Tuesday, November 10, 2015

လက်ချောင်းပေါ်မှလက်စွပ်များ၏အဓိပ္ပါယ်

- လက်တစ်ချောင်းစီပေါ် ဝတ်ဆင်ထားတဲ့လက်စွပ်တွေမှာ မတူတဲ့အဓိပ္ပာယ်တွေရှိပါတယ်။
- ဘယ်ဖက်လက်သူကြွယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးသားနဲ့ဆက်သွယ်ထားတယ်။ ဒါကြောင့် မင်္ဂလာဆောင်တဲ့အခါ မင်္ဂလာဇနီးမောင်နှံက လက်ထပ်လက်စွပ်ကို ဘယ်ဖက်လက်သူကြွယ်မှာ ဝတ်ဆင်ပေးကြတယ်လို့ ဆိုပါတယ်။
အင်တာနက်ပေါ်မှာဖတ်ရတဲ့ လက်စွပ်ဝတ်ဆင်ပုံအကြောင်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်။
- လက်စွပ်ဝတ်ဆင်တဲ့ ဘယ်ဖက်လက်နဲ့ ညာဖက်လက်ရဲ့ အဓိပ္ပာယ်တွေက….

- ညာဖက်လက်သန်း
ချစ်သူ ရည်းစားမထားချင်ပါ
- ညာဖက်လက်သူကြွယ်
ချစ်ကြိုက်နေတယ်။
- ညာဖက်လက်ခလယ်
ပိုင်ရှင်ရှိတယ်
- ညာဖက်လက်ညှိုး
တစ်ကိုယ်ရေတစ်ကာယ
- ဘယ်ဖက်လက်သန်း
အိမ်ထောင်မပြုပါ
- ဘယ်ဖက်လက်သူကြွယ်
လက်ထပ်ပြီး
- ဘယ်ဖက်လက်ခလယ်
ေ -စေ့စပ်ထားတယ်
- ဘယ်ဖက်လက်ညှိုး
အိမ်ထောင်မပြုရသေးပါ
- အနောက်နဲ့ ဥရောပ နိုင်ငံတွေရဲ့ ဓလေ့ထုံးစံအရ ဘယ်ဖက်လက်က သင့်အတွက် ဘုရားသခင်ပေးတဲ့ ကံကောင်းခြင်းတဲ့။
ဒါကြောင့် လက်ထပ်လက်စွပ်ကို များသောအားဖြင့် ဘယ်ဖက်လက်မှာပဲ ဝတ်ဆင်ကြတယ်။
- နိုင်ငံတကာမှာ ပိုခေတ်စားတဲ့ လက်စွပ်ဝတ်ဆင်နည်းက …..
- လက်ညှိုး
မင်္ဂလာဆောင်ချင်တယ်။ (မင်္ဂလာမဆောင်ရသေးပါ)
- လက်ခလယ်
ချစ်ကြိုက်နေတယ်။
- လက်သူကြွယ်
စေ့စပ်ထားတယ် ဒါမှမဟုတ် လက်ထပ်ပြီး
- လက်သန်း
တစ်ကိုယ်ရေတစ်ကာယ
- ဘယ်လက်ချောင်းမှာပဲ ဝတ်ဆင်ဝတ်ဆင် အဓိပ္ပာယ်ဖော်ဆောင်လို့မရတဲ့ လက်စွပ်တစ်မျိုးရှိပါတယ်။
အဲဒီလက်စွပ်က ပန်းလက်စွပ်(ဖန်စီလက်စွပ်)ဖြစ်ပါသတဲ့ ..။

No comments: