Wednesday, November 11, 2015

အလံ တံခွန်



အလံ တံခွန်

သတ္တ၀ါအားလုံးဟာအမြင့်ကို လိုလားကြပါ တယ်။အမြင့်ရောက်အောင် ကြိုးစားကြပါတယ်။အမြင့်ကို တန်ဖိုးထားကြပါတယ်။အမြင့်ရောက်နေတဲ့သူကို အားကျ ကြပါတယ်။အမြင့်ရောက်နေတဲ့သူကို မော့ကြည့်တတ်ပြီး ကိုယ် ကိုယ်တိုင်လည်း သူများတွေရဲ့ မော့ကြည့်တာကို ခံယူချင်ကြပါတယ်။
ဘာတွေ မြင့်ချင်ကြပါသလဲ။
ဘွဲ့ ဒီဂရီတွေ အများကြီးရပြီး ပညာရေးမှာ မြင့်ချင်ကြပါတယ်။
ဓန ဥစ္စာတွေ အများကြီး ပိုင်ဆိုင်ပြီး စီးပွားရေး မှာ မြင့်ချင်ကြပါတယ်။
လုပ်ပိုင်ခွင့် အများကြီးရရှိပြီး ရာထူးဌာနန္တရမှာ မြင့်ချင်ကြပါတယ်။
အများထက် ပိုချော ပိုလှ ပိုခန့်ပြီး ရုပ်ဆင်း အင်္ဂါမှာ မြင့်ချင်ကြပါတယ်။

အနေအထိုင် အစားအသောက် အပြောအဆို အလုပ်အကိုင် အလှူအတန်း အပေးအကမ်း အရာရာ ယှဉ်လိုက်တိုင်းမှာ အနည်းဆုံး နှာတစ်ဖျားလောက်တော့ မြင့်ချင်ကြပါတယ်။
တံခွန် ဆိုတာ အမြင့်မှာ နေတဲ့အရာတစ်မျိုး ဖြစ်ပါတယ်။တံခွန်၊ကုက္ကား၊အလံတို့ဟာ အမြင့်မှာ လွင့်နေတဲ့ သဘာဝချင်း တူညီကြပါတယ်။တံခွန်၊ကုက္ကားတို့က ဘာသာရေးသက်သက်အရာများတွေ ဖြစ်ကြပြီး၊ အလံ ဆိုတာကတော့ အရေးအရာအားလုံးနဲ့ ဆက်နွယ်နေတဲ့ အရာဖြစ်ပါတယ်။
တံခွန် ဆိုတာ ဘုရားအနီး ကျောင်းအနီးတွေ မှာ မြင့်မြင့်လွှင့်ထူရတဲ့ အရာဖြစ်ပါတယ်။အဲဒီတံခွန်ကို အောက်ခံတိုင်စိုက်ပြီး လွှင့်ထူရတာပါ။
မြတ်စွာဘုရားရှင်လက်ထက်တော်အခါက အတောင်ခြောက်ဆယ်မြင့်တဲ့အထိ ၀ါးတွေကို ဆက်ကာ ဆက်ကာ ထောင်ပြီးတဲ့အခါ တိုင်ထိပ်မှာ စန္ဒကူးသပိတ်ကို ချိပ်ဆွဲထားပြီး စွမ်းနိုင်သူယူရန် ရာဇဂြိုဟ်သဌေးကြီးက ကြေငြာမောင်းခတ်လိုက်တဲ့အခါ အရှင်ပိဏ္ဍောလမထေရ် က ဈာန်တံခိုးနဲ့ ပျံ<ကသွားပြီး ယူလိုက်ပါတယ်။အဲဒီအခါမှာအနေအထိုင် အစားအသောက် အပြောအဆို အလုပ်အကိုင် အလှူအတန်း အပေးအကမ်း ၀မ်းသားအားရ ကောင်းချီးပေးကြပါတယ်။အခြားဘာသာ ၀င်အားလုံးတို့ရဲ့အလယ်မှာ အစွမ်းပြ ယူဆောင်နိုင်တာကို ဂုဏ်ပြုတဲ့အနေနဲ့ အထိမ်းအမှတ်အဖြစ် တံခွန်တိုင်ကို စိုက်ထူထားတာလို့ ဆိုကြပါတယ်။ဒါကြောင့် တံခွန်၊ကုက္ကား၊ အလံတို့နဲ့ အဲဒါတွေလွှင့်တင်ဖို့ တိုင်တို့ဆိုတာ တစ်ခုနဲ့ တစ်ခု အမှီပြုနေကြတာပါ။ တံခွန်၊ကုက္ကား၊အလံတို့ဆိုတာ တိုင်မရှိရင် မလွှင့်နိုင်၊မ၀င့်နိုင်သလို တိုင်ဟာလည်း တံခွန်၊ ကုက္ကား၊အလံတို့ တင်မထားရင် ကြည့်ရတာ အဆင်မပြေ ပါဘူး။ဒါကြောင့် တံခွန် အလံတွေ တင်ချင်တယ် လွှင့်ချင် တယ်ဆိုရင် တံခွန်တိုင် အလံတိုင်တွေကို အရင်စိုက်ထူကြ ရပါတယ်။
အနိမ့် အမြင့် အမျိုးမျိုး၊အရွယ်အစား အမျိုးမျိုး၊ အနေအထား အမျိုးမျိုးတွေကို နေရာဒေသအမျိုးမျိုး၊အခြေ အနေအမျိုးမျိုးတွေအပေါ်မှာ မူတည်ပြီး တံခွန်တိုင် အလံတိုင်တွေကို စိုက်ထူကြပါတယ်။
စိုက်ထူပြီး တံခွန်တိုင် အလံတိုင်တွေမှာ အလုံး အပြား၊လေးထောင့်၊သုံးထောင့်၊ကြက်လျှာ ပုံစံအမျိုးမျိုး အပြင် အရောင် အသွေး ရုပ်ပုံ အမှတ်အသား အစားစား တွေကို ရွေးချယ်အသုံးပြုပြီး တံခွန် အလံတွေကို လွှင့်တင် အနေအထိုင် အစားအသောက် အပြောအဆို အလုပ်အကိုင် အလှူအတန်း အပေးအကမ်း ၀မ်းသားအားရ ကောင်းချီးပေးကြပါတယ်။အခြားဘာသာ ၀င်အားလုံးတို့ရဲ့အလယ်မှာ အစွမ်းပြ ယူဆောင်နိုင်တာကို ဂုဏ်ပြုတဲ့အနေနဲ့ အထိမ်းအမှတ်အဖြစ် တံခွန်တိုင်ကို ကပါတယ်။
လွှင့်တင်တဲ့ နေရာမှာလည်း ရည်ရွယ်ချက် အမျိုးမျိုးရှိပါတယ်။
စေတီ ပုထိုးတွေမှာ ပူဇော်လိုတဲ့ရည်ရွယ်ချက်နဲ့ လွှင့်တင်ကြပါတယ်။
ဘုရား ကျောင်း ကန် နယ်မြေတွေမှန်းသိရ အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လည်း လွှင့်တင်ကြပါတယ်။
]]
ဤနေရာ၌ ဘုရားရှိသည်၊ကျောင်းရှိသည်၊ စေတီရှိသည်၊ လာရောက် ဖူးမျှော် ကြည်ညိုနိုင်ပါသည်}}လို့ အသိပေးတဲ့ အနေနဲ့လည်း လွှင့်တင်ကြပါတယ်။
နိုင်ငံတော်အလံကို နိုင်ငံ၏ မြင့်မြတ်သော ဂုဏ်ဒြပ်တစ်ခုအဖြစ် အမှတ်အသားပြုတဲ့ အနေနဲ့ လွှင့်တင် ကြပါတယ်။
ဤနယ်မြေကို ပိုင်ဆိုင်သည့် နိုင်ငံဖြစ်ကြောင်း သက်သေပြုတဲ့အနေနဲ့လည်း လွှင့်တင်ကြပါတယ်။
ဒါ့အပြင် အထိမ်းအမှတ်အနေနဲ့၊ ညွှန်ပြရာအနေနဲ့ စည်းလုံးမှုအနေနဲ့၊ ပိုင်ဆိုင်မှုအနေနဲ့ လွှင့်တင်ကြတာတွေ အများကြီး ရှိပါတယ်။
အတင်ရှိရင် အချဆိုတာလည်း ရှိရတာ ဓမ္မတာပါပဲ။
တင်ထားတဲ့ တံခွန်တွေ အလံတွေဟာ နှစ်ကြာလို့ ဆွေးမြေ့တာကြောင့်ဖြစ်ဖြစ်၊ကြမ်းတမ်းတဲ့ လေဒဏ်မိုးဒဏ်ကြောင့်ဖြစ်ဖြစ် ကျတတ်ပါတယ်။
အမျိုးအစားတူ အသစ်ကို အစားထိုး လဲလှယ်ဖို့ အတွက်ကြောင့်လည်း ချတတ်ပါတယ်။
အမျိုးအစားမတူ အသစ်ကို အစားထိုးလဲလှယ် ဖို့အတွက်ကြောင့်လည်း ချတတ်ပါတယ်။
ပိုင်ဆိုင်တာကို စွန့်လွှတ်ရတာကြောင့်လည်း ချတတ်ပါတယ်။
သတ်မှတ်ထားတဲ့ အချိန်ရောက်လို့လည်း ချတတ်ပါတယ်။
လွှင့်တင်ထားတဲ့ တံခွန် အလံတွေဟာ မြင့်မား လေ မြင့်မားလေ ၀င့်<ကားလေ ၀င့်<ကားလေပါပဲ။အမြင့် ရောက်လေလေ အဝေးက တွေ့မြင်ရလေလေပါပဲ။
မြင့်မားတဲ့ တိုင်ထိပ်မှာ တံခွန်တွေ အလံတွေ တလူလူလွင့်နေတာကို မြင်ရရင် အဲဒီတံခွန် အလံနဲ့ သက်ဆိုင်တဲ့ ဘာသာဝင်တွေ နိုင်ငံသားတွေ အသင်းဝင် တွေဟာ သိပ်ကို ကြည်နူးရတယ်၊၀မ်းမြောက်ဂုဏ်ယူကြဓမ္မတာပါပဲ။
တင်ထားတဲ့ တံခွန်တွေ အလံတွေဟာ နှစ်ကြာလို့ ဆွေးမြေ့တာကြောင့်ဖြစ်ဖြစ်၊ကြမ်းတမ်းတဲ့ လေဒဏ်မိုးဒဏ်ကြောင့်ဖြစ်ဖြစ် ကျတတ်ပါတယ်။
ရတယ်။
တစ်ခါတရံကျတော့လည်း လွှင့်တင်ထားတဲ့ အလံကြောင့် ရန်သူတွေက နေရာဌာနကို သိရှိသွားကြပြီး ချဉ်းကပ်ထောက်လှမ်းတာ တိုက်ခိုက်ချေမှုန်းတာကိုလည်း ခံရတတ်ပါတယ်။
နိုင်ငံတိုင်းမှာ နိုင်ငံတော်အလံဆိုတာ ရှိပါတယ်။ အများအားဖြင့် ဥပဒေနဲ့ပြဌာန်းပြီး သတ်မှတ်ထားကြတာပါ။ ပြင်ဆင်ဖို့ ပုံစံအသစ်ပြောင်းလဲဖို့ လိုအပ်ရင်လည်း ဥပဒေနဲ့ ပဲ ပြင်ဆင် ပြောင်းလဲကြပါတယ်။
ပြည်နယ် တိုင်းအလံ၊ တပ်ရင်းတပ်ဖွဲ့အလံ၊ အထိမ်းအမှတ်အလံ၊အသင်းအဖွဲ့အလံ စတာတွေမှာလည်း အတူတူပါပဲ၊မပြောင်းလဲပဲ အမြဲတည်ရှိတဲ့ တံခွန်အလံ ဆိုတာ မရှိပါဘူး။အားလုံးဟာ ပြောင်းလဲနေကြပါတယ်။ တစ်ချို့တံခွန်အလံကို အပြောင်းအလဲ မကြာမကြာ လုပ်ပေမယ့် တစ်ချို့ တံခွန်အလံကိုတော့ နှစ်ပေါင်းကြာမြင့်မှ အပြောင်းအလဲ လုပ်တတ်ကြပါတယ်။


အလံ-
ခရစ်မပေါ်မီ အနှစ် (၉၀၀) ခန့်က အာဆီးရီးယားနိုင်ငံ၌ တံခွန်များ၊ စစ်အလံများ သုံးစွဲခဲ့ကြပုံကို ထိုခေတ်က ထုလုပ်သော ကျောက်ရုပ်များ အိုးခွက်များပေါ်၌ တွေ့မြင် ခဲ့ရသည်။ အလံကိုအ၀တ်စဖြင့် ချုပ်လုပ် အသုံးပြုခြင်းကို ရောမတို့ စတင်တီထွင်ခဲ့ကြသည်။ ဥရောပတိုက်နိုင်ငံများ၌ အလံလွှင့်ထူသည့် အလေ့အထကို ဆာရာဆင်လူမျိုးများမှ စတင်ပျံ့နှံ့သွားခဲ့သည်ဟု ဆိုသည်။ ခရစ်တော်မပေါ်မီ အနှစ်(၃၀၀)ခန့်က ရောမဧကရာဇ်များ သုံးသော အလံတော်သည် ယခုခေတ် အလံတော်များနှင့် နီးစပ်တူညီသည်ဟု ဆိုနိုင်သည်။ အရှေ့တိုင်းတွင် အလံကို ရှေးအကျဆုံး အသုံးပြုခဲ့သော နိုင်ငံမှာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့ပင်ဖြစ်သည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ တံခွန်များ၊ အလံများကိုင်ဆောင် သုံးစွဲသည့် အလေ့အထသည် မြန်မာ၊ ထိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ ပျံ့နှံ့ ရောက်ရှိသွားသည်။
မြန်မာနိုင်ငံသမိုင်းဦးခေတ်တွင် အလံနှင့် စပ်လျဉ်း၍ အထောက်အထားများ မတွေ့ရှိခဲ့ရသော်လည်း သမိုင်း အလယ်ခေတ် သက္ကရာဇ် (၈၄၂) မှ (၈၄၃) ခုနစ်အထိ စိုးစံခဲ့သော ဒုတိယမင်းခေါင် လက်ထက်တော်အခါ၌ စတင်တွေ့ရှိရသည်။ ကုန်းဘောင်ခေတ် မြန်မာမင်းများ လက်ထက်တွင် ဘုရင်မင်းမြတ်ကို ကိုယ်စားပြုသော (သို့မဟုတ်) နိုင်ငံတော်ကို ကိုယ်စားပြုသော အလံတော်အဖြစ် ဒေါင်းအလံကို သတ်မှတ်ထားရှိကြောင်း တွေ့ရှိရသည်။ မင်းတုန်းမင်းတရားကြီး လက်ထက်တွင် ဒေါင်းအလံကို မြန်မာနိုင်ငံတော်အလံ အဖြစ် အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။ ကုန်းဘောင်မင်းဆက် နောက်ဆုံးတိုင်အောင် ဒေါင်းအလံကို မြန်မာအမျိုးသားအလံ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံတော်အလံ အဖြစ်လည်းကောင်း သတ်မှတ်ခဲ့ကြောင်း ပေါ်လွင်သည်။ ၁၉၃၀-ပြည့်နှစ်၊ ဆရာစံလယ်သမား အရေးတော်ပုံအလံတွင် ကြက်လျှာစွန်း အလံ၊ အဖြူရောင်တွင် နဂါးကို ဂဠုန်သုတ်ဟန် ရေးဆွဲ၍ အသုံးပြုခဲ့သည်။
၁၉၃၈-ခုနှစ်၊ မတ်လတွင် ပြည်မြို့၌ ကျင်းပပြုလုပ်သော တို့ဗမာအစည်းအရုံး တတိယညီလာခံ အစည်းအဝေးတွင် သုံးရောင်ခြယ် အလံ၏ အလယ်၌ ဒေါင်းရုပ်အလံ အလုပ်သမားနှင့် တောင်သူလယ်သမား လူတန်းစားကို အခြေခံသော တံစဉ်အမှတ်အသားကို ပြောင်းလဲသတ်မှတ် အသုံးပြုခဲ့ကြောင်း သိရသည်။ ၁၉၃၆-ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော မြန်မာနိုင်ငံ ကိုလိုနီဥပဒေပြုလွတ်တော်တွင် အင်္ဂလိပ်ဘုရင်မင်းမြတ်၏ သဘောတူညီချက်အရ မြန်မာနိုင်ငံအတွက် မြန်မာဘုရင်ခံက သတ်မှတ်ပေးခဲ့သည့် အလံ၏အရောင်မှာ အပြာရောင်ဖြစ်ပြီး၊ အပြာရောင်၏အဖျား၌ စက်ဝိုင်းအတွင်း ဆေးရောင်ခြယ်ထားသော ဒေါင်းရုပ်ကို ထည့်ပေးထားသည်။ တိုင်ရင်းဘက် အထက်ထောင့်တွင် ဗြိတိသျှ ယူနီယံဂျက်အလံ အမှတ်အသား ပါရှိသောအလံကို သတ်မှတ်ပေးခဲ့သည်။
ဂျပန်ခေတ် ဘီအိုင်အေအလံ၌ အလယ်စက်ပိုင်း အဖြူတွင်းက ဒေါင်းသဏ္ဌာန်ပါ အ၀ါ၊ အစိမ်း၊ အနီ သုံးရောင်ခြယ် အလံကို အမျိုးသားအလံအဖြစ် အသုံးပြုခဲ့ကြသည်။ ၁၉၄၂-ခုနှစ်၊ ဘီဒီအေအလံကိုလည်း အဆိုပါ အလံကိုပင် အနည်းငယ် ပြောင်းလဲ၍ ဆက်အသုံးပြုခဲ့သည်။ ၁၉၄၅-ခုနှစ်၊ မတ်လ(၂၇)ရက် ဂျပန် တော်လှန်ရေးတွင် အလံတော်ကို အနီရောင် အောက်ခံထား၍ တိုင်ရင်းဘက်တွင် ကြယ်ဖြူတစ်ပွင့်ပါရှိသော အလံတော်ကို အသုံးပြုခဲ့သည်။ ဂျပန်တော်လှန်ရေးအပြီး အသစ်ပြန်လည် ဖွဲ့စည်းသော (ဖဆပလ) အဖွဲ့၏ အလံကိုလည်း တော်လှန်ရေးတွင် အောင်ပွဲရခဲ့သော အလံတော်ကိုပင် ဆက်လက်၍ အသုံးပြုခဲ့ကြသည်။ ၁၉၄၇-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တိုင်းပြုပြည်ပြုလွတ်တော်မှ ရွေးကောက်တင်မြှောက်ပြီး တိုင်းပြုပြည်ပြုလွတ်တော်မှ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ၊ အထိမ်းအမှတ်သီချင်းနှင့် မြို့တော်ကို ၁၉၄၇-ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်အခြေခံ ဥပဒေ၌ ထည့်သွင်းရေးဆွဲ အတည်ပြု ပေးခဲ့သည်။
khunpaoh
Ref; ပအိုဝ်းသမိုင်း
ခရစ်မပေါ်မီ အနှစ် (၉၀၀) ခန့်က အာဆီးရီးယားနိုင်ငံ၌ တံခွန်များ၊ စစ်အလံများ သုံးစွဲခဲ့ကြပုံကို ထိုခေတ်က ထုလုပ်သော ကျောက်ရုပ်များ အိုးခွက်များပေါ်၌ တွေ့မြင် ခဲ့ရသည်။ အလံကိုအ၀တ်စဖြင့် ချုပ်လုပ် အသုံးပြုခြင်းကို ရောမတို့ စတင်တီထွင်ခဲ့ကြသည်။ ဥရောပတိုက်နိုင်ငံများ၌ အလံလွှင့်ထူသည့် အလေ့အထကို ဆာရာဆင်လူမျိုးများမှ စတင်ပျံ့နှံ့သွားခဲ့သည်ဟု ဆိုသည်။ ခရစ်တော်မပေါ်မီ အနှစ်(၃၀၀)ခန့်က ရောမဧကရာဇ်များ သုံးသော အလံတော်သည် ယခုခေတ် အလံတော်များနှင့် နီးစပ်တူညီသည်ဟု ဆိုနိုင်သည်။ အရှေ့တိုင်းတွင် အလံကို ရှေးအကျဆုံး အသုံးပြုခဲ့သော နိုင်ငံမှာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့ပင်ဖြစ်သည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ တံခွန်များ၊ အလံများကိုင်ဆောင် သုံးစွဲသည့် အလေ့အထသည် မြန်မာ၊ ထိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ ပျံ့နှံ့ ရောက်ရှိသွားသည်။
မြန်မာနိုင်ငံသမိုင်းဦးခေတ်တွင် အလံနှင့် စပ်လျဉ်း၍ အထောက်အထားများ မတွေ့ရှိခဲ့ရသော်လည်း သမိုင်း အလယ်ခေတ် သက္ကရာဇ် (၈၄၂) မှ (၈၄၃) ခုနစ်အထိ စိုးစံခဲ့သော ဒုတိယမင်းခေါင် လက်ထက်တော်အခါ၌ စတင်တွေ့ရှိရသည်။ ကုန်းဘောင်ခေတ် မြန်မာမင်းများ လက်ထက်တွင် ဘုရင်မင်းမြတ်ကို ကိုယ်စားပြုသော (သို့မဟုတ်) နိုင်ငံတော်ကို ကိုယ်စားပြုသော အလံတော်အဖြစ် ဒေါင်းအလံကို သတ်မှတ်ထားရှိကြောင်း တွေ့ရှိရသည်။ မင်းတုန်းမင်းတရားကြီး လက်ထက်တွင် ဒေါင်းအလံကို မြန်မာနိုင်ငံတော်အလံ အဖြစ် အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။ ကုန်းဘောင်မင်းဆက် နောက်ဆုံးတိုင်အောင် ဒေါင်းအလံကို မြန်မာအမျိုးသားအလံ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံတော်အလံ အဖြစ်လည်းကောင်း သတ်မှတ်ခဲ့ကြောင်း ပေါ်လွင်သည်။ ၁၉၃၀-ပြည့်နှစ်၊ ဆရာစံလယ်သမား အရေးတော်ပုံအလံတွင် ကြက်လျှာစွန်း အလံ၊ အဖြူရောင်တွင် နဂါးကို ဂဠုန်သုတ်ဟန် ရေးဆွဲ၍ အသုံးပြုခဲ့သည်။
၁၉၃၈-ခုနှစ်၊ မတ်လတွင် ပြည်မြို့၌ ကျင်းပပြုလုပ်သော တို့ဗမာအစည်းအရုံး တတိယညီလာခံ အစည်းအဝေးတွင် သုံးရောင်ခြယ် အလံ၏ အလယ်၌ ဒေါင်းရုပ်အလံ အလုပ်သမားနှင့် တောင်သူလယ်သမား လူတန်းစားကို အခြေခံသော တံစဉ်အမှတ်အသားကို ပြောင်းလဲသတ်မှတ် အသုံးပြုခဲ့ကြောင်း သိရသည်။ ၁၉၃၆-ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော မြန်မာနိုင်ငံ ကိုလိုနီဥပဒေပြုလွတ်တော်တွင် အင်္ဂလိပ်ဘုရင်မင်းမြတ်၏ သဘောတူညီချက်အရ မြန်မာနိုင်ငံအတွက် မြန်မာဘုရင်ခံက သတ်မှတ်ပေးခဲ့သည့် အလံ၏အရောင်မှာ အပြာရောင်ဖြစ်ပြီး၊ အပြာရောင်၏အဖျား၌ စက်ဝိုင်းအတွင်း ဆေးရောင်ခြယ်ထားသော ဒေါင်းရုပ်ကို ထည့်ပေးထားသည်။ တိုင်ရင်းဘက် အထက်ထောင့်တွင် ဗြိတိသျှ ယူနီယံဂျက်အလံ အမှတ်အသား ပါရှိသောအလံကို သတ်မှတ်ပေးခဲ့သည်။ဂျပန်ခေတ် ဘီအိုင်အေအလံ၌ အလယ်စက်ပိုင်း အဖြူတွင်းက ဒေါင်းသဏ္ဌာန်ပါ အ၀ါ၊ အစိမ်း၊ အနီ သုံးရောင်ခြယ် အလံကို အမျိုးသားအလံအဖြစ် အသုံးပြုခဲ့ကြသည်။ ၁၉၄၂-ခုနှစ်၊ ဘီဒီအေအလံကိုလည်း အဆိုပါ အလံကိုပင် အနည်းငယ် ပြောင်းလဲ၍ ဆက်အသုံးပြုခဲ့သည်။ ၁၉၄၅-ခုနှစ်၊ မတ်လ(၂၇)ရက် ဂျပန် တော်လှန်ရေးတွင် အလံတော်ကို အနီရောင် အောက်ခံထား၍ တိုင်ရင်းဘက်တွင် ကြယ်ဖြူတစ်ပွင့်ပါရှိသော အလံတော်ကို အသုံးပြုခဲ့သည်။ ဂျပန်တော်လှန်ရေးအပြီး အသစ်ပြန်လည် ဖွဲ့စည်းသော (ဖဆပလ) အဖွဲ့၏ အလံကိုလည်း တော်လှန်ရေးတွင် အောင်ပွဲရခဲ့သော အလံတော်ကိုပင် ဆက်လက်၍ အသုံးပြုခဲ့ကြသည်။ ၁၉၄၇-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တိုင်းပြုပြည်ပြုလွတ်တော်မှ ရွေးကောက်တင်မြှောက်ပြီး တိုင်းပြုပြည်ပြုလွတ်တော်မှ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ၊ အထိမ်းအမှတ်သီချင်းနှင့် မြို့တော်ကို ၁၉၄၇-ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်အခြေခံ ဥပဒေ၌ ထည့်သွင်းရေးဆွဲ အတည်ပြု ပေးခဲ့သည်။

No comments: