ကရင်လူမျိုးနှင့်ဖားစည်
ကရင်အမျိုးသားအပေါင်းတို့ သည် ဖားစည်ကို
အမျိုးသားယဉ်ကျေးမှုအထိမ်းအမှတအနေဖြင့်အထဋ့် အမြတ်ထားပြီး လေး
စားတန်ဖိုးထားကြပါတယ်။ စည်ရဲ့မျက်နှာပြင်ပေါ်မှာ ဖားရုပ်တွေရှိတဲ့အတွက်
မြန်မာတွေက ဖားစည်လို့  ခေါ်ခြင်းဖြစ်ပါတယ်။အရှေ့ ပိုးကရင်ဘာသာစကားဖြင့်
က္လေါဟ် (ကလူး) လို့ ခေါ်ကြပါတယ်။အဓိပာယ်ဖွင့်ဆိုရလျှင်
အလေးထားဏီးညွတ်ခြင်းမြတ်နိုးတန်ဖိုးထားခြင်း
နှင့်အလေးအနက်လေးစားလိုက်နာခြင်းလို့  အဓိပာယ် ဆောင်ပါတယ်။
ရှေးကရင်တို
့သည် တောတောင်အတွင်း ရွာတည်ပီးနေထိုင်ကြသည်မှာ တစ်အိမ်နှင့်တအိမ် တစ်ရွာ
နှင့်တစ်ရွာ အလှမ်းဝေးကွာလှပါသည်။ ရွာသူရွာသားများ စုဝေးစေချင်သည့်အခါ
ဖားစည်ကို အား ရိုးရိုးတီးခတ်ပေးပြီး စုရုံးကြပါသည်။
အရေးကြီးသည့်ကိစ္စပေါ်လာသည့် အချိန်တွင်ဖြစ်စေ၊ရန်သူဘေးနှင့်ကြုံတွေ
့ရသည့်အချိန်တွင်ဖြစ်စေဖားစည်ကို အမှတ်အသားဖြင့် တီးခတ်ကြပြီး
လူစုကြပါသည်။ရွာသူရွာသားများက အချက်ပေးသံအမှတ်အသားနှင့်
တီးခတ်သံကိုနားထောင်ပြီး ကိစ္စ၏အကြောင်းရင်းကို နားလည်သဘောပေါက်ကြသည်။
တခါတရံ ရွာတွင် ရောဂါဘယထူပြောသည့်အခါ အဓိဌာန်ဖြင့် ဖားစည်ကိုတီးခတ်ပြီး
ရွာကို ပတ်ကြသည်။ မကောင်းဆိုးဝါးများကိုနှင်ထုတ်ကြသည်။
ဖားစည်၏စူစူးရှရှမြည်ဟိန်းသည့်အသံသည် မကောင်းဆိုးဝါးများထွက်ပြေးပြီး
ရောဂါဘယတို့ ကိုပျောက်ကင်းစေနိုင်သည်ဟု ရှေးယခင်က ကရင်လူကြီးများသည်
ယုံကြည်သည့်အတိုင်းလုပ်ဆောင်ကြပါသည်။ ဖားစည်သည်အထဋ်အမြတ်ထားရသော
ပစ္စည်းဖြစ်သောကြောင့် အတိတ်နိမိတ်များလည်းပြတတ်ပါသည်။ ဖားစည်မှ
ထွက်ပေါ်လာသည့်အသံအား နားထောင်ပြီး အတိတ်နိမိတ်ကောက်တတ်၊နားလည်သော
လူကြီးများကပြောပြသည့်အခါ ရွာသူရွာသာူးများက လုပ်ဆောင်စရာရှိသည်များကို
ချက်ချင်းလုပ်ဆောင်ကြခြင်း၊ပူဇော်ကြခြင်း တို
့ပြုလုပ်ကြပါသည်။တခါတရံတွင်ဖားစည်မျက်နှာပြင်မှ အရည်များထွက်ကျ ယိုစီးလေ
့ရှိတတ်ပါသည်။ ထိုသို့ြုဖစ်ခြင်းကိုဖားစည်ငိုသည်၊
ဖားစည်မျက်ရည်ကျသည်၊မကောင်းသောနိမိတ်ဟုယူဆပြီး
ဖားသ်ာကိုပူဇော်ပသခြင်းပြုကြပါသည်။ထို့ အပြင် ဖားစည်ကိုမည်သူမျှမတီးဘဲနှင့်
အလိုလိုနေရင်း အသံမြည်သည်ကိုကြားရလျှင်လည်းမကောင်းသော အတိတ်နိမိတ်ပင်။
ရွာအတွင်းဒုက္ခ ရောက်တော့ မည်ဟု ယူဆကြပြီး ဖားစည်ကို ပူဇော်ပသကြရပြန်ပါသည်။
ကရင်လူမျိုးများသည် စည်ကို ဖားရုပ်များဖြင့် အဘယ်ကြောင့် ပုံသွင်း
သွန်းလုပ်ကြရပါသနည်း? အကြောင်းစုံ ဆိုရသော်... ကရင်လူမျိုများသည်
ဖားပြုတ်အား နှစ်လိုဖွယ် သတ္တဝါအဖြစ် အသိအမှတ်ပြုကြပါသည်။ ဖားပြုတ်ဟူသည်
သူတပါးအား ရန်မူလေ့ မရှိ ၊
ရန်ငြိမ်းသည့်သတ္တဝါဖြစ်ပြီးမိမိအားမခံမရပ်နိင်အေင်ရန်မူလာသည့် အခါမှသာလျှင်
ရန်ပြုလာသည့်ထိုသတ္တဝါအား ၄င်း၏အရေခွံ မှထွက်လာသည့်အဆိတ်စေးများဖြင့်
ပြန်လည်ခုခံ တိုက်ခိုက်လေ့ ရှိသောသဘောရှိ ပါသည်။ဖားပြုတ်တို့ ၏မူလဗီဇ သဘာဝ
စိတ်နေစိတ်ထားမှာ ရောင့်ရဲ
တင်းတိမ်တတ်ခြင်း၊အေးဆေးစွာနေလိုကြခြင်း၊ရိုးသားမှု ရှိပြီး အရေးကြုံလာပါက
ရဲရင့်စောစိတ်၊သတ္တိထူးများရှိခြင်း၊ ခံနိုင်ရည်ရှိခြင်းတို
့ပင်ဖြစ်ပါသည်။ထို အရည်အချင်းမျးကိ မှီပြုကာ -ကရင်လူမျိုးများ၏
ရိုးသားဖြူစင်သောစိတ်သဘောထား၊အေးချမ်း စွာနေထိုင် တတ်သောစရိုက် တို
့ကိုနှိုင်းယှဉ် ထားကြောင်းလေ့ လာ မှတ်သားခဲ့ရပါသည်။ ဖားအမျိုးမျိုးတွင်
ဖားပြုတ်မသည် တန်ခိုးထက်ပြီး သစ္စာတည်သည်။ ဖားပြုတ်အော်လျှင်
မလွှဲမသွေမိုးရွာသည်။ဖားပြုတ်မတွင် ဥနှင့် ကလေးများကိုပြန်မစာချေ။ ဖာုးပုတ်၏
ဥနှင့် အရေခွံကိုစားမိလျှင်လည်း မူးဝေအော့ အန်ပြီး
သေဆုံးသွားနိုင်ပေသည်။သို့ သော် ဖားပြုတ်၏အရေခွံသည် ဆေးဘက်ဝင်၏
။ပွေး၊ဝဲ၊ယားနာနှင့် မီးလောင်ကွက်များဖြစ်လျှင်
ဖားပြုတ်၏်အရေခွံဖြင့်အုပ်ပေးလိုက်သောအခါ တခဏအချိန်တွင်ပင်
ပျောက်ကင်းသွားနိုင်သည်။ ဖားရုပ်ကလေးများဖြင့် သွန်းလုပ်ထားသော
ဖားစည်ကိုကား မည်သည်အချိန်တွင် ထုလုပ်အသုံးပြုခဲ့ကြသည်ကိုမူကား ယနေ့ တိုင်
တိတိကျကျမသိရသေးချေ။ ( နောင်တချိန်တွင်မျိုးဆက်သစ်များသုတေသနပြု
ဖော်ထုတ်နိုင်လျှင်ကောင်းပါသည်။)ဖားစည်နှင့်ပတ်သက်ပြီးအယူအဆအမျိုးမျိုးရှိကြသော်လည်း
