Saturday, August 25, 2018

ေမဒကၤရဗုဒၶဝင္


Unicode Version

တဏှင်္ကရာဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ဘုရားလေးဆူ ပွင့်တော်မူရာ ထိုသာရမဏ္ဍ ကမ္ဘာ၌ပင် လူတို့၏အသက်တမ်း အနှစ်တစ်သိန်း တမ်းမှ တဖြည်းဖြည်း ဆုတ်ယုတ်၍ ဆယ်နှစ် သက်တမ်းသို့ရောက်ပြီး ထိုမှတစ်ဖန်တိုးတက်ပြန်ကာ အသချေၤယျတမ်း၊ ထိုအသချေၤယျတမ်းမှ တစ်ဖန် ဆုတ်ယုတ်ပြန်ရာ အနှစ်ကိုးသောင်း တမ်းသို့ရောက်လေလျှင် မေဓင်္ကရာ ဘုရားရှင်ပွင့်တော် မူသည်။

မေဓင်္ကရာဘုရား အလောင်းတော် ဖွားမြင်တော်မူခြင်း

မေဓင်္ကရာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့် တော်မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ဓမ္မတာအတိုင်း တုသိတာ နတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့စံနေ တော် မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော်နတ်သားအား ဘုံသုံးပါးတွင် ဘုရားဖြစ်ရန် အချိန်တန်ပြီ ဖြစ်၍ လ့ူပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေနေတော်မူပါရန်တောင်းပန်ခဲ့ကြ ကုန်၏။ အလောင်း တော်သည် နတ်ဗြဟ္မာတို့ တောင်းပန်မှုကို လက်ခံတော် မူပြီးနောက် တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည် ယဃရမြို့တော် သုဒေ၀ မင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ ယသောဓရာ မိဖုရားခေါင်ကြီး၏ သန့်ရှင်း သိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေစံပျော် ကိန်းအောင်းတော် မူခဲ့သည်။ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ မယ်တော်မိဖုရားကြီးသည် အလောင်းတော် ကို မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။ အလောင်းတော်ကို ပဋိသန္ဓေနေတော်မူ သောအခါ၊ ဖွားမြင်တော်မူသော အခါတို့၌ ပုဗ္ဗနိမိတ်ကြီးများ ထင်ခဲ့သည့်အပြင် အလောင်းတော် ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့်အတိုင်း အံ့သြဖွယ်ရာများ ဖြစ်ပေါ်ခဲ့ကြကုန်၏။

ထီးနန်းစိုးစံတော်မူခြင်း

အလောင်းတော် မေဓင်္ကရာမင်းသားသည် အရွယ်ရောက်သောအခါ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့၍ ကြင်ရာတော် ရံရွေတော်တို့၏ ဖျော်ဖြေလုပ်ကျွေးမှုကိုခံယူကာ နှစ်ပေါင်း အနှစ်ရှစ်ထောင်တို့ ကာလ ပတ်လုံး မင်းစည်းစိမ်ကို ခံစားတော်မူခဲ့သည်။

ဘုရားဖြစ်တော်မူခြင်း

ဘုရားအလောင်းတော် မေဓင်္ကရာ မင်းသားသည် ထိုသို့ မင်းစည်းစိမ်ကို ခံစားနေတော်မူစဉ် နတ်တို့ ဖန်ဆင်း ပြသခဲ့သော သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါး တို့ကို မြင်တော်မူခဲ့၍ ကြီးစွာသော သံဝေဂ ဖြစ်ကာတောထွက်ရဟန်း ပြုတော်မူခဲ့သည်။ ဒုက္ကရစရိယာခေါ် လူသာမန်တို့ ကျင့်နိုင်ခဲသော မြတ်သော အကျင့် တော်မြတ်ကို လခွဲ ကျင့်တော်မူပြီးနောက် မဟာဗောဓိမဏ္ဍိုင်သို့ ကြွတော်မူကာ မဟာဗောဓိ ပေါက်ပင်ရင်း အပရာဇိတပလ’င်တော်၌သဗ္ဗညုတ ဉာဏ်တော်ကို ရ တော်မူ၍ ဘုံသုံးပါး၌ ဘုရား စင်စစ် ဖြစ်တော်မူခဲ့သည်။

ဂေါတမဘုရား အလောင်းတော် ဘုရားဆုပန်ခြင်း

ဂေါတမဘုရားအလောင်းတော်သည် မေဓင်္ကရာဘုရားရှင်ကို ဖူးတွေ့ခဲ့ရပြီး ထိုဘုရားရှင်အထံတော်၌ လွန်လွန်ကဲကဲဖြစ်သော ကုသိုလ်ကောင်းမှုကို ပြု၍ ဘုရားဖြစ်ရန် ဆုပန်ခဲ့သည်။ သို့သော် မေဓင်္ကရာဘုရားရှင်ကလည်း ဧကန်ဘုရားဖြစ်ရန် နိယတ ဗျာဒိတ်ကို ပေးတော်မမူခဲ့။ ဂေါတမဘုရား အလောင်းတော်သည် မေဓင်္ကရာ ဘုရားရှင်ထံ၌နိယတဗျာဒိတ်ကို ရတော် မမူဘဲ၊ ထိုဘဝမှ စုတေသော် နတ်ပြည်၌ ဖြစ်ခဲ့လေသည်။

မေဓင်္ကရာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

မေဓင်္ကရာဘုရားရှင်သည် လူတို့၏ အသက်တမ်း၊ အနှစ်ကိုးသောင်းတမ်း၌ ပွင့်တော်မူခဲ့၏။ ထိုအနှစ်ကိုးသောင်း အာယုကပ်ပတ်လုံး တည်နေတော်မူ၍ သတ္တဝါတို့ကို သံသရာဝဲ စလုတ်မှ ကယ်ထုတ်တော်မူခဲ့၏။ ဘုရားရှင်မှန် သမျှ ပြုလုပ်မြဲဖြစ်သော ဘုရားကိစ၊္စ ဘုရားရှင်တစ်ပါး ဆောင်ရွက်ရသည့် လုပ်ငန်းအဖြာဖြာတို့ကို ဆောင်ရွက်တော်မူကာ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့လေ သည်။

ချစ်သူကို

Zawgyi Version

တဏွကၤရာဘုရားရွင္ ပရိနိဗၺာန္စံလြန္ေတာ္မူၿပီးေနာက္ ဘုရားေလးဆူ ပြင့္ေတာ္မူရာ ထိုသာရမ႑ ကမၻာ၌ပင္ လူတို႔၏အသက္တမ္း အႏွစ္တစ္သိန္း တမ္းမွ တျဖည္းျဖည္း ဆုတ္ယုတ္၍ ဆယ္ႏွစ္ သက္တမ္းသို႔ေရာက္ၿပီး ထိုမွတစ္ဖန္တိုးတက္ျပန္ကာ အသေခ်ၤယ်တမ္း၊ ထိုအသေခ်ၤယ်တမ္းမွ တစ္ဖန္ ဆုတ္ယုတ္ျပန္ရာ အႏွစ္ကိုးေသာင္း တမ္းသို႔ေရာက္ေလလွ်င္ ေမဓကၤရာ ဘုရားရွင္ပြင့္ေတာ္ မူသည္။

ေမဓကၤရာဘုရား အေလာင္းေတာ္ ဖြားျမင္ေတာ္မူျခင္း
ေမဓကၤရာဘုရား အေလာင္းေတာ္သည္ ပါရမီေတာ္တို႔ကို ျဖည့္က်င့္ ေတာ္မူၿပီးသည္၏ အဆံုး၌ အေလာင္းေတာ္တို႔၏ဓမၼတာအတိုင္း တုသိတာ နတ္ျပည္၌ စံေနေတာ္မူခဲ့သည္။ ထိုသို႔စံေန ေတာ္ မူစဥ္ နတ္ျဗဟၼာတို႔က အေလာင္းေတာ္နတ္သားအား ဘံုသံုးပါးတြင္ ဘုရားျဖစ္ရန္ အခ်ိန္တန္ၿပီ ျဖစ္၍ လ႔ူျပည္သို႔ ဆင္းသက္ကာ ပဋိသေႏၶေနေတာ္မူပါရန္ေတာင္းပန္ခဲ့ၾက ကုန္၏။ အေလာင္း ေတာ္သည္ နတ္ျဗဟၼာတို႔ ေတာင္းပန္မႈကို လက္ခံေတာ္ မူၿပီးေနာက္ တုသိတာနတ္ျပည္မွ စုေတ၍ လူ႔ျပည္ ယဃရၿမဳိ႕ေတာ္ သုေဒ၀ မင္းႀကီး၏ ေတာင္ညာစံေဒ၀ီ အဂၢမေဟသီ ယေသာဓရာ မိဖုရားေခါင္ႀကီး၏ သန္႔ရွင္း သိုက္ၿမိဳက္ ၀မ္းၾကာတိုက္၌ ပဋိသေႏၶ စြဲေနစံေပ်ာ္ ကိန္းေအာင္းေတာ္ မူခဲ့သည္။ ဆယ္လေစ့ေျမာက္ အခ်ိန္ေရာက္ေသာအခါ မယ္ေတာ္မိဖုရားႀကီးသည္ အေလာင္းေတာ္ ကို မီး႐ွဴးသန္႔စင္ ဖြားျမင္ေတာ္မူခဲ့သည္။ အေလာင္းေတာ္ကို ပဋိသေႏၶေနေတာ္မူ ေသာအခါ၊ ဖြားျမင္ေတာ္မူေသာ အခါတို႔၌ ပုဗၺနိမိတ္ႀကီးမ်ား ထင္ခဲ့သည့္အျပင္ အေလာင္းေတာ္ ဟူသမွ်တို႔၌ ျဖစ္ေပၚေလ့ရွိသည့္အတိုင္း အ့ံၾသဖြယ္ရာမ်ား ျဖစ္ေပၚခဲ့ၾကကုန္၏။
ထီးနန္းစိုးစံေတာ္မူျခင္း
အေလာင္းေတာ္ ေမဓကၤရာမင္းသားသည္ အရြယ္ေရာက္ေသာအခါ နန္းရပ္ထီးျဖဴ စိုးစံေတာ္မူခဲ့၍ ၾကင္ရာေတာ္ ရံေရြေတာ္တို႔၏ ေဖ်ာ္ေျဖလုပ္ေကြၽးမႈကိုခံယူကာ ႏွစ္ေပါင္း အႏွစ္ရွစ္ေထာင္တို႔ ကာလ ပတ္လံုး မင္းစည္းစိမ္ကို ခံစားေတာ္မူခဲ့သည္။
ဘုရားျဖစ္ေတာ္မူျခင္း
ဘုရားအေလာင္းေတာ္ ေမဓကၤရာ မင္းသားသည္ ထိုသို႔ မင္းစည္းစိမ္ကို ခံစားေနေတာ္မူစဥ္ နတ္တို႔ ဖန္ဆင္း ျပသခဲ့ေသာ သူအို၊ သူနာ၊ သူေသ၊ ရဟန္း ဟူေသာ နိမိတ္ႀကီးေလးပါး တို႔ကို ျမင္ေတာ္မူခဲ့၍ ႀကီးစြာေသာ သံေ၀ဂ ျဖစ္ကာေတာထြက္ရဟန္း ျပဳေတာ္မူခဲ့သည္။ ဒုကၠရစရိယာေခၚ လူသာမန္တို႔ က်င့္ႏိုင္ခဲေသာ ျမတ္ေသာ အက်င့္ ေတာ္ျမတ္ကို လခြဲ က်င့္ေတာ္မူၿပီးေနာက္ မဟာေဗာဓိမ႑ိဳင္သို႔ ၾကြေတာ္မူကာ မဟာေဗာဓိ ေပါက္ပင္ရင္း အပရာဇိတပလ’င္ေတာ္၌သဗၺညဳတ ဥာဏ္ေတာ္ကို ရ ေတာ္မူ၍ ဘံုသံုးပါး၌ ဘုရား စင္စစ္ ျဖစ္ေတာ္မူခဲ့သည္။
ေဂါတမဘုရား အေလာင္းေတာ္ ဘုရားဆုပန္ျခင္း
ေဂါတမဘုရားအေလာင္းေတာ္သည္ ေမဓကၤရာဘုရားရွင္ကို ဖူးေတြ႕ခဲ့ရၿပီး ထိုဘုရားရွင္အထံေတာ္၌ လြန္လြန္ကဲကဲျဖစ္ေသာ ကုသိုလ္ေကာင္းမႈကို ျပဳ၍ ဘုရားျဖစ္ရန္ ဆုပန္ခဲ့သည္။ သို႔ေသာ္ ေမဓကၤရာဘုရားရွင္ကလည္း ဧကန္ဘုရားျဖစ္ရန္ နိယတ ဗ်ာဒိတ္ကို ေပးေတာ္မမူခဲ့။ ေဂါတမဘုရား အေလာင္းေတာ္သည္ ေမဓကၤရာ ဘုရားရွင္ထံ၌နိယတဗ်ာဒိတ္ကို ရေတာ္ မမူဘဲ၊ ထိုဘ၀မွ စုေတေသာ္ နတ္ျပည္၌ ျဖစ္ခဲ့ေလသည္။
ေမဓကၤရာဘုရားရွင္ ပရိနိဗၺာန္စံ၀င္ေတာ္မူျခင္း
ေမဓကၤရာဘုရားရွင္သည္ လူတို႔၏ အသက္တမ္း၊ အႏွစ္ကိုးေသာင္းတမ္း၌ ပြင့္ေတာ္မူခဲ့၏။ ထိုအႏွစ္ကိုးေသာင္း အာယုကပ္ပတ္လံုး တည္ေနေတာ္မူ၍ သတၱ၀ါတို႔ကို သံသရာ၀ဲ စလုတ္မွ ကယ္ထုတ္ေတာ္မူခဲ့၏။ ဘုရားရွင္မွန္ သမွ် ျပဳလုပ္ျမဲျဖစ္ေသာ ဘုရားကိစ၊ၥ ဘုရားရွင္တစ္ပါး ေဆာင္ရြက္ရသည့္ လုပ္ငန္းအျဖာျဖာတို႔ကို ေဆာင္ရြက္ေတာ္မူကာ ပရိနိဗၺာန္စံ၀င္ေတာ္မူခဲ့ေလ သည္။


ခ်စ္သူကို