Thursday, November 12, 2015

Golden Sunset



Golden Sunset
 

ကဲ ဒီတစ်ခါတော့ နောက်ဆုံး Cocktail လေးဖြစ်တဲ့ Golden Sunset လေးပဲ ဖြစ်ပါတယ်။ Rum Base Cocktail လေးပဲဖြစ်ပါတယ်။ သူကတော့ ရမ်ကိုမှ ပုံမှန်တွေ့နေကျ Sweet and Sour ပုံစံကနေ အသွင်တစ်မျိုးပြောင်းပြီး ဆိမ့်ဆိမ့်လေးဖြစ်အောင် ဖျော်ထားတာကိုတွေ့ရမှာပါ။ ထူးခြားတာတစ်ခုကတော့ ကြက်ဥကိုသုံးပြီး ဖျော်ထားတာပါ။ Cocktail ဖျော်တဲ့နေရာမှာ ကြက်ဥကို အသုံးပြုပြီးဖျော်တဲ့ Cocktail တွေအများကြီးရှိသလို ကြက်ဥဟာ ရမ်နဲ့လည်း လိုက်ဖက်အညီဆုံး Alcohol အတွဲလေးပါ။ ဒါပေမယ့် ဒီအတိုင်း ရောပြီးသောက်လည်း ကောင်းပေမယ့် ကျန်းမာရေးအတွက်လည်း အာဟာရဖြစ် အရသာရှိအောင် ဖျော်စပ်ပြီးသောက်မယ်ဆိုရင် အားလပ်တဲ့ ညနေပိုင်းလို အပန်းဖြေနေကျအချိန်မျိုးမှာ အမြဲတမ်းသောက်နေကြ Cocktail တစ်ခွက်တောင် ဖြစ်သွားနိုင်ပါသေးတယ်။ ကဲ ဘယ်လိုဖျော်သောက်ရင်ကောင်းမလဲ ကြည့်ကြရအောင်ပါ..

    ပါဝင်တဲ့ပစ္စည်းတွေကတော့
   Rum ( ရမ် )    –   45 ml
  Orange Juice    –   60 ml
  Egg Yolk   –   1 pcs  (ကြက်ဥရဲ့ အတွင်းထဲက အနှစ်တစ်ခုထဲပါ)
   Lime    –   20 ml
    Sugar (သကြားရည်)    –   10 ml အနည်းငယ်
   Grenadine or Strawberry Syrup   –  10 ml
   ပြုလုပ်ပုံ
ရှေးဦးစွာ ကြက်ဥအစိမ်းတစ်လုံးကိုခွဲကာ အနှစ်ချည်းပဲရအောင် ဇွန်းကို အသုံးပြုပြီး အကာကိုဖယ်ထုတ်လိုက်ပါ။ ပြီးလျှင် ရမ်ကို ဖော်ပြပါအချိုးအတိုင်း ထည့်ပါ။ ရမ်အရမ်းများသွားရင်လည်း Drink က အရသာပြင်းသွားပြီး ခါးတဲ့ဘက်ကို လုသွားပါလိမ့်မယ်။ ထို့နောက် Orange Juice နဲ့ သံပရာရည်ကို လတ်လတ်ဆတ်ဆတ် ညှစ်ထားတာကိုထည့်ပါ။ ပြီးလျှင် သကြားရည် နည်းနည်းကို ကိုယ်လိုချင်တဲ့ ပမာဏကိုချိန်ကာ အချိုကြိုက်ရင်လည်း နည်းနည်းပိုထည့်လို့ရပါတယ်။ အားလုံးထည့်ပြီးရင်တော့ ရေခဲနှစ်တုံး၊ သုံးတုံးလောက်ထည့်ကာ တစ်မိနစ်လောက် ခပ်ပြင်းပြင်းလေး Shake လိုက်ပါ။ ပြီးလျှင်တော့ ဖန်ခွက်ထဲပြောင်း ထည့်ကာ နောက်ဆုံးအနေနဲ့ အပေါ်က သောက်ချင့်စဖွယ်ကာ လာလေးလည်းတက်အောင် အရသာလည်း ချိုဆိမ့်ဆိမ့်လေး ဖြစ်သွားအောင် Grenadine (သို့မဟုတ်) Strawberry ရည်လေး နည်းနည်းလောင်းထည့်ကာ သုံးဆောင်လို့ရပါပြီနော်။ Garnish ကို လွယ်ကူရာ ချယ်ရီသီးလေးပဲဖြစ်ဖြစ် စတော်ဘယ်ရီလေးပဲဖြစ်ဖြစ် ဖန်ခွက်မှာချိတ်ပြီးရင်တော့ ပြီးပြည့်စုံတဲ့ ညနေခင်း Sunset ကို အလှဆင်ပြီးသားဖြစ်သွားပါပြီ။

No comments: