္စိုးစဥ္းမွ်ပင္မေတြ႕သျဖင့္မယုံၾကည္။ထို႔အျပင္''ဤသူမ်ားကမ်က္လုံးမ်ားကနီသည္ကိုယ္ရိပ္လည္းမထြက္ဧကန္စင္စစ္လူမျဖစ္ႏိုင္နတ္ဘီလူးမ်ားသာျဖစ္မည္ဟုဆင္ျခင္သုံးသပ္မိေလသည္''။သို႔ေၾကာင့္ေရမ်ားကိုမစြန္႕ပစ္ေစဘဲသယ္ေဆာင္ေစခဲ့သည္။ေနဝင္၍စခန္းေထာက္ေသာ္ေရွ႕ကသြားႏွင့္လွည္းကုန္သည္မိုက္ႏွင့္အဖြဲ႕ကိုဘီလူးမ်ားစားထား၍ၾကြင္းက်န္ရစ္ေသာအရိုးမ်ားကိုေတြ႕သည္လွည္းမ်ားကိုလည္းေတြ႕သည္။ဘုရားေလာင္းႏွင့္အဖြဲ႕သည္ထိုညအဖို႔ထိုေနရာတြင္ပင္ခ်က္ျပဳတ္စားေသာက္၍စခန္းခ်ၾကေလသည္။ဘုရားေလာင္းကမူမအိပ္ဘဲညဥ့္သုံးယံပတ္လုံးသန္လ်က္ကိုထမ္း၍သူ႔ပရိတ္သတ္ကိုေစာင့္ေရွာက္ေနခဲ့သည္။ဘုရားေလာင္းသည္နံနက္ခရီးဆက္ခါနီးတြင္မိမိအဖြဲ႕မွလွည္းအိုေဟာင္းမ်ားကိုလွည္းေကာင္းမ်ားႏွင့္လဲေစ၍တန္ဖိုးနည္းကုန္စည္မ်ားကိုလည္းပိုင္ရွင္မဲ့ပစၥည္းမ်ားထဲမွတန္ဖိုးၾကီးပစၥည္းမ်ားႏွင့္လဲလည္ေစခဲ့သည္။ထို႔ေနာက္မိမိတို႔လိုရာခရီးသို႔ဆက္လက္ထြက္ခြါ၍ကုန္စည္မ်ားကိုေရာင္းခ်ေစခဲ့ရာတန္ဖိုးႏွစ္ဆျမတ္ေလသည္။
အႏွစ္ခ်ဳပ္။  ။မစဥ္းစားမဆင္ျခင္သူအက်ိဳးယုတ္၍စဥ္းစားဆင္ျခင္သူသည္အက်ိဳးေက်းဇူးမ်ားတတ္သည္။
ဇာတ္ေပါင္းေသာ္။လွည္းကုန္သည္မိုက္သည္ေဒဝဒတ္
ပညာရွိလွည္းကုန္သည္သည္ဗုဒၶ

(၃)ေသရိဝဝါဏိဇဇာတ္


****Unicode Version****



ရွဲကုန်သည်ဇာတ်
လွန်လေပြီးသောကာလယခုဘဒ္ဒကမ္ဘာမှရေတွက်သော်ငါးခုမြောက်ကမ္ဘာတွင်ဘုရားလောင်းသည်'သေရိဝတိုင်း'၌ရွဲကုန်သည်ဖြစ်လေသည်။သူ့တွင်လောဘကြီးသောရွဲကုန်သည်သူငယ်ချင်းတစ်ယောက်လည်းရှိလေသည်။သူတို့သည်နိလဝါဟမြစ်တစ်ဖက်ကမ်းရှိအရိဋ္ဌပူရမြို့တွင်ရွဲများကိုရောင်းချလေ့ရှိသည်။သူ့ရပ်ကွက်ကိုယ့်ရပ်ကွက်သူ့လမ်းကိုယ့်လမ်းဟူ၍ရောင်းချရမည့်နယ်မြေကိုခွဲခြားထားကာရောင်းချကြသည်။တစ်ဦးပိုင်သောဈေးကွက်တွင်အခြားတစ်ဦးကအလျင်ဝင်၍မရောင်းရ။ရောင်းလိုသော်ဈေးကွက်ပိုင်သူရောင်းပြီးမှသာရောင်းရသည်။ထိုအရိဋ္ဌပူရမြို့တွင်အထည်ကြီးပျက်မြေးအဖွားနှစ်ယောက်လည်းနေထိုင်လေသည်။သူတို့တွင်သူေဋ္ဌးကြီးသုံးစွဲခဲ့သောရွှေခွက်ဟောင်းကြီးကျန်နေလေသည်။ချေးတို့ဖြင့်မည်းနေသဖြင့်ရွှေခွက်မှန်းမသိနိုင်ပေ။တစ်နေ့သော်မြေးမလေးသည်လောဘသားရွဲကုန်သည်ထံမှရွဲကိုဝယ်ရန်တန်ဖိုးအဖြစ်ထိုခွက်ကိုပေးသည်။လောဘသားရွဲကုန်သည်လည်းခွက်ကိုအပ်ဖျားဖြင့်ခြစ်ကြည့်ရာရွှေခွက်မှန်းသိသော်လည်းအလကားယူလိုသဖြင့်ဒီခွက်ကြီးဘာမှတန်ဖိုးမရှိဘူးဟုဆို၍လွှင့်ပစ်ပြီးထွက်သွားလေသည်။
ထိုလမ်းကိုဘုရားလောင်းရွဲကုန်သည်ဝင်လာရာမြေးမလည်းရွဲတန်ဆာကိုထိုခွက်ဖြင့်လဲပြန်လေသည်။ဘုရားလောင်းလည်းရွှေခွက်မှန်းသိရာ'ညီမငယ်ထိုခွက်သည်ရွှေခွက်ဖြစ်၍အသပြာအဖိုးတစ်သိန်းထိုက်တန်လေသည်'ကျွန်ုပ်တွင်အဖိုးတစ်သိန်းထိုက်တန်သောရွဲများမပါပါဟုရိုးသားစွာပြောလေသည်။မြေးအဖွားနှစ်ယောက်ကလည်းရွဲတန်ဆာကိုရလျှင်ကျေနပ်ပြီဟုဆိုသည်။သို့ဖြင့်ဘုရားလောင်းကလည်းပါလာသောငွေအသပြာငါးရာနှင့်ငါးရာပင်ထိုက်တန်သောရွဲတို့ကိုပေးခဲ့ပြီးရွှေခွက်ကိုယူလာခဲ့လေသည်။အတန်ငယ်ကြာလတ်သောအခါလောဘသားရွဲကုန်သည်ပြန်လာပြီး'ခုနကရွှေခွက်ကိုပေးရွဲတစ်လုံးပေးမည်'ဟုဆိုလေရာမြေးအဖွားနှစ်ယောက်လည်းရွှေခွက်ကိုအခြားရွဲကုန်သည်တစ်ဦးအားရောင်းလိုက်ပြီဟုဖြေလေသည်။လောဘကြီးသောရွဲကုန်သည်လည်း'အဖိုးတစ်သိန်းထိုက်တန်သောရွှေခွက်ကြီးနှင့်လွဲလေပြီ'ဟုနောင်တကြီးစွာရ၍မေ့မြောသွားလေသည်။သတိပြန်ရလာချိန်တွင်ပါလာသောငွေနှင့်ရွဲများကိုအိမ်ရှေ့တွင်ပင်လွှင့်ပစ်၍ဘုရားလောင်းရွဲကုန်သည်အားရိုက်သတ်၍ရွှေခွက်ကိုလုယူရန်ချိန်ခွင်ရိုးကိုယူ၍နောက်မှမှအပြေးလိုက်သွားလေသည်။သို့သော်သူမြစ်ဆိပ်သို့ရောက်ချိန်တွင်ဘုရားလောင်းသည်ကူးတို့ဖြင့်ပြန်လေရာမြစ်တစ်ဖက်ကမ်းသို့ပင်ရောက်ရှိနေလေပြီ။ထို့ကြောင့်ရွဲကုန်သည်လည်းသူသည်အဖိုးတစ်သိန်းထိုက်တန်သောရွှေခွက်နှင့်လွဲခဲ့လေပြီဟုသိလိုက်လေသည်။ယင်းအသိဝင်လာသည်နှင့်တစ်ပြိုင်နက်သွေးပွက်ပွက်အန်၍အသက်ကုန်လေသည်။
အနှစ်ချုပ်-လောဘကြီးလျင်အရနည်းတတ်သည်။
ဇာတ်ပေါင်းသော်-လောဘသမားသည်ဒေဝဒတ်
ရိုးသားသောရွဲကုန်သည်သည်ဗုဒ္ဓ
ချစ်သူကို

***Zawgyi****

ရြဲကုန္သည္ဇာတ္
လြန္ေလျပီးေသာကာလယခုဘဒၵကမ႓ာမွေရတြက္ေသာ္ငါးခုေျမာက္ကမ႓ာတြင္ဘုရားေလာင္းသည္'ေသရိဝတိုင္း'၌ရြဲကုန္သည္ျဖစ္ေလသည္။သူ႔တြင္ေလာဘၾကီးေသာရြဲကုန္သည္သူငယ္ခ်င္းတစ္ေယာက္လည္းရွိေလသည္။သူတို႔သည္နိလဝါဟျမစ္တစ္ဖက္ကမ္းရွိအရိ႒ပူရျမိဳ႕တြင္ရြဲမ်ားကိုေရာင္းခ်ေလ့ရွိသည္။သူ႔ရပ္ကြက္ကိုယ့္ရပ္ကြက္သူ႔လမ္းကိုယ့္လမ္းဟူ၍ေရာင္းခ်ရမည့္နယ္ေျမကိုခြဲျခားထားကာေရာင္းခ်ၾကသည္။တစ္ဦးပိုင္ေသာေစ်းကြက္တြင္အျခားတစ္ဦးကအလ်င္ဝင္၍မေရာင္းရ။ေရာင္းလိုေသာ္ေစ်းကြက္ပိုင္သူေရာင္းျပီးမွသာေရာင္းရသည္။ထိုအရိ႒ပူရျမိဳ႕တြင္အထည္ၾကီးပ်က္ေျမးအဖြားႏွစ္ေယာက္လည္းေနထိုင္ေလသည္။သူတို႔တြင္သူေ႒းၾကီးသုံးစြဲခဲ့ေသာေရႊခြက္ေဟာင္းၾကီးက်န္ေနေလသည္။ေခ်းတို႔ျဖင့္မည္းေနသျဖင့္ေရႊခြက္မွန္းမသိႏိုင္ေပ။တစ္ေန႔ေသာ္ေျမးမေလးသည္ေလာဘသားရြဲကုန္သည္ထံမွရြဲကိုဝယ္ရန္တန္ဖိုးအျဖစ္ထိုခြက္ကိုေပးသည္။ေလာဘသားရြဲကုန္သည္လည္းခြက္ကိုအပ္ဖ်ားျဖင့္ျခစ္ၾကည့္ရာေရႊခြက္မွန္းသိေသာ္လည္းအလကားယူလိုသျဖင့္ဒီခြက္ၾကီးဘာမွတန္ဖိုးမရွိဘူးဟုဆို၍လႊင့္ပစ္ျပီးထြက္သြားေလသည္။
ထိုလမ္းကိုဘုရားေလာင္းရြဲကုန္သည္ဝင္လာရာေျမးမလည္းရြဲတန္ဆာကိုထိုခြက္ျဖင့္လဲျပန္ေလသည္။ဘုရားေလာင္းလည္းေရႊခြက္မွန္းသိရာ'ညီမငယ္ထိုခြက္သည္ေရႊခြက္ျဖစ္၍အသျပာအဖိုးတစ္သိန္းထိုက္တန္ေလသည္'ကြ်ႏ္ုပ္တြင္အဖိုးတစ္သိန္းထိုက္တန္ေသာရြဲမ်ားမပါပါဟုရိုးသားစြာေျပာေလသည္။ေျမးအဖြားႏွစ္ေယာက္ကလည္းရြဲတန္ဆာကိုရလွ်င္ေက်နပ္ျပီဟုဆိုသည္။သို႔ျဖင့္ဘုရားေလာင္းကလည္းပါလာေသာေငြအသျပာငါးရာႏွင့္ငါးရာပင္ထိုက္တန္ေသာရြဲတို႔ကိုေပးခဲ့ျပီးေရႊခြက္ကိုယူလာခဲ့ေလသည္။အတန္ငယ္ၾကာလတ္ေသာအခါေလာဘသားရြဲကုန္သည္ျပန္လာျပီး'ခုနကေရႊခြက္ကိုေပးရြဲတစ္လုံးေပးမည္'ဟုဆိုေလရာေျမးအဖြားႏွစ္ေယာက္လည္းေရႊခြက္ကိုအျခားရြဲကုန္သည္တစ္ဦးအားေရာင္းလိုက္ျပီဟုေျဖေလသည္။ေလာဘၾကီးေသာရြဲကုန္သည္လည္း'အဖိုးတစ္သိန္းထိုက္တန္ေသာေရႊခြက္ၾကီးႏွင့္လြဲေလျပီ'ဟုေနာင္တၾကီးစြာရ၍ေမ့ေျမာသြားေလသည္။သတိျပန္ရလာခ်ိန္တြင္ပါလာေသာေငြႏွင့္ရြဲမ်ားကိုအိမ္ေရွ႕တြင္ပင္လႊင့္ပစ္၍ဘုရားေလာင္းရြဲကုန္သည္အားရိုက္သတ္၍ေရႊခြက္ကိုလုယူရန္ခ်ိန္ခြင္ရိုးကိုယူ၍ေနာက္မွမွအေျပးလိုက္သြားေလသည္။သို႔ေသာ္သူျမစ္ဆိပ္သို႔ေရာက္ခ်ိန္တြင္ဘုရားေလာင္းသည္ကူးတို႔ျဖင့္ျပန္ေလရာျမစ္တစ္ဖက္ကမ္းသို႔ပင္ေရာက္ရွိေနေလျပီ။ထို႔ေၾကာင့္ရြဲကုန္သည္လည္းသူသည္အဖိုးတစ္သိန္းထိုက္တန္ေသာေရႊခြက္ႏွင့္လြဲခဲ့ေလျပီဟုသိလိုက္ေလသည္။ယင္းအသိဝင္လာသည္ႏွင့္တစ္ျပိဳင္နက္ေသြးပြက္ပြက္အန္၍အသက္ကုန္ေလသည္။
အႏွစ္ခ်ဳပ္-ေလာဘၾကီးလ်င္အရနည္းတတ္သည္။
ဇာတ္ေပါင္းေသာ္-ေလာဘသမားသည္ေဒဝဒတ္
ရိုးသားေသာရြဲကုန္သည္သည္ဗုဒၶ

Tuesday, May 3, 2016

အေလာင္းမင္းတရားၾကီးဦးေအာင္ေဇယ်

ခမည္းေတာ္ မင္းညိဳစံႏွင့္ မယ္ေတာ္မဟာေဒ၀ီ ေစာညိမ္းဦးတုိ႔မွ သကၠရာဇ္ ၁၀၇၆-ခုႏွစ္ေတာ္သလင္းလျပည့္ေက်ာ္(၁)ရက္ ေသာၾကာေန႕ ညဥ္႔ တစ္ခ်က္တီးေက်ာ္ ဓနသိဒၶိနကၡတ္ မြန္းတည့္မတ္ခ်ိန္တြင္ ဖြားျမင္သည္။
ပ်ိဳရြယ္စဥ္က သုံးၾကိမ္တုိင္တုိင္ လက္႐ုံးေတာ္မွ မီးေတာက္ခဲ့သည္။ ၁၁၁၃-ခုႏွစ္ မြန္တုိ႔လက္ခ်က္ ျဖင့္ အင္း၀ျပည္ႀကီး ပ်က္စီးေသာအခါ ဇာတိ မုဆုိးဘုိရြာမွ ေနၿပီး မြန္တုိ႔ရန္ကုိ တြန္းလွန္ကာ ၿမိဳ႕တည္၍ ၁၁၁၄-ခုႏွစ္တြင္ မင္းျပဳသည္။ ဘုန္းႀကီးေသာမင္းေယာက်္ားျဖစ္သည့္အျပင္ ႀကံရည္ဖန္ရည္လည္း ေကာင္းလွသျဖင့္ အင္အားအဆမတန္မ်ားျပားေသာ ရန္သူ႕စစ္တပ္ႀကီးမ်ားကုိပင္ အံ့ၾသေလာက္ေအာင္ ေခ်ဖ်က္သုတ္သင္ ပစ္ႏုိင္ခဲ့သည္။
ဘုရင့္ေနာင္ကဲ့သုိ႔ပင္ အေလာင္းမင္းတရားက လည္း …"..စစ္တုိ႔၏ သေဘာမွာ အင္အားႀကီးသည္ ငယ္သည္ ပဓာနမဟုတ္၊ သူရသတၱိႏွင့္ စစ္ပရိယာယ္ ၾကြယ္၀မႈသာ ပဓာနျဖစ္သည္.." ဟူေသာ သေဘာမ်ိဳးကုိပင္ မိန္႔ၾကားေတာ္မူခဲ့သည္။