ဖားစည်ကိုတန်းဖိုးထားကာ ကရင်လူမျိုးတို့ ၏ယဉ်ကျေးမှုအမွေအနှစ်တခုအဖြစ်
သတ်မှတ်ထားကြပါသည်။ (ထို့ ကြောင့်ဖားစည်အားထိပါးစော်ကား
ရေးသားပြောဆိုသူမည်သူမဆို ကျနော်တို့ လက်မခံနိုင်ကြပေ။)ကရင်လူမျိုးတို
့၏မူလအစ ပိုင်ဆိုင်ခဲ့သော တူရိယာ ပစ္စည်းတစ်ခုအနေဖြင့်လည်း
ကရင်တစ်မျိုးသားလုံးတညီတညွတ်တည်း အားလုံးလက်ခံထားကြပါသည်။
ရှေးခောတ်ကရင်လူမျိုးများသည် တစ်ချိန်က ကဝ လူမျိုးများနှင့်နေထိုင်ခဲ့စဉ်
ဖားစည်ကို သွန်းလောင်းသောအတတ်ပညာကိုရခဲ့သည်ဟုသိရသည်။ကရင်လူမျိုးတို့ ၏
တေး၊လင်္ကာ ၊သီချင်းများအရ လွန်ခဲ့သော နှစ်တစ်ထောင်ကျော် ကတည်းကပင်
ဖြစ်ကြောင်း လေ့လာသိရှိရပါသေးသည်။ရှေးက ဖားစည်ကိုသွန်းလုပ်သောအတတ်ပညာမှာ
အမျိုးသားရော အမျိုးသမီးပါသွန်းလုပ်နိုင်ကြောင်း
ဖားစည်အားခေါ်ဝေါ်သည့်အခေါ်ဝေါ် များမှာပင် လေ့လာသိရှိနိုင်ပါသည်။ယနေ့ ကာလတွင်
ကဝနှင့် ကရင်လူမျိုးတို့ သွန်းလုပ်ခဲ့သောဖားစည်(၇)မျိုးမှာ - (၁) က္လို
ယူမူး - မဲခေါင်မြစ် ဖျားတွင် နေထိုင်သည့် အမျိုးသမီးများ
သွန်းလုပ်ခဲ့သည့်ဖားစည်။ (၂) က္လိုမူ ခွါး - မဲခေါင်မြစ် ဖျားတွင်
နေထိုင်သည့် အမျိုးသားများ သွန်းလုပ်ခဲ့သည့်ဖားစည်။ (၃) က္လို ကဝါမူး - ကဝ
အမျိုးသမီးများသွန်းခဲ့သောဖားစည်။ (၄) က္လို ကဝါခွါ့ - ကဝ
အမျိုးသားများသွန်းခဲ့သောဖားစည်။ (၅) က္လူး ယှို့  ဝေမူး -
ပိုးကရင်အမျိုးသမီးများသွန်းလုပ်ခဲ့သောဖားစည်။ (၆) က္လူး ယှို့  ဝေခွါ့  -
ပိုးကရင်အမျိုးသားများသွန်းလုပ်ခဲ့သောဖားစည်။ (၇) က္လူး ယူ့ ကဝ်တယ်
-လွမ်းအောင်ဖန်သည့်ဖားစည် ဟူရ်ျဖြစ်ပါသည်။ ဖားစည်အားပဉ္စ လောဟာ ဟုခေါ်သော
ပစ္စည်း(၅) မျိုးတို့ ဖြင့် သွန်းလုပ်လေ့ ရှိပါသည်။ရွှေ၊ငွေ၊ကြေးနီ၊ခဲနှင့်
သတ္တု တို့ ကို အချိုးကျကျ မှန်ကန်စွာရောစပ်သွန်းလုပ်ပါမှ ဖားစည်၏သည်လည်း
အသံသာယယာ စူးရှ မှာဖြစ်ပါသည်။ ၄င်းအပြင် ဖားစည်၏ အသံသည် သုံးယူဇနာ
ထိပြေးသည် အဝေးကပင်ကြားနိုင်သည်ဟုဆိုထားသည်။ ဖားစည်များမှာမျက်နှာပြင်
ပိတ်ပြီး ဖင်ပိုင်းတို့ တွင် ဖွင့်ထားရသည်။ကိုယ်ထည်မှာ
ခပ်သွယ်သွယ်လေးသိမ်ပြီး ဖင်ပိုင်းတွင်
နည်းနည်းလေးစွင့်ကားသွားသည်။ဖားစည်၏မျက်နှာပြင်အလယ်တည့်တည့်တွင်
နေမင်းကြီး၏အလင်းရောင် သဏ္ဍန် ဖြာထွက်နေသော အသံလှိုင်း တို
့အားတုန်ခါနေသောအမှတ်အသား များပါရှိသည်။ရောင်ခြည်မှာ ၆စွယ်မှ ၁၂ သွယ်အထိ
ပါရှိပါသည်။တချို့ မှာ ၁၈ သွယ် အထိရှိ ပါသည်။ရောင်ခြည်ဖြာ သန်းနေသော
အပေါ်ဘက်နားတွင် စက်ဝိုင်းအရစ်များပါရှိပါသည်။ ထိုစက်ဝိုင်းအရစ်များမှာ ၆
ခုမှ ၉ ခုအထိရှိ ကြပါသည်။ စက်ဝိုင်းတစ်ခုနှင့်တစ်ခုကြားတွင် ငါးရုပ်
၊ငှက်ရုပ်၊ ပန်းပွင့်ရုပ်များဖြင့် သဘာဝ ကိုအမှီပြုဟန် ပုံဖော်ထားသည်။
ဖားစည် မျက်နှာပြင် ထောင့်စွန်းများတွင် ၄ နေရာတွင် အချိုးကျနစွာ
စီထားခြင်းကိုတွေ့ ရသည်။ဖားရုပ်များကို လက်ျာရစ် အနေအထားဖြင့်
တစ်ကောင်၏နောက်ကိုတစ်ကောင်လိုက်နေသော ပုံ သဏ္ဍန်ဖြင့်သရုက်ဖော်ထားကြောင်းတွေ
့မြင်ရမှာဖြစ်ပါသည်။ဖား တစ်ကောင်ထပ်၊နှစ်ကောင်ထပ်၊ သုံးကောင်ထပ်ဆိုပြီး ဖား
အမျိုးမျိုးရှိပါသည်။ ပထမတန်းစာဖားစည် မှာ အချက် ၇ ချက်
ဖြင့်စံထားကြပါသည်။ (၁) မျက်နှာပြင်တွင် ဖားရုပ်သုံးကောင်ထပ်ပြီး (
လေးမျက်နှာဆိုတော့  ဖား ၁၂ကောင်) ရှိပါသည်။ (၂) ဖားရုပ်များသည် လက်ျာ
ရစ်ပြီး တစ်ကောင်နှင့်တစ်ကောင် ရှေ့ သို့  မျက်နှာမူပြီး
နောက်မှလိုက်နေရပါမည်။ (၃) မျက်နှာပြင်၏ အကျယ်မှာ (လူကြီး)လက်သီးဆုပ်
(၆)ဆုပ်ရှိရပါမည်။ (၄) မျက်နှာပြင်၏အသံလှိုင်းများသည်၁၂သွယ်သော ရောင်ခြည်
ဖြာနေရပါမည်။ (၅) မျက်နှာပြင်ပိုင်းသည်အစိတ်အကျဲ မှန်ကန်ပြီး
အနည်းဆုံးစက်ဝိုင်း ၆ ခုရှိရပါမည်။ (၆) ဖားစည်ကိုယ်ထည် ၏ နရဂါးပေါက်သည်
ကိုယ်ထည်တွင်ဆင်သုံးကောင် ၊ခရုသုံးကောင်အရုပ်များရှိရပါမည်။ (၇)
ဖားစည်၏အသံသည် အေးမြမြနှင့် တလွင်လွင်စူးရှရပါမည်။ ဖားစည်တို့ တွင်
အဖိုနှင့်အမဟူရ်ျ လည်း ခွဲခြားထားပါသေးသည်။ဖားစည်အဖိုမှာ အထက်တွင်ဖော်ပြပါ
အချက် ၇ ချက်ဖြင့် ပြည့်စုံသည့်ဖားစည် ပင်ဖြစ်သည်။ ဖားစည်အမမှာ
ကိုယ်ထည်ပိုင်းပြတ်နေပြီး မျက်နှာပြင်တွင်
ဖားရုပ်တစ်ကောင်တည်းသာရှိတတ်ပါသည်။ ခါးပိုင်းနှင့် ကိုယ်ထည်တွင် လည်း
ဆင်ရုပ်နှင့် ခရုရုပ်မှာတစ်ကောင်တည်းသာဖြစ်ပါသည်။၎င်းအပြင် အသံမှာလည်း
တလွင်လွင် စူးရှမှု မရှိဟုလည်း ဆိုထားသည်။ဖားစည်အဖိုကိုမူ
ရိုးရိုးတီးခတ်ခြင်းသာမက စစ်ထွက်ရာတွင်လည်း တီးခတ်ကြကြောင်းသိရသည်။
ဖားစည်တွင် မင်္ဂလာဖားစည်နှင့် အမင်္ဂလာဖားစည်ဟူရ်ျလည်း ခွဲခြားထားပါသေးသည်။
မင်္ဂလာဖားစည်သည် ဖား၏ကြန်အင်လက္ခဏာနှင့်ပြည့်စုံသော ဖားစည်ဖြစ်သည်။
ဖားစည်ပေါ်ရှိဖားတို့ မှာ တစ်ကောင်နှင့်တစ်ကောင်ကျောပိုးကြလျှက်
တစ်ဖွဲ့နောက်တစ်လိုက်ကြလျှက် စည်းလုံးမှုညီညွတ်မှုကိုပြသ
လျှက်ရှိသည်။မင်္ဂလာရှိသော နေ့ ထူးနေ့ မြတ်များဖြစ်ကြသည့် ကောက်သစ်စားပွဲ
၊အိမ်သစ်တက်ပွဲ ၊ နှစ်သစ်ကူးပွဲတော်၊ထိမ်းမြားမင်္ဂလာပွဲ
၊စစ်အောင်နိုင်ပွဲများတွင် အထိမ်းအမှတ်အဖြစ် တီးခတ်ကြပါသည်။
အမင်္ဂလာဖားစည်၏ဖားရုပ်များသည် မျက်နှာချင်းဆိုင်ရန်စောင်နေသည့် ပုံဖြစ်ပြီး
သွေးကွဲနေသည့်ပုံကိုဆောင်ပါသည်။၎င်းဖားစည်ကိုကား - အသုဘကိစ္စ၊ အရိုးကောက်ပွဲ
၊ရွာနှင်ဒဏ် ပေးသည့်အခါများတွင် တီးခတ်ကြသည်။ (ရှေူးအခါက
ကရင်လူမျိုးမျိုးများတွင်လူမှုရေးအကျင့်သီလဖောက်ပြန်ခဲ့ပါက
ရွာကိုကြီးမားစွာထိခိုက်စေသည်ဟုအယူရှိပြီးလူမှုရေးဖောက်ပြန်ကျူးလွန်သူအား
ရွာနှင်ဒဏ်ပေးကြပါသည်။) မင်္ဂလာဖားစည်ကို ဖားစည်အေးဟုခေါ်ပြီး
အမင်္ဂလာဖားစည်ကိုမူ ဖားစည်ပူဟုသတ်မှတ်ခေါ်တွင်ကြသည်။ ရွှေဖားစည်
၊ငွေဖားစည်များလည်းရှိပါသေးသည်။ ရွှေဖားစည်ဟုခေါ်ဆိုသော်လည်း ရွှေ ချည်းသက်သက်
သွန်းလုပ်ထားခြင်းမဟုတ်ပါ။ အသံလှိုင်းအတွက် အရစ်ဖော်ရာတွင်
အရစ်စက်ဝိုင်းကို ရွှေဖြင့်ဖော်ထားခြင်း ၊ငွေဖြင့်ဖော်ထားခြင်းကြောင့်
ရွှေဖားစည်ငွေဖားစည်ဟု ခေါ်ဆိုကြခြင်းဖြစ်ပါသည်။ယခုခောတ်တွင်မူ သိပ်မတွေ
့ရတော့ ပေ။ ဖားစည်အားတီးခတ်ပုံ ဖားစည်ကို တီးခတ်မည်ဆိုလျှင်
လက်နှစ်ဖက်လုံးကိုအသုံးပြုပြီး တီးခတ်ရပါသည်။ ညာဘက်လက်ဖြင့် ဖားစည်၏
မျက်နှာပြင်ကိုထုပြီး ဘယ်ဘက်လက်ဖြင့်တုတ် ပါးပါးလေးတစ်ချောင်း(သို့ ) နှီး
စည်းဖြင့်ဖြစ်စေ ဖားစည်ထဲသို့ 
လျှိုသွင်းရ်ျတီးခတ်ရပါသည်။ဖားစည်ကိုတီးခတ်သည့်အခါ နည်းလမ်းမှန်ဖြင့်
မတီးခတ်လျှင် လူကိုထိခိုက်စေနိုင်သည်ဟု အယူအဆလည်းရှိပါသည်။
ဖားစည်ကိုအကြောင်းမဲ့မည်သူမျှ မတီးခတ်ရ ဟုလည်း
တားမြစ်ထားကြသည်။ဖားစည်ကိုအဓိကထားပြီး လင်းကွင်း ၊နှဲ ၊ မောင်း၊ အိုးစည်တို
့ဖြင့် တွဲဖက်ရ်ျ တီးခတ်ခြင်းလည်းရှိပါသည်။ ဖားစည်ကို ရိုးရာအမွေအနှစ်
အထိမ်းအမှတ် အနေဖြင့် ကျန်ုပ်တို့  ဆက်လက်ပြီးထိမ်းသိမ်းရပေမည်။ကရင်ပြည်
၊ဖားအံမြို့ ၊ အထင်ကရနေရာဖြစ်သည့် ဗိုလ်ချုပ်လမ်းဆုံရှိရှိ
ကျောက်တိုင်ထိပ်တွင် ဖားစည်ရုပ်ထုကို လေးစားတန်းဖိုးထားစွာဖြင့်
ထုလုပ်ထားသည်သညမက ရန်ကုန်မြို့  တိုင်းရင်းသားရွာရှိ ကရင်ရွာ တွင်လည်း
ဖားစည်ရုပ်ထုဖြင့်အိမ်ရှေ့ ပန်းခြံအတွင်း အထွဋ်အမြတ်ထားကာပြုလ်ုထားသလို
အိမ်ဘေးတွင်လည်း ဖားစည်ပုံ
ကြီးကြီးဖြင့်ဝမ်းဗိုက်အတွင်းကရင့်ရိုးရာအဝတ်အထည်များ ရောင်းချရာဆိုင် ခန်း
ပြုလုပ်ထားသည်မှာ လည်း ခမ်းနားထည်ဝါလျှက်ရှိနေပါတော့ သည်။ ထို့ ကြောင့်
ကျန်ုပ်တို့ ၏ရိုးရာသင်္ကေတ အမွေအနှစ် ဖြစ်သည့်ဖားစည်ကို ကရင်အမျိုးသား
၊အမျိုးသမီးများ၏အထွဋ် အမြတ်ထားသော ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဆက်လက်ရ်ျ
လက်ဆင့်ကမ်းထိန်းသိမ်း ကြပါစို့  ဟု တိုက်တွန်းရင်း....
ကရင်လူမျိုးများမိမိတို့ 
ယဉ်ကျေးမှုအမွေအနှစ်အကြောင်းကိုပိုမိုသိရှိနားလည်သဘောပေါက်လာပြီး
တန်ဖိုးထားလေးစားကာ ဝိုင်းဝန်း ထိန်းသိမ်းတတ်စေရန်မျှဝေအပ်အ်သည်။
က်ျအကြောင်းအရာအားပြန်လည်မျှဝေနိုင်စေရန် ကရင့်ကြေးမုံ
စာစောင်အားထိမ်းသိမ်းထားသူများနှင့်ထုတ်ဝေသူအားလုံးကို
အထူးကျေးဇူးတင်လျှက်...။ (ကမ္ဘာပေါ်တွင် လူမျိုးတစ်မျိုးအဖြစ် ထည်ဝါစွာ
ရပ်တည်နိုင်ရန် မိမိတို့ ၏ ရိုးရာ၊ဓလေ့ထုံးတမ်းအစဉ်အလာများ နှင့်
ယဉ်ကျေးမှုအမွေအနှစ်များကို မကွယ်ပျောက် မတိမ်ကောသွားစေရန် လူမျိုးတိုင်း
ထိန်းသိမ်းစောင့်ရှောင့် တတ်ရန်အထူးလိုအပ်ပေသည်။)
No comments:
Post a Comment