Pussycat Foot
နာမည်ဆန်းသလို ကလေးကောလူကြီးပါ အာဟာရဖြစ်စေတဲ့ Mocktail တစ်မျိုးပဲဖြစ်ပါတယ်။ မနက်စာနဲ့ တွဲဖက်သောက်သုံးရင် အကောင်းဆုံးဖြစ်သလို နှစ်သက်တဲ့ အချိန် မရွေးသောက်လို့ရပါတယ်။ သူ့ကို Pussycat Footလို့ နာမည်ပေးရတဲ့ အကြောင်းရင်းကို သိချင်ကြမယ်ထင်ပါတယ်။ အကြောင်းကတာ့ သောက်လိုက်ရင် ကြောင်ကလေးရဲ့ ခြေထောက်လေးတွေလို နူးညံ့တဲ့အရသာကို ပေးစွမ်းနိုင်လို့ပဲဆိုပါတယ်။ ကဲဟုတ်မဟုတ် လျှက်ကြည့်၊ အဲလေသောက်ကြည့်ရအောင်ပါ။
ပါဝင်ပစ္စည်းတွေကတော့
……………………………
•OrangeJuice–90ml
•PineappleJuice–60ml
•SugarSyrup–15ml
•LimeJuice–10ml
• Egg White (ကြက်ဥအကာ) – 1 nos
……………………………
•OrangeJuice–90ml
•PineappleJuice–60ml
•SugarSyrup–15ml
•LimeJuice–10ml
• Egg White (ကြက်ဥအကာ) – 1 nos
ပြုလုပ်နည်း
……………
စသည့်ပါဝင်ပစ္စည်းတွေကို Blender တစ်ခုထဲသို့ ရေခဲနှစ်တုံးနဲ့ အတူတူထည့်ကာ စက္ကန့်နှစ်ဆယ်လောက်မွှေလိုက်ပါ။ ပြီးရင် ဖန်ခွက်အလွတ်ထဲသို့ ရေခဲသုံးတုံးလောက်ထည့်ကာ သုံးဆောင်နိုင်ပါပြီ ။ တကယ်လို့ လိမ္မော်ရည်နဲ့ နာနတ်သီးရည်တို့ကို လတ်လတ် ဆတ်ဆတ် ကြိတ်ထားတာမဟုတ်ဘဲ အသင့်သုံးဘူးထဲက သုံးမယ် ဆိုရင်တော့ သကြားရည်ထပ်ထည့်ဖို့ မလိုတော့ပါဘူး။ ဘာကြောင့် လဲဆိုတော့ အသင့်သုံးဘူးတွေက ချိုနေပြီပဲဖြစ်လို့ပါ။ သံပရာ ရည်ကိုတော့ နည်းနည်းထည့်ဖို့လိုပါလိမ့်မယ်နော်။

No comments:
Post a Comment