Friday, April 1, 2016

ဂရိနတ်ဘုရားများစတင်ဖြစ်ပေါ်လာပုံအစပိုင်းအကြမ်းဖျင်း...။


(အကြမ်းဖျင်းဖြင့် ဆီလျော်အောင်ရေးသားထားပါသဖြင့် သည်းခံ၍ ဖတ်ကြပါရန်ခင်ဗျာ..။)
-----------------------
အရာရာ အားလုံးဟာ Chaos လို.ခေါ်တဲ့ ဗလာအဖြစ်ကနေစပါတယ်။
Chaos ကစတင်မွေးဖွားလာတာကတော့ Gaia (ကမ္ဘာမြေကြီး) ၊ Eros (အချစ်) ၊ Tartarus လို.ခေါ်တဲ့ ငရဲ၊ Erebus လို.ခေါ်တဲ့ အမှောင်ထုရယ် Nyx လို.ခေါ်တဲ့ ညရယ် တွေပဲဖြစ်ပါတယ်။ Gaia ဟာ မိမိကိုယ်ထဲကနေ Uranus( ကောင်းကင်) ကို မွေးထုတ်လိုက်ပါတယ်။ နောက် ကောင်းကင်နဲ. မြေကြီး ပေါင်းပြီးတော့ Titans တွေ မွေးဖွားလာပါတော့တယ်။
Titans(တိုက်တန်) ၁၂ယောက်ရှိပါတယ်။ ညီအစ်ကိုခြောက်ယောက် ညီအစ်မခြောက်ယောက်ပါ။ ယောက်ျားတွေကတော့ Ceous, Crius, Cronus, Hyperion, Iapetus, နဲ. Oceanus တို.ဖြစ်ပါတယ်။
မိန်းခလေးတွေကတော့ Mnemosyne, Phoebe, Rhea, Theia, Themis နဲ. Tethys တို.ဖြစ်ကြပါတယ်။ Chronus ဟာ အငယ်ဆုံးနဲ. အဆိုးဆုံးသားလေးဖြစ်ပါတယ်။
Gaia နဲ. Uranus တို.ဟာ တိုက်တန်တွေ ဆက်မမွေးဖို.ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ နောက်ထပ် သားသမီးတွေထပ်ရလာပါသေးတယ်။

သူတို.ကတော့ cyclops (မျက်လုံးတလုံးတဲ့ပါတဲ့ လူသန်ကြီးများ) နဲ. Hecatonchires ခေါ် လက်တရာပါရှိတဲ့ လူများဖြစ်ပါတယ်။ Uranus ဟာသားသမီးဆက်မမွေးတော့ဘူးဆိုတဲ့ သဘောတူညီချက်ကြောင့် အဲဒီ cyclops တွေနဲ. လက်တရာလေးတွေကို tartarus လို.ခေါ်တဲ့ ငရဲကို ပစ်ချလိုက်ပါတယ်။ ဒါပေမဲ့ မိခင်ဖြစ်တဲ့ Gaia က အကြီးအကျယ်စိတ်ဆိုးသွားပါတော့တယ်။ Gaia ဟာ အဆိုးသွမ်းဆုံး သားငယ်ဖြစ်တဲ့ Chronus ကိုချည်းကပ်ပြီး သူ.အဖေ Uranus ကို သင်းကွပ်ပစ်ဖို့ အကြံပေးပါတယ်။ အဲဒီလိုနဲ့ပဲ သူအဖေကို ရှုင်းလင်းသုတ်သင်ပြီး သူ.ညီမဖြစ်တဲ့ Rhea နဲ.ပေါင်းသင်းနေထိုင်ပြီး ဘုရင်ဖြစ်လာပါတယ်။ တခြား တိုက်တန်တွေကတော့ သူ.ရဲ. အခြွေအရံတွေဖြစ်လာကြပါတယ်။ သူ.အဖေကို သတ်ပြီး ဘုရင်ဖြစ်လာတဲ့ Chronus ဟာ သူ.သားသမီးတွေ အလှည့်ကျရင် သူ.ကို ပုန်ကန်မှာကို အင်မတန်ကြောက်လာခဲ့ပါတယ်။
ဒါကြောင့် Rhea မှာခလေးတယောက်မွေးတိုင်း စားပစ်ပါတယ်။ Rhea ဟာ စိတ်မကောင်းဖြစ်လွန်းတာကြောင့် သားလေး Zeus ကို မွေးလာတဲ့အခါ ကျေက်တုံးကို အနှီးနဲ.ပတ်ပြီး တပတ်လှည့်နဲ. Chronus ကိုလှည့်စားခဲ့ပါတယ်။ နောက် Zeus ကြီးပြင်းလာတဲ့အခါ အဆိပ်ခတ်ထားတဲ့ အရက်ကို Chronus ကို တိုက်လိုက်တော့ ဗိုက်ထဲမှာ မျိုချခံထားရတဲ့ သားသမီးတွေနဲ. အတူ အဲဒီကျောက်တုံးပါ ပြန်ထွက်လာခဲ့ပါတယ်။ Zeus တို့မျီုးဆက်ဟာ God တွေဖြစ်လာခဲ့ပါတယ်။ Zeus ဟာ Tartarus (ငရဲ) ကိုသွားပြီး သူ့အမျိုးတော်သူတွေဖြစ်တဲ့ မျက်လုံးတလုံးနဲ့ cyclops တွေ လက်တရာ နဲ. Hecatonchires တွေကို လွှတ်ပေးလိုက်တယ်။
နောက်ဆုံး ရလာတဲ့ ညီအစ်ကို မောင်နှစ်မတွေ အားကိုးနဲ. Chronus ကို စစ်ကျေညာပါတော့တယ်။ Zeus ဟာ မွေးချင်းတွေထဲမှာ အငယ်ဆုံးဖြစ်ပါတယ်။ သူ.မွေးချင်းတွေကတော့ -
Hades (God of Underworld - မြေအောက်ကမ္ဘာနတ်ဘုရား)
Poseidon (God of Sea -ပင်လယ်နတ်ဘုရား)
Demeter (Goddess of Harvest, အသီးအနှံ့များကို ဖွံ.ဖြိုးစေပြီး ကမ္ဘာကို စိမ်းလန်းစေတဲ့ နတ်ဘုရားမ)
Hestia (Goddess of the hearth, archetecture, and right order of domesticity - အိမ်မှာ ရပ်ကွက်ပြည်နယ် စတာတွေမှာ အေးချမ်းသာယာအောင် ပူဇော်ပသရတဲ့ နတ်ဘုရားမ)
Hera (Goddess of Women and Marriage - အမျိုးသမီးတွေနဲ. အိမ်ထောင်ရေးကို စောင့်ရှောက်သော နတ်ဘုရားမ)
ဒီလိုနဲ့ Zeus ဟာ Chronus ကို အောင်မြင်ပြီး Tartarus (ငရဲ)မှာ ပိတ်လှောင်ထားနိုင်ခဲ့ပြီး ကောင်းကင်ကိုပိုင်စိုးပြီး မိုးကြိုးနတ်ဘုရား (God of Sky and Thunder) ဖြစ်လာခဲ့ပါတယ်။ Cyclops တွေနဲ့ Hecatonchires တွေကို Tartarus ကသွားကယ်တုန်းက သူတို့ ဟာ Thunderbolt ကို ပေးအပ်ခဲ့တယ်။ လက်ဆောင် ၃ ခုယူလာတဲ့ထဲမှာ Hades က invisibility (ကိုယ်ပျောက်ပညာ) ကိုယူခဲ့ပြီး Posiedon က Trident လို.ခေါ်တဲ့ သုံးခွလှံကို ယူသွားခဲ့ပါတယ်။ ဒါဟာနောက်ပိုင်း သူတို့ရဲ့အမှတ်အသားဖြစ်လာခဲ့ပါတယ်။
ညီအစ်ကိုသုံးဦး ကောင်းကင် ငရဲနဲ. ပင်လယ်ကို ဘယ်သူယူမယ်ဆိုတာကို မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ Zeus ဟာ သူ.ညီမ Hera ကိုလက်ထပ်ပြီး သားသမီး ၃ ယောက်မွေးဖွားခဲ့တယ်။ နောက်တော့ နတ်ဘုရားမတွေရော လူတွေရော သစ်ပင်စောင့်နတ်တွေတော လျှောက်ပြီးယူလိုက်တာ သားသမီ အယောက် ၁၀၀ ကျော်ရပါတယ်။ သူ့အဖွားတောင်မလွတ်ပါဘူး။ Gaia ကိုပြန်ယူပြီး သားသမီးတပြုံကြီးရခဲ့သေးပါတယ်။ သူတို့တွေဟာ immortal မအိုမနာမသေတာကြောင့် တရွယ်တည်းလိုဖြစ်နေတယ်ဆိုတဲ့အချက်လည်း ထည့်သွင်းစဉ်းစားရမှာပါ။ Zeus ပွေရှုပ်လွန်းတာကြောင့် သူ.မိန်းမ Hera ဟာ တခြား မိန်းမတွေ အငယ်တွေကို မနာလိုဖြစ်လာခဲ့ပါတယ်။ မိန်းမကို လှည့်စားချင်တဲ့ Zeus ဟာ Nymph (နင့်ဖ် လို.ခေါ်ပါတယ်၊ သစ်ပင်တွေ စမ်းချောင်းတွေ မြစ်တွေကို စောင့်ရှောက်တဲ့ နတ်မိမယ်လေးများဖြစ်ပါတယ်။ သူတို့ဟာ Goddess နဲ. မတူပါဘူး Divine Spirit ဖြစ်ပါတယ်။ ရုက္ခစိုးနတ်နဲ. သဘောသဘာဝတူပါတယ်) Echo ဆိုတဲ့ နင့်ဖ် မလေးကို Hera ကို စကားတွေ ဒလစပ်ပြောနေဖို.မှာကြားခဲ့ပါတယ်။ ဒီတော့ Hera ဟာ Echo ရဲ့စကားကို နားထောင်နေတုံး Zeus ကအပြင်ထွက်ပြီး ကဲတာပေါ့။ နောက် Hera သိသွားတော့ Echo ကို ကြားသမျှ စကားတိုင်း ပြန်ပြောပါစေ ဆိုပြီးကျိန်စာတိုက်လိုက်ပါတယ်။ ဒါကြောင့် ခုခေတ်မှာ ပဲ့တင်သံ ကို Echo လို.ခေါ်ပါတယ်တဲ့။
Zeus ဟာလည်း သူ.အဖေ Chronus လိုပဲ သူ.သားသမီးတွေ တော်လှန်မှာကို ကြောက်ဟန်တူပါတယ်။ သူ.ရဲ. ပထမဆုံးမိန်းမ Metis (Goddess of Wisdom, skill, craft - အသိ ပညာကြွယ်ဝမှုနဲကျွမ်းကျင်လိမ္မာမှုကို ကိုယ်စားပြုတဲ့ နတ်ဘုရားမ) က မွေးတဲ့ ကလေးဟာ သူ.ထက် သာလွန်လိမ့်မယ်လို. အတိတ်တဘောင်တွေ ထွက်လာတဲ့အချိန်မှာ ဗိုက်ကြီးနေ့စေ့လစေ့နဲ. Metis ကို ဘာဘာညာညာမစဉ်းစားပဲ ကောက်မျိုလိုက်ပါတယ်။ ဒါပေမဲ့ အဲ့ဒီခလေးငယ်ဟာ ဖခင်ရဲ.ခေါင်းကို ခွဲပြီး စစ်ဝတ်တန်ဆာ အစုံအလင်ဆင်ပြီး မွေးလာခဲ့ပါတယ်။ သူကတော့ ဥာဏ်ပညာကြီးရင့်မှု ရဲရင့်မှု အောင်နိုင်မှုအားလုံးကို ကိုယ်စားပြုတဲ့ နတ်ဘုရားမ အသီနာ Athena ဖြစ်ပါတယ်။
#မိုးကြယ်စင်
#မှော်ပညာ

No comments: