(အကြမ်းဖျင်းဖြင့် ဆီလျော်အောင်ရေးသားထားပါသဖြင့် သည်းခံ၍ ဖတ်ကြပါရန်ခင်ဗျာ..။)
-----------------------
အရာရာ အားလုံးဟာ Chaos လို.ခေါ်တဲ့ ဗလာအဖြစ်ကနေစပါတယ်။
Chaos ကစတင်မွေးဖွားလာတာကတော့ Gaia (ကမ္ဘာမြေကြီး) ၊ Eros (အချစ်) ၊ Tartarus လို.ခေါ်တဲ့ ငရဲ၊ Erebus လို.ခေါ်တဲ့ အမှောင်ထုရယ် Nyx လို.ခေါ်တဲ့ ညရယ် တွေပဲဖြစ်ပါတယ်။ Gaia ဟာ မိမိကိုယ်ထဲကနေ Uranus( ကောင်းကင်) ကို မွေးထုတ်လိုက်ပါတယ်။ နောက် ကောင်းကင်နဲ. မြေကြီး ပေါင်းပြီးတော့ Titans တွေ မွေးဖွားလာပါတော့တယ်။
အရာရာ အားလုံးဟာ Chaos လို.ခေါ်တဲ့ ဗလာအဖြစ်ကနေစပါတယ်။
Chaos ကစတင်မွေးဖွားလာတာကတော့ Gaia (ကမ္ဘာမြေကြီး) ၊ Eros (အချစ်) ၊ Tartarus လို.ခေါ်တဲ့ ငရဲ၊ Erebus လို.ခေါ်တဲ့ အမှောင်ထုရယ် Nyx လို.ခေါ်တဲ့ ညရယ် တွေပဲဖြစ်ပါတယ်။ Gaia ဟာ မိမိကိုယ်ထဲကနေ Uranus( ကောင်းကင်) ကို မွေးထုတ်လိုက်ပါတယ်။ နောက် ကောင်းကင်နဲ. မြေကြီး ပေါင်းပြီးတော့ Titans တွေ မွေးဖွားလာပါတော့တယ်။
Titans(တိုက်တန်) ၁၂ယောက်ရှိပါတယ်။ ညီအစ်ကိုခြောက်ယောက်
ညီအစ်မခြောက်ယောက်ပါ။ ယောက်ျားတွေကတော့ Ceous, Crius, Cronus, Hyperion,
Iapetus, နဲ. Oceanus တို.ဖြစ်ပါတယ်။
မိန်းခလေးတွေကတော့ Mnemosyne, Phoebe, Rhea, Theia, Themis
နဲ. Tethys တို.ဖြစ်ကြပါတယ်။ Chronus ဟာ အငယ်ဆုံးနဲ.
အဆိုးဆုံးသားလေးဖြစ်ပါတယ်။
Gaia နဲ. Uranus တို.ဟာ တိုက်တန်တွေ ဆက်မမွေးဖို.ဆုံးဖြတ်လိုက်ပါ တယ်။ ဒါပေမဲ့ နောက်ထပ် သားသမီးတွေထပ်ရလာပါသေးတယ်။
သူတို.ကတော့ cyclops (မျက်လုံးတလုံးတဲ့ပါတဲ့ လူသန်ကြီးများ) နဲ. Hecatonchires ခေါ် လက်တရာပါရှိတဲ့ လူများဖြစ်ပါတယ်။ Uranus ဟာသားသမီးဆက်မမွေးတော့ဘူးဆိုတဲ
ဒါကြောင့် Rhea မှာခလေးတယောက်မွေးတိုင်း စားပစ်ပါတယ်။ Rhea
ဟာ စိတ်မကောင်းဖြစ်လွန်းတာကြောင့် သားလေး Zeus ကို မွေးလာတဲ့အခါ
ကျေက်တုံးကို အနှီးနဲ.ပတ်ပြီး တပတ်လှည့်နဲ. Chronus
ကိုလှည့်စားခဲ့ပါတယ်။ နောက် Zeus ကြီးပြင်းလာတဲ့အခါ အဆိပ်ခတ်ထားတဲ့
အရက်ကို Chronus ကို တိုက်လိုက်တော့ ဗိုက်ထဲမှာ မျိုချခံထားရတဲ့
သားသမီးတွေနဲ. အတူ အဲဒီကျောက်တုံးပါ ပြန်ထွက်လာခဲ့ပါတယ်။ Zeus
တို့မျီုးဆက်ဟာ God တွေဖြစ်လာခဲ့ပါတယ်။ Zeus ဟာ Tartarus (ငရဲ)
ကိုသွားပြီး သူ့အမျိုးတော်သူတွေဖြစ်တဲ့ မျက်လုံးတလုံးနဲ့ cyclops တွေ
လက်တရာ နဲ. Hecatonchires တွေကို လွှတ်ပေးလိုက်တယ်။
နောက်ဆုံး ရလာတဲ့ ညီအစ်ကို မောင်နှစ်မတွေ အားကိုးနဲ.
Chronus ကို စစ်ကျေညာပါတော့တယ်။ Zeus ဟာ မွေးချင်းတွေထဲမှာ
အငယ်ဆုံးဖြစ်ပါတယ်။ သူ.မွေးချင်းတွေကတော့ -
Hades (God of Underworld - မြေအောက်ကမ္ဘာနတ်ဘုရား)
Poseidon (God of Sea -ပင်လယ်နတ်ဘုရား)
Demeter (Goddess of Harvest, အသီးအနှံ့များကို ဖွံ.ဖြိုးစေပြီး ကမ္ဘာကို စိမ်းလန်းစေတဲ့ နတ်ဘုရားမ)
Hestia (Goddess of the hearth, archetecture, and right order of domesticity - အိမ်မှာ ရပ်ကွက်ပြည်နယ် စတာတွေမှာ အေးချမ်းသာယာအောင် ပူဇော်ပသရတဲ့ နတ်ဘုရားမ)
Hera (Goddess of Women and Marriage - အမျိုးသမီးတွေနဲ. အိမ်ထောင်ရေးကို စောင့်ရှောက်သော နတ်ဘုရားမ)
Poseidon (God of Sea -ပင်လယ်နတ်ဘုရား)
Demeter (Goddess of Harvest, အသီးအနှံ့များကို ဖွံ.ဖြိုးစေပြီး ကမ္ဘာကို စိမ်းလန်းစေတဲ့ နတ်ဘုရားမ)
Hestia (Goddess of the hearth, archetecture, and right order of domesticity - အိမ်မှာ ရပ်ကွက်ပြည်နယ် စတာတွေမှာ အေးချမ်းသာယာအောင် ပူဇော်ပသရတဲ့ နတ်ဘုရားမ)
Hera (Goddess of Women and Marriage - အမျိုးသမီးတွေနဲ. အိမ်ထောင်ရေးကို စောင့်ရှောက်သော နတ်ဘုရားမ)
ဒီလိုနဲ့ Zeus ဟာ Chronus ကို အောင်မြင်ပြီး Tartarus
(ငရဲ)မှာ ပိတ်လှောင်ထားနိုင်ခဲ့ပြီး ကောင်းကင်ကိုပိုင်စိုးပြီး
မိုးကြိုးနတ်ဘုရား (God of Sky and Thunder) ဖြစ်လာခဲ့ပါတယ်။ Cyclops
တွေနဲ့ Hecatonchires တွေကို Tartarus ကသွားကယ်တုန်းက သူတို့ ဟာ
Thunderbolt ကို ပေးအပ်ခဲ့တယ်။ လက်ဆောင် ၃ ခုယူလာတဲ့ထဲမှာ Hades က
invisibility (ကိုယ်ပျောက်ပညာ) ကိုယူခဲ့ပြီး Posiedon က Trident
လို.ခေါ်တဲ့ သုံးခွလှံကို ယူသွားခဲ့ပါတယ်။ ဒါဟာနောက်ပိုင်း
သူတို့ရဲ့အမှတ်အသားဖြစ်လာခဲ့ပါ တယ်။
ညီအစ်ကိုသုံးဦး ကောင်းကင် ငရဲနဲ. ပင်လယ်ကို
ဘယ်သူယူမယ်ဆိုတာကို မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ Zeus ဟာ
သူ.ညီမ Hera ကိုလက်ထပ်ပြီး သားသမီး ၃ ယောက်မွေးဖွားခဲ့တယ်။ နောက်တော့
နတ်ဘုရားမတွေရော လူတွေရော သစ်ပင်စောင့်နတ်တွေတော လျှောက်ပြီးယူလိုက်တာ
သားသမီ အယောက် ၁၀၀ ကျော်ရပါတယ်။ သူ့အဖွားတောင်မလွတ်ပါဘူး။ Gaia
ကိုပြန်ယူပြီး သားသမီးတပြုံကြီးရခဲ့သေးပါတယ်။ သူတို့တွေဟာ immortal
မအိုမနာမသေတာကြောင့် တရွယ်တည်းလိုဖြစ်နေတယ်ဆိုတဲ့ အချက်လည်း
ထည့်သွင်းစဉ်းစားရမှာပါ။ Zeus ပွေရှုပ်လွန်းတာကြောင့် သူ.မိန်းမ Hera ဟာ
တခြား မိန်းမတွေ အငယ်တွေကို မနာလိုဖြစ်လာခဲ့ပါတယ်။ မိန်းမကို
လှည့်စားချင်တဲ့ Zeus ဟာ Nymph (နင့်ဖ် လို.ခေါ်ပါတယ်၊ သစ်ပင်တွေ
စမ်းချောင်းတွေ မြစ်တွေကို စောင့်ရှောက်တဲ့ နတ်မိမယ်လေးများဖြစ်ပါတယ်။
သူတို့ဟာ Goddess နဲ. မတူပါဘူး Divine Spirit ဖြစ်ပါတယ်။ ရုက္ခစိုးနတ်နဲ.
သဘောသဘာဝတူပါတယ်) Echo ဆိုတဲ့ နင့်ဖ် မလေးကို Hera ကို စကားတွေ
ဒလစပ်ပြောနေဖို.မှာကြားခဲ့ပါ တယ်။ ဒီတော့ Hera ဟာ Echo ရဲ့စကားကို
နားထောင်နေတုံး Zeus ကအပြင်ထွက်ပြီး ကဲတာပေါ့။ နောက် Hera သိသွားတော့ Echo
ကို ကြားသမျှ စကားတိုင်း ပြန်ပြောပါစေ ဆိုပြီးကျိန်စာတိုက်လိုက်ပါ တယ်။ ဒါကြောင့် ခုခေတ်မှာ ပဲ့တင်သံ ကို Echo လို.ခေါ်ပါတယ်တဲ့။
Zeus ဟာလည်း သူ.အဖေ Chronus လိုပဲ သူ.သားသမီးတွေ
တော်လှန်မှာကို ကြောက်ဟန်တူပါတယ်။ သူ.ရဲ. ပထမဆုံးမိန်းမ Metis (Goddess
of Wisdom, skill, craft - အသိ ပညာကြွယ်ဝမှုနဲကျွမ်းကျင်လိမ္မာမှု ကို
ကိုယ်စားပြုတဲ့ နတ်ဘုရားမ) က မွေးတဲ့ ကလေးဟာ သူ.ထက် သာလွန်လိမ့်မယ်လို.
အတိတ်တဘောင်တွေ ထွက်လာတဲ့အချိန်မှာ ဗိုက်ကြီးနေ့စေ့လစေ့နဲ. Metis ကို
ဘာဘာညာညာမစဉ်းစားပဲ ကောက်မျိုလိုက်ပါတယ်။ ဒါပေမဲ့ အဲ့ဒီခလေးငယ်ဟာ
ဖခင်ရဲ.ခေါင်းကို ခွဲပြီး စစ်ဝတ်တန်ဆာ အစုံအလင်ဆင်ပြီး မွေးလာခဲ့ပါတယ်။
သူကတော့ ဥာဏ်ပညာကြီးရင့်မှု ရဲရင့်မှု အောင်နိုင်မှုအားလုံးကို
ကိုယ်စားပြုတဲ့ နတ်ဘုရားမ အသီနာ Athena ဖြစ်ပါတယ်။
#မိုးကြယ်စင်
#မှော်ပညာ
#မှော်ပညာ
No comments:
Post a Comment