Tuesday, April 26, 2016
မြန်မာ့ယွန်းထည်
မြန်မာ့ယွန်းထည်( Myanmar Lacquer-ware )
မြန်မာ့လက်မှုအနုပညာ (၁၀) မျိုးတွင် ယွန်းထည် လုပ်ငန်းသည် တစ်ခုအပါအ၀င်ဖြစ်ပါသည် ။
မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှု ( Myanmar Intengible Culture Heritage)  ဖြစ်သည် ။
ယွန်းထည်နှင့်ပတ်သက်၍ ပုဂံခေတ်တွင်အသုံးပြုနေပြီဖြစ်ကြောင်း အထောက်အထားများအရ သိရှိရသည် ။
တွေ့ ရပါသည် ။
ရှမ်းပြည်နယ် ယွန်းထည်လုပ်ငန်းမှ  ထုတ်လုပ်သောပစ္စည်းများတွင် ဆွမ်းအုပ်သည်
ကျော်ကြား၍ လက်ရာမြောက်ပါသည်။ ကျောက်ကာရွာမှထုတ်လုပ်သော ယွန်းထည်များတွင်
မျက်နှာပြင်၌ ပုံတော်ရေးဆွဲထားသည့်ပန်းဒီဇိုင်းနှင့် ရှုခင်းပုံတို့ သည် အထင်ကရလက်ရာများ
ဖြစ်သည် ။ ပုဂံဒေသမှထွက်ရှိသည့်ယွန်းထည်သည် လက်ရာအနုစိတ်၍ နှစ်လိုဖွယ်ကောင်းသည်။
ယွန်းထည်များပြုလုပ်ရာတွင် သစ်သား ၊ ၀ါးတို့ ကို အခြေခံ၍ ထုတ်လုပ်ကြသည်။
ရှားရှားပါးပါးမြင်းမြီးဖြင့်လည်း ပြုလုပ်သည်။ ရှမ်းပြည်နယ်၌ သစ်သားကို အဓိကထား၍ ထုတ်လုပ်ပြီး ၊
ပုဂံဒေသတွင် သစ်သား ၊ ၀ါး ၊ မြင်းမြီးတို့ကိုအသုံးပြုသည်။
့ဝါးကို အခြေခံ၍ပြုလုပ်သောယွန်းထည်တို့ မှာ
အိုး ၊ ပန်းအိုး ၊ ဆွမ်းအုပ်အမျိုးမျိုး နှင့်ဗူး -  ခွက်အမျိုးမျိုးတို့ ဖြစ်ပြီး သစ်သားနှင့်ထုတ်လုပ်သောအထည်တို့ မှာ
သေတ္တာ ၊ ပရိဘောဂ ၊ ဗူးကြီးခွက်ကြီးများ ဖြစ်ပါသည် ။
ယွန်းထည်ပြုလုပ်ရာတွင် အခြေခံမှာ သစ်စေး ( စစ်စီး )ဖြစ်ပြီး ၊ ယင်းကိုသစ်စေးပင်
( Bot. Melanorrhoen Usitata ) မှရရှိပါသည် ။
ယွန်းထည်တစ်ခုဖြစ်ပေါ်လာရန်အောက်ဖော်ပြပါ အဆင့်ဆင့်အတိုင်း ဆောင်ရွတ်ရပါသည်။
( က ) ပြုလုပ်လိုသော ယွန်းထည်ဝတ္ထုပစ္စည်းကို ပုံဖော်ခြင်း
  ( ခ )  ရရှိလာသော အကြမ်းထည် ( အဖြူ ထည်) ယွန်းထည်ကို  သစ်စေးသုတ်လိမ်းခြင်း ၊အခြောက်
ခံခြင်း ၊အခြောက်ခံရာတွင် စိုထိုင်းဆရှိသောနေရာ
တွင် အခြောက်ခံရသဖြင့် မြေအောက်အခန်းပြု လုပ်
အခြောက်ခံရပါသည်။ ယွန်းဆေးခိုင်ခံ့စေရန် ( ၃ )လခန့့် အချိန်ယူကာဆောင်ရွက်ရပါသည်။
( ဂ )  အခြောက်ခံပြီးသော ယွန်းထည်အား အထူးပုံစံပြုလုပ်ထားသော ဓားဖြင့်သန့်စင်ချောမွေ့
့အောင်ပြုလုပ်ခြင်းနှင့် သစ်စေး သုတ်လိမ်းခြင်း
( ဃ ) ဤနည်းဖြင့် ယွန်းထည် ( အနက်ထည် ) ကို ရရှိခြင်း
  ( င )  အရောင်သွင်းခြင်းတို့ ဖြစ်ပါသည် ။
   ယွန်းထည်တွင် အမျိုးအစား ( ၃ ) မျိုးရှိပြီး ဆေးခြယ်ထားသော ဆေးရေးယွန်း ၊
ရွှေရေးထားသော ရွှေစကားဝါယွန်းနှင့် ရုပ်ကြွဆေးယွန်းတို့ ဖြစ်ကြပါသည် ။
No comments: