Saturday, February 27, 2016

ပုဂံမင်းဆက်များနှင့်ပုဂံအကြောင်း



ပုဂံပြည်ကို  အစတည်သော  သမုတိရာဇ် မင်းကြီးသည်  ရှေးဦးအစ ပေါက္ကံ ပြည် ဟု  အမည်တွင်စေခဲ့ပြန်၏။

 ပျူေစာထီး လက်ထက်  ငှက်ကြီး  ၀က်ကြီးစသော  ရန်မာန်တို့ကို  နှိမ်နှင်း အောင်မြင်သောကြောင့် အရိ မဒ္ဒနာ  ပြည် ဟု  တွင်ခဲ့ပြန်၏၊

 သေလည်ကြောင်မင်းး လက်ထက်မှ  မြို့တော်ကို  နေရာပြောင်းကာ သီရိ ပစ္စယာ ဟု သမုတ်ခဲ့ပြန်၏။

 သာရမွန် မင်းဖျား  လက်ထက်၌  နေရာ ပြောင်းပြန်၍ တမ္ဗ၀တီ  နေပြည်တော် ဟု ခေါ်တွင်ခဲ့ပြန်သည်၊ 

စိတ်ပူတတ်တဲ့ ယောက်ျား


ခင်ပွန်း (သို့) ချစ်သူဟာ စိတ်ပူတတ်တယ်ဆိုရင်တော့ သင်ဟာ အရမ်းကံကောင်းတာပေါ့။ သူတို့တွေဟာ သင့်ဘဝအတွက် မရှိမဖြစ် လိုအပ်တဲ့ သူတွေဖြစ်ပါတယ်။
၁) ခဏခဏ ဖုန်းဆက်တယ်
မိမိခရီးသွားတာ ဖြစ်ဖြစ်၊ အပြင်ကို သွားတာဖြစ်ဖြစ် ခဏခဏ ဖုန်းဆက်ပြီး မေးတဲ့ ခင်ပွန်းမျိုး ချစ်သူမျိုးတွေဟာ စိတ်ပူတတ်တဲ့ ယောက်ျားမျိုး ဖြစ်ပါတယ်။ စိတ်ပူတဲ့ အတွက်ကြောင့်
ခဏခဏ ဖုန်းဆက်ခြင်း ဖြစ်ပါတယ်။
၂) နာမကျန်း ဖြစ်တဲ့အခါ
မိမိက အနည်းငယ် နာမကျန်း ဖြစ်တဲ့ အခါမှာ စိတ်ပူတတ်တဲ့ ယောက်ျားများ အနေနဲ့ကတော့ ဘေးကနေပြီးတော့ ပြုစုယုယပေးပါလိမ့်မယ်။ မိမိစားချင်တာတွေ လုပ်ပေးလိမ့်မယ်၊ မိမိအတွက် အသေးစိတ်ကိုသူတို့တွေက ပြုစုယုပေးပါလိမ့်မယ်။

ကျောက်သင်ပုန်းပင်

ဒီနေ့တော့နိုင်ငံတကာမှာအသုံးပြုနေကြပြီး
ဆေးစွမ်းထက်တဲ့..အပင်တစ်မျိုးနဲ့..မိတ်ဆက်ပေးပါရစေ...။မြန်မာလိုတော့
ကျောက်သင်ပုန်းပင်လို့...ခေါ်ကြပါတယ်။ရင်သားကင်ဆာဝေဒနာရှင်များအတွကိ ပြန်လည်ကောင်းမွန်ဖို့မျှော်လင့်နိုင်တဲ့ဆေးတစ်မျိုးဖြစ်ပါတယ်....။

Peperomia pellucida.
ကျောက်သင်ပုန်း ပင်ကင်ဆာရောဂါကာကွယ်ရန်အတွက် ဆေးနည်း။
ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်တဲကျော့က်သင်ပုန်းဖျက်ရွက်
ယခုပုံမှာ မြင်နေတဲ့ ဒီအပင်ဟာကျောက်သင်ပုန်းသုတ်ရွက်ပင် ဖြစ်ပါတယ်။

ထူးဆန်းသော ရှေးဟောင်း မင်္ဂလာဆောင်ဓလေ့များ


တရုတ် - တရုတ်နိုင်ငံက တူဂျီယာ လူမျိုးတွေဟာ မင်္ဂလာဆောင်မဲ့ နေ့မတိုင်ခင် ရက် ၃၀ လုံးလုံး ငိုကြွေးလေ့ရှိပါသတဲ့။ သတို့သမီးဟာ တစ်ရက် ကို တစ်နာရီလောက် ငိုရပါတယ်။ ၁၀ ရက်လောက်ကြာတော့ အမေဖြစ်သူလည်း ပါဝင် ငိုကြွေးပြီး နောက်ထပ် ၁၀ ရက်လောက်ကြာတဲ့ အခါ အဘွား ဖြစ်သူကလည်း လိုက်ပါ ငိုကြွေးပါတယ်။ သတို့သမီးရဲ့ မိသားစုဝင် အမျိုးသမီးတွေ အားလုံး ပုံမှန် တစ်နေ့ တစ်နာရီ ငိုကြရပါတယ်။ ဒီလိုငိုရတာဟာ ပျော်ရွှင်မှုနဲ့ ချစ်မြတ်နိုးမှု ကို ဖော်ထုတ်ပြသတာ ဖြစ်တယ် လို့ ယူဆကြပါတယ်။
ဆွီဒင် - ဆွီဒင်လူမျိုးတို့ရဲ့ ဓလေ့မှာဆိုရင် မင်္ဂလာဆောင်ပွဲတက်ရောက်တဲ့ လူပျို၊ အပျို ဧည့်သည်တွေဟာ သတို့သားနဲ့ သတို့သမီးကို နမ်းရပါတယ်။ သတို့သားကို ဧည့်သည် အဖြစ်လာရောက်တဲ့ အပျိုတွေက နမ်းကြရပြီး သတို့သမီးကိုတော့ လူပျိုတွေ တိုင်းနမ်းခွင့်ရှိပါတယ်။

လောကထဲမှာ ပြုံးပြုံးကလေးနေနိုင်ဖို့အတွက်


ဆရာက ကျောင်းသားနှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန်အဆင့်မြင့်ပြီး
အတော်စဉ်းစားယူရတဲ့ သင်္ချာဥာဏ်စမ်းတွေပါ။
ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊
"ဆရာက ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက် မေးတာပဲ၊
ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ပဲ နေမိတာကို မကျေနပ်လို.ဖြစ်မယ်"
.... သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်း
မဖြေနိုင်တော့ပါဘူး...နောက်တစ်ယောက်ကတော့ ဒီလိုမြင်ပါတယ်"ဆရာ့မေးခွန်းတွေက အတော်အဆင့်မြင့်တယ်၊ ငါတို.အဆင့်နဲ. ဖြေလို.ရတဲ့မေးခွန်းတွေ ဖြစ်လောက်ပါတယ်၊ ကြိုးစားဖြေကြည်.ဦးမှပဲ" ... သူကတော့မေးခွန်းအတော်များများကို ဆရာ ကျေနပ်လောက်တဲ့ အထိ
ဖြေဆိုနိုင်ခဲ့ပါတယ်....

သွေးတိုးအတွက် ဆေးနည်းတိုများ


ဒီနေ့မနက် မိမိရဲ့မိတ်တွေတစ်ဦးနဲ့တွေ့စဉ် သူ့မှာ သွေးတိုးရောဂါရှိပြီး မကြာခဏ သွေးတိုး၊ ခေါင်းကိုက်တတ်ကြောင်း၊ ဆေးနည်းညွန်ပေးဖို့ ပြောလာပါတယ်။ ဒါ့ကြောင့် သွေးတိုးနဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ စာမျက်နှာများကို ရှာဖွေလေ့လာပြီး ဆေးပါရဂူကြီးများနှင့် သမားတော်များက ညွန်ကြားထားတဲ့ သွေးတိုးအတွက် အလွယ်ဆေးများကို ကောက်နုတ်ဖော်ပြ၍ ဆေးဒါန ပြုပေးလိုက်ပါတယ်။
သွေးတိုးရောဂါဟာ လူကြီးလူငယ် ကျား၊ မ မရွေး အဖြစ်များနေတဲ့ ရောဂါတစ်ခုပါ။ အစားအသောက်၊ အနေအထိုင်နဲ့ မျိုးရိုးပါ သွေးအမျိုးအစားများကြောင့် ဖြစ်တတ်ကြပြီး မဆင်မခြင် ပေါ့ပေါ့တန်တန်နေပါက လေဖြတ်ရောဂါ၊ နှလုံးရောဂါနှင့်
ကျောက်ကပ်ရောဂါတို့ကိုပါ ဖြစ်စေတတ်ပါတယ်။

ရာဟုလာအား မာရ်နတ်ခြောက်လှန့်ခြင်း


    အရှင်ရာဟုလာသည် အရဟတ္တဖိုလ်သို့ ရောက်ပြီးစ  တစ်နေ့ မိုးချုပ်သောအခါတွင် များစွာသော မထေရ်တို့သည် ဇေတဝန်ကျောင်းတိုက်သို့ ဝင်ကြကုန်၍ အရှင်ရာဟုလာ၏ နေရာဌာနသို့ လာရောက်နေထိုင်ကြလေ၏။
    အရှင်ရာဟုလာကား ထေရ်ငယ် ဝါငယ်ဖြစ်၍ မထေရ်ကြီးများ လာရောက်နေထိုင်သည်ကို မတားမြစ်ပိုင်ပဲ အခြားနေရာတခုကိုရှာမှီးသည်တွင် နေရာမရရှိသဖြင့် မြတ်စွာဘုရားရှင်၏ ဂန္ဓကုဋီ ကျောင်းတော်မုခ်ဦး၌ လျောင်းစက်တော်မူလေ၏။
      မာရ်နတ်သည် ဝသဝတ္တီနတ်ပြည်၌ တည်နေရင်းကပင် ဂန္ဓကုဋီကျောင်းတော်မုခ်ဦး၌ လျောင်းစက်နေသော အရှင်ရာဟုလာကို မြင်လေလျှင် --

မှတ်တမ်းဝင် ကမ္ဘာ့ထိပ်တန်းအချက်အလက်များ


လူဦးရေအများဆုံးနိုင်ငံ - တရုတ်
အရှည်ဆုံးဘူတာစင်္ကြံ - Storvik, ဆွီဒင်
ကမ္ဘာ့အရှည်ဆုံးမြစ် - နိုင်းလ်မြစ် (၆၆၄၈ ကီလိုမီတာ)
ကမ္ဘာ့အအေးဆုံးဒေသ - Verkhoyansk, ဆားဘီးယား
အရှည်ဆုံးငှက် - ငှက်ကုလားအုတ်
အသေးဆုံးငှက် - Humming Bird
လူနေထိုင်မှုစရိတ်အကြီးဆုံးမြို့ - တိုကျို
အကြီးဆုံးတိုက်ကြီး - အာရှ (၄၄၀၀၀၀၀၀ စတုရန်းကီလိုမီတာ)
အငယ်ဆုံးတိုက်ကြီး - သြစတြေးလျ (၈၀၆၀ စတုရန်းကီလိုမီတာ)
အကြီးဆုံးနိုင်ငံ - ရုရှား (၁၇၀၇၅၄၀၀ စတုရန်းကီလိုမီတာ)
အကြီးဆုံးသမုဒ္ဒရာ - ပစိဖိတ်

Friday, February 26, 2016

ပုဂံနဲ့ ကူဘလိုင်ခန်


ပုဂံကိုရောက်ရင်ပုဂံခေတ်ရဲ့ကြီးကျယ်ခမ်းနားခဲ့တဲ့ အချိန်တွေကို
မြန်မာလူမျိုးတိုင်း ပြန်ပြောင်းသတိရမိကြမှာဖြစ်သလိုလက်ရှိမြန်မာကို
အထင်မကြီးတဲ့နိုင်ငံခြားသားတွေတောင်မှ လွန်ခဲ့တဲ့နှစ်ပေါင်း တထောင်လောက် ကမြန်မာတွေရဲ့မြို့တော်ဟောင်းကိုကြည့်ပြီရင်သပ်
ရူမော အံ့သြဘနန်းဖြစ်ကြရမှာအသေအချာပါပဲ။
ခန့်ငြားထည်ဝါထုထည်ကြီးမားပြီး၊ လက်ရာလည်းသေသပ်ကောင်းမွန် လှတဲ့ လက်ညိုးထိုးမလွဲတွေ့ရမယ့်ဘုရားပုထိုးတွေ၊ယဉ်ကျေးမူအဆောက်အဦ
တွေကြည့်ပြီး ဒီလောက်ကြီးကျယ်ခမ်းနားခဲ့တဲ့ နိုင်ငံတခုဟာ ဘယ်ပုံ ဘယ်နည်းကြမ္မာဆိုးနဲ့ကြုံပြီးနိဂုံးကမ္ပတ်အဆုံးသတ်ခဲ့ရပါလိမ့်လို့ဆက်
လက်တွေးတောမိကြမှာပါ။

ဝံပုလွေ ကိုစားတဲ့ သွေး


အက်စကီးမိုးတွေရဲ့ ဝံပုလွေသတ်နည်း က အထူးအဆန်းဗျ။ ဖျံသွေး သုံးပြီး ဖမ်းတာ။ ဖျံတွေဆိုတာ အာတိတ်ဒေသမှာ မမြင်ချင်မှ အဆုံး ဆိုတော့ ဒီကောင်တွေက ရှာရလွယ်လို့ သုံးတာလဲ ပါမှာပေါ့လေ။ ထားပါတော့။ ကျွန်တော်ပြောချင်တာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အဲဒီ ဝံပုလွေ ဖမ်း နည်း။
အရင်ဆုံး သူတို့လုပ်တာက ဖျံရဲ့ သွေးတွေကို  ဇလုံတစ်ခုထဲ စစ်ထည့် တယ်။ ပြီးတာနဲ့ အမဲဖျက် ဓါးတွေကို ထက်ပြီးတော့ မြနေအောင် သွေးတယ်။
ကျေနပ်အောင် သွေးပြီးချိန်ကျတော့မှ ဒီဓါးကို သွေးဇလုံထဲ နှစ်ပြီး စိမ်လိုက်၊ ပြန်ဆယ်ပြီး အအေးဓာတ်ပေးလိုက်၊ သွေးလေးတွေ ခဲပြီ ဆိုရင် နောက်တစ်ခါ နှစ်လိုက်နဲ့ အထပ်ထပ် လုပ်တယ်။
နာရီဝက် ကျော်လောက် အဲလို လုပ်လာတာ တဖြည်းဖြည်း နဲ့ ရေခဲချောင်း လိုမျိုး သွေးခဲတုံးကြီး ဖြစ်လာတာပေါ့။

အောက်ခြေက စပါ။


ကျုပ်တို့တွေ သေတဲ့အထိ ပေးဖို့ချည်း သပ်သပ် မွေးဖွားလာခဲ့ ကြတာ လား။ မဟုတ်ဘူးနော်။ အပေးအယူနဲ့ လာတာ။ တန်ဖိုးကြီး ပစ္စည်းတွေ သူများသုံးနိုင်သလို ကိုယ်လဲ သုံးနိုင်နေ ရမယ်။
ဒီလို တန်ဖိုးကြီးပစ္စည်းတွေ သုံးချင်တဲ့လူတစ်ယောက်ဟာ အောင်မြင် မှ ရမယ်ဆိုတာ သိလာတယ်။ အောင်မြင်တဲ့ လူကြီးလူကောင်း တစ်ယောက် ဖြစ်လာရမယ် ဆိုတဲ့စိတ်ကိုထား။
ဟုတ်ပြီ။ လူကြီးလူကောင်း တစ်ယောက်ရဲ့ လက္ခဏာက ဘာလဲ။ လူငယ်တစ်ယောက်နဲ့ ဘာတွေကွာသလဲ။
လူငယ် တစ်ယောက် ဆိုရင် တခြား ကောင်မလေးတွေ အပေါ်ကို ကိုယ့်ချစ်သူက မနာလိုအောင် လုပ်ချင်စိတ် ရှိတယ်။
လူကြီးလူကောင်း တစ်ယောက် ဆိုရင်တော့ ကိုယ့်ချစ်သူကို တခြား ကောင်မလေး တွေက မနာလိုအောင် လုပ်နိုင်စွမ်း ရှိတယ်။

မြန်မာတို့ရဲ့ ရှေးဟောင်းဗိသုကာမြို့တော် "ပုဂံ"


မြန်မာတို့ရဲ့ ရှေးဟောင်းဗိသုကာမြို့တာ် ပုဂံမြို့ဟာ မြန်မာနိုင်ငံအလယ်ပိုင်း၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပေါ် ဒေသတစ်ဝိုက်မှာ ရှေးဟောင်းအဆောက်အအုံများနဲ့ လက်ညှိုးထိုးမလွဲ၊ မြေပြင်အနှံ့ ပုံသဏ္ဍာန်အမျိုးမျိုး ထုထည်ပမာဏအဖုံဖုံနဲ့ တည်ရှိနေပါတယ်။ လူဦးရေအားဖြင့် (၂၀၀၀၀) ခန့်ရှိပြီး အကျယ်အ၀န်း ဧရိယာအားဖြင့် စတုရန်း (၁၆) မိုင်ခန့်ရှိပါတယ်။
အေဒီ (၂) ရာစုခေတ်၊ သရေခေတ္တရာအပျက်မှာ သမုဒ္ဒရာဇ်မင်းဟာ နောက်လိုက်ဗိုလ်ပါများနဲ့အတူ မျိုးနွယ်တူများရှိရာ ယခုပုဂံပြည်တည်ရှိရာအရပ်သို့ ဆန်တက်ခဲ့ပြီး ထီးနန်းစိုက်ထူခဲ့သည်လို့ မှတ်ယူခဲ့ကြပါတယ်။ မင်းဆက် (၃၄) ဆက်မြောက် ပျဉ်ပြားမင်းလက်ထက် (၈၄၉) ခုနှစ်မှာ ပုဂံဟာ တံခါး (၁၂) ရပ်၊ ကျူံးမြို့ရိုးအစုံအလင်နဲ့ ရာဇဌာနီမင်းနေပြည်ဖြစ်လာခဲ့ပါတယ်။
ပုဂံခေတ်ဦးပိုင်း အကြောင်းအရာများမှာ ဒဏ္ဍာရီပုံပြင်များနဲ့ ရောနှောနေသဖြင် မှုန်ရီမှုန်ဝါးရှိနေခဲ့ပေမယ့် မင်းဆက် (၄၂) ဆက်မြောက် အနော်ရထာမင်းလက်ထက်မှာတော့ သမိုင်းကြောင်းဟာ ပိုမိုထင်ရှားလာခဲ့ပါတယ်။

Thursday, February 25, 2016

ခြင် ၊ ယင် နှင့်ပျား


ဟိုးရှေးရှေးတုန်းက ခြင်၊ ယင်နဲ့ ပျား သတ္တ၀ါတွေဟာ ကိုယ်ပိုင် ဘာအစွမ်းအစမှ
မရှိကြသေးဘူးတဲ့ကွယ်။ ခြင်ကလည်း သွေးမစုပ်တတ်၊ ယင်ကလည်း တွေ့လေ
ရာ ရောဂါပိုးတွေ မသယ်တတ်သလို၊ ပျားကလည်း ပျားရည် မလုပ်တက်သေးဘူး
ပေါ့။အဲဒါကြောင့် ခြင်၊ ယင်၊ ပျား သတ္တ၀ါ(၃)ကောင်ဟာ ဘုရားသခင်ထံမှာ သူတို့ကို
အစွမ်းအစ ကိုယ်စီပေးဖို့ တောင်းဆိုကြသတဲ့။ အဲဒီလိုတောင်းတော့ ဘုရားသခင်က
ခြင်၊ ယင်၊ ပျား သတ္တ၀ါ(၃)ကောင်ကို ပုလင်းတစ်လုံးဆီပေးပြီး ပုလင်းထဲကို ပန်းပေါင်း
စုံနဲ့အသီးနှံပေါင်းစုံရဲ့ဝတ်ရည်တွေ အပြည့်ထည့်ယူလာဖို့ မှာလိုက်တယ်။ ပန်းပေါင်းစုံနဲ့
အသီးနှံပေါင်းစုံရဲ့ဝတ်ရည်တွေ အပြည့်ထည့်ယူလာတဲ့နေ့မှာ ဘုရားသခင်က သူတို့(၃)
ကောင်ကို အမှတ်သင်္ကေတ ဆုတံဆိပ်အဖြစ် အစွမ်းတွေ ချီးမြှင့်မယ်ပေါ့။

မြန်မာ့ဆေးဖက်ဝင် မန်ကျည်း ပင်


အာနိသင်
မြန်မာ ဆေးကျမ်းများ အလိုအရ မန်ကျည်းပင် သည် ပူ၏ ၊ချဉ်၏ ၊ သည်းခြေကို ဖြစ်စေ တတ်၏ ၊ သလိပ်ကို ပွားစေ ၏ ၊ လေကို နိုင်၏ ၊ အရွက်သည် ရောင်တင်း ခြင်း ၊ သွေးဖောက် ပြန်ခြင်း ၊ နားရောဂါ ၊ မျက်စိ ရောဂါ ၊ မြွေဆိပ် သင့်ခြင်း တို့ကို နိုင်၏ ။အသီးစိမ်း သည် ချဉ်၏ ၊ ချို၏ ၊ ပူ၏ ၊သည်းခြေနှင့် သလိပ်ကို ဖြစ်စေ၏ ။ အသီးမှည့်သည် ပူ၏ ၊ ၀မ်းမီး ကို တောက်စေ ၏ ၊ အနည်းငယ် ၀မ်းသက်စေ ၍ သလိပ်နှင့် လေကို နိုင်၏။
ပဉ္စငါးပါးအသုံးပြုပုံ
၁ ။ မန်ကျည်း ပဉ္စငါးပါးကို ပြာ ချဆား ချက်ပြီး ညနံနက် အနည်းငယ် မျှစီ သောက်ပေးပါက သွေးလုံး လေလုံး ပျောက်၏။

ကမ္ဘာ

ကမ္ဘာ သို့ ကမ္ဘာဂြိုဟ် (Earth) သည် နေ မှ တတိယမြောက် ဂြိုဟ် ဖြစ်သည်။ ကမ္ဘာဂြိုလ်သည် နေ အဖွဲအစည်း တွင် ဆီလီကာ ကျောက်တောင်များဖြင့်
ဖွဲစည်းထားသော ဂြိုဟ်လေးခုအနက်အချင်း၊ ထုထည်၊ သိပ်သည်းဆ အားဖြင့် အကြီးဆုံး ဖြစ်သည်။
ကမ္ဘာ ကို ကမ္ဘာမြေကြီး၊ ပထဝီမြေကြီး၊ ကမ္ဘာဂြိုဟ်၊သြကာသလောက ဟုလည်း ခေါ်ကြသည်။
လူအပါအဝင် မျိုးစိတ်ပေါင်း သန်းချီရှိရာ ကမ္ဘာဂြိုလ်သည်စကြာဝဠာတွင်း သိသမျှ သက်ရှိ တည်ရှိရာ တစ်ခုတည်းသော ဌာန ဖြစ်သည်။ သိပ္ပံ အထောက်အထား များအရ ကမ္ဘာဂြိုလ်သည် လွန်ခဲ့သော
နှစ် ထောင်ပေါင်း ၄.၅၄ သန်းကာလကပင်တည်ရှိနေပြီဖြစ်ပြီးသက်ရှိတို့ သည် နှစ်ထောင်ပေါင်း ၁ သန်း အတွင်းပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

သစ်တွက်နည်း


မြန်မာလက်သမားတို့၏သစ်တွက်နည်းဝေမျှပါသည်။
သစ်တစ်တန်=၄၀၀လက္မ သတ်မှတ်ပါသည်။
.
ဥပမာ ၂"X၁"( အရှည်၁၈ ပေ)=၂"ဟုသတ်မှတ်သည်။
၄၀၀ ÷၂= ၂၀၀ ထို့ကြောင့် ၂"၁"(အရှည်၁၈ပေ) ၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။

အမေရေယဉ်


ဓားပိုင် ကျားပိုင် မြွေပိုင် မီးပိုင် ဟုကျော်ကြားသော အနောက်အမေကြီးခေါ် အမေရေယဉ်သည် အပြင် ၃၇ မင်းစာရင်းမ၀င်သော်လည်း နတ်လောကတွင် ထင်ရှားသော နတ်တစ်ပါးဖြစ်သည်။ ရေတို့၏ အရှင်သခင် ဖြစ်သောကြောင့် မူလအမည် စောနန်းမွန်ဟု မခေါ်ဘဲ အမေရေယဉ်ဟု ခေါ်ဝေါ်ကြသည်။ နတ်နန်းတည်နေရာမှာ အထက်အညာဒေသ မုံရွာခရိုင် ယင်းမာပင်မြို့အနိးရှိ မောင်းတုံရွာဖြစ်သည်။ ပွဲတော်ရက်မှာ တပေါင်းလပြည့်ကျော် ၄ ရက်နေ့မှ ၈ ရက်နေ့အထိဖြစ်သည်။ သက်ဆိုင်ရာ အနီးအနားရွာများမှ လှည်းများစွာဖြင့် လာရောက်ကြသောကြောင့် လှည်းဦးချပွဲဟုလည်းခေါ်သည်။ ပွဲတော်ကွင်းကြီးတစ်ခုလုံး လှည်းများဖြင့် ပတ်လည်ဝိုင်းထားသည်။ အင်းအိုင်ခလှည့် လက်ဖွဲ့ ပယောဂ အောက်လမ်းဖြင့် ပြုစားခြင်းများသည် အမေကြီး၏ ခြေရင်းတွင် အားလုံးပျောက်ပျက်ရတော့သည်။

Friday, February 19, 2016

တကိုယ်စာ ပြောင်းရင်


တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးဟာ ရုပ်ဖျက်ပြီး သူ့တိုင်းပြည် တခွင် လှည့်လည်သွားလာခဲ့တယ်။ ဒီလိုနဲ့ လှည့်လည် ကြည့်ရှုပြီးလို့ ဘုရင်ကြီး သူ့ရဲ့ နန်းတော်ကို ပြန်ရောက်တဲ့အခါ ခြေထောက်တွေ အရမ်းနာနေခဲ့တယ်။ လမ်းတလျှောက် မှာ ရှိတဲ့ ကျောက်တုံး ကျောက်ခဲတွေကြောင့် သူ့ခြေထောက် နာရပါတယ် ဆိုပြီးတော့ တတိုင်းပြည်လုံး ရှိရှိသမျှလမ်းတွေကို နွားသားရေ တွေနဲ့ ခင်းရမယ် လို့ အမိန့်ထုတ် လိုက်တယ်။
ဒီလိုသာ ခင်းမယ်ဆိုရင် နွားအကောင်ရေ အမြောက်အများ ပျက်စီး ဆုံးရှုံးတော့ မှာကို မြင်ပေမယ့် အမတ်တွေက ပိုကောင်းတဲ့ အကြံ မထုတ်နိုင်တာက တစ်ကြောင်း ဘုရင့် အမျက်တော်ရှမှာက တစ်ကြောင်းကြောင့် ဘယ်သူမှ မပြောဝံ့ကြဘူး။

သိမ်းငှက်ပုံပြင်


သိမ်းငှက်ဟာကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးငှက်တစ်မျိုးဖြစ်ပြီး အသက်(78)နစ်အထိအသက်
ရှင်နေထိုင်နိုင်ပါတယ် ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည်နေနိုင်ဖို့အတွက် သူတို့ရဲ့အသက်(48)နှစ်
မှာ ခက်ခဲတဲ့ဖြစ်စဉ်အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချကြရပါတယ်။ သူ့အသက် (48) နှစ်
ရောက်တဲ့အခါမှာ သားကောင်ကိုဖမ်းဖို့အတွက်သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ်
။နုတ်သီးတွေကလဲရင်ဘတ်ထိအောင်ရှည်ပြီးကောက်လာပြီး အတောင်တွေကလဲ အရမ်းလေးလာ
ပါတယ် အမွှေးတွေကလဲအရမ်းထူလာတဲ့အတွက်ပျံရတာလဲအရမ်းပင်ပန်းလှပါတယ်။သူ့မှာရွေးချယ်
စရာနှစ်လမ်းပဲရှိပါတယ်။ဒီအတိုင်းနေပြီးဘာမှမလုပ်တော့ပဲအသေခံမလား? နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကို
ဖြတ်သန်းပြီးအသက်ဆက်ရှင်မလား? မစွန့်စားပဲသေရတာထက်စာရင် စွန့်စားပြီးသေရတာကပို
မြတ်ပါလိမ့်မယ်။ ဒါကြောင့်အလွန်မြင့်တဲ့တောင်တစ်ခုဆီပျံသန်းသွားပြီး အသိုက်တစ်ခုတည်ဆောက်
လိုက်ပါတယ် ပြီးတော့ထပ်မပျံသန်းပဲ အဲဒီမှာပဲနားနားနေပါတယ်။

ထမနဲပွဲနှင့်စပ်၍ သိမှတ်ဖွယ်


မြန်မာတို့၏ ဆယ့်နှစ်လရာသီ၌ သင်္ကြန်ပွဲ ကဆုန်ညောင်ရေသွန်းပွဲ မီးထွန်းပွဲ အစရှိသည်ဖြင့် ပွဲတော်များစွာရှိရာတွင် တပို့တွဲလ၌ ကျင်းပသော ထမနဲပွဲသည်လည်း တစ်ခုအပါအဝင်ဖြစ်သည် ။ တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသကဲ့သို့ ယင်း ထမနဲပွဲသည် အရပ်ဒေသလိုက်၍ ခေါ်ဝေါ်မှုကွဲပြားလေသည်။
ထမနဲပွဲကို လူအများက ထမနှဲပွဲ ဟုလည်းကောင်း နှမ်းမနဲပွဲ ဟုလည်းကောင်း ယာဂုပွဲဟု လည်းကောင်း အမျိုးမျိုး ခေါ်ဝေါ် ကြသည် ။
သူအကြောင်း သူဗျုတ်ပတ်နှင့် ခေါ်ဝေါ်ကြခြင်းဖြစ်၍ သင့်လျော်သည်ဟုပင် ဆိုရမည် ဖြစ်သည်။
ထမနှဲပွဲ ဟု ခေါ်ခြင်းကား - ကောက်ညှင်းဆန်ထမင်းကို စီးအောင်ကပ်အောင် ထိုးရသောကြောင့် ခေါ်ခြင်း ဖြစ်သည်။
နှမ်းမနဲပွဲ ဟု ခေါ်ခြင်းကား - ထိုးရသော ကောက်ညှင်းထမင်းကို နှမ်းဖြူး နှမ်းရော၍ ပြုလုပ်သည်ကို စွဲ၍ ခေါ်ခြင်းဖြစ်သည်။

အင်္ဂလိပ်စကားလုံးများ၏ မူရင်းအဓိပ္ပာယ်များ


၁) News (သတင်း) = North East West South (အရပ်လေးမျက်နှာမှအကြောင်းအချက်များ)
၂) Chess (စစ်တုရင်) = Chariot, Horse, Elephant, Soldiers (စစ်ရထား၊ မြင်း၊ ဆင်၊ စစ်သားတို့ပါဝင်သည့် ကစားနည်း)
၃) Cold (အအေးမိခြင်း) = Chronic Obstructive Lung Disease (အဆုတ်ဆို့ပိတ်သောရောဂါစွဲကပ်ခြင်း)
၎) Joke (ဟာသ/ပျက်လုံး) = Joy Of Kids Entertainment (ကလေးများကိုဖျော်ဖြေသည့် ရယ်ရွှင်ဖွယ်အရာ)
၅) Aim (ရည်ရွယ်ချက်) = Ambition In Mind (စိတ်တွင်ရည်မှန်းထားသည့်အရာ)
၆) Date (ရက်စွဲ/နေ့စွဲ) = Day And Time Evolution (နေ့ရက်နှင့်အချိန် ပြောင်းလဲတိုးတက်မှု)

ပုဂံခေတ် ဘုရားကျွန် နှင့် မိမိကိုယ်ကို သားမယားကိုပါ လှူသောဓလေ့


အမှန်တော့  ဒီခေါင်းစဉ်ဟာ ပုဂံခေတ်  ကျွန်ဆိုတဲ့ခေါင်းစဉ်အောက်မှာ အကြုံးဝင်တဲ့ အကြောင်းအရာတစ်ခုပါ။  သို့သော်  ပုဂံခေတ်ကျွန်လူတန်းစားများအကြောင်းဟာ အင်မတန်မှကျယ်ပြန့်ပါတယ်။ ဖတ်ရမှာလည်း ငြီးငွေ့စရာကောင်းပါတယ်။
ဒီတော့ ဖတ်ရတဲ့ သူတွေလည်းမပျင်းရပဲ  တိုတိုတုတ်တုတ်နှင့်  ထိထိမိမိရှိအောင်  ထူးခြားတဲ့ဘုရားကျွန် နှင့်သားမယားလှူခြင်းဓလေ့ကြောင်းကိုပဲ ထုတ်နုတ်တင်ပြပါမည်။
ပုဂံခေတ်ကျွန် လူတန်းစားနဲ့ပတ်သတ်ပြီး  သမိုင်းဆရာ တို့က ရှုထောင့်အမျိုးမျိုးကနေရေးကြတယ်။ တချို့က ကျွန်ဆိုတာ မွန်ဘာသာ ကလောန် မှဆင်းသက်လာသည်ဟု ဆိုကြသလို  အချို့က ကျာန်  ဟူသည့် ပုဂံခေတ်စကားမှ ဆင်းသက်လာသည်ဟုဆိုတယ်။  အဓိပ္ပာယ်မှာ အလုပ်အကိုင်ရသောသူ  တစ်နည်းအားဖြင့်  အလုပ်ရှိအကိုင်ရှိလူပေါ့။
ပုဂံခေတ်မှာ ကျွန်အမျိုးအစား အမျိုးမျိုးရှိကြတယ်။ 

ရေငန်ပိုင် ဦးရှင်ကြီး နှင့် တစ်ပွဲစား အဘိုး


အောက်မြန်မာနိုင်ငံတွင် မွန်လူမျိုးများ ကောင်းစားစဉ်ခေတ်အခါက ပဲခူးနယ် စည်တီးရွာသား မောင်ရှင် (အချို့က ကစင်ရွာသားဟု ဆိုသည်) သည် ငယ်ရွယ်စဉ်ကပင် ဖခင် ဖြစ်သူ သူကြီး ကွယ်လွန်အနိစ္စရောက်ခဲ့သည်၊ သူသည် စောင်းအတတ် ပညာကို ငယ်စဉ်ကပင် ထူးချွန်စွာ တတ်မြောက်ခဲ့သူ ဖြစ်သည်၊ ထို့ကြောင့်လည်း ဖခင်ကြီး ကွယ်လွန်သွားသော အခါ၌ မိခင်မုဆိုးမကြီး ဒေါ်ဖြူကို သူ၏ စောင်းအတတ်ပညာဖြင့် ဆင်းရဲနွမ်းပါးစွာ ရှာဖွေ လုပ်ကိုင် ကျွေးမွေးနေရရှာသည်။ဖခင်ကြီး ကွယ်လွန်သွားချိန် အထိ မောင်ရှင်မှာ ရှင်သာမဏေ မပြုရသေးပေ၊ ထို့ကြောင့် မိခင် ဖြစ်သူ ဒေါ်ဖြူမှာ ခင်ပွန်း ဖြစ်သူ မကွယ်လွန်မီ ကောင်းစားစဉ်က သူမ၏ အမဖြစ်သူ ဒေါ်သူအား ငွေသုံးပိဿာ ချေးငှားထားခဲ့ဘူးခြင်းကို သတိရလာသည်၊

မန်းရွှေစက်တော်ဘုရားသမိုင်း


ဘုရားဖူးသွားမည့်သူများအတွက်ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်
မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ချထားပေးတော် မူခဲ့သော ခြေတော်ရာများကို ဌာပနာပြု၍ တည်ထားကိုးကွယ်လာခဲ့သော မန်းရွှေစက်တော် ဘုရားများသည် ယနေ့ထက်တိုင် တည်ရှိနေလျှက် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တစ်ခုပင် ဖြစ်ပါသည်။ မြန်မာပြည်တွင် ရက်ပေါင်းအများဆုံးကျင်းပသော အညာဒေသပွဲတော်ဟုပင် ဆိုနိုင်ပါသည်။ ထို့ကြောင့် ပြည်သူအများ ကြည်ညိုသဒ္ဓါပွားနိုင်ရန်အလို့ငှာ မန်းရွှေစက်တော်ဘုရားသမိုင်းကို ထပ်မံတင်ပြလိုက် ပါသည်။

Tuesday, February 16, 2016

နှင်းဆီပန်းနှင့်သူ၏အဓိပ္ပါယ်များ


နှင်းဆီ = အချစ်
နှင်းဆီ ၁ပွင့်….. ရင်ထဲမှာ မင်းပဲရှိတယ်
  နှင်းဆီ ၂ပွင့်….. ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း
  နှင်းဆီ ၃ပွင့်….. မင်းကိုငါချစ်တယ်
  နှင်းဆီ ၄ပွင့်….. သေတောင် မခွဲဘူး
  နှင်းဆီ ၅ပွင့်….. တန်ဖိုးထား မြတ်နိုးတယ်
  နှင်းဆီ ၆ပွင့်….. တစ်ယောက်ကိုတစ်ယောက် လေးစား၊ ချစ်ခင်၊ ခွင့်လွတ်တယ်
  နှင်းဆီ ၇ပွင့်….. မင်းကို တိတ်တခိုးလေး ချစ်နေတယ်

L O V E is A Key To SUCCESS


♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
L O V E ဆိုတာဘာလဲ … ?
L – Learn everywhere
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
- နေရာတိုင်းမှာ လေ့လာသင်ယူပါ
ဘဝမှာအောင်မြင်ချင်တဲ့ သူတွေအတွက် … ကိုယ်ရဲ့ သက်မွေးဝမ်းကြောင်း အတတ်ပညာ ဒါမှမဟုတ် ကိုယ်ဖြစ်ချင်တဲ့ အရာ၊ လိုအပ်ချက် စတာတွေကို နေရာတိုင်းမှာ လေ့လာသင်ယူ နေဖို့လိုပါတယ်။ ဆိုလိုတာက စာအုပ်၊ အင်တာနက် တွေကလည်း လေ့လာဖို့လိုသလို ကိုယ်ကို ပြောပြ လမ်းပြနိုင်တဲ့ သူတွေ ဆီက လည်း လေ့လာဖို့ လိုပါတယ်။ ကိုယ့်အတွက် ရနိုင်တဲ့ platform အားလုံးကနေ လေ့လာသင် ယူ ဖို့လိုပါတယ်။ နေရာတိုင်းမှာ လေ့လာသင်ယူနေခြင်းက ကိုယ့်ရဲ့ Skill အတွက် ဝမ်းစာပြည့်လာမှာ ဖြစ်ပါတယ်။

>နေ့ရက်တွေကို ဘာ့ကြောင့်ဒီလိုခေါ်သလဲ


တနင်္ဂနွေနေ့
..................
 မြန်မာအယူအဆမှာ တနင်္ဂနွေ ဟာ နေမင်းကြီးကို ကိုယ်စားပြုတဲ့ နေ့ပါပဲ..။ ပုဂံကျောက်စာ များမှာ.. "တန်နှင်ကုနုယ်၊ တန်နှင်ကုနွေ၊၊ တန်နှင်ကနွေ" ဟု ပါရှိတယ်လို့ မှတ်သားရပါတယ်။ "တန်နှင်" ကို မြန်မာဘာသာနှင့် နှီးနွယ်သော ရောင်းရင်း ဖြစ်ပြီး ဘာသာစကားတို့နှင့် ချင့်ချိန်၍ အဓိပ္ပါယ်ကောက်သောအခါ "နေ့" ဟု အဓိပ္ပါယ် ရပါတယ်။ "ကုနုယ်၊ ကုနွေ၊ ကနွေ" ဟူသည်ကား"နေ" ကို ဟောခြင်းဖြစ်ပါတယ်။ ထို့ကြောင့် "တန်နှင်ကုနုယ်" မှာ "နေနေ့" ဟု အဓိပ္ပါယ် ရပါတယ်။ 

Monday, February 15, 2016

Idioms D


1. dead to the world မောပန်းနေသော၊ အင်အားတွေ ကုန်သော၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသော။
2. die of a broken heart ရင်ကွဲနာကျသည်။စိတ်ဖိစီး မူကြောင့်သေသည်။ အသည်းကွဲသည်။အချစ်နာကျသည်။
3. die of boredom ငြီးငွေ့လို့၊ ပျင်းလို့သေတောမယ်။ ပျင်းစရာကောင်းလိုက်တာ။
4. dollar for dollar ကုန်ကျစရိတ်ကိုစဉ်းစားရမယ် ။ငွေရေးကြေးရေးစဉ်းစားရမယ်။ထည့်တွက်ရမယ်။
5. don’t hold your breath အသက်မအောင့်ထားနဲ့။ မျှော်လင့် လို့တော့မရဘူး။(အသက်အောင့်ထားသည်။
6. do without sb/sth ဒီအတိုင်းနေမယ်။မရှိဘဲ၊မပါဘဲနှင့်လုပ်နိုင်သည်။ မစားဘဲ၊မလုပ်ဘဲစသည်ဖြင့်နေသည်။

အသံထွက်မရသူများအတွက်...အထူးလက်ဆောင်


အင်္ဂလိပ်စကားလုံးများကို word stress (ဖိ၍ရွတ်သံ) မှန်ချင်တဲ့အခါ
အင်္ဂလိပ် စကားပြောသင်ခန်းစာတွေကို တင်ပေးနေတော့ အသံထွက်ပုံ ရွတ်ဆိုပုံလေးတွေကိုလည်း ဗဟုသုတအဖြစ် တင်ပေးသင့်တယ် ထင်တဲ့အတွက် ရေးသားလိုက်ခြင်းဖြစ်ပါတယ် ။ sentence stress တွေကျတော့ dictionary မှာလည်း ကြည့်လို့မရတဲ့အပြင် လွယ်လွယ်ကူကူ မတွေ့နိုင်တဲ့တွက် ပြုစုပေးလိုက်ခြင်းလည်း ဖြစ်ပါတယ် ။
.
အင်္ဂလိပ်စကားဟာ ညီညာတဲ့ရေလှိုင်းလေးတွေလို မြင့်လိုက် နိမ့်လိုက် ၊ တက်လိုက်ကျလိုက်နဲ့ ကာရံညီစွာ ပြောရတယ်လို့ ဆိုပါတယ် .. ။
အဲလိုဆိုတော့ စကားလုံးရဲ့ အသံထွက်(pronunciation) အပြင် ဖိပြီး ရွတ်ရမယ့်နေရာ ဖော့ပြီးရွတ်ရမယ့်နေရာ ..ဖိပြီးရွတ်ဆိုရမယ့်စကားလုံး ဖော့ပြီးရွတ်ဆိုရမယ့် စကားလုံး စသည်ဖြင့် သိဖို့လိုအပ်လာပါတယ် ။

ဟင်းခတ်မွှေးကြို င် မြန်မာ၊ အင်္ဂလိပ် အခေါ်အဝေါ်များ


၁။ ဆား = Salt
၂။ ငရုတ်သီးမှုန့် = Chilli powder
၃။ ငရုတ်သီးစိမ်း = green Chilli
၎။ ငရုတ်ကောင်းမှုန့် = pepper (Black/ White)
၅။ ဟင်းခတ်သစ်ရွက် = Curry leaf ( ပျဉ်းတော်သိမ်ရွက် )
၆။ တရုတ်ကြက်သွန်မြိတ် = Leek
၇။ ကြက်သားမှုန့် = Chicken Powder
၈။ တရုတ်နံနံပင် = Celery
၉။ နံနံပင် = Coriander leaf (Cilantro)
၁၀။ နံနံစေ့ = Coriander seed

ဘာသာရေးနှင့်ဆိုင်သောဝေါဟာရများ (၂)


ခေါင်းလောင်းပုံ - Bell - Like part
စိတ်ပုတီး - Beads / Rosary
ဂြိုလ်တိုင် - Planetary post
ဌာပနာသည် - Enshrine
စေတီ - Stupa
ပုထိုး - Shrine
စိန်ဖူးတော် - Diamond bud / bud - like ornament
စေတီရင်ပြင် - Pagoda platform
အာရုံခံ တန်ဆောင်း - Vestibule
စောင်းတန်း - Covered stair - way
ဆင်းတုတော် - Image of the Buddha
ဆံတော် - Sacred hair

ရောဂါနဲ့ ပတ်သက်သော ဝေါဟာရများ


Plague - ပလိပ်ရောဂါ
Cholera - ကာလ၀မ်းရောဂါ
Malaria - ငှက်ဖျားရောဂါ
Typhoid - အူရောင်ငန်းဖျားရောဂါ
Jaundice - အသားဝါရောဂါ
Influenza - တုတ်ကွေး
Diabetes - ဆီးချိုရောဂါ
Dysentery - ၀မ်းကိုက်ရောဂါ
Asthma - ပန်းနာ
Measles – ၀က်သက်ရောဂါ
Small – pox - ကျောက်ရောဂါ

Saturday, February 13, 2016

Valentine day ဘယ်ကနေ ဘယ်လိုဖြစ်လာလဲ


***Valentine's day ဆိုပါလား။ ကျုပ်တို့နဲ့တော့ ဆက်ဆံရေးကခပ်ကျဲကျဲပါ။ သို့သော်လည်း ခပ်ပျစ်ပျစ်ဆက်ဆံရေးရှိကြသူများလည်း အများသားဗျ။
ဒါကြောင့် သိသလောက်လေး သူငယ်ချင်းများ ကို share ချင်လို့ ရေးလိုက်မိတယ်။
အကြောင်းကြောင်းကြောင့် ဒီ Valentin's day မှာ ကိုယ်က လက်ဆောင်လေးသွားပေးမိလို့ ကိုယ့်ချစ်သူက ဘာလဲ ဘာအထိမ်းအမှတ်လဲလို့မေးလာရင် နည်းနည်းပါးပါး ရွှီးနိုင်အောင်လို့ပါ သူငယ်ချင်း။

တကယ်တော့ Valentine's day ဆိုတာ ဘုန်းကြီးတပါး သေးဆုံးရာကနေ အစပြုလာတာဖြစ်တယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးဆိုရင်တော့ ပြန်လွန်တော်မူတဲ့နေပေါ့။ ခုဟာက ခရစ်ယာန်ဘုန်းကြီး Saint Valentine သေးဆုံးတာပါ။ ခရစ်တော်က ခေါ်တာလို့လည်း ပြောမယ်ထင်တယ်။ ဒါကြောင့် သူသေဆုံးသွားတဲ့ နေ့ ဖေဖေါ်ဝါရီ ၁၄ ကို saint Valentin's day လို့လည်းခေါ်ကြပါတယ်။
ပါးစပ် ရာဇ၀င်အရ history က အမျိုးမျိုး ပြောကြတယ်။ အဲ့ဒီလို သိပ်အခြေအမြစ်မရှိလို့လည်း holiday အဖြစ်မသတ်မှတ်ခဲ့ကြလို့ ခုကျုပ်တို့ အလုပ်ဆင်းနေရတာပေါ့။

ချစ်သူများနေ့ ပေါ်ပေါက်လာပုံ


 အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။
သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်..။
Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။ စစ်မတိုက်ချင်ကြတော့ဘူး..။
ဇနီးမယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲ နေချင်ကြတယ်..။
ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာတော့ ရောမစစ်သည်တွေ အသေအပျောက်များခဲ့တယ်.. စစ်သားသစ်တွေလိုလာတယ်..။
စစ်သည်အင် အားကို လည်း ပိုမိုတောင့်တင်းခိုင်မာအောင် လုပ်ချင်တယ်.။
ဒါပေမယ့် ယောကျာ်းတွေကလဲ စစ်ထဲကိုမဝင်လိုကြတော့ အခက်တွေ့နေတယ်..။
Claudius ဟာစဉ်းစားတယ် ယောကျာ်းတွေဟာ မိသားစုသံယောဇဉ်ကြောင့် စစ်ထဲမဝင်ချင်ကြတာပဲ သူတို့သာ အိမ်ထောင်မပြုကြရင် စစ်ထဲဝင်ကြမှာပဲလို့ မိုက်မိုက်မဲမဲတွေးမိတယ်..။
ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း လူငယ်တွေ အိမ်ထောင်မပြုရလို့အမိန့်ထုတ်လိုက်တယ်..။
လူငယ်တွေ အတွက် ရက်စက်ပြီး အဓိပ္ပါယ်မရှိတဲ့ ဥပဒေပေါ့...။

ချစ်သူများနေ့သမိုင်း


 ရောမ အင်ပါယာမှာ ဖြစ်ပါတယ်။ အေဒီ ၂၀၀ ကျော် ကာလက ဖြစ်ပြီး ရောမ စစ် ဘုရင် တို့ သွေး ဆူနေချိန် ဖြစ်ပါ တယ်။ စစ် တိုက် ဖို့သာ အချိန် တိုင်းတွေးနေပြီး ရောမ အင်ပါ ယာကို ကြီး သထက် ကြီးအောင် ဖန်တီးပါ တယ်။ စစ် တိုက်လေလေ စစ်သား လိုလေလေ၊ စစ်သား လိုလေလေ၊ ယောင်္ကျားတွေ ကို စုဆောင်း ရလေလေ၊ ယောင်္ကျားလေးတွေ စစ်ထဲဝင် တာ များလေလေ၊ အမျိုး သမီး တွေကို လွမ်းလေလေ၊ အမျိုးသမီးနဲ့  မိသားစုကို လွမ်းလေလေ၊ အိမ်ပြန် ချင်လေလေ၊ အစရှိ သဖြင့် သံယော ဇဉ်နှောင် ကြိုးပေါင်း များ စွာကြောင့် စစ်မှာ ခရီး မရောက် ဘူးလို့ အင်ပါ ယာကြီး ထင် ယူဆပါတယ်။

ပဲခူး နံကရိုင်းမယ်တော်ကြီး


သမလ နဲ့ ဝိမလ ညီနောင် ဟံသာဝတီကို တည်တာ ကနေစတဲ့ ဇာတ်လမ်းပါ ။သမလနဲ့ ဝိမလ က နိုင်ငံကို စတည်ထောင်ခဲ့တဲ့ သက္ကရာဇ် ၁၈၇-ခုနှစ် တပို့တွဲလပြည့်ကျော် တစ်ရက်နေ့ကို ယခု အခါမှာ မွန်အမျိုးသားနေ့ အဖြစ်ကျင်းပလို့နေပါတယ်။ အကို လုပ်တဲ့ သမလက ဖရုံပင်မှာ သန္ဓေယူ၍ မွေးဖွားလာသူ ရွှေဖရုံမယ်ကို မိဖုရားမြှောက်ပီး ညီတော် ဝိမလက အိမ်ရှေ့စံအဖြစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်လာရာကနေ မိဖုရားကြီး ရွှေဖရုံမယ်တွင် သားတော်တစ်ပါး ဖွားမြင်ပြီးနောက် အိမ်ရှေ့မင်း ဖြစ်သူညီတော် ၀ိမလ မင်းသားက နောင်တော် သမလ မင်းကြီးအား လုပ်ကြံပြီး ထီးနန်းကိုသိမ်းယူလိုက်သည်။ မရီးတော် ရွှေဖရုံမယ် မိဖုရားကြီးကိုလည်း သားတော်ကလေးအား နယ်စွန်နယ်ခြား၌ သွားရောက်စွန့်ပစ်ရမယ်ဟု အမိန့်ပေးခဲ့သည်။ ထို့ကြောင့် ရွှေဖရုံမယ်သည် သားတော်ကလေးကို ဟံသာဝတီပြည်နှင့် သထုံပြည် နယ်ခြား ကွမ်အပ်သာ တောစပ်၌ သွားရောက် စွန့်ပစ်ထားခဲ့ရသည်။ သူစွန့်ပစ်လိုက်တဲ့ နေရာက မွန်လူမျိုးသူကြီး တစ်ယောက်ရဲ့ ကျွဲခြံဝမှာပါ ။

လဂွန်းအိန်ရဲ့ သစ္စာတရား


လဂွန်းအိန် (ခေါ်) မသံလုံ ဟာ စစ်ဘုရင်ရာဇာဓိရာဇ် အလွန်ချစ်မြတ်နိုးသလောက် အလွန်အားကိုးခဲ့ရတဲ့ စစ်သူကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူသေတော့ ရာဇာဓိရာဇ်ဟာ ငါ့လက်တစ်ဖက်ပြတ်တော်မူပြီ ဟုမိန့်တော်မူပါတယ်။
သူရဲကောင်းလဂွန်းအိန် ဟာ မွန်-မြန်မာ နှစ် ၄၀ စစ်ပွဲအတွင်း အလွန်ထင်ရှားတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အင်းဝဘုရင် မင်းခေါင်နဲ့ ဟံသာဝတီ ရာဇာဓိရာဇ် တို့ရဲ့ ဒီအနှစ် ၄၀ စစ်ပွဲဟာ သမိုင်းတစ်လျှောက် စစ်ရေးကိုအကြောင်းပြုပြီး မှတ်သားလောက်တဲ့ ဖြစ်ရပ်တွေ များစွာပေါ်ပေါက်ခဲ့ပါတယ်။ လေးစားဖို့ကောင်းတဲ့ သူရဲကောင်း အမတ်တို့ရဲ့ လက်ရုံးရည် ၊ နှလုံးရည် ဥာဏ်စွမ်းထက်မြက်မှုနဲ့ ရိုးသားဖြောင့်မတ်မှု တွေကိုလည်း မြင်တွေ့ရပါတယ်။
လဂွန်းအိန်ရဲ့ စကားတစ်ခွန်းလည်း အပါအ၀င်ပေါ့။

ပုဂံခတ်မှသီပေါမင်းထိသမိုင်းအကျဉ်းချူပ်


- ပုဂံခေတ်(၁၀၄၄-၁၃၂၅)
အေဒီ ၇ ရာစုမှ စ၍ ဧရာဝတီ မြစ်ဝှမ်းကို အခြေခံကာ ဗမာ လူမျိုးများ စတင်ခဲ့သည်။ ခရစ်နှစ် ၈၄၉ မှ စ၍ ပုဂံကို ဗဟိုပြုကာ နိုင်ငံငယ်များ ထူထောင်ခဲ့ကြသည်။အနော်ရထာ (၁၀၄၄ - ၁၀၇၇) မင်းကြီးက ပထမ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည်။ အနော်ရထာ မင်းကြီးသည် သထုံကို ၁၀၅၇ တွင် တိုက်ခိုက် အောင်မြင်ခဲ့ပြီး မွန်တို့ထံမှ ပိဋကတ် သုံးပုံကို ပုဂံသို့ ပင့်ဆောင်ခဲ့သည်။ ထိုအချိန်မှ စ၍ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံတွင် ပြန့်ပွားစည်ပင်ခဲ့သည်။ အနော်ရထာ မင်းကြီးနောက် နန်းတက်သော ကျန်စစ်သားလက်ထက်တွင် ဗမာစာ ကို မွန်စာအား အခြေခံ၍ တည်ထွင်ရေးသား ခဲ့ကြသည်။ ပုဂံခေတ်တွင် စေတီ၊ ပုထိုးပေါင်း များစွာကို တည်ထား ကိုးကွယ်ခဲ့ကြသည်။ (၁၃) ရာစုတွင် ပုဂံ၏ အင်အားများ စတင်ယုတ်လျော့လာပြီး မွန်ဂိုဘုရင် ကူဗလိုင်ခန်က ၁၂၇၇ တွင် မြန်မာပြည်မြောက်ပိုင်းကို စတင် သိမ်းပိုက်ခဲ့သည်။ ၁၂၈၇ တွင် ပုဂံမြို့ကို သိမ်းပိုက်ခဲ့သည်။

ဆင်းရဲသားလေးတစ်ယောက်အကြောင်း


ဟိုး တစ်ချိန်က အရမ်းကို ဆင်းရဲတဲ့လူတစ်ယောက်ရှိတယ်…

သူ့ကို အရမ်းချမ်းသာတဲ့လူတစ်ယောက်ကတွေ
့တော့ သနားပြီး သူ့ကို ကြီးပွားလာအောင် ကူညီချင်စိတ်တွေပေါ်လာတယ်…

သူဌေးက သူ့ကို နွားတစ်ကောင်လက်ဆောင်ပေးခဲ့တယ်… သူ့ကို လယ်ယာထွန်ယက်ဖို့ သေချာမှာခဲ့တယ်…
အခုချိန်မျိုးစေ့ ကြဲထားပြီး ကောင်းကောင်းထွန်ယက်ရင် ဒီနှစ်ကုန်ရင် ဆင်းရဲတယ် ဆိုတဲ့စကားလုံးနဲ့ ဝေးဝေးခွာနိုင်တော့မှာပါလို့ ပြောခဲ့တယ်…

ဒီသူဆင်းရဲလေးကတော့ အစပိုင်းမှာ မျှော်လင့်ချက်အပြည့်နဲ့ တက်တက်ကြွကြွလုပ်ရှာတယ်…
ဒါပေမဲ့ ဘယ်လောက်မှ မကြာလိုက်ဘူး… နွားက မြက်စားတယ်… လူက ထမင်းစားတယ်…
ဖြတ်သန်းရတဲ့ဘ၀က အရင်ကထက်တောင်ခက်ခဲနေသေးတယ်…

မြန်မာ့မြို့ရွာဒေသများ၏ရှေးဟောင်းအမည်များ


ကန္တာရ၀တီ >>>>> ကယား
ကမ္ဘောဇ >>>>> ရှမ်း
ကုသိနာဂရ >>>>> ပုသိမ်
ကေတုမတီ >>>>> တောင်ငူ
ကေလာသ >>>>> တောင်၊ ကျိုက်ထိုဘီးလင်းတောင်ဘက်
ကောသမ္ဘီ >>>>> ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်
ခေမရဋ္ဌ >>>>> ကျိုင်းတုံ
ခေါသန္တီ >>>>> မြင်းမြေ၊ ရွှေဘိုအနီး
ခတ္တိယ >>>>> ဧရာဝတီမြစ်ဝကျွန်းပေါ်
ဂန္ဓာရ >>>>> စိန့်၊ ကချင်ပြည်နယ်
စေတုတ္တရာ >>>>> စလင်းအနောက်ဘက်
စိနရဋ္ဌ >>>>> ကချင်ပြည်နယ်
စန္ဒပူရ >>>>> မဏိပူရဘက်နယ်စပ်

ဆရာတော်ဦးဗုဓ်၏ ရာဇဝင်တွင်ကျန်ခဲ့သောစကားများ

             
 ဆရာတော်ဦးဗုဓ်ဟူသော အမည်ကိုအတော် များများကြားဖူး ကြပါလိမ့်မည်။ သို့သော်လောကနီတိ ၊ ယနေ့ကျွန်ုပ်တို့  ရပ်ရွာအတွင်း တွေ့မြင်နေရသော  ဓမ္မစကြာဝတ်ရွတ် အဖွဲ့သားများ၏ “ဘိက္ခူနံ ပဉ္စ၀ဂ္ဂီနံ ဣသိပတန နာမကေ” အစချီသော ဓမ္မစကြာပါဠိအား ဆရာတော် ဦးဗုဓ်မှ ဓမ္မစကြာကို ကြည်ညိုလွန်း၍  နိဿယ ပြန်ဆိုကာထည့်သွင်းရေးသားခဲ့သည် ဆိုသည်ကို သိရှိသူနည်းပါးပါလိမ့်မည်။ ဆရာတော်ဦးဗုဓ်သည် မြန်မာနိုင်ငံ ပရိယတ္တိပညာရေး သမိုင်းတွင် လယ်တီဆရာတော် အပါအ၀င်ပေါ့ စာအတတ်ဆုံးပုဂ္ဂိုလ်အဖြစ် ပညာရှင်အသီးသီးမှ  အသိအမှတ် ပြုထားသော ဆရာတော်ဖြစ်သည် ။ ထို့ကြောင့် ဗုဓ်စ၊ ဗုဓ်လယ်၊ ဗုဓ်ဆုံး ဟူ၍ဂုဏ်ပြု ပူဇော် ကြလေသည်။ အဓိပ္ပါယ်မှာ ဗုဓ်စသည် ဗုဒ္ဓဘုရား၊ ဗုဓ်လယ်ကား အရှင်မဟာ ဗုဒ္ဓဃောသဖြစ်၍  ဘုရားဟောပါဠိတော်များ၏ အဖွင့်ဖြစ်သော အဋ္ဌကထာ များအား  ရေးသားခဲ့သည့် သီရိဓမ္မာသောကမင်းပေါ်ပြီးနောက်ပိုင်းမှာ ပေါ်ထွန်းခဲ့သော မထေရ်ဖြစ်သည်။

Friday, February 12, 2016

အလုပ်သမား သုံးမျိုးရှိပါတယ်


၁။ လုပ်ရမယ်ဆိုလို့ လုပ်တဲ့ အလုပ်သမားက တစ်မျိုး
၂။ လုပ်ရမယ်ထင်လို့ လုပ်တဲ့ အလုပ်သမားက တစ်မျိုး
၃။ လုပ်ရမယ်မြင်လို့ လုပ်တဲ့ အလုပ်သမားက တစ်မျိုးလို့ သုံးမျိုးရှိပါတယ်။

၁။ လုပ်ရမယ်ဆိုလို့ လုပ်တဲ့ အလုပ်သမားဆိုသည်မှာ တာဝန်ပေးချက်အရ စေခိုင်းချက်အရ ဆောင်ရွက်ရတဲ့ ပုဂ္ဂိုလ်များဖြစ်တယ်။ တာဝန်ကျေအောင်တော့ လုပ်တတ်ကြ လုပ်နိုင်ကြတယ်၊
အချိန်စေ့အောင် လုပ်ငန်းပြီးအောင်တော့ ကြိုးစားပြုလုပ်အားထုတ်တတ်ကြတယ်၊ သို့သော်လည်း ကိုယ့်အတွက် တရားစွမ်းအား အနှစ်ပါအောင် ယူဖို့ကျတော့ သတိမပြုမိတတ်ဘဲ နေကြပါတယ်။

အိုင်းစတိုင်းက ဒီလိုပြောတယ်


၁။ အမြဲတန်း သိချင်စိတ်ကို ပြင်းပြင်နေပါစေ
၂။ ဘယ်အရာကိုမှ မိမိနှင့် မဆိုင်သလို မနေပါနဲ့
၃။ ရောက်ရာနေရာမှာ အာရုံစူးစိုက်ပါ
၎။ မှားနေတဲ့ အတွေးအခေါ် အယူအဆတွေကို ပြင်လိုက်ပါ
၅။ အချိန်ကို တန်ဖိုးရှိအောင် အသုံးချပါ
၆။ အသိပညာ ဗဟုသုတတွေကို ကြွယ်ဝအောင်ကြိုးစားပါ

အလုပ်မှာ မပျော်ရွှင်ရခြင်း အကြောင်း ၅ ချက်


လူတိုင်း လူတိုင်း အလုပ်မှာ ပျော်ရွှင်ဖို့က အရေးကြီးပါတယ်။ အလုပ်မှာ ပျော်ရွှင်မှသာ မိမိရော မိမိ၏ လုပ်ငန်းအတွက်ပါ တိုးတက်စေမှာ ဖြစ်ပါတယ်။ တကယ်လို့ အလုပ်မှာ မပျော်ရွှင်ရတာဟာ ဒီအချက်များကြောင့် ဖြစ်ပါတယ်။
၁။ မိမိ အတ္တ မာနကြောင့်
မိမိဟာ အတ္တ မာနတွေထားပြီး အလုပ်မှာ နေမယ်ဆိုရင် အလုပ်မှာ ရှိတဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းလို့ မရတော့ပါဘူး။ ဒါကြောင့် အားလုံးက မိမိကို ဘေးဖယ်ထားပြီး မိမိ တစ်ယောက်တည်း စိတ်ဆင်းရဲစွာ ဖြစ်နေပါလိမ့်မယ်။

ခေါင်းဆောင်နှင့် ခေါင်းရှောင်


ခေါင်းဆောင်နှင့် ခေါင်းရှောင်
အဖွဲ့အစည်းတစ်ခုရဲ့ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတွေ အားလုံး ဟာ ခေါင်းဆောင်မှုအပေါ်မှာ အဓိကမူတည်နေတယ်လို့ ခေါင်းဆောင် မှု ဟောပြောသူ ဆရာကြီး ဂျွန်မက်စ်ဝဲလ်က ဆိုပါတယ်။ အဖွဲ့အစည်းတိုင်း အတွက်အဓိကအရေးကြီးဆုံးအချက်မှာ ခေါင်းဆောင်ပဲဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းရှိရင် နောက်လိုက်ကောင်းတွေလည်း ထွက်ပေါ်လာတတ်ပါ တယ်။ ခေါင်းဆောင်ကောင်းနဲ့ နောက်လိုက်ကောင်းတွေ ရှိနေတဲ့ အဖွဲ့အစည်းဟာဆိုရင်လည်း အရှိန်အဟုန်ပြင်းစွာ တိုးတက် ဖွံ့ဖြိုးမှုတွေကို ဖြစ်စေပါတယ်။
အဖွဲ့အစည်းတိုင်းမှာ ခေါင်းဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေရှိတတ်သလို တစ်ချို့အဖွဲ့အစည်းတွေမှာတော့ ခေါင်းဆောင်လို့ မိမိကိုယ်ကို ခံယူ ထားတဲ့ ခေါင်းဆောင်မဟုတ်သူတွေကိုလည်း တွေ့ရတတ်ပါတယ်။

လူထုရှေ့ စကားပြောကောင်းသူဖြစ်ဖို့ လိုအပ်ချက် ၉-ချက်


ခေါင်းဆောင်တွေ၊ လူကြီးတွေနှင့်
ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် သူတွေဟာ
လူထုရှေ့မှာ နေ့တဓူဝ ပြောဆိုနေရ၊ ထိတွေ့နေကြရတာ ဖြစ်တယ်။
ပရိတ်သတ်ရှေ့မှောက်မှာ ထိရောက်တဲ့ နည်းလမ်းတွေနှင့်
စကားပြောကောင်းသူတစ်ယောက် ဖြစ်ဖို့ လိုအပ်တဲ့ အချက် ၉-ချက်ကို မျှဝေပေးပါမယ်။
အဲဒါတွေကတော့...
1. Clear Purpose
ရှင်းလင်းသော၊ တိကျသော ရည်ရွယ်ချက် ဦးတည်ချက် Purpose ဖြစ်ရမည်။
ဟုတ်ပါတယ်။ ကိုယ်ပြောမယ့် အကြောင်းအရာရဲ့ခေါင်းစဉ်၊
Aim & Objective ဟာရှင်းလင်းတိကျပြတ်သားရပါမယ်။
ခေါင်းစဉ်ကိုကြည့်လိုက်တာနဲ့ ဘာကိုပြောမယ်ဆိုတာ သိနေရပါမယ်။
ဘာကိုပြောချင်မှန်းမသိ စင်ပေါ်တက်ပြောချင်ရာပြောတာ လုံးဝမလုပ်သင့်ပါ။

Thursday, February 11, 2016

ထူးခြားသောအလန်းတန်းနှစ်ခု






ပုဂံရှိ ထူးခြားသောအလင်းတန်းများ
ပုဂံလို့ပြောလိုက်တာနဲ့  အားလုံးသိပြီးသားပါ။စေတီပုထိုးတွေများစွာတည်ရှိပြီး    လှပတဲ့ရှုခင်းတွေနဲ့ မှော်ဆန်သောဒဏ္ဍာရီပုံပြင်တွေ များစွာရှိတဲ့နေရာပေါ့။
ကျန်တော် အခုပြောမှာကတော့  အဲဒီလိုမှော်ဆန်တဲ့ပုံပြင်တွေတော့မဟုတ်ပါဖူး။  လူအများ သိပ်သတိမထားမိလေ့ရှိကြတဲ့ ပုဂံ ဘုရားများ ရှိ  ထူးခြားသော အလင်းတန်းနှစ်ခုအကြောင်း ပါ။
အနော်ရထာမင်း မတိုင်မီနှင့်  အနော်ရထာလက်ထက်မှာ  စေတီ တွေ  ဥမင်တွေကိုသာအများဆုံးတည်လေ့ရှိပေမဲ့  ကျန်စစ်သားမင်းလက်ထက်ရောက်တဲ့ အခါမှာ ကုလားကျောင်းခံ  ပုထိုးတွေ ဘုရားကျောင်းတွေခေတ်စားလာတယ်။ ကျန်စစ်သားလက်ထက်မှာ အနုပညာ ဗိသုကာပညာတွေဟာ  ပိုမို  ကျယ်ပြန့်  ခဲ့ပြီး  အထွတ်အထိပ်ကာလသို့ရောက်လာခဲ့တယ်။ အရင်က  ဥမင်တွေ ပုထိုးတွေကိုအမှောင်ပိတ်ကြီးတွေ တည်လေ့ရှိပေမဲ့ ကျန်စစ်သားလက်ထက်မှာတော့  ဂူအတွင်းကိုအလင်းရောက်နိုင်တဲ့မုခ်ပေါက်လေးတွေ ဖောက်လာကြတယ်။သက္ကရာဇ် ၄၅၂ အာနန္ဒာ ဘုရားကြီးတည်ဆောက်တဲ့အချိန်မှာတော့ဘုရားကျောင်းတွေဟာအလင်း လေဝင်လေထွက်ရောကောင်းမွန်လာခဲ့တယ်။

ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှု


ဟိန္ဒူဘာသာနဲ့ ဗုဒ္ဓဘာသာ ဘာကွာလဲ? မြန်မာပြည်မှာ ဗုဒ္ဓဘာသာ မကိုးကွယ်ခင် ဘာတွေကိုးကွယ်နေလဲ? ဘယ်သူက ဗုဒ္ဓဘာသာကို ဖြန့်ဖြူးခဲ့လဲ? နတ်တွေ ဘာလို့ ကိုးကွယ်ကြလဲ? သိခြင်ရင် ဖတ်ကြည့်........
ဂေါတမဘုရားရှင် မပွင့်မီက အိန္ဒိယမှာ ဘယ်ဘာသာကို ကိုးကွယ်နေကြသလဲ ?
အဲဒီအချိန်တုန်းက အိန္ဒိယမှာ ဗြဟ္မဏ၀ါဒလို့ခေါ်တဲ့ ဟိန္ဒူဘာသာကို အမျာဆုံး ကိုးကွယ်နေကြတယ်။ ဟိန္ဒူဘာသာရဲ့ အစောဆုံးစာပေကတော့ ရိ-ဂိဝေဒ ဖြစ်တယ်။ အဲဒီ ရိ-ဂိဝေဒထဲမှာ အိန္ဒိယပြည်ထဲကို ရှေးဦးစွာ ၀င်ရောက်လာကြတဲ့ အာရယန်လူမျိုးတွေရဲ့ တေးဂီတတွေပါတယ်။ အာရယန်တွေဟာ နေ၊ ရေ၊ မီး၊ လေစတဲ့ သဘာဝအင်အားတွေကို သက်ရှိအဖြစ် ပြောင်းပြီး နေနတ်၊ လေနတ်၊ မီးနတ်၊ မြစ်စောင့်နတ်၊ တောင်စောင့်နတ်တွေ အဖြစ်နဲ့ ကိုးကွယ်ပူဇော်နေကြတယ်။ ၈၀၀-ဘီစီလောက်မှာ ဥပနိသျှဒ်ခေါ်တဲ့ကျမ်းတွေ ပေါ်လာတယ်။ အဲဒီကျမ်းတွေထဲမှာ…၁။ ၀တ်ပြု ကိုးကွယ်ပူဇော်နည်း၊ ၂။ အတ္တကို စင်ကြယ်စေဖို့ခြိုးခံ ကျင့်ကြံအားထုတ်နည်း၊ ၃။ သံသရာမှလွတ်မြောက်ရန် ကမ္မဌာန်းတရား အားထုတ်နည်းတွေကို ဖော်ပြကြတယ်။

ပန်းနာ၊ ရင်ကျပ်၊ ချောင်းဆိုးအတွက် ဆေးကောင်းတစ်လက်


အအေးမိ၊ တုပ်ကွေး၊ ကိုယ်ပူ၊ ချောင်းဆိုး၊ ရင်ကျပ် ချွဲသလိပ်ကပ် စတာတွေကို ခံစားနေရသည့် ဝေဒနာရှင်များအတွက် ကိုယ်တိုင်ဖော်စပ်နိုင်ရန် သဘာဝ ဆေးနည်းကောင်းတစ်လက်ကို မျှဝေပေးလိုက်ပါတယ်။
ဆေးဖော်နည်း-
(၁) ကြက်သွန်ဖြူ ၅ ဇွန်းခန့်(ထမင်းစားဇွန်း) ရအောင် အနည်းငယ်မျှ ထောင်းပါ။
(၂) ချင်း(ဂျင်း) ကိုလည်း ၅ ဇွန်းခန့် ထောင်းပါ။ (မထောင်းပဲ ဓါးဖြင့် ခပ်သေးသေးဖြစ်အောင် တောက်တောက်စင်းလျှင်လည်း ရပါသည်)
(၃) ၄င်း (ဂျင်း၊ ကြက်သွန်ဖြူ) နှစ်မျိုးကို ရေ ၁၅ ဇွန်းခန့်ဖြင့် ထက်ဝက်ခန်းအောင် ကျိုလိုက်ပါ။
(၄) အဖတ်များကို ဖယ်၍ အရည်ကို ခဏမျှ အအေးခံထားပါ။
(၅) ၄င်းဂျင်းပြုတ်ရည်ထဲကို ပျားရည် (သဘာဝပျားရည်စစ်စစ်) ၅ ဇွန်းခန့် ထည့်ပါ။
(၆) Apple Cider Vinegar (ပန်းသီးအရည်) ကိုလည်း ရနိုင်ပါက ၅ ဇွန်းထည့်ပါ။ ( City Mark တို့လိုဆိုင်တွေမှာ ၀ယ်ယူနိုင်ပါတယ်။ မပါရင်လည်း ကိစ္စမရှိပါ)
(၇) သံပုရာရည် (သို့မဟုတ်) ရှောက်ရည် ၅ ဇွန်းခန့် ထည့်၍ အ၀ကျယ်သော ပုလင်းထဲကို ထည့်ကာ အဖုံးလုံအောင် ပိတ်ထားပါ။

Vocabulary ( Human body )

Wednesday, February 10, 2016

ဗိုလ်ချုပ်ကို အရှုံးပေးလိုက်ရတဲ့ မောင့်ဘက်တန်



''ဖြစ်ပုံကဒီလိုဗျာ့။ ကျွန်တော်တို့ဖဆပလအဖွဲ့ကြီး မြေပေါ်ရောက်စအချိန်၊ အင်္ဂလိပ်အစိုးရ ပြန်အုပ်ချုပ်ချိန် ပေါ့ဗျာ။ ဖဆပလနဲ့ ကက်ဘိနက်အစိုးရ
နောင်ဂျိန်ချနေ တုန်းဆိုပါတော့။ အဲဒီအချိန်မှာ အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ်လူဝီမောင့်ဘက်တန် မြန်မာပြည်ကို လာတယ်ဗျာ။ ဒီတော့ရန်ကုန်မှာရှိတဲ့ မဟာမိတ်တပ်သားတွေစုပြီးဖွဲ့စည်း ထားတဲ့ 'အိစ်အင်ဝက်စ်ကလပ်'က ကန်တော်မိတ် သဘင် (ယခုအိုရီယင့်ကလပ်)
မှာဂုဏ်ပြုညစာစားပွဲတစ်ခုတည် ခင်းတယ်ခင်ဗျာ့။
''အဲဒီညစာစားပွဲမှာ ကျွန်တော်တို့ ဖဆပလခေါင်း ဆောင်ပိုင်း လေးငါးဆယ်ယောက်ကို ဖိတ်တယ်ခင်ဗျ။ မလွှဲသာလို့ ဖိတ်ရသလားမသိ ပါဘူးဗျာ။ ပေးထားတဲ့ နေရာတွေက ဗိုလ်ချုပ်အောင်ဆန်း ကိုတောင် မှချောင်  ထဲ နောက်ဆုံးတန်းမှာ နေရာပေးထားတယ်။ တိုတိုပြော ရမယ်ဆိုရင်တော့ဗျာ၊ အဲဒီထမင်းစားပွဲအပြီးမှာအင်္ဂလိပ် ထုံးစံအတိုင်း ဂုဏ်ပြုစကားထပြောကြတာပေါ့ဗျာ။

ဧရာဝတီ


ဧရာဝတီမြစ်အရှည် ၁၃၅၀ -မိုင်ဖြတ်သန်းရာ ဒေသ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းမြစ်လက်တက်များ တာပိန်မြစ်၊ မြစ်ငယ်မြစ်၊ ရွှေလီမြစ်၊ မူးမြစ်၊ ချင်းတွင်းမြစ်၊ရေဆင်းဧရိယာ ၁၅၈၇၀ဝ-စတုရန်းမိုင် (၄၁၁၀ဝ၀-စတုရန်း ကီလိုမီတာ)အဆုံးသတ်စီးဝင်ရာ မုတ္တမပင်လယ်၊ ကပ္ပလီပင်လယ်၊အင်္ဂလိပ်ဘာသာအားဖြင့် Irrawaddy သို့မဟုတ် Ayeyarwaddy ဟုခေါ်ဆိုသည့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံရှိ အကြီးဆုံးမြစ်ဖြစ်ပြီး မြန်မာပြည်၏ အဓိကသွေးကြောကြီးသဖွယ် မြစ်တစ်ခုလည်း ဖြစ်ပေသည်။ ဧရာဝတီ ဟူသောအမည်မှာ သင်္သကရိုက်ဘာသာမှ ဆင်းသက်လာသည်ဟု ယူဆရပြီး အဓိပ္ပါယ်မှာ ဆင်မြစ်ဖြစ်သည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ ဗဟိုချက်မနေရာများကို ဖြတ်သန်း စီးဆင်းသွားသည်။ မြစ်ဝှမ်းသည် (၄၁၃, ၆၇၄) စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး၊ မြန်မာနိုင်ငံ စုစုပေါင်းအကျယ်အဝန်း၏ (၆၁) ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။ ဧရာဝတီမြစ်သည် မြစ်ကြောင်းအလျား(၂, ၁၇ဝ) ကီလိုမီတာနီးပါး ရှည်လျှားပြီး၊ တိုင်းပြည်၏ အရေးအကြီးဆုံးကူးသန်းရောင်းဝယ်ရေး ရေကြောင်းလမ်းလည်း ဖြစ်သည်။