Thursday, November 12, 2015

အိမ်လုပ်နို့ဆီချက်နည်း



***... နို့ဆီ – 2/3 cup (160 ml) လုပ်ရန်လိုအပ်တာလေးတွေ

1.
နွားနို့ (full cream milk) – 2 cups (500 ml)
2.
သကြား – 1/2 cup (125 ml)
3.
ထောပတ်ထမင်းစားဇွန်း ဇွန်း (15 ml)

#.
အောက်ခြေမကပ်နိုင်သည့် သန့်ပြန့်သော အိုးကြီးထဲ နို့ နှင့် သကြားထည့်ကာ over medium heat ဖြင့် သကြားပျော်အောင် ကျိုပေးပါ။ အိုးမကပ်စေရန် နှင့် တက်လာသည့် မလိုင်ဖတ်များ ကြေသွားအောင် မိနစ်ခန့်ခြားပြီး မွှေကျိုပေးပါ။

#.
၁၅ မိနစ်ခန့် ကျိုပြီးနောက် နို့များစပျစ်လာလျှင် low heat သို့လျှောကာ မလိုင်ဖတ်များလုံးဝ မဖြစ်အောင် အဆက်မပြတ် မွှေ၍ ကျိုပေးပါ။

(
ညက်ညောသော နို့ဆီသားရစေရန် မလိုင်ဖတ်များ မကျန်ဖို့လိုပါတယ်။)


#. မိနစ်ခန့် (သို့) အောက်ပုံပါအတိုင်း ပိုပျစ်ကာ အရည်ပမာဏ တစ်ဝက်ကျော်ခန့် ထက် လျှော့သွားလျှင် ထောပတ်ထည့်ပါ။

#.
မိနစ်ခန့် အဆက်မပြတ် မွှေကျိုပေးပြီးနောက်

ဇွန်းဖြင့် ကြည့်ပါက ပျစ်နေသော်လည်း အောက်ပုံပါအတိုင်း စီးကျနိုင်သော အနေအထားဖြစ် လျှင် နို့ဆီလေး နှစ်သက်သလို သုံးရန် အသင့်ဖြစ်ပြီမို့ သန့်ပြန့်သော ဗူး (သို့) ခွက်ထဲပြောင်းထည့်ပေးထားပါ။

(
အေးသွားသောအခါ ပိုမိုပျစ်ခဲလာဦးမည်ဖြစ်ပါတယ်။)

###....
အေးသွားပြီးနောက် အဖုံးဖုံးကာ ရေခဲသေတ္တာထဲ ပတ်ခန့်ထားပြီး သုံးနိုင်ပါတယ်။

###....
ထူပြီးကြီးသောအိုးကိုသုံးပါက အရည်ခမ်းမြန်ပြီး ဝေကျရန်မလွယ်သောကြောင့် over medium heat ဖြင့်ကျိုနိုင်၍ အချိန်ကုန်သက်သာစေပါတယ်။

###...
မီးအပူရှိန်၊ အိုးအရွယ်အစား နှင့် အသုံးပြုသည့်နို့ အပျစ်အကျဲ မတူနိုင်၍ ကျိုသည့်ကြာချိန် အတိုးအလျှော့ ရှိနိုင်ပါတယ်။

No comments: