Tuesday, November 10, 2015

အတုယူရမဲ့ ဂျပန်စိတ်ဓါတ်ကောင်း (၁၂)ချက်

အတုယူရမဲ့ ဂျပန်စိတ်ဓါတ်ကောင်း (၁၂)ချက်
၁ - ဂျပန်ကလေးငယ်တွေဟာ ဆရာတွေနဲ့အတူ ကျောင်းအိမ်သာ သန့်ရှင်းရေးကို နေ့စဉ်နေ့တိုင်း ၁၅ မိနစ် လုပ်ရတယ်ဆိုတာ သင် သိပါသလား။
ဒီလိုနဲ့ မိမိကိုယ်ကို နှိမ့်ချပြီး သန့်ရှင်းမှုကို အလေးထားတဲ့ ဂျပန် မျိုးဆက်ကို မွေးထုတ်ခဲ့ပါတယ်။
၂ - ဂျပန်မှာ ခွေးပိုင်ရှင်တိုင်း လမ်းသွားရင် ခွေးအညစ်အကြေး သိမ်းဖို့ အိတ်တလုံး အမြဲဆောင်ထားရ တယ် ဆိုတာ သင် သိပါသလား။
ကျန်းမာရေးနဲ့ သန့်ရှင်းရေးဟာ ဂျပန် လူမှုကျင့်ဝတ်ရဲ့ အစိတ်အပိုင်း တခုပါ။
၃ - ဂျပန်မှာ သန့်ရှင်းရေးလုပ်သားတွေကို “ကျန်းမာရေး အင်ဂျင်နီယာ”လို့ ခေါ်ပြီး သူတို့ဟာ ၁ လ ကို အမေရိကန်ဒေါ်လာ ၅၀၀၀ ကနေ ၈၀၀၀ အထိ လစာရတာကို သင် သိပါသလား၊ ၊

“ကျန်းမာရေး အင်ဂျင်နီယာ”ခေါ်တဲ့ သန့်ရှင်းရေးအလုပ်သမားဖြစ်ဖို့ ရေးဖြေ နူတ်ဖြေ စစ်ဆေးမှုတွေနဲ့ စိစစ်ပါတယ်။
၎ - ဂျပန်နိုင်ငံမှာ သဘာဝသယံဇာတ လုံးဝမရှိတာကို သင် သိပါသလား။
ဒီအပြင် နှစ်စဉ် မြေငလျင်လှုပ်မှု ရာချီဖြစ်ပွားလေ့ရှိပါတယ်။ သို့ပေမယ့် ဂျပန်ဟာ ကမ္ဘာ့တတိယ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ် ပါ တယ်။
၅ - ဟီရိုရှီးမားကို အဏုမြူဗုံးကျပြီးနောက် ၁၀ နှစ်အတွင်း ယခင်အတိုင်း စီးပွားရေးအား ကောင်းတဲ့မြို့ ပြန်ဖြစ်လာခဲ့တာကို သင် သိပါသလား။
ူ............
၆ - ဂျပန်မှာ ရထားပေါ်၊ စားသောက်ဆိုင်တွင်းနဲ့ အဆောက်အအုံများအတွင်းမှာ (လက်ကိုင်)ဖုန်း မပြော ကြဘူးဆိုတာကို သင် သိပါသလား။
............
၇ - ဂျပန်ကျောင်းသားတွေဟာ မူလတန်း ပထမ ၆ နှစ် အတွင်း အများနဲ့ဆက်ဆံရာမှာ လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေ သင်ယူရတယ်ဆိုတာကို သင် သိပါသလား။
...................
၈ - ဂျပန်တွေဟာ ချမ်းသာကြွယ်ဝသူတွေဖြစ်ကြပေမယ့် အိမ်စေမထားဘူးဆိုတာကို သင် သိပါသလား။
အိမ်မှုကိစ္စနဲ့ သားသမီးပြုစုစောင့်ရှောက်ရေးဟာ မိဘများရဲ့တာဝန်ဖြစ်တယ်လို့ ခံယူကြပါတယ်။
၉ - ဂျပန်ပညာရေးမှာ မူလတန်း ပထမ ၃ နှစ်အတွင်း စာမေးပွဲစစ်ဆေးခြင်းလုံးဝမရှိဘူး ဆိုတာ သင် သိပါ သလား။
ပညာရေးရဲ့ရည်ရွယ်ချက်ဟာ စာမေးပွဲစစ်ဆေးခြင်း၊ အယူဝါဒသွတ်သွင်းခြင်းတို့ မဟုတ်ဘဲ ခံယူချက်သဘောထားနဲ့ အကျင့်စာရိတ္တ ဆောက်တည် ရေးဖြစ်တယ်လို့ ခံယူကြလို့ ဖြစ်ပါတယ်။
၁၀ - ဂျပန်နိုင်ငံမှာ ရထားနောက်ကျနူန်း ၁ နှစ်မှာ ၇ စက္ကန့်လောက်ပဲရှိတာကို သင် သိပါသလား။
ဂျပန်တွေဟာ အချိန်ကို တန်ဖိုးထားသူတွေဖြစ်ပြီး အချိန်တိကျရာမှ မိနစ် စက္ကန့်ပိုင်းအထိ တိကျကြတယ်။
၁၁ - ဂျပန်ကျောင်းသားတွေဟာ ကျောင်းမှာ အစာစားပြီးတိုင်း သွားတိုက် ခံတွင်းသန့်ရှင်းရေး လုပ်ကြတာ သင် သိပါသလား။
ကျန်းမာရေး အရေးကြီးခြင်းနဲ့ ကျန်းမာရေးကို ဂရုစိုက်ကြဖို့ ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးပါတယ်။
၁၂ - ဂျပန်ကျောင်းသားတွေဟာ ကောင်းမွန်စွာအစာခြေနိုင်စေဖို့ အစာကို မိနစ် ၃၀ အချိန်ယူ စားသောက် ရတယ်ဆိုတာ သင်သိပါသလား။
...
...
ဘာကြောင့် ဒီလောက်အသေးစိတ်ဂရုစိုက်ရ သလဲလို့မေးတဲ့အခါ “ကျောင်းသားလူငယ်တွေဟာ ဂျပန်နိုင်ငံ ရဲ့ အနာဂတ်ဖြစ်လို့ပါပဲ”လို့ ပြောကြတယ်။

No comments: