Saturday, April 30, 2016
ဆန်းကြယ်သောသတ္တဝါဂဠုန်
ဂဠုန်ကို အရှေ့တောင်အာရှဒဏ္ဍာရီအတော်များများမှာတွေ့ရတတ်ပြီးတော့ ဂဠုန်ဆိုတဲ့သတ္တဝါရဲ့ကိုယ်နဲ့ခြေဟာ လူသဏ္ဍာန် ၊ အတောင်နဲ့ ဦးခေါင်း၊ ခြေသည်းလက်သည်း တို့ဟာ လင်းယုန်ငှက်နဲ့အသွင်ပုံစံတူပြီး ဖြူသောမျက်နှာ၊ နီသောအတောင်နှင့် ကိုယ်ခန္ဓာပိုင်းမှာတော့ ကြွေအဆင်းကဲ့သို့ရှိတယ်လို့ဆိုကြပါတယ်။ ဟိန္ဒူကျမ်းများမှာတော့ ဂဠုန်ကို "ဂရုဒ"ဟုခေါ်ဆိုကြပြီး မာဂဓအဘိဓာန်များမှာတော့ ဂဠုန်ကို "လေးသောဝန်ကို ဆောင်ယူတတ်သော သတ္တ၀ါသည် ဂဠုန်မည်၏"လို့ဖွင့်ဆိုထားကြတာကို တွေ့ရပါတယ်။
                    မြန်မာ့စာပေနှင့် ယဉ်ကျေးမှုလောကမှာ ဟိန္ဒူအငွေ့အသက်များစီးဝင်ပြန့်နှံ့ခြင်းနဲ့အတူ ဂဠုန်နဲ့ ပတ်သတ်သောအကြောင်းအရာများက မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့တယ်လို့ ပညာရှင်များကခန့်မှန်းထားကြပါတယ်။ ဂဠုန်ဆိုသောအယူက အဓိကအားဖြင့် ဟိန္ဒူဘာသာမှ ဆင်းသက်လာခဲ့ခြင်းဖြစ်ပြီး ဟိန္ဒူဘာသာမှာတော့ ဂဠုန်ဟာ ပုံမှန်ငှက်တစ်ပါးမဟုတ်ဘဲ ဂဠုန်၏ဖခင်မှာ "ကဿယာပ"လို့ခေါ်တဲ့ ဗြဟ္မာကြီးတစ်ပါးဖြစ်ပြီးတော့ "ကဿယာပ"ဗြဟ္မာကြီးဟာ လူသားတွေကို စတင်ဖောက်ဖွားစေခဲ့သူ "မနု"ရဲ့အဘိုးလည်းဖြစ်တာကြောင့် ဂဠုန်ဟာ လူသားတွေနဲ့ဆွေမျိုးတော်စပ်တယ်လို့လည်းဆိုကြပါတယ်။
The Expression of Time
(၁) တိကျတဲ့ အချိန်ကို ဖော်ပြဖို့အတွက် " at " ကို သုံးပါတယ်။
at seven o'clock
at 5:45 am
at dawn
at midnight
at noon
at sunset
at the end of the show
at the beginning of the lesson
at Christmas
at the New Year
at Easter
at the weekend
at dinner time
at bed time
ပန်ထွာဧကရီ ခေါ် လင်မုန်းဘုရင်မ
တကယ်တော့ မြန်မာ့ရာဇ၀င်ထဲမှာ  အမျိုးသားတွေပဲ ရာနှုန်းပြည့် နေရာယူထားခဲ့တာ မဟုတ်ပါဘူး။  ထူးချွန်ထင်ရှားတဲ့ အမျိုးသမီးခေါင်းဆောင်တွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။  သူတို့ထဲကမှ မြန်မာ့သမိုင်းရဲ့ အစောပိုင်းကာလ ဖြစ်တဲ့ ပျုခေတ်မှာ  ပေါ်ပေါက်ခဲ့တဲ့ ဗိဿနိုးဘုရင်မ ပန်ထွာဧကရီ ဆိုတဲ့ အမျိုးသမီးပဒေသရာဇ်  ခေါင်းဆောင် အကြောင်းကို ကျနော်သိသလောက် ပြောပြချင်ပါတယ်..။
  သရေခေတ္တရာပြည်တွင် ဒွတ္တပေါင်မင်းကြီး အုပ်စိုးနေစဉ်ကာလအတွင်း  ထီးပြိုင်နန်းပြိုင်အဖြစ် ဗိဿနိုးပြည်တွင် ပန်ထွာဘုရင်မက  အုပ်ချုပ်နေခဲ့သည်။ ( ရာဇ၀င်ကျမ်းများအရ "ပြည်" ဟုသုံးနှုန်းရသော်လည်း  အမှန်မှာ မြို့ပြနိုင်ငံ ( city-state) အဆင့်မျှသာဖြစ်ပါသည်။)
  ပန်ထွာဘုရင်မသည် လူသာမန်မဟုတ်ချေ။ ခမည်းတော်မှာ  တကောင်းမင်းကြီး၏သားတော်အရင်း မဟာသမ္ဘ၀ ဖြစ်ပြီး မယ်တော်မှာ စန္ဒမုခိဘီလူးမ  ဖြစ်သည်။ ( တကောင်းမင်းကြီးက မျက်မမြင်သမ္ဘ၀ညီနောင်ကို  ဧရာဝတီမြစ်အတိုင်းမျှောလိုက်ရာ လမ်းခရီး၌ စန္ဒမုခိဘီလူးမက  ထမင်းခိုးစားသည့်အခါ သမ္ဘ၀ညီနောင်က ရိပ်မိပြီး သတ်မည်ဟု ဘီလူးမလက်ကို  ဆွဲသည်တွင် ဘီလူးမက မဟာသမ္ဘ၀ကို တပ်မက်စိတ်ဖြင့် သာယာမိသည့်အတွက် ပဋိသန္ဓေ  ခသည်ဟုဆို၏။ အံ့ဖွယ်ပင်။)
စန္ဒမုခိဘီလူးမသည် သမီးလေးကို  မွေးပြီးသည့်အခါ ပျူရွာတစ်ရွာအနီးရှိ ဆရာရသေ့ထံ ပညာသင်စေခဲ့သည်။  မိပန်ထွာလေး၏ ထက်မြက်မှုကို အနီးအပါးရှိ ရွာများကပါ သိရှိလာပြီးနောက်  အရွယ်ရောက်သည့်အခါ သူမကိုသာ ခေါင်းဆောင်အဖြစ် တစ်ညီတစ်ညွတ်တည်း  တင်မြောက်ခဲ့ကြသည်။
ပန်ထွာသည် ထိုရွာအပေါင်းတို့ကို စုစည်းကာ  ဗိဿနိုးမြို့ပြနိုင်ငံအဖြစ် ကျုံး၊မြို့ရိုးတို့ဖြင့် အကွက်ချကာ  ဖွဲ့စည်းတည်ထောင်ခဲ့သည်။
Thursday, April 28, 2016
ကရင်လူမျိုးရှင်ဘုရင်ရှိခဲ့ဘူးသလား
ကရင်လူမျိုးဟာ များသောအားဖြင့်မိသားစုပုံစံ ညီကိုမောင်နှမပုံစံ ဆင်းရဲလည်းအတူတူ ချမ်းသာလည်းအတူတူအဆင့်အတန်းမခွဲခြားပဲ ကြီးသူစကားကိုနာခံတတ်ပြီညီညီညွတ်ညွတ်နေထိုင် တတ်တဲ့လူမျိုးဖြစ်တာကြောင့် ရှင်ဘုရင် အာဏာရှင်စနစ်အတော်ကိုရှားပါးခဲ့ပါတယ်။
ဒါကြောင့်လည်းဘုရင်အတော်ရှားခဲ့ကိုတွေ့ရမှာပါ။ဒါပေမဲ့ကရင်လူမျိုးမှာဘုရင်တွေမရှိခဲ့ဘူးလားတော့
မဟုတ်ပါဘူးရှိခဲ့ဘူးပါတယ်။ရှိခဲ့တဲ့ကရင်ရှင်ဘုရင်
တွေအကြောင်းကို အမျိုးများလေ့လာမှတ်သားနိုင်ဖို့ အရှင်ကုမာရ ပန်းတနော် ရေးသားတဲ့
ကရင်ရိုးရာယဉ်ကျေးမှုပဒေသာနှင့်အရိုးကောက်
တရားတော်စာအုပ်ကနေပြီထုပ်နှုတ်တင်ပြပေးလိုက် ရပါတယ်။
ကရင်ရှင်ဘုရင်များ
*****************
ဇယျမြို့
*******
သုဝဏ္ဏဘုမ္မိလို့ခေါ်တဲ့သထုံမြို့ဟာလွန်ခဲတဲ့နှစ်ပေါင်း၂၆၀၀ကျော်ကတိဿသက္ကရာဇာဘုရင်အုပ်ချုပ်ခဲ့ဘူးပါတယ်။တိဿသက္ကရာဇာဘုရင်ဟာဇယျာမြို့သစ်မှာ ၇လတိတိအောင်ပွဲခံစံတော်မူပြီသူ့ရဲ့သူရဲကောင်းကြီးဗျညားဣန္ဒကိုစောဗျသားဣန္ဒသေနရာဇာလို့ဘွဲ့ပေးပြီ မင်းမြောက်တန်ဆာငါးပါးနဲ့မင်းမြောက်ကာဇယျမြို့ကိုအုပ်စိုးစေခဲ့ပါတယ်။
သူတောင်းစား ပုံပြင်
🌟တစ်ခါတုန်းကပေါ့ မြို့တစ်မြို့မှာ သူတောင်းစား တစ်ယောက်ရှိတယ်။
🌟ဆင်းဆင်းရဲရဲ တောင်းစားနေရတာကို မကြည့်ရက်လို့  သိကြားမင်းက လူပြည်ဆင်းလာပြီး  " အသင် လူသား ငါသင့်ကို ကူညီမယ် ဒါပေမဲ့ သင်ဘယ်လိုလုပ်မလဲဆိုတာကိုတော့ အမှန်အတိုင်းပြောပါ " လို့ပြောလိုက်တော့ သူတောင်းစား က " ကောင်းပါပြီ " လို့ပြန်ပြောတော့ သိကြားမင်းက " ငါ နင့်ကို ပိုက်ဆံ ငါးသိန်းပေးရင် သင် ဘာလုပ်မလဲ " ဆိုတော့ သူတောင်းစားက စဉ်းစားပြီး " ဖုန်းဝယ်မယ် " တဲ့၊
🌟သိကြားမင်းက ဖုန်းဝယ်ပြီး ဘာလုပ်မလို့လဲဆိုတော့ သူတောင်းစားသူငယ်ချင်းတွေကို ဖုန်းဆက်ပြီး ဘယ်နေရာတောင်းကောင်းလဲမေးပြီး အဲ့ ဒီနေရာသွားတောင်းမယ်တဲ့၊
🌟သိကြားမင်းက အင်း  ဒီငွေလောက်နဲ့ သူ့ဘဝမပြောင်းဘူးဆိုပြီ ဒါဆို သိန်းငါးဆယ် ပေးမယ် ဘာလုပ်မလဲဆိုတော့ သူတောင်းစား ကတချက်ထပ်တွေးလိုက်တယ်၊ဆိုင်ကယ်တစ်စီး ဝယ်ပြီးတောင်းလို့ ကောင်းတဲ့နေရာတွေကို မြန်မြန်သွားတောင်းလိုက်မှာပေါ့တဲ့၊
ဓမ္မရံကြီး ဘုရားသမိုင်း
ဓမ္မရံကြီးလိုဏ်ဂူတော်ကြီးဟာ ပုဂံရှိထုထည်အကြီးမားဆုံး ဘုရားများတွင် တစ်ခုအပါအ၀င်ဖြစ်သလို အရပ်လေးမျက်နှာမှ ဖူးမျှော်နိုင်သောဘုရားတစ်ဆူလည်းဖြစ်ပါတယ်။ လိုဏ်ဂူ၏ထူးခြားချက်ကတော့ အုတ်၊ အင်္ဂတေပန်းရန် ဗိသုကာလက်ရာဖြစ်ပါတယ်။ အုတ်စီပုံမှာ ဓါးစီခုတ် (ခေါ်) ဓါးဖြင့်ရွှေခုတ်ပြီးမှ သရွတ် အင်္ဂတေညှပ်စီခြင်းဖြစ်သောကြောင့် အပ်ထိုး၍ပင်မရအောင် စေ့စပ်သည်ဟုဆိုကြပါတယ်။ ပေါင်းကူးများနဲ့ အတွင်းနံရံများဟာ အလွန်ခိုင်ခံ့ပါတယ်။ ပန္နက်ပုံစံဟာ အာနန္ဒာလိုဏ်ဂူဘုရားကြီး ပန္နက်ပုံစံနဲ့ ဆင်တူပါတယ်။ စတုရန်းပုံစံဖြစ်ပြီး လေးမျက်နှာမှာ အာရုံခံမုဒ်များရှိပါတယ်။ ဂရိတို့ရဲ့ ကြက်ခြေခတ်ပုံစံသဘောမျိုး တည်ရှိကြပါတယ်။ အာနန္ဒာကဲ့သို့ အမိုးနှစ်ဆင့်နိမ့်လျှောရှိပြီး ပစ္စယာလေးဆင့်တက်ထားပါတယ်။ အဲဒီအထက်မှာတော့ ကွမ်းတောင်နဲ့ အထွတ်တို့ဟာ ပျက်စီးလျက်ရှိနေပါတယ်။
Tuesday, April 26, 2016
ပဋ္ဌာန်း ၂၄-ပစ္စည်း
၁။ ဟေတု ပစ္စယ=The relation way of root.
၂။ အာရမ္မဏ ပစ္စယ=The relation of object.
၃။ အဓိပတိပစ္စယ=The relation of dominance.
၎။ အနန္တရ ပစ္စယ=The relation of contiguity.
၅။ သမနန္တရ ပစ္စယ=The relation of immediate contiguity.
၆။ သဟဇာတ ပစ္စယ=The relation of Co-existence.
၇။ အညမည ပစ္စယ=The relation of reciprocity.
၈။ နိဿယ ပစ္စယ=The relation of dependence.
၉။ ဥပနိဿယ ပစ္စယ=The relation of Sufficing condition.
၁၀။ ပုရေဇာတ ပစ္စယ=The relation of pre-existence.
၁၁။ ပစ္ဆာဇာတ ပစ္စယ=The relation 0f post-existence.
သာသနာ
သာသနာ Śāsana (Teachings Of Buddha) မှာ- ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမ တရားတော်များ + ဗုဒ္ဓမြတ်စွာဘုရားဟောကြားသော “ပိဋကတ်ကျမ်းစာ” လာ အဆုံးအမ တရားတော်များ + ဗုဒ္ဓမြတ်စွာဘုရား၏ သားတော်ရဟန်းသံဃာတော်များ၏ အဆုံးအမ တရားတော်များ ဖြစ်သည်။ ဗုဒ္ဓဘာသာသည် ဖန်ဆင်းရှင်(Creator God) ကို လုံးဝလက်မခံကြပါ။ ဖန်ဆင်းရှင်ကို လုံးဝ မယုံကြည်ကြပါ။ (Buddhists do not believe in a Creator God)
[၁]လုံးဝအသိအမှတ်မပြုကြပါ။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ရတနာသုံးပါး ကိုသာ အသိအမှတ်ပြု ယုံကြည်ဆည်းကပ်ကိုးကွယ်၏။ ဗုဒ္ဓဘာသာ သာသနာ (teaching, practice, doctrine of Buddha Śāsana) တခုတည်းကသာ ယုံကြည်ခြင်း တခုတည်းကို သာမက ဘုရား၊တရား၊ သံဃာကို လုံးဝ မှီခိုအားထားကိုးကွယ်ယုံကြည်ခြင်း(believe in Lord Buddha, believe in Dharma teaching of Lord Buddha and believe in Sangha) + မိမိကိုယ်မိမိယုံကြည်ခြင်း(self-confidence )+ မေတ္တာ-ဂရုဏာ (Loving-kindness)+မိမိကိုယ်မိမိအားကိုးခြင်း(self reliance)+ အသိဉာဏ်(intelligence)+ လက်တွေ့ကျင့်စဉ်(practice) လမ်းစဉ်ပေါ်တွင် အဓိက အခြေခံထားသည်။
ကိုးဂဏန်းရဲ့ထူးခြားချက်များ
လူတိုင်းကတော့ ကိုးဂဏန်းကို အမှုမဲ့ အမှတ်မဲ့နဲ့ တခါတလေ ဖြစ်နေကြပါသည်။ နဝင်းဆိုမှပဲ လှည့်ကြည့်တဲ့အချိန်လည်း ဖြစ်နေကြပါသည်။ ၉ ဆိုတဲ့ ဂဏန်းက လူသားတွေ မှီတင်းနေထိုင်တဲ့ ကမ္ဘာလောကကြီးကိုသာမက စကြာဝဠာ ဂြိုဟ်တွေတောင် လွှမ်းမိုးပတ်သက်နေသော ဂဏန်းလည်း ဖြစ်ပါသည်။
(၁) မိခင်ဝမ်းထဲမှာ အနည်းဆုံး ကိုးလနေရတယ်။
(၂) ပျမ်းမျှရက် ၂၇၀ နေရတယ်။ အဲ့ဒီတော့ ပေါင်းခြင်းကိုးပဲ။
(၃) ပျမ်းမျှတစ်မိနစ်မှာ အသက်ရှုနှုန်း (၁၈)ကြိမ်ဆိုတော့ ကိုးပဲ။
(၄) တစ်နာရီမှာ အသက်ရှုနှုန်း (၁၀၈၀)ကြိမ် ရှိတယ်။ အဲ့ဒါလည်း ကိုးပဲ။
(၅) တစ်ရက်မှာ အသက်ရှုနှုန်း (၂၅၉၂၀) ကြိမ် ပေါင်းကြည့်တော့ ကိုးဂဏန်းပဲ။
(၆) နှလုံးသွေးက တစ်မိနစ်မှာ ၇၂ ကြိမ် ခုန်ပါတယ်။
(၇) တစ်နာရီမှာ ၄၃၂၀ ကြိမ် သွေးခုန်ပါတယ်။
(၈) တစ်ရက်မှာတော့ (၁၀၃၆၈၀)ကြိမ် သွေးခုန်ပါတယ်။
မြန်မာ့ယွန်းထည်
မြန်မာ့ယွန်းထည်( Myanmar Lacquer-ware )
မြန်မာ့လက်မှုအနုပညာ (၁၀) မျိုးတွင် ယွန်းထည် လုပ်ငန်းသည် တစ်ခုအပါအ၀င်ဖြစ်ပါသည် ။
မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှု ( Myanmar Intengible Culture Heritage)  ဖြစ်သည် ။
ယွန်းထည်နှင့်ပတ်သက်၍ ပုဂံခေတ်တွင်အသုံးပြုနေပြီဖြစ်ကြောင်း အထောက်အထားများအရ သိရှိရသည် ။
တွေ့ ရပါသည် ။
ရှမ်းပြည်နယ် ယွန်းထည်လုပ်ငန်းမှ  ထုတ်လုပ်သောပစ္စည်းများတွင် ဆွမ်းအုပ်သည်
ကျော်ကြား၍ လက်ရာမြောက်ပါသည်။ ကျောက်ကာရွာမှထုတ်လုပ်သော ယွန်းထည်များတွင်
မျက်နှာပြင်၌ ပုံတော်ရေးဆွဲထားသည့်ပန်းဒီဇိုင်းနှင့် ရှုခင်းပုံတို့ သည် အထင်ကရလက်ရာများ
ဖြစ်သည် ။ ပုဂံဒေသမှထွက်ရှိသည့်ယွန်းထည်သည် လက်ရာအနုစိတ်၍ နှစ်လိုဖွယ်ကောင်းသည်။
Tuesday, April 5, 2016
ကရင်လူမျိုး၏ မူလဇာစ်မြစ် (၆)
ကရင်လူမျိုးများ မြစ်နှစ်မွှာဒေသ၊ မြေထဲပင်လယ် ဘက်မှ အရှေ့တောင်အာရှဘက်သို့ ပျံ့နှံ့လာသော အယူအဆကို အက်စ်ကေချာတာဂျီ (S.K. Chatterji) က ထောက်ခံ တင်ပြထားသည် (The history and culture of the Indian meoiib. vol. 1, p148 – 149)။မြောက်ဘက်မှ တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာတွင် တရုတ်ပြည် အနောက်တောင်ဘက်ရှိ သံလွင်မြစ်၊ မဲခေါင်မြစ်၊ ယန်စီကျန် မြစ်ကြောင်းများအတိုင်း ပြောင်းရွှေ့လာပုံရသည်။ သံလွင်နှင့် မဲခေါင် မြစ်နှစ်ခု အနီးကပ်ဆုံးနေရာသည် (၁၀) မိုင်သာ ဝေးပြီး မဲခေါင်နှင့် ယန်စီကျန်မြစ် အနီးဆုံးနေရာသည် မိုင် (၅၀) ခန့်သာ ရှိသဖြင့် မနီးမဝေးရှိသော မြစ်ကြောင်း (၃) ကြောင်းမှ အာရှအရှေ့တောင်သို့ ပြောင်းရွှေ့လာပုံရပါသည်။ ယန်စီကျန် မြစ်ဝပိုင်းနှင့် မြစ်ဝှမ်းအောက်ပိုင်းသည် ရေလွှမ်းမိုးသဖြင့် ထိုဒေသသို့ ပျံ့နှံ့ရောက်ရှိသွားသော ကရင်များသည် တောင်ဘက်ဗီယက်နမ်ရှိ မြစ်နီမြစ်ကြောင်းဖြင့်လည်း တောင်ဘက်သို့ ရွှေ့လာပုံရပါသည်။
လူတွေ့စစ်ဆေးခြင်း
လူတွေ့စစ်ဆေးခြင်းကို အောင်မြင်စေမည့် အကောင်းဆုံး အကြံပြုချက် (၁၀)ချက်
လူတွေ့စစ်ဆေးခြင်း (အင်တာဗျူး) ဟာ အလုပ်ရှာနေသူများအတွက် အခက်ခဲဆုံးအဆင့်တစ်ခုထဲမှာပါ ပါတယ်။ အင်တာဗျူးကိုကောင်းမွန်စွာဖြေဆိုနိုင်မှသာ ပြိုင်ဖက်တွေနဲ့နှိုင်းယှဉ်ရင် သင်သည်လျှောက်ထားတဲ့အလုပ်နဲ့ အလိုက်ဖက်ဆုံးသူဖြစ်တယ်ဆိုတာကို သက်သေပြနိုင်မှာဖြစ်ပါတယ်။  စိတ်ဖိစီးမှု ကင်းရှင်းစွာနဲ့ အင်တာဗျူးတစ်ခုကို မှန်မှန်ကန်ကန် အောင်အောင်မြင်မြင် ဖြေဆိုနိုင်ဖို့ သင်သိဖို့ လိုအပ်တဲ့ အချက်တွေကို ယခုဆောင်းပါးမှာ ဖော်ပြလိုက်ပါတယ်။
၁။ ပထမဦးဆုံး၊ လူတွေ့စစ်ဆေးခြင်းတွင် ပါအောင်လုပ်ပါ။
လူတွေ့စစ်ဆေးမှုကို အောင်မြင်အောင် မလုပ်ခင် ၊ လူတွေ့စစ်ဆေးခံရမည့် စာရင်းထဲမှာ တကယ်ပါဝင်ရအောင် လုပ်ပါ။ ပြောချင်တာကတော့ အလွန်ထူးကဲတဲ့ ကိုယ်ရေးမှတ်တမ်းအကျဉ်းကို ပြုစုပြီး သက်ဆိုင်ရာနေရာသို့ ရောက်အောင် သေသေချာချာ ဆောင်ရွက်ပါ။
နားရောဂါအမျိုးမျိုး
မြန်မာ့အာယုဗ္ဗေဒ သိမ်ဖြူဆေးသိပ္ပံဆရာတော်
ရေးသားသော " အိုမှုနှင့်ဆိုင်ရာ ပြဿနာများ "စာအုပ် မှ
" ကြိုတင်ကာကွယ် ဘေးမတွယ် " (၈)
"နားရောဂါအမျိုးမျိုးအတွက် ဆေးနည်းများ"
" နားအူ နားလေထွက်ခြင်း"
   (၁)    သလဲရွက် သတ္တုရည် ၁၂-ဆ၊ ဥသျှစ်ရွက် သတ္တုရည် ၁၂-ဆ၊
       နွားထောပတ် ၁၂-ဆ ရောပြီးချက် ထောပတ်သက်သက် ကျန်
       သောအခါ ထိုဆေးတွင် နွားနို့ ၅ဆထည့်ပြီး သကြားခဲသင့်ရုံ
       နှင့် ရက်အနည်းငယ်တိုင်အောင် နေ့စဉ်သောက်သုံးခဲ့သည်ရှိ
       သော် နားအူ နားလေထွက်သော ရောဂါပျောက်ကင်းသက်သာ
       စေနိုင်ပါသည်။
Friday, April 1, 2016
ဂရိနတ်ဘုရားများစတင်ဖြစ်ပေါ်လာပုံအစပိုင်းအကြမ်းဖျင်း...။
(အကြမ်းဖျင်းဖြင့် ဆီလျော်အောင်ရေးသားထားပါသဖြင့် သည်းခံ၍ ဖတ်ကြပါရန်ခင်ဗျာ..။)
-----------------------
အရာရာ အားလုံးဟာ Chaos လို.ခေါ်တဲ့ ဗလာအဖြစ်ကနေစပါတယ်။
Chaos ကစတင်မွေးဖွားလာတာကတော့ Gaia (ကမ္ဘာမြေကြီး) ၊ Eros (အချစ်) ၊ Tartarus လို.ခေါ်တဲ့ ငရဲ၊ Erebus လို.ခေါ်တဲ့ အမှောင်ထုရယ် Nyx လို.ခေါ်တဲ့ ညရယ် တွေပဲဖြစ်ပါတယ်။ Gaia ဟာ မိမိကိုယ်ထဲကနေ Uranus( ကောင်းကင်) ကို မွေးထုတ်လိုက်ပါတယ်။ နောက် ကောင်းကင်နဲ. မြေကြီး ပေါင်းပြီးတော့ Titans တွေ မွေးဖွားလာပါတော့တယ်။
Titans(တိုက်တန်) ၁၂ယောက်ရှိပါတယ်။ ညီအစ်ကိုခြောက်ယောက် ညီအစ်မခြောက်ယောက်ပါ။ ယောက်ျားတွေကတော့ Ceous, Crius, Cronus, Hyperion, Iapetus, နဲ. Oceanus တို.ဖြစ်ပါတယ်။
မိန်းခလေးတွေကတော့ Mnemosyne, Phoebe, Rhea, Theia, Themis နဲ. Tethys တို.ဖြစ်ကြပါတယ်။ Chronus ဟာ အငယ်ဆုံးနဲ. အဆိုးဆုံးသားလေးဖြစ်ပါတယ်။
Gaia နဲ. Uranus တို.ဟာ တိုက်တန်တွေ ဆက်မမွေးဖို.ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ နောက်ထပ် သားသမီးတွေထပ်ရလာပါသေးတယ်။
ဓမ္မစေတီ ခေါင်းလောင်းကြီးအကြောင်း
.
★ ★ .ဓမ္မရာဇာ မင်း စိုးစံစဉ်အချိန်က မွန်တို့တိုင်းပြည် ပဲခူးလို့ခေါ်တဲ့ ဟံသာဝတီမှာ ... ဗောဓိဂမုံး နဲ့ မယ်ထပ် ဆိုတဲ့ လင်မယားနှစ်ယောက် ရှိခဲ့တယ် ... တစ်နေ့မှာ မယ်ထပ် က ... ရဟန်းတစ်ပါး က မုဒရက်သီး တစ်လုံးနဲ့ ကြာသုံးပွင့် လာပေးတယ်ဆို တဲ့ ထူးဆန်းတဲ့ အိမ်မက်တစ်ခုမြင်မက်ခဲ့ပါတယ်။
.
ဒါကိုဗေဒင်ဆရာ ကိုမေးတဲ့အခါ ... ရှင်ဘုရင်ဖြစ်မယ် ... သူ့ရဲ့သွေးသား ( ၃ ) ဆက် တိတိ မင်းပြု ရမယ်လို့ ဟောခဲ့ပါတယ် ...
.
ဒီလိုနဲ့ ... သားယောက်ျားလေးမွေးပြီး ... မင်ထန်လို့အမည်ပေးခဲ့တယ် ... မင်းထန် အရွယ်ရောက် လာတော့ ... မိဘများကလဲ ဆင်းရဲလွန်းတဲ့အတွက် .... ဟံသာဝတီ မြို့ စနုကလ ဘုန်းတော်ကြီးကျောင်း ကို ပို့ခဲ့ပါတယ် ... စနုကလကျောင်း ခင်ကြီးက မင်းထန်ဟာ ... ကျမ်းဂန် စာပေများကို လျှင်မြန်စွာ တတ်သိ လွယ်တဲ့အတွက် ... ဓမ္မဓရ ဆိုတဲ့ နာမည်ပေးခဲ့ပါတယ် ....
ကေထိုးဘိုး ခေါ် တံခွန်တိုင်ပွဲ အကြောင်းတစ်စေ့တစ်စောင်း
ကေထိုးဘိုး ခေါ် တံခွန်တိုင်ပွဲဆိုတာ ကယားလူမျိုးတို၏
ရိုးရာယဉ်ကျေးမူမှ ပေါ်ပေါက်လာတဲ့ နတ်ပူဇော်ပွဲ
တစ်ခုဖြစ်ပါတယ်။ ကယားလူမျိုးများအတွက် အရေးပါပြီး
နှစ်စဉ်နှစ်တိုင်း ရွာစဉ်အလိုက်ကျင်းတဲ့ ပွဲတော်ဖြစ်ပါတယ်။
ကေထိုးဘိုးကို တံခွန်တိုင်နတ် သို့မဟုတ် မိုးရေပေးသောနတ်ဟု
ယုကြည်ကြပြီး ကေထိုးဘိုးနတ်ကို ပူဇော်ပသရင် မိုးလေဝသ
မှန်ကန်ပြီး သီးနှံများဖွံ့ဖြိုးစေတယ်လို့ ကယားအမျိုးသားတို့က
ယုံကြည်ကြတယ်။
ကေထိုးဘိုးပွဲတော်ကို နှစ်စဉ် တန်ခူးလနှင့် ကဆုန်လများတွင်
ကျင်းပကြတယ်။ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပြောင်းတဲ့ ပွဲတော်လည်းဖြစ်ပါတယ်။
ကယားပြည်နယ် အနှံအပြားသို့ရောက်ရှိနေကြတဲ့
ဆွေမျိုးမိတ်ဆွေများကို ပွဲတော်သို့ စုရုံးရောက်လာစေခြင်း
ကွဲကွာနေတဲ့ မိတ်ဟောင်း၊ဆွေဟောင်းများ ပြန်လည်ဆုံတွေ့ကြရန်
ကျင်းပတဲ့ ပွဲတော်ကြီးပင်ဖြစ်ပါတယ်။
ထေရ၀ါဒသာသနာနှင့် ကန်တော့ပွဲပြဿနာ
ထေရ၀ါဒနှင့် ကန်တော့ပွဲ
ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘုရားစင် ဘုရားခန်းများရှေ့မှာ ဘုရားပွဲ၊ တရားပွဲ၊ သံဃာပွဲ၊ သာသနာပွဲစသည်ဖြင့် ကန်တော့ပွဲတွေ ထိုးလေ့ရှိ ပါတယ်။ သိဒ္ဓိမြောက်ဖို့ အကြံအစည်အောင်ဖို့ လာဘ်ရွှင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ထိုးကြတယ်ထင်ပါတယ်။
ဒီကန်တော့ပွဲတွေဟာ သာသနာနှင့် အပ်စပ်သလား၊ မအပ်စပ်သလားဆိုတာ စိစစ်ကြည့်ဖို့တော့ လိုပါတယ်။ ကန်တော့ပွဲဟူသောစကားတွင် ကန်တော့+ပွဲ ဟူသော မြန်မာစကား နှစ်ခွန်း ပေါင်းစပ်ပါဝင်နေသည်။
ကန်တော့ဟူသည်မှာ အပြစ်ရှိက ကျေစေလိုခြင်း၊ အပြစ်မရှိက ကောင်းကျိုးချမ်းသာပြည့်ဝစေလိုခြင်းဟူသော ရည်ရွယ်ချက်နှစ်မျိုး ဖြင့် ပြုလုပ်သော ဗုဒ္ဓဘာသာဓလေ့တစ်ခု ဖြစ်ပါသည်။
"ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးရှည်"
"ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးရှည်"
*******************************************
Writer-Min Myat Maung
ဟိုးရှေးကတည်းက လူတွေ သတိထားမိတဲ့ ပဟေဠိတစ်ခုကို ၂၀၁၄ ခုနှစ်ကျမှ အဖြေသိလာခဲ့ပါတယ်။ ကြိုးကြာတွေ၊ ငန်းရိုင်းတွေ၊ ဝံပိုငှက်တွေ၊ တောဘဲတွေစတဲ့ ငှက်ကြီးမျိုးတွေ ခရီးမိုင်ရှည် ပျံတဲ့အခါ မြားဦးပုံစံဖွဲ့ပြီး ပျံကြတာ မြင်ပေမယ့် ဘာကြောင့်လဲ၊ ဘာအတွက်လဲ တိတိကျကျ မသိခဲ့ကြဘူး။
စွမ်းအင် သက်သာမယ်လို့ မှန်းဆချက် ရှိပြီး ပန်ကာဒလက် လေယာဉ်တွေ အဲဒီလို မြားဦးပုံသဏ္ဌာန် အုပ်ဖွဲ့ ပျံသန်းတဲ့အခါ လောင်စာ ၃၀ ရာခိုင်နှုန်းအထိ သက်သာတာ တွေ့ရပါတယ်။ ဒါပေမယ့်၊ ငှက်တွေကျတော့ ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲဆိုတာ သိပ္ပံနည်းကျ သက်သေမပြနိုင်ခဲ့ဘူး။
လန်ဒန်တက္ကသိုလ်က ဒေါက်တာ ဂျိမ်းစ် အပ်ရှာဝုဒ်နဲ့ အဖွဲ့ဟာ ခုခေတ်မှ ပေါ်လာတဲ့ GPS တည်နေရာပြ ကိရိယာ၊ အရှိန်တိုင်းကိရိယာ (accelerometer) တွေကို ဗျိုင်းငှက်တွေမှာ တပ်ဆင်ပြီး သုတေသနလုပ်တော့မှ တိကျတဲ့ အဖြေတွေ သိလာခဲ့ရပါတယ်။