Saturday, February 27, 2016

ပုဂံမင်းဆက်များနှင့်ပုဂံအကြောင်း



ပုဂံပြည်ကို  အစတည်သော  သမုတိရာဇ် မင်းကြီးသည်  ရှေးဦးအစ ပေါက္ကံ ပြည် ဟု  အမည်တွင်စေခဲ့ပြန်၏။

 ပျူေစာထီး လက်ထက်  ငှက်ကြီး  ၀က်ကြီးစသော  ရန်မာန်တို့ကို  နှိမ်နှင်း အောင်မြင်သောကြောင့် အရိ မဒ္ဒနာ  ပြည် ဟု  တွင်ခဲ့ပြန်၏၊

 သေလည်ကြောင်မင်းး လက်ထက်မှ  မြို့တော်ကို  နေရာပြောင်းကာ သီရိ ပစ္စယာ ဟု သမုတ်ခဲ့ပြန်၏။

 သာရမွန် မင်းဖျား  လက်ထက်၌  နေရာ ပြောင်းပြန်၍ တမ္ဗ၀တီ  နေပြည်တော် ဟု ခေါ်တွင်ခဲ့ပြန်သည်၊ 


ဆန်ရေ စပါး ရတနာသုံးပါး  ပေါများကြွယ်ဝ  စည်ကားပြည့်စုံသောကြောင့်  ပုဏ္ဏ ဂါမ မည်လေ၏။
အနော်ရထာ မင်း လက်ထက် တွင်  ပုဏ္ဏ ဂါမ တွင်ရာမှ  ဏ္ဏ အက္ခရာ  ကျေကာ  သဒ္ဒါနည်းအရ  မ တလုံးကို   ( သေးသေးတင်  ) နိဂ္ဂဟိတ် ပြုကာ  ပုဂံ မည်လေသည်  ဟူသတတ်၊

နောက်တမျိုးကား  သမုတိရာဇ် မင်းသည်  ပြူလူမျိုးဖြစ်သောကြောင့်  အမျိုးအနွယ်  တန်ခိုး ထင်ရှားစေရန် ပြူဂါမ ဟု သမုတ်သည်၊။
နောင်ကာလ  ရွေ့လျားသောအခါ  ပူဂါမ + ပုဂါမ + ပုဂံ  ဟု ဖြစ်လာသည် ဟု  သာသနဗဟုဿုတ ပကာသနီကျမ်း မှာ ဖော်ပြထားလေ၏။
အဓိပ္ပါယ်ကား  ပြူလူမျိုးတို့  အဦးအစ တည်သော ရွာ ဟူလို။


အမှန်ကား  မြန်မာနိုင်ငံ သာသနာအဆက်ဆက်၌
 မဇ္ဈိမ ဒေသ
သီဟိုဠ်
မရမ္မရဋ္ဌ
သရေခေတ္တရာ
ပုဂံ
ပင်းယ
ရတနာပူရအင်းဝ 
ညောင်ရမ်း
ကုန်းဘောင်
အမရပူရ
ရတနာပုံ မန္တလေးမြို့
 ဟူ၍   ခေတ် အဆက်ဆက်  ကျော်ဖြတ်ခဲ့