ဝါဆိုသည် မြန်မာပြက္ခဒိန်၏ စတုတ္ထလ။ ယခင်အမည် နွယ်တာဖြစ်သည်။ ဝါဆိုတွင် ၃၀ ရက်ရှိသည် (ရက်စုံ)။ ဝါထပ်သောနှစ်တွင် ပထမဝါဆို နှင့် ဒုတိယဝါဆို ဟူ၍ နှစ်မျိုးရှိပါသည်။
မယ်တာလခေါ်(ဝါဆို) အမည်ရှိသည့်စတုတ္ထလသည် ဂျွန်-ဂျူလိုင်တွင် ကျရောက်သည်။ 'မယ်' သည် “မြေ” ကို ရည်ညွှန်းပြီး 'တာ' က “ထွန်ယက်စိုက်ပျိုးသည့် မြေကို လိုသလောက် တိုင်းတာသည်”ဟု အဓိပ္ပာယ်ရသောကြောင့် ယခုလသည် ကောက်ပင် စိုက်ပျိုးမည့် မြေကို အကွက်ငယ်များအဖြစ် တိုင်းကာမြေကွက်များအား ကဇင်းတင်သည့်လုဖြစ်ကြောင်း ပေါ်လွင်ပါသည်။
ခေါ်ဝေါ်ပုံ
ဝါဆိုလကို ရှေးအခါ ကာလက နွေတာလ ဟုရေးသားကြကြောင်း မှတ်သားရ၏။ ၀ါဆိုလပြည့်နေ့သည် နွေရာသီ၏ အဆုံးအဖျားကာလ ရောက်သည့်အချိန်ဖြစ်၍ နွေတာလဟု ခေါ်ဝေါ်ကြောင်း မှတ်သားရ၏။ မင်းကြီးစွာစော်ကဲလက်ထက် မိဖုရားစော၏ အလှူမှတ်တမ်းကျောက်စာတွင် `ဘုရားမြတ်မွန်၊ နိဗ္ဗာန်လွန်ပြီး၊ သာသနာ ၁၉၄၂၊ သက္ကရာဇ် ၇၆၀ နွေတာလဆန်း´ဟု ရေးသားဖေါ်ပြထားရာ နွေတာလ အသုံးအနှုန်းသည် ပုဂံခေတ်သုံးပင် ဖြစ်လေသည်။ ၀ါဆိုလဟု ခေါ်ဆိုသည်မှာ ပရိယတ္တိသာသနာတော် ထွန်းကားရေးကို ရှေ့ရှုပြီး ရဟန်းသံဃာတော်တို့ ၀ါဆိုဝါကပ်ပြုတော်မူသည်ကို အကြောင်းပြုကာ ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။
ပွဲတော်များ
ဝါဆိုလတွင် ဝါဆိုသင်္ကန်းကပ်ပွဲနှင့် ပဉ္စင်းခံပွဲများရှိသည်။
အခါတော်နေ့
ပဋိသန္ဓေယူသောနေ့
တရားဦး(ဓမ္မစကြာ)ဟောသောနေ့
No comments:
Post a Comment