Thursday, January 14, 2016

ဘယ်ဖက်လက်သူကြွယ်မှာဘာ့ကြောင့်လက်ထပ်လက်စွပ်ဝတ်သလဲ

ယနေ့ခေတ်လူတော်တော်များများနဲ့ လူငယ်အများစု မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတိုင်းမှာလက်ထပ် လက်စွပ်ကို ဘယ်ဖက် လက်သူကြွယ် မှာ ၀တ်ဆင်ကြပါတယ်
ဒါပေမယ့် ဘာဖြစ်လို့ အဲ့လက်မှာ ၀တ်ဆင်ကြလဲ ? ဘယ်ရိုးရာယဉ်ကျေးမှုကဆင်းသက်လာသလဲ ? ဆိုတဲ့ မေးခွန်းတွေ ရှိနေကြပါတယ်…….
အဲ့ဒီ့ အယူအဆ က လုတွေရဲ့  ခန္မာကိုယ်မှာ သွေးလည်ပတ်မှုစနစ် ဟာ အမှန်တကယ်လည်ပတ်လှုပ်
ရှားနေတာကို စတင်တွေ့ ရှိခဲ့ခြင်းက စတင်ခဲ့တယ်…

ကောသလအိပ်မက်(၁၆)ချက်အမေးအဖြေ


 မေး-(၁)။ နွားနက် ၄ ကောင်က ဝှေ့ကြမယ်ဆိုပြီး အရပ်လေးမျက်နှာက မင်းရင်ပြင်ကိုလာကာ နွားဝှေ့ပွဲကို
ကြည့်ကြမယ်လို့ လူအများ စုဝေးလာကြတဲ့အခါဝှေ့မယ်ဟန်ပြပြီး အော်ဟစ်ကြုံးဝါးကာ မဝှေ့ဘဲသာ
ပြန်သွားကြတယ်။
 ဖြေ-(၁)။နောင်အခါမှာ တရားမရှိတဲ့ မင်းဆင်းရဲတွေနဲ့ တရားမရှိတဲ့ လူတွေရဲ့လက်ထက်မှာ၊လောက
ပြောင်းပြန်ဖြစ်တဲ့အခါမှာ၊ ကုသိုလ်နည်းပြီး အကုသိုလ်များတဲ့အခါမှာ၊ လောက ပျက်စီး ဆုတ်ယုတ်တဲ့အခါမှာ မိုးက ကောင်းကောင်း မရွာဖြစ်လိမ့်မယ်။
မိုးအခြေတွေ ပြတ်လိမ့်မယ်။ ကောက်ပင်တွေ ညှိုးလိမ့်မယ်။ အစားအစာ ရှားပါးလိမ့်မယ်။ မိုးရွာချင်သလိုလိုနဲ့အရပ်လေး မျက်နှာက မိုးတိမ်တွေ တက်လာကာ မိန်းမတွေက နေပူမှာ ဖြန့်လှန်းထားတဲ့ ကောက်စပါးစသည် မိုးစိုမှာ စိုးလို့ အတွင်းကိုသွင်းပြီးတဲ့အခါ၊ယောက်ျားတွေက ပေါက်ပြား၊ခြင်းတောင်းတွေကို လက်နဲ့ကိုင်ယူပြီး
ကန်သင်းတုတ်ဖို့ ထွက်ကြတဲ့အခါ ရွာမယ့်ဟန်ပြပြီး ထစ်ချုံးကာ လျှပ်လက်ပြီး မရွာဘဲသာ ပြေးကြလိမ့်မယ်။

အလုပ်မှာလူငယ်တွေကိုနေရာပေးပါ


လူငယ်တွေဟာ နောင်တစ်ချိန် လူကြီး ဖြစ်လာမှာ အသေအချာပါ။ လူငယ်တွေ အလုပ်ခွင်ထဲမှာ များများ ရှိနေပါစေ။ လူငယ်တွေ လမ်းမပေါ်မှာ လေလွှင့်နေတာ နည်းပါစေ။ ဒါကြောင့် မိမိဟာ လုပ်ငန်း ပိုင်ရှင် တစ်ယောက်ဆိုရင် မိမိ အတွက် သော်လည်းကောင်း နိုင်ငံ့ အတွက် သော်လည်းကောင်း ပတ်ဝန်းကျင် အတွက် သော်လည်းကောင်း လူငယ်တွေကို အလုပ်မှာ နေရာတွေ ပေးပေးပါ။
၁။ ရှေ့ကို မျှော်တွေးပါ
လူငယ်တွေကို မြေတောင်မြှေက်ပေးလိုက်လို့ မိမိ လုပ်ငန်းခွင်မှာ ထိခိုက် ဆုံးရူံးမူတွေ ရှိချင် ရှိနေလိမ့်မယ် သို့သော် နောင်တစ်ချိန် သူတို့တွေရဲ့ မိမိ လုပ်ငန်း အပါ် ဘယ်လောက် တိုးတက်အောင် လုပ်နိုင်သလဲ ဆိုတာကို မျှော်တွေးပါ။
၂။ အမှား လုပ်မိတိုင်း အမှန်ကို ပြောပြပါ
လူငယ်တွေဟာ လုပ်ငန်း အတွေ့အကြုံ နည်းလို့ အမှားတွေ ခဏခဏ လုပ်မိချင် လုပ်မိလိမ့်မယ်။ သို့သော် အလုပ်ထုတ်တာထက် အမှန်ကို ပြောပြပေးပြီး သူ့ကို ပြောင်းလဲပေးပါ။

ဝဋ်


တခါက အလွန် ကြမ်းတမ်း ရက်စက်သော ဘုရင် တပါး ရှိရာ တိုင်းသူ ပြည်သားများနှင့် မှူးကြီး မတ်ကြီးများက မနှစ်သက်ကြသော်လည်း ကြောက်ရွံ့ သောကြောင့် ပြန်လှန် ပြောဆိုရန် မရဲကြပေ။ ထိုအထဲတွင် စိတ်ထား မကောင်းသော အမတ်ကြီး တပါးလည်း ပါဝင်သည်။
တနေ့သော် ဘုရင်ကြီးက တတိုင်းပြည်လုံးကို အံ့ဩသွားစေနိုင်မည့် အမိန့် တစ်ခုကို ထုတ်ပြန်လိုက်သည်။ ငါ၏ တိုင်းပြည် အဝှမ်းတွင် မည်သည့် ကြမ်းတမ်း ရက်စက်ခြင်း၊ တရား မမျှတခြင်း မရှိစေရ ဟူ၍ဖြစ်သည်။
ဤအမိန့် ထုတ်ပြီးကတည်းက ရှင်ဘုရင်ကြီး ကိုယ်တိုင်လည်း သူ၏ စကားအတိုင်း တိုင်းပြည်ကို မေတ္တာ အပြည့်အဝထားပြီး တော်တည့် မှန်ကန်စွာ အုပ်ချုပ်သဖြင့် နဂိုက တင်ရှိခဲ့သည်

သင်မသိသေးသောအကြောင်းအရာများ


ကတ်သီးကတ်သတ်နိုင်ပေမယ့် အရာတွေ ဆိုပေမယ့် အမှန်တကယ်ဖြစ်နေတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေကို သင်မသိသေးဘူးဆိုတာကလည်း အသေအချာပါပဲ။ အဲ့ဒါတွေကတော့
(၁) The Great Pyramid ကြီး တည်ဆောက်စဉ်တုန်းက ယခု မျိုးသုန်းသွားကြပြီဖြစ်တဲ့ အမွေးရှည်ဧရာမဆင်ကြီး (mammonths)တွေ အသက်ရှင်နေသေးတာ ဖြစ်တယ်။
(၂) ခရီးဆောင်လက်ဆွဲသေတ္တာမှာ ဘီးလေးတွေ တပ်ဖို့ အကြံမရခင် လကမ္ဘာပေါ် ကျွနု်ပ်တို့ ခရီးသွားနေခဲ့ပါပြီ။
(၃) အခန်းတစ်ခုမှာ လူ ၂၃ ယောက်ရှိမယ်ဆိုရင် သူတို့အနက် နှစ်ယောက်မှာ တစ်ရက်တည်း မွေးဖွားနိုင်ခြေ ၅၀% ရှိတယ်။