Thursday, January 14, 2016

အဖိုးပြောသောဆုံးမစကား

 ခြံကြီး တစ်ခုထဲမှာ မြေးအဖိုးလေးယောက်နေထိုင် ကြသတဲ့။ တစ်နေ့ မှာ အဖိုး လုပ်တဲ့ သူက မြေးလေး သုံးယောက် ကို ပန်းခင်းတွေ တစ်ယောက် တစ်ခင်း ကျ စိုက်ပျိုး ခိုင်းပါတယ်။
 မြေးလုပ်တဲ့ သူတွေ ကလည်း အဖိုးက ဘာလို့  ငါတို့ သုံးယောက်ကို ပန်းခင်း ပျိုးခိုင်းတာ ပါလိမ့် လို့ နားမလည် နိုင်ပဲ တစ်ယောက် တစ်ပေါက် ဝေဖန်ကြလေရဲ့။
ဒီလိုနဲ့ ကလေး သုံးယောက်ဟာ ပန်းခင်းလေးတွေ ကို အကောင်းဆုံး လုပ်ကြတာပေါ့ ။
အဖိုး ဆီက ချီးကျူးး စကားလေးကို ကြားချင် လို့ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင်
လုပ်ကြပါတော့တယ်။

အချိန်တွေ တဖြည်းဖြည်း ကုန်လာတဲ့ အခါမှာ အဖိုးအို က သူ့ မြေးတွေ ရဲ့ ပန်းခင်းတွေ ကို လိုက်ကြည့် တာပေါ့။ ပန်းခင်း သုံးခင်း ထဲမှာ မြေး အငယ်ဆုံးလေး လုပ်ထားတဲ့ ပန်းခင်းလေး ဟာ အလှ ဆုံးဖြစ် တာ တွေ့ ရပါတယ်။

အငယ်ဆုံးမြေးလေး ပန်းခင်း ဟာ အကြီးတွေ ရဲ့ ပန်းခင်း ထက် ပိုပြီး လည်း စနစ်တကျ စိုက် ထား တယ်၊ ပိုပြီး ပန်းမျိုးစုံ တယ်၊ အပွင့်တွေ လည်း ငွားငွား စွင့်စွင့် နဲ့ ရှင်သန် ပွင့်ဖူးနေတာ ကိုတွေ့ ရပါတယ်။
အကြီးလေးနဲ့ အလတ် ကလေးရဲ့ ပန်းခြံတွေ ကတော့ ပန်းတွေ က မညီမညာ နဲ့ ပွင့်ပြီး၊ စနစ် မကျ ပဲ ဟိုနား တစ်အုံ၊ ဒီနား တစ်အုံနဲ့ ဖြစ်နေတာပေါ့။
ဒီပန်းခင်း သုံးခင်း ကို ကြည့်ပြီး အဖိုးအို က မြေးသုံးယောက် ကို ဆုံးမ စကား၊ မှတ်သားစရာ
စကားလေးတွေ ဆိုပါတယ်။
"ငါ့မြေးတို့ မင်းတို့ ကို ပေးထားတဲ့ အချိန် ကလည်း တူညီတယ်၊ အခွင့်ရေး လည်း အတူတူ ပေးထား ပါတယ်။ ဒါပေမယ့် မြေးငယ်လေးရဲ့ ပန်းခင်း က အကြီးနှစ်ယောက် ရဲ့ ပန်းခင်းထက်
အစစ၊ အရာရာ မှာ သာနေတယ်။ 
အကြောင်းရင်း က ပန်းတစ်ခင်း ကို စိုက်ပျိုးတဲ့ အခါမှာ ပျိုး စေ့ချ၊ ရေလောင်းပေး၇ုံ နဲ့ မပြီးဘူးကွဲ့ ။ အမြဲတမ်းပေါင်းသင် ပေးရတယ်၊ ပိုးမွှားလေးတွေ လဲ ဖယ်ရှားပေးရတယ်။ ဒါ့အပြင် အပင်တိုင်း ပွင့်နိုင်ဖို့ အတွက် စနစ် တကျ နဲ့ အကွာအဝေး ညီညီ စိုက်ပျိုး ရတယ်။ ဒီတော့ မှာ လှပပြီး ကျက်သရေရှိတဲ့ ပန်းခင်းဖြစ်လာမှာပေါ့ "
"ဘ၀မှာလည်း ဒီလို ပါပဲ၊ ကိုယ့်ကို ပျိုးထောင်တဲ့ အချိန်မှာ ဒီ ပန်းခင်းတွေ ရဲ့ နမူနာ ကို ယူပြီး ငါ့မြေး တို့  နေထိုင်ကြပါ။ ကိုယ့်ကိုယ် ကို အမြဲတမ်း စိတ်ဓာတ် ကို မြှင့်တင် နိုင်အောင် ကြိုးစား ကြပါ။ 
ဘာပဲ လုပ်လုပ် စနစ် တကျ လုပ်ဆောင်ကြပါ။ မိမိ ရဲ့ စိတ်ကို သန့် ရှင်းအောင် တရား ဓမ္မဆို တဲ့ ရေအေးလေးတွေ နဲ့ ပုံမှန် လောင်းချိုးကြပါ။ ဒါမှာ ကောင်းမွန် တဲ့ ဘ၀ ကို ပြည့်ပြည့် ၀၀ မင်း တို့ ပိုင်ဆိုင် လာမှာပေါ့။ အဖိုးလည်း မင်းတို့ သုံးယောက် ကို ပန်းခင်း အတိုင်းပဲ မွေးမြူ လာတာပါပဲ "
အဖိုးရဲ့ စကား အဆုံး မှာတော့ မြေးသုံးယောက်ဟာ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ။ ခေါင်းလေးတွေ ငိုက်လိုက် ကြပါတော့တယ်။ သူတို့ ကိုယ်တိုင် စိုက်ပျိုး တဲ့ ပန်းခင်းတွေဟာ
လည်း သူတို့ ရဲ့ ဘ၀တွေ အဖြစ် ပြောင်းလဲနိုင်တယ်ဆိုတာ သူတို့ နားလည်သွားကြပါတယ်။

အဖိုးရဲ့ မှတ်သား စရာ စကားတွေဟာ သူတို့ ဘ၀ ရဲ့ ခွန်အားတွေ၊ နည်းလမ်းကောင်းတွေ ဆို
သိရှိ သွားကြ ပါတော့တယ်။

No comments: