Monday, January 18, 2016

ခွန်စံလောနဲ့နန်းဦးပျဉ်အကြောင်း


ဇာတ်ကြောင်းလေးတနေရာမှာမှားခဲ့ရင်လည်းအမှန်ပြန်ပြင်ပေးကြပါနော်။ ဒဏ္ဍာရီလေးကတော့ဒီလိုပါ
"ဟိုတခါတုန်းက ကျိုင်းတောင်းမှာ အရမ်းချမ်းသာတဲ့ မိသားစုတစ်ခုရှိတယ်တဲ့
မိသားစုဝင်သုံးယောက်ရှိတာတဲ့ အဖေရယ် အမေရယ် သားရယ်ပေါ့နော်..
သူ့ သားနာမည်က ခွန်စံလောတဲ့ကွဲ့ 
ခွန်စံလောက်အသက်အရွယ်ရလာချိန်မှာ မိခင်က အိမ်ထောင်ချပေးချင်တာတဲ့
အဲ့ဒါနဲ့ ကျိုင်းတောင်းမှာရှိတဲ့ နန်းဦးပဲန်း (င်္ပမ်း) ဆိုတဲ့ကောင်မလေးနဲ့  အိမ်ထောင်ချပေးချင်တာပေါ့နော် ....အဲ့ဒီကောင်မလေးက အလုပ်လုပ်တာတော်တယ်....

Sunday, January 17, 2016

သင့်ဘဝမှာအခက်အခဲတွေကိုအောင်မြင်ချင်လျင်


၁.တိတ်ဆိတ်ခြင်းကို ရွေးပါ။
 တစ်ခါတလေ သင်ဟာ တစ်ပါးသူရဲ့ အထင်လွဲမှုကို ခံရတယ်။ ဒါကို မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးလိမ့်မယ်။ အစကတည်းက လူတိုင်းဟာ သင့်ကိုနားလည်သူတွေ မဟုတ်ဘူး။ ဒါကြောင့် လောကကြီးကို ကိုယ့်ဒုက္ခတွေ ကြော်ငြာစရာ မလိုဘူးလို့ သင်ထင်တယ်။
 တစ်ခါတလေမှာ သင့်အချစ်ဆုံးသူတွေက သင့်အပေါ် သဘောထားလွဲမယ်။ ဒီလိုအချိန်မျိုးမှာ သင်နာကျင်ခံစားရပြီး
မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးပါ။ လောကတစ်ခုလုံး သင့်ကို နားမလည်ချင်နေပါစေ။ သင့်အချစ်ဆုံး သူက သင့်ကို နားလည်သင့်တယ်။ တကယ်လို့
သူပါ သင့်ကို နားမလည်ခဲ့ရင် ဘာများပြောစရာ ရှိတော့မလဲ?

သစ်သားဇလုံလေး

လူငယ်များဖတ်ဖြစ်အောင်ဖတ်ဖို့တိုက်တွန်းပါရစေ
မသန်မစွမ်း အဘိုးအိုကြီးတစ်ယောက်ဟာ သူ့သားရဲ့ အိမ်မှာ သူ့ချွေးမ၊ လေးနှစ်သားအရွယ် သူ့မြေးလေးနဲ့အတူ နေလေရဲ့။ အဲဒီ အဘိုးအိုကြီးက လက်တွေဆိုလည်း တုန်လို့၊ အမြင်အာရုံကလည်း မှုန်ဝါးဝါး၊ သူ့ရဲ့ ခြေလှမ်းတိုင်းကလည်း ဒယိမ်းဒယိုင်နဲ့ပေါ့။ သူတို့ မိသားစု လေးယောက်ဟာ အစာစားပြီဆိုရင်ဖြင့် စားပွဲတစ်လုံးမှာ အတူတူ ထိုင်ပြီး စားလေ့ရှိတယ်။ ဒါပေမယ့် အဘိုးအိုကြီးဟာ လက်က အရမ်းတုန်၊ မျက်စိက ၀ါးတားတားဆိုတော့ အစာစားရတာလည်း အခက်ကြုံတာပေါ့။

Saturday, January 16, 2016

ဆံပင်ဖြူ၍စိတ်ညစ်နေသူများအတွက်သဘာဝဆေးနည်း


ဆံပင်ဖြူ၍ စိတ်ညစ်နေ သူများအတွက် ဆံပင်ကို သန်စွမ်း နက်မှောင် လာစေမည့် သဘာဝ ဆေးနည်းလေးကို ကျန်းမာရေး သတင်း များမှ မျှဝေပေးလိုက် ပါသည်။
ဆေးနည်း
၁။ သြဇာသီး အမှည့်၏ အစေ့ကို ထုတ်ယူပါ။
(မိမိဆံပင် အထူးအပါးပေါ် မူတည်၍ အစေ့ (၂၀)၊ (၃၀) စသဖြင့် ယူပါ)
၂။ ရင့်ပြီး မည်းနက်နေသော အစေ့များကိုသာ ရွေးယူပါ။

ချစ်သူနဲ့ရည်းစားကွာခြားချက်

ချစ်သူ.........
လူတစ်ယောက်ကဘယ်လောက်ပဲ ရည်းစားထားခဲ့ပါစေ......
နောက်ဆုံးတော့သူတစ်ကယ်ချစ်တာ ချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်... .....
ချစ်သူကိုတော့တစ်ဘဝလုံးအတွက် ပုံအပ်ပြီးလက်တွဲရမယ့်သူလို့
ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ ဘာသာပြန်ပါရစေ........
ရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊မြတ်နိုးတွယ်တာမူတွေနဲ့
တည်ဆောက်ထားတယ်........သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ.....
အနာဂတ်ရှိလာပြီ........သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ.......
ဘယ်လိုနေမှာလဲ.......အများကြီးပေါ့...........
သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်.......
ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............