Monday, January 18, 2016

ခွန်စံလောနဲ့နန်းဦးပျဉ်အကြောင်း


ဇာတ်ကြောင်းလေးတနေရာမှာမှားခဲ့ရင်လည်းအမှန်ပြန်ပြင်ပေးကြပါနော်။ ဒဏ္ဍာရီလေးကတော့ဒီလိုပါ
"ဟိုတခါတုန်းက ကျိုင်းတောင်းမှာ အရမ်းချမ်းသာတဲ့ မိသားစုတစ်ခုရှိတယ်တဲ့
မိသားစုဝင်သုံးယောက်ရှိတာတဲ့ အဖေရယ် အမေရယ် သားရယ်ပေါ့နော်..
သူ့ သားနာမည်က ခွန်စံလောတဲ့ကွဲ့ 
ခွန်စံလောက်အသက်အရွယ်ရလာချိန်မှာ မိခင်က အိမ်ထောင်ချပေးချင်တာတဲ့
အဲ့ဒါနဲ့ ကျိုင်းတောင်းမှာရှိတဲ့ နန်းဦးပဲန်း (င်္ပမ်း) ဆိုတဲ့ကောင်မလေးနဲ့  အိမ်ထောင်ချပေးချင်တာပေါ့နော် ....အဲ့ဒီကောင်မလေးက အလုပ်လုပ်တာတော်တယ်....

ပြီးတော့ သူလည်းခွန်စံလောကို ကြိတ်ကြိုက်နေတာပေါ့နော် အဲ့ဒါ ခွန်စံလော အမေကို နေ့ တိုင်းဆိုသလို မျက်စိကျအောင် အလုပ်တွေဘာတွေ လုပ်ကူပေါ့နော်...
ဒါပေမဲ့ ခွန်စံလောက သူ့ ကိုလုံးဝမကြိုက်ဘူး
သူ့ အမေကတော့ သူ့ သားကို နေ့ တိုင်းတိုက်တွန်းပါရဲ့ ဒါပေမဲ့ ခွန်စံလောလည်း ဒီအရာကို ဘယ်လိုကျော်ဖြတ်နိုင်မှာလဲဆိုတာ နေ့ တိုင်းစဉ်းစားတာပေါ့နော်.....
အဲ့ ဒါနဲ့ အကြံတစ်ခုရလာတယ်တဲ့ 
အဲ့ဒါကတော့ သူ့ အပေါင်းအသင်းတွေနဲ့ အတူ ရှမ်းပြည်အနှံ့  နွားပေါင်း ၅၀၀ နှင့်အတူ လက်ဖက် ကုန်ကူးတာပေါ့နော်.....
သူ က သူ့ အမေကိုပြောတာတဲ့  မေမေ ကျွန်တော် စီးပွားရှာချင်သေးတယ်
ကျွန်တော် ခရီးက ပြန်လာမှ ကြည့်စဉ်းစားတာပေါ့တဲ့ ဒီမင်္ဂလာကိစ္စတဲ့ 
အဲ့ဒါ သူ့ အမေလည်း သဘောတူလိုက်တာတဲ့ကွယ်....
ခွန်စံလောလည်း သူ့ အပေါင်းအပါတွေနဲ့ အတူ စပြီး ခရီးဆန့် ကြတာပေါ့နော်.....
သူ ကုန်ကူးသန်းရောင်းဝယ်ရေးလုပ်ပြီးဖြတ်သန်းတဲ့ မြို့ တွေကတော့ သီပေါမြို့ လည်းပါတာပေါ့နော်.....
အဲ့ဒီမြို့ မှာ သူကောင်မလေးတစ်ယောက်နဲ့ လည်း ရည်းစားဖြစ်ခဲ့သေးတယ်တဲ့ကွဲ့ ...
အဲ့ဒီအချိန်မှာ ခွန်စံလောဟာ အသက်အရွယ်ငယ်ပေမဲ့ စီးပွားတွေ ဘာတွေလုပ်တတ်တော့ ရှမ်းပြည်မှာ နာမည်ကြီးနေတာတဲ့ကွယ်....
ခရီးသွားရင်း သွားရင်းနောက်ဆုံးတော့ နန်းဦးပျဉ်နေတဲ့မိုင်းကိုင်မြို့ ကိုရောက်လာတာတဲ့ ကွယ်.....
ခွန်စံလောက ဘယ်လောက်ချောကြောင်း
ဘယ်လောက်တော်ကြောင်း မိုင်းကိုင်သူ မိုင်းကိုင်သားတွေက အရမ်းအားကျတာပေါ့နော် ချီးကျူးသံ ချီးမွမ်းသံလည်း အမြဲကြားနေရတာပေါ့နော်......
အဲ့ဒီအချိန်မှာ မိုင်းကိုင်မြို့အနောက်ဘက်နေ ၀မ်းလိန်း ကျေးရွာမှ နန်းဦးပျဉ်ဆိုတဲ့ကောင်မလေးလည်း သူများဒီလောက်ချီးကျူးတာကိုသူလည်း မြင်ဖူးချင်လေရဲ့  ဆိုပြီး မိုင်းကိုင်မြို့ ဈေးမှာ ဈေးဝယ်ထွက်ရင်း ခွန်စံလောကို ရှာဖွေ မိတယ်တဲ့ကွယ်.....
အဲ့ချိန်မှာ ခွန်စံလောလည်း ဈေးထဲမှာ ရှိနေတုန်းဆိုတော့ သူတို့ နှစ်ဦးတွေ့ .ဆုံသွားသတဲ့ကွယ်.....
အဲ့ဒီအချိန်မှာတစ်ယောက်နှစ်တစ်ယောက်ကြည့်တဲ့အကြည့်ဟာ မိုင်းကိုင်ဈေးတိုင်တွေတောင် ယိုင်သွားသတဲ့ ဒါကြောင့် မိုင်းကိုင်မြို့ ကို အရင်က မိုင်းကိန်း (မိုင်းဂိုင်း) (ယိုင်မြို့ )လို့ ခေါ်ပြီး နောက်ပိုင်းမှာ (မိုင်းကိုင် ) (မိုင်းဂိုင်) လို့ ဖြစ်လာပါတယ်.....
နောက်နေ့ လည်းရောက်ရော ခွန်စံလောက နန်းဦးပျဉ်ကို သဘောကျကြောင်းသူငယ်ချင်းအပေါင်းအပါတွေ ပြောပြတော့ သူငယ်ချင်းတွေလည်း တိုက်တွန်းတာပေါ့နော် သူ့ အချစ်ရေး ဆိုအောင် ဘာညာသလကာ ကွိကွပေါ့.....
ခွန်စံလောလည်းစပြီး ချည်းကပ်တာပေါ့နော်..
သူတို့ ဆုံတွေ့ နေတဲ့ နေရာမှာတော့ မိုင်းကိုင်မြို့ တိမ်းချောင်း နားမှာဆိုတော့ ခွန်စံလောပြောတာ နန်းဦးပျဉ် ကောင်းကောင်းမကြားရတော့ သူမက တိမ်းချောင်းကို တိမ်းချောင်းရယ် တိတ်တိတ်နေပေးပါလား ....နင့်အစ်ကိုခွန်စံလော ပြောသွားတာ ငါဘာမှ မကြားရဘူးကွယ် တဲ့......
အဲ့ချိန်ကစပြီး တိန်းချောင်းက အခုထက်ထိ တိတ်ဆိတ်ငြိမ်သက်နေလေရဲ့......
အဲ့ဒီတိန်းချောင်းဟာ ရှမ်းပြည် လင်းခေးမြို့ အထိ စီးဆင်းတဲ့  ချောင်းရေတစ်ခုပါ...
အဲ့ဒီနောက်ပိုင်း ခွန်စံလောနဲ့ နန်းဦးပျဉ် ချစ်ကျွမ်းဝင်သွားကြတာပေါ့နော်...
တစ်နေ့ ခွန်စံလောက နန်းဦးပျဉ် မိသားစုတွေနဲ့ တွေ့ ဆုံပြီး သူ ကျိုင်းတောင်းကိုပြန်ပြီး မိဘတွေနဲ့ အတူလာတောင်းရမ်းမယ်တို့ ဘာတို့ ပြောတော့ နန်းဦးပျဉ်မိဘလည်း လက်ခံတာတဲ့....
အဲ့ဒါ ခွန်စံလောက ကျိုင်းတောင်းကိုပြန်သွားပါလေရော
သူ့ အမေကို အကြောင်းဆုံပြောပြတော့ သူ့ အမေက လုံးဝသဘောမတူဘူးတဲ့ ခွန်စံလောလည်း နန်းဦးပျဉ်မှ နန်းဦးပျဉ်ပဲတဲ့ကွယ်....
နန်းဦးပျဉ်က ဘယ်လောက်လိမ္မာယဉ်ကျေးကြောင်း ရေပေါ်မှာ လမ်းလျှောက်ရင်တောင် ရေက လှိုင်းလုံးအထတဲ့အပြင် တုတ်တုတ်မှ မလုပ်တဲ့အထိ
နူး ညံ့တိမ်မွေ့ ကြောင်း
ဒါပေမဲ့  သူ့ စကားလုံးတွေက သူ့ မိခင်ရဲ့စိတ်ကို လုံးဝ အနိုင်မရနိုင်ဘူး.....
နောက်ဆုံးတော့ သူက သူ့ ဦးလေးကို အကူအညီတောင်းတာပေါ့နော် ..
သူ့ ဦးလေးလည်း သဘောတူပြီး သူနဲ့အတူ မိုင်းကိုင်ကိုခရီးထွက်သွားကြတာတဲ့ကွယ်...
နောက်ဆုံး မိုင်းကိုင်ရောက်ရော မင်္ဂလာကိစ္စတွေ လုပ်အပြီး ခွန်စံလောက နေခဲ့ပြီး သူ့ ဦးလေးသာ ပြန်သွားခဲ့တာတဲ့...
အဲ့ဒါနဲ့လအနည်းငယ်ကြာသွားတဲ့အခါမှာ နန်းဦးပျဉ်ရင်သွေးရသွားတာပေါ့နော်...
အဲ့ချိန်မှာ ခွန်စံလောလည်း သူ့ မိဘတွေကိုအရမ်း သတိရတာတဲ့ကွယ် အဲ့ဒါကို ကျိုင်းတောင်းကို အတူတူပြန်မယ်လို့ နန်းဦးပျဉ်ကို တိုင်ပင်တာတဲ့ နန်းဦးပျဉ်လည်းသူချစ်တဲ့သူ သွားလေရာမှာ လိုက်ပါမယ်ဟုပြောပြီး လိုက်သွားတာတဲ့ကွယ်....
နွားလှည်းတွေနဲ့ ခရီးထွက်ကြတာပေါ့နော်....
နောက်ဆုံးကျိုင်းတောင်းလည်းရောက်ရော နန်းဦးပျဉ်ရဲ့ယောက္ခမဟာနန်းဦးပျဉ်က ဘယ်လောက်ချောကြောင်း ချီးမွမ်းတာတဲ့ ချစ်ဟန်ဆောင်တာပေါ့နော် အဲ့ဒါနဲ့ 
သူ့ သားကိုပြောတာတဲ့ကွယ် ...
သားရယ် နင့်မိန်းမနဲ့ သူ့ အပေါင်းအပါတွေ ခရီးပန်းရောပေါ့ ဟင်းဟောင်းလည်းမရှိဘူး အဲ့ဒါ အသားရွာ ငါရွာသွားပြီး အသားငါးလေးရှာခဲ့ မရရအောင်ရှာခဲ့ မေမေက မေ့ မေ့ချွေးမကိုကိုချက်ကျွေးမယ်တဲ့ကွယ်....
ဒါပေမဲ့ ခွန်စံလော အမေက စီစဉ်ထားပြီးသား အသားငါးရောင်းတဲ့ရွာကိုသွားပြီး အသားငါးမရောင်းပါနဲ့ ဆိုပြီး ပိုက်ဆံတွေ ပေးထားတာတဲ့ကွယ်....
အဲ့ဒါခွန်စံလောလည်းသွားရှာတာပေါ့နော် ခွန်စံလောက ထမင်းစားချိန်တောင် ရောက်မလာနိုင်သေးဘူးတဲ့ကွယ်..
အဲ့ဒါနဲ့  ခွန်စံလောအမေက ကဲကွယ် သမီးတို့်လည်းဆာရောပေါ့ ရှိတာလေးနဲ့စားမယ်လေတဲ့ သမီးတို့ မောပန်းလာတော့ နားဦးပေါ့နော် ...
အမေပဲ ပြင်ဆင်လိုက်မယ်တဲ့..
ပြင်ဆင်လည်းပြီးရော နန်းဦးပျဉ်လည်း သူ့ အပေါင်းအပါတွေနဲ့ အတူ ထမင်းဝိုင်းမှာထမင်းစားကြတာပေါ့နော် ခွန်စံလောမေမေက ထမင်းဝင်မစားဘူးအဲ့ချိန်
အရင်တုန်းက ထမင်းစားရင် လက်တွေနဲ့ ပဲစားတာကို
နန်းဦးပျဉ်က ထမင်းကို လက်နဲ့ လှမ်းအယူ ထမင်းပုံထဲမှာ အပ်ချောင်းတွေ ထိုးထားတော့ သူ့ လက်ကို ထိုးမိတာတဲ့ကွယ်...
သူလည်း ဒါဟာ မတော်တဆပါဆိုပြီး ဘာမှကို မပြောဖြစ်ဘူးတဲ့
ပြီးတော့ သူ့ မေမေက ဒီနေ့ သမီးတို့  စရောက်တယ်ဆိုတော့ ဘုရားပန်းအိုးလည်းရအောင် ရေလေးဘာလေးသွားရှာပြီးတော့ ဘုရားပန်းအိုးလည်းကြဦးလေ သမီးတဲ့ကွယ်....
နန်းဦးပျဉ်ကလည်း သူ့ အပေါင်းအပါနှင့်အတူ ရေလေးပုခုံးပေါ်ထမ်းပြီးလက်မှာလည်း ဘုရားပန်းတွေ ကိုင်ရင်း အိမ်အပေါ်ထပ်ကို တက်ဖို့  လှေကားပေါ်မှာ ခြေလှမ်းစလှမ်းတာပေါ့နော် ...
ထိပ်ဆုံးရောက်ခါနီး လှေကားက ပြိုကျတာတဲ့ကွယ်
နောက်ဆုံးတော့ ၀မ်းမှာလွယ်ထားတဲ့ကလေး တစ်ခုခုဖြစ်သွားပြီဆိုတာလည်း သူသိလိုက်တယ် သွေးတွေ ဘာတွေပေါ့နော်..
ဒါဟာ သွေးရိုးသားရိုးတော့မဟုတ်ဘူး လုပ်ကြံနေတာလို့ သိလည်းသိရော နန်းဦးပျဉ်ဟာ သူ့ အပေါင်းအပါတွေနဲ့ အတူ မိုင်းကိုင်ပြန်ဖို့ စိတ်ဆုံးဖြတ်ကြတာတဲ့ကွယ် ...
ငိုယိုပြီးတော့ ပြန်သွားတာပေါ့နော်...
နောက်ဆုံး ညအချိန်လည်းရောက်ရော ခွန်စံလောက ရောက်လာတာတဲ့ လက်ထဲမှာလည်း အသားငါးတွေနဲ့ ပေါ့နော် သူ့ မိန်းမစားဖို့ ဆိုပြီး ခက်ခက်ခဲခဲရှာထားရတာကို
အိမ်မှာလည်းရောက်ရော တိတ်ဆိတ်နေတာပဲ ...
အဲ့ဒါ သူ့ မေမေကို မေးတာပေါ့နော် ကျွန်တော့မိန်းမဘယ်ရောက်သွားလဲတဲ့ ...
သူ့ မေမေက ငါ့က နင့်မိန်းမကို လိုက်ထိန်းတာမှ မဟုတ်တာ ငါဘယ်သိမှာလဲတဲ့...
ခွန်စံလောလည်းစိတ်ပူပြီးအမေ တစ်ခုခုလုပ်လိုက်တာလားတဲ့ ..
ငါဘာမှမလုပ်ဘူးတဲ့...
ခွန်စံလောလည်းမသင်္ကာလို့ ဘေးအိမ်ကလူတွေ မေးတာတဲ့
ဘေးအိမ်ကလူလည်း မိသဘူး သူ တို့ ငိုယိုပြီးထွက်သွားတာတော့တွေ့ လိုက်တယ်တဲ့...
အဲ့ဒါ ခွန်စံလောလည်း လှေခါးမှာ သွေးတွေ တွေ့ တော့ သိလိုက်တယ်...
သူ့ မေမေရဲ့လက်ချက်ဆိုတာ
စိတ်ပူပြီး ရွှေငွေ အနည်းငယ်ယူပြီး သူ့ မိန်းမတွေ နောက် လိုက်သွားသတဲ့ကွယ်…
နန်းဦးပျဉ်က အိမ်အပြန်လမ်းတစ်ဝက်လည်းရောက်ရေဗာ ဗိုက်အရမ်းနာတော့ ကလေးမွေးချပါလေရော မွေးမွေးချင်းကလေးက အသက်မပါဘူးတဲ့ကွယ်... သူက သူ့ ကလေးကို နမ်းပြီး နင့်ဖေဖေကို အော်ခေါ်ပါတော့ကလေးရယ်တဲ့
အဲ့ဒါနဲ့ကလေးဝိညာဉ်လေးဟာ ဥသြငှက် ဖြစ်သွားပြီး ချက်ချင်းဆိုသလို ပေါဟွေ ပေါဟွေ ဆိုပြီး အော်ခေါ်တော့သတဲ့ကွယ်....
နန်းဦးပျဉ်တို့ လည်း ခရီးထပ်ဆက်ကြတာတဲ့
ခွန်စံလောကလည်း သူ့ မြင်းကို အသာကုန် မောင်းပြီး ရိုက်ပြီး နန်းဦးပျဉ်တို့ နောက် လိုက်တာပေါ့နော်...
နောက်ဆုံးသူ့ မြင်းအမောဆို့ ပြီး သေဆုံးတဲ့အထိ ပေါ့နော်..
တောလည်ခေါင်မှာရောက်ရော သစ်ပင်ငုတ်တိုပေါ်မှာ သူ့ သားကိုတွေ့ လိုက်ရသတဲ့ကွယ်...
ပြီးတော့ ဥသြကလည်း ပေါဟွေး ပေါဟွေး လို့ လည်း တောတစ်ခုလုံးဆူညံနေတာတဲ့
နောက်ဆုံးသူဆက်ပြီး ခရီးဆက်တာပေါ့နော....
် မိုင်းကိုင်မြို့  ၀မ်းလိန်းကျေး၇ွာလည်းရောက်ရော ရွာသူရွာသားတွေက သူ တို့အချစ်တော် နန်းဦးပျဉ်ဆုံးတာဟာ သူ့ ကြောင့်ဆိုပြီး နန်းဦးပျဉ်ဈာပနာထဲကို ပေးမ၀င်ဘူးတဲ့ သူလည်း နောက်ဆုံး ကြံရာမရပါလာတဲ့ ပိုက်ဆံတွေ ရွှေငွေတွေ ကျဲပစ်လိုက်တာပေါ့နော်....
လူတွေက အဲ့ဒါတွေကို လုနေတဲ့အချိန်မှာ ခွန်စံလောက နန်းဦးပျဉ် အလောင်းရှိ၇ာသို့ ဝင်သွားလိုက်တာတဲ့ကွယ်....
သူ့ မိန်းမ လဲလျောင်းနေတာကို တွေ့ ပြီး သူလည်း အတူတူသေမယ်ဆိုပြီး ပါလာတဲ့ ဓားရှည်ကိုထုတ်ရင် သူ့ ရင်ဝမှာ ထိုးပစ်လို်က်တာတဲ့ကွယ်...
နောက်ဆုံး ခွန်စံလောအမေကဒီသီတင်းကို ကြားလည်းကြားရော ဒီလောက်ထိချစ်နေကြသလား နောင်ဘ၀အထိတောင် နင်တို့ ကို ပေးမပေါင်းစေရဘူးဆိုပြီး သူတို့ ကိုမြုပ်ခဲ့တဲ့ ၀မ်းလိန်းရွာကို လိုက်လာပြီး ၀ါးဆစ်သုံးဆစ်နဲ့  သူတို့ ကို မြုပ်ထားတဲ့ အုတ်ဂူနှစ်ခုကြား ခြားထားလိုက်တာတဲ့...
ချစ်သူနှစ်ယောက်က ကောင်းကင်ပေါ်မှာ ကြယ်နှစ်လုံးဖြစ်သွားပြီး အလယ်မှာ ကြယ်သုံးလုံးခြားနေတာကို တွေ့ ရမှာပါ လမိုက်ညဆိုရင် ပိုပြီးတောင် မြင်သာပါသေးတယ် ...
ခွန်စံလောနဲ့  ကြယ်လေးဟာ သွေးတွေနဲ့ သေဆုံးရသောကြောင့် သူ့ ရဲ့ ကြယ်လေးဟာ အနီရောင်လေးပါ တစ်ခါလောက်တော့ ရှာကြည့်လိုက်ပေါ့ မတွေ့ ဖူးသောသူများ
သွားရောက်ချင်တယ်ဆိုရင် မိုင်းကိုင်မြို့မှာရှိပါတယ်

No comments: