Thursday, January 14, 2016

အိပ်စက်ခြင်းအကြောင်းသိကောင်းစရာ


ဗုဒ္ဓဟူးနေ့ဟာ အိပ်အကောင်းဆုံးလို့ ဆိုကြ သလို၊ တနင်္ဂနွေနေ့ဟာ အစောဆုံးထ ဖြစ်တဲ့ မနက်လို့လည်း ဆိုကြသည်။ မကြာခင်က ထွက်ပေါ် လာသော လေ့လာမှု စစ်တမ်းတစ်ရပ်က ကမ္ဘာ့နိုင်ငံများ မည်သို့ အိပ်စက်နေကြ သည်ကို စိတ်ဝင်စားဖွယ် တင်ပြ ထားသည်။
စမတ်ဖုန်းများမှာ သုံးနိုင်သော Sleep Cycle အပလီကေးရှင်းကို ထုတ်လုပ်သူ များက စစ်တမ်းပြုစု ထားခြင်း ဖြစ်သည်။ ထိုအပလီကေးရှင်း သည် ဖုန်း၏ လှုပ်ရှားမှုကို အာရုံခံကာ ဖုန်းပိုင်ရှင် အိပ်နေလား၊ နိုးနေလား၊ ငိုက်နေလား၊ တက်ကြွ နေလားကို အလိုလျောက် မှတ်တမ်း တင်ထား နိုင်သည်။ ထိုမှတ်တမ်း အချက်အလက် များကို ကိုးကား၍ ကမ္ဘာ့နိုင်ငံ အသီးသီးက လူများ အိပ်စက်ကြပုံကို စိတ်ဝင်စားဖွယ် စစ်တမ်း ပြုစုထားသည်။

လိုချင်ရင်ရအောင်ယူ


အဆိုအမိန့်လေးတစ်ခု ဖတ်ဖူးပါတယ်…
“လိုချင်တာကို ရအောင်ယူပါ
လိုချင်တာကို ရအောင်မယူနိုင်တဲ့သူဟာ
ရထားတာတွေ ဆုံးရှုံးတတ်တယ်…”
တကယ့်ကို အနှစ်သာရရှိတဲ့စာသားလေးပါပဲ… ကျွန်တော်တို့လူသားတွေမှာ လိုအင်ဆန္ဒတွေကိုယ်စီရှိကြပါတယ်… ဖြစ်ချင်တဲ့ဆန္ဒ… မက်ခဲ့တဲ့အိပ်မက်… ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်… ခေါင်းစဉ်အမျိုးမျိုးနဲ့ ဖော်ပြကြပေမဲ့ လိုရင်းကတော့ လိုအင်ဆန္ဒလို့ပဲ ဆိုရပါမယ်…
လိုအင်ဆန္ဒဆိုတာကလည်း အမျိုးမျိုးပါပဲ… ဆင်းရဲတဲ့သူကချမ်းသာချင်တယ်…

လင်ကွန်း၏မဆယ်လုံး

၂။ အားကြီးသူတွေကို အစိတ်စိတ် ခွဲခြင်းဖြင့် အားငယ်သူများကို မကူညီနိုင်ပါ ။
၃။ အားကြီးသူကို အားပျော့အောင်လုပ်ခြင်းဖြင့် အားနည်းသူကို အားပြည့်လာအောင် မလုပ်နိုင်ပါ ။
၎။ လစာပေးနေသူတွေကို နှိမ်ချခြင်းဖြင့် လစာ ရသူတွေကိုဧ။် လစာကို တိုးမြင့်မပေးနိုင်ပါ ။
၅။ ချမ်းသာသူတွေကို ပျက်စီးစေခြင်းဖြင့် ဆင်းရဲသားများကို မကူညီနိုင်ပါ ။
၆။ ၀င်ငွေထက် ပိုသုံးခြင်းဖြင့် ဒုက္ခမှ မလွတ်မြောက်နိုင်ပါ ။

မပြောခင်သတိထား

တစ်ခါတုန်းက လယ်သမားတစ်ယောက်ဟာ ဒေါသအလျောက် သူ့အိမ်နီးနားချင်းတစ်ယောက်ကို စိတ်လိုက်မာန်ပါ ပြောဆိုမိခဲ့ပါသတဲ့။
လယ်သမားကြီးဟာ စိတ်ဆိုးတုန်းက ပြောခဲ့မိတဲ့စကားတွေကို သွေးအေးသွားတဲ့အခါကျ နောင်တတွေရပြီး စိတ်မကောင်း ဖြစ်ပါတယ်။ဒီတော့ သူကပဲ မနေနိုင်ဘဲ သူ့အိမ်နီးနားချင်းကို သွားတောင်းပန်ပါတော့တယ်။
အိမ်နီးနားချင်းဖြစ်သူက လယ်သမားကြီးကို ငှက်တောင်မွေးတွေ အပြည့်ထည့်ထားတဲ့ အိတ်ကိုပေးပြီး မြို့လယ်ခေါင်မှာ ငှက်တောင်မွေးတွေကိုသွားပစ်ခိုင်းပါတယ်။ လယ်သမားကြီးက သူ့အိမ်နီးနားချင်းရဲ့ ခွင့်လွှတ်မှုကို ရချင်တဲ့အတွက် သူပြောတဲ့အတိုင်း လုပ်ဆောင်ပါသတဲ့။

အင်ကြင်းကျောက်အကြောင်းသိကောင်းစရာ

အင်ကြင်းကျောက်ဆိုသည်မှာ ဇီဝအသွင်ပြောင်း (Permineralzation) ကျောက်မျက်တစ်မျိုးဖြစ်သည်။ Petrified Wood ဟူ၍လည်းကောင်း၊ Fossils Wood ဟူ၍လည်းကောင်း ဘူမိဗေဒပညာရှင်များက သတ်မှတ်ခေါ်ဆိုကြသည်။
အဆိုပါ ဇီဝအသွင်ပြောင်း အင်ကြင်းကျောက်၏ မူလသဘာဝမှာ သစ်ပင်ကြီးများသည် သဘာဝဘေးဒဏ် များကြောင့်ပြိုလဲကျခဲ့ပြီးနောက် ရာသီအလိုက်ဖြစ်ပေါ်စေသည့် ရေတိုက်စားမှုများ၊ ရွံ့နွှံများဖုံးလွှမ်း ကာ မြေလွှာထုအောက်သို့ တ ဖြည်းဖြည်းကျရောက်သွားစေခဲ့သည်။ ထိုသို့ မြေလွှာထုအောက် သို့ နှစ် အလိုက် ဖုံးအုပ်ရောက်သွားခဲ့သော်လည်း အ ဆိုပါ သစ်ပင်များ၏ တစ်ရှူးဆဲလ်များသည် သေဆုံးပျောက် ကွယ်ခြင်းမရှိပေ။