ကရင်လူမျိုးများသည် မြန်မာနိုင်ငံတွင် လူဦးရေအားဖြင့် (၄)
သန်းကျော်ရှိနေကြပြီး နေရာဒေသကြီး (၃) ခုတွင်နေထိုင်ကြသည်။ ၄င်းတို့မှာ (၁)
ဧရာဝတီမြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်း၊ သံလွင်မြစ်ဝှမ်းနှင့်
တနင်္သသာရီကမ်းရိုးတန်းဒေသ (၂) ဧရာဝတီမြစ်ဝှမ်းနှင့် စစ်တောင်းမြစ်ကြားရှိ
ပဲခူးရိုးမတောင်တန်းများနှင့် ချိုင့်ဝှမ်းဒေသများ (၃)
ရှမ်းကုန်းပြင်မြင့်တောင်ပိုင်း မှ ကယားပြည်နယ်၊ ကရင်ပြည်နယ်၏ချိုင့်ဝှမ်းနှင့် လွင်ပြင်များအပါအ၀င် ကျယ်ပြန့်သော ရှမ်းကုန်းပြင်မြင့်ဒေသများပင်ြ ဖစ်သည်။
မြန်မာနိုင်ငံတွင်နေထိုင်ကြသော ကရင်များသည် ဘာသာစကားအားဖြင့်
(၁၆) မျိုးခန့်ကွဲပြားခြားနားကြပြီး ယင်းတို့ကိုအဓိကအားဖြင့်
အုပ်စုကြီးနှစ်ခုဖြစ်သော စကော-ဘွဲအုပ်စု (Sgaw-Bghai) နှင့်ပိုးအုပ်စု
(Pow) တို့ပင်ဖြစ်သည်။ စကောသည် စကော-ဘွဲအုပ်စုတွင် အကျယ်ပြန့်ဆုံး
အသုံးပြုသောစကား ဖြစ်သကဲ့သို့ ပိုးစကားသည်လည်း ပိုးအုပ်စုတွင်
အကျယ်ပြန့်ဆုံး ပြောသောစကားဖြစ်သည်။ တစ်ခါတစ်ရံ ကရင်များကိုနေရာဒေသလိုက်၍
မြောက်ပိုင်းကရင်၊ တောင်ပိုင်းကရင် ဟူ၍ခွဲထားပြန်သည်။
မြောက်ပိုင်းကရင်များတွင် ကယားများပါဝင်ပြီး တောင်ပိုင်းကရင်များတွင်
စကောနှင့်ပိုးတို့ပါဝင်သည်။ ထိုသို့ ကွဲပြားနေခြင်းသည် ကွဲပြားခြားနားသော
ပြင်ပရိုးရာယဉ်ကျေးမှုများ၏ လွှမ်းမိုးမှုကြောင့်ဖြစ်သည်ကို ဖော်ပြနေပါသည်။
မြောက်ပိုင်းကရင်များသည် ထိုင်းစကားကိုပြောသော ရှမ်းတို့နှင့်နီးစပ်မှု၊
လွှမ်းမိုးမှုကိုခံရသကဲ့သို့ တောင်ပိုင်းကရင်များတွင်
မွန်၊ဗမာတို့၏လွှမ်းမိုးမှုရှိေ
No comments:
Post a Comment