ကေထိုးဘိုး ခေါ် တံခွန်တိုင်ပွဲဆိုတာ ကယားလူမျိုးတို၏
ရိုးရာယဉ်ကျေးမူမှ ပေါ်ပေါက်လာတဲ့ နတ်ပူဇော်ပွဲ
တစ်ခုဖြစ်ပါတယ်။ ကယားလူမျိုးများအတွက် အရေးပါပြီး
နှစ်စဉ်နှစ်တိုင်း ရွာစဉ်အလိုက်ကျင်းတဲ့ ပွဲတော်ဖြစ်ပါတယ်။
ကေထိုးဘိုးကို တံခွန်တိုင်နတ် သို့မဟုတ် မိုးရေပေးသောနတ်ဟု
ယုကြည်ကြပြီး ကေထိုးဘိုးနတ်ကို ပူဇော်ပသရင် မိုးလေဝသ
မှန်ကန်ပြီး သီးနှံများဖွံ့ဖြိုးစေတယ်လို့ ကယားအမျိုးသားတို့က
ယုံကြည်ကြတယ်။
ကေထိုးဘိုးပွဲတော်ကို နှစ်စဉ် တန်ခူးလနှင့် ကဆုန်လများတွင်
ကျင်းပကြတယ်။ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပြောင်းတဲ့ ပွဲတော်လည်းဖြစ်ပါတယ်။
ကယားပြည်နယ် အနှံအပြားသို့ရောက်ရှိနေကြတဲ့
ဆွေမျိုးမိတ်ဆွေများကို ပွဲတော်သို့ စုရုံးရောက်လာစေခြင်း
ကွဲကွာနေတဲ့ မိတ်ဟောင်း၊ဆွေဟောင်းများ ပြန်လည်ဆုံတွေ့ကြရန်
ကျင်းပတဲ့ ပွဲတော်ကြီးပင်ဖြစ်ပါတယ်။
ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်က မိမိနေထိုင်ရာဒေသ
ပတ်ဝန်းကျင်စည်ပင်သာယာရေး၊ လုပ်ငန်းဆောင်တာ အဝဝ
ဖြစ်မြောက်အောင်မြင်ရေး၊
မိုးလေဝသမှန်ကန်ရေး၊ ရောဂါဘယ ကင်းဝေးခြင်းတို့မှ ကင်းရှင်းပပျောက်ရေး၊
ရိုးရာယဉ်ကျေးမူထိန်းသိမ်းရေးတိ
ပထမဦးဆုံး ခေါင်ရည်ကို ချက်ပြီး စုဆောင်းထားရတယ်။
ရွာတွင်းရှိလူစုံမစုံ ကြည့်ပြီး လူစုံတဲ့နေ့မှာ တံခွန်တိုင်သစ်ပင်
ခုတ်ရန် နေ့ကောင်း ရက်မြတ်ကို ကြပ်ရိုးထိုး၍ ရွေးချယ်ကြတယ်။
ခုတ်မယ့် သစ်ပင်ကို ကြက်ရိုးထိုး၍ ကြည့်ခြင်း
စိုက်ထူရန်ကောင်းမကောင်း အနာအဆာရှိမရှိ
ပိုးထိုးမထိုး သစ်ပင်ကို ရွေးချယ်ရပြန်တယ်။
ခုတ်လှဲမည့် အပင်က ရွာနဲ့နီးရင် နံနက် ၄ နာရီအချိန်
ရွာနှင့်ဝေးရင် နံနက်တစ်နာရီ ထ၍ တစ်အိမ်တစ်ယောက်ကျ
သစ်ခုတ်ရန် လိုက်သွားရတယ်
သစ်ခုတ်ရာမှာ အမျိုးသမီးများ လိုက်ပါခွင့်မရှိ
သစ်ခုတ်မည့်အဖွဲ့တွင် လူ ၅၀ မှ ၁၀၀ကျော်ထိလိုက်ပါပြီး
အတီးအမှုတ်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တပျော်တပါး
သွားလေ့ရှိတယ်။ တံခွန်တိုင်ခုတ်မည့် သစ်ပင်ကို နတ်ဆရာက အရာပေးပြီးမှ
နောက်လိုက်များက ခုတ်ရပါတယ်
ခုတ်လှဲပြီးသစ်ပင်ကို လိုသလောက်ဖြတ်တောက် နွယ်ကြိုး ဝါးနှီးများဖြင့်ချည်ကာ
သယ်ယူ ထမ်းပြန်ရပါတယ်။ ယာဉ်ဖြင့်မတင်ရဘူး။
ရွာအဝင်သို့ ပြန်ရောက်တဲ့ အသင့်စောင့်နေကြတဲ့
အမျိုးသမီးများက တံခွန်တိုင်ကို အောင်သပြေခက်များဖြင့်
ရေနဲ့ ပက်ဖြန်းပြီး ထမ်းပြန်လာသော ကယားမျိုးသားများကို ရေပက်ဖြန်းကြတယ်
တံခွန်တိုင်းအဟောင်းများလည်း ပက်ဖြန်းပြီး
အချင်းချင်းရေပက်ဖြန်းကြရပါတယ်။
ကေထိုးဘိုးက အဖိုတိုင်ဖြစ်ရင် ၅ ရက်ထားပြီး
အမတိုင်ဖြစ်ရင် ၃ ရက်ထားရပါတယ်
အဖိုတိုင်မှာ ပေ ၂၅ ပေမှ အများဆုံး ၄၅ ပေအထိ ရှည်တယ်။ အမတိုင်မှာ ၁၂ ပေခန့်သာရှည်ပါတယ်။ တံခွန်တိုင်ကို ရှစ်မြောင် သို့မဟုတ် ခြောက်မြောင် ဖြစ်အောင် ခုတ်ထစ်ပြုလုပ်ရပါတယ်။ ပန်းခက် ပန်းလက်များ တပ်ဆင်ရန်
သစ်သားဖြင့်ပြုလုပ်ခြင်း ဝါးဆည်းလည်နှင့် ကြက်လျှာ၊
ရက်လုပ်ခြင်းတို့ကို ပြုလုပ်ကြရပါတယ်။
ထီး၊ ကြက်လျှာ၊ ကေထိုးဘိုးလယ်ခေါ်
တံခွန်ပြားများကို ချည်ဖြင့် သုံးရက်အတွင်း အပြီး ရက်လုပ်ကြရပါတယ်။ ရက်လုပ်တဲ့အခါ
ရွာရှိအိမ်တိုင်းမှ ချည်ငါးကျပ်သားစီ ကောက်ခံပြီး
ရှေ့အခါက အပျိုစစ်များရက်လုပ်ကြပေမယ့်
ယခုအခါ ဘယ်အမျိုးသမီးမဆို ရက်လုပ်ကြပါတယ်။
တံခွန်တိုင်စိုက်ထူတဲ့ နံနက်ခင်းအချိန်မှာ အမျိုးသမီးများက
ရေဖလားကို သပြေခက်ဖြင့် ဆွတ်၍ ပက်ဖြန်းကြပြီး
ရေသွန်းလောင်းကြတယ်။ တံခွန်တိုင်ကို ဝိုင်း၍
ကကြတဲ့ ကယားအမျိုးသားများကို ရေပင်ဖြန်းကြတယ်။
တံခွန်တိုင်အသစ်အဟောင်းများကို
အဲဒီနောက် မိမိတို့အချင်းချင်းလည်း ရေကစားကြပါတယ်။
ပြီးတော့ တံခွန်တိုင်နတ်ဆရာ သို့မဟုတ် ဒိုင်လူကြီးအိမ်မှစ၍
တံခွန်တိုင်စိုက်ထူတဲ့ အဆက်အနွယ်များ၏
အိမ်တို့ကို အတီးအမှုတ်များဖြင့် လက်ယာရစ်
ကကြရပါတယ်။
ယောကျားလေးများကို တစ်အိမ်တစ်ဦးကျစုပြီး
ခြုံစောင်အနီတစ်ထည်၊ ပေါက်ပေါက်၊ သပြေရွက်၊
ဝါးကြက်လျှာ၊ စက္ကူကြက်လျှာ၊ ခေါင်ရည်၊ ငှက်ပျောသီးများကို
ယူဆောင်လာပြီး အတီးအမှုတ်များဖြင့်
နတ်များကို ပူဇော်ကြရပါတယ်။
ရေထွက်ပေါက်မှန်သမျှကို ငှက်ပျောသီးတစ်လုံး၊
ပေါက်ပေါက်၊ သပြေခက်၊ နှီးဖြင့် ထိုးထားတဲ့
ဝက်သားတုံး ဝါးဗူးငယ်ဖြင့် ထည့်ထားသော
ခေါင်ရည်တို့ကို စိုက်ထားကာ နတ်စာကျွေးကြရပါတယ်။
နတ်များကို ပူဇော်ပြီး တံခွန်တိုင်အစဉ်အဆက်စိုက်ထူတဲ့
အဆက်အနွယ်များ၏အိမ်ကို လက်ယာရစ်
လှည့်ပတ်ကာ အသီးသီးယူဆောင်လာတဲ့
စောင်အနီကို စည်းချက်ကျကျ မြောက်ပြီး
ပိုးပို့း့ ဝါဟု သံပြိုင်သီဆိုရပါတယ်။
အဲဒီနောက်ရေလောင်းကြစဉ် " နှစ်သစ်ကူးမှာ ကျန်းမာချမ်းသာပြီး
မိုးကောင်း၍ ကောက်ပဲသီးနှံများ ဖွံ့ဖြိုးပါစေ "
ဆုတောင်းပေးကြရပါတယ်။ ။
No comments:
Post a Comment