Take it easy စိတ်မပူပါနဲ့ဗျာ
It's piece of cake for me ကျွန်တော့ အတွက်တော့ ဒါ လွယ်လွယ်လေးပါ
No need to rush အလျင်လိုစရာမှ မလိုတာ
It's on me ကျွန်တော် ပေးပါ့မယ်ဗျာ ဒီတခါတော့
play it by ears မီးစင်ကြည့်ကပေါ့
look out ! သတိထား !
I do appreciate you ငါ မင်းကို တကယ့်ကို ကျေးဇူးတင်ပါတယ်။
Same Same,but different တူတော့တူတယ် နည်းနည်းကွဲတယ်ဗျ
How is your better half ? ခင်ဗျားမိန်းမ နေကောင်းရဲ့လားဗျ
Drop a line to me if you get free time အချိန်ရရင် ကျုပ်ဆီ စာရေးပါဦးဗျာ
I'm on my way ကျွန်တော် လာနေပါပြီ ခင်ဗျ
We can negotiate ငါတို့ ဆွေးနွေးနိုင်ပါတယ်
let it be me ငါ့ဟာငါ ရှိပါစေတော့
on top of that , she's beautiful . ခြုံပြောရရင် သူမ က လှတယ်ဗျာ
He's a snake in the grass သူက သစ္စာဖောက် ဗျ
Trust no one ဘယ်သူမှ မယုံနဲ့
He's queer သူက လူ့ ဂွစာဗျ ပြောရ ကြပ်တယ်
such is life ဘဝဆိုတာ ဒီလိုပါပဲ
It's your funeral ကိုယ့်သေတွင်း ကိုယ်တူးတာကိုး
Not on your life ဒီတသက်တော့ မျှော်လင့်မနေနဲ့တော့
Don't make it upside down ဇောက်ထိုးကြီး မထားနဲ့လေ
Make it right side up တည့်တည့် ပြန်ထားလိုက်ပါ
I pulled some strings ငါလည်း ငါ့ ပိုင်ရာ ဆိုင်ရာ နဲ့ ကပ်ထားတာပေါ့ကွ
Don't make love without protection အကာအကွယ် မပါပဲ အပျော်အပါး မလိုက်စားပါနဲ့(sorry နော်)
Make it sure သေချာအောင် လုပ်နော်
Let me double check ငါ တစ်ခေါက်လောက် သေချာအောင် ထပ်စစ်ပါရစေဦး
Here we are ! ရောက်ပြီဟေ့ !
You can say that again ခင်ဗျား လုံးဝ မှန်တယ်ဗျာ
in short နောက်ဆုံးအနေနဲ့ အတိုချုပ်ပြောရရင်
it works ဒါ အလုပ်ဖြစ်တယ်ဗျ
We did it ငါတို့ အောင်မြင်ပြီဟေ့
sugar daddy အသက်ငယ်သော မိန်းကလေးများကို အမြှောင်ထားသော လူချမ်းသာ သက်ကြီးရွယ်အိုများ
Give me some sugar darling ! ကိုယ့်ကို နမ်းပါဦး ချစ်ရယ်
Please do let me know ကျေးဇူးပြု၍ ကျုပ်ကို အသိပေးပါနော်။
No comments:
Post a Comment