Thursday, November 12, 2015

Orange Zest

Orange Zest




ဒီတစ်ခါတော့ ချိုချိုချဉ်ချဉ်လေးမှ ကြိုက်တယ်ဆိုတဲ့ သူတွေအတွက်ပါ။ လိမ္မော်သီးကြိုက်နှစ်သက်တဲ့သူတွေကတော့ သောက်ရတာအဆင်ပြေပါလိမ့်မယ်။ လူအများစာ ဖျော်ဖို့ဆိုရင်လည်း အရသာအသစ်အဆန်းလေးနဲ့မို့ ကြိုက်နှစ်သက်ကြမှာတော့ အမှန်ပါပဲ။ သူ့အရသာဟာဆိုရင်ဖြင့် လိမ္မော်သီးရဲ့ ချိုမြတဲ့အရသာနဲ့ စပျစ်သီးအချိုရည်ရဲ့ အရသာတို့ပါလို့ လန်းဆန်းစေမှာ ဖြစ်တဲ့ အပြင် မွှေးပျံ့စေဖို့ ချင်းစိတ်လေးနှစ်စိတ်ရဲ့အရသာပါ ပါတာကြောင့် သောက်ပြီးရင်တော့ ဦးနှောက်ကိုပါ ကြည်လင်သွားစေမှာပါ။  မိုးရာသီကို လုံးလုံးမကျရောက်ခင် စိုစွတ်ထိုင်းမှိုင်းတဲ့ရာသီဥတုနဲ့ လိုက်ဖက်တယ်လို့ ထင်မိတဲ့အတွက် ဒီလအတွက် တင်ဆက်လိုက်ပါတယ်။

►    ပါဝင်တဲ့ပစ္စည်းတွေကတော့
♦    Orange Juice     –   100 ml
♦    Grape Juice    –    100 ml
♦    Sugar syrup    –    10 ml
♦    Soda or Sprite     –    on top
♦    Ginger     –    2 slice (ပါးပါး)
►   ပြုလုပ်ပုံ
ရှေးဦးစွာ ပါးပါးလှီးထားသော ချင်းနှစ်ပြားကို Blender ထဲထည့်ကာ လိမ္မော်ရည်နှင့် စပျစ်ရည်တို့ကို ပါဝင်အချိုးအတိုင်း ထည့်ပါ။ ထို့နောက် ရေခဲနှစ်တုံးခန့်နှင့် ချင်းကို အနံ့ထွက်ယုံကြိတ်လိုက်ပါ။ အချိုကြိုက်ရင် သကြားရည်နည်းနည်း ထပ်ထည့်နိုင်ပါသည်။ ပြီးလျှင် ရေခဲထည့်ထားသော ပုံပါဖန်ခွက်အရှည်လေးထဲသို့ထည့်ကာ Fizzy ဖြစ်ရန်နှင့် စူးရှသောအရသာလေးပါရအောင် အပေါ်က ဆိုဒါရည်ဖြစ်ဖြစ် Sprite ဖြစ်ဖြစ် လောင်းလိုက်ပြီးလျှင် အသင့်သောက်သုံးနိုင်သော Orange Zest Mocktail လေးရပါပြီ။ Garnish အနေနဲ့ကတော့ လိမ္မော်သီးစိတ်လေးတင်လိုက်ရုံနဲ့ လည်း ပြည့်စုံပါတယ်နော်။
 

No comments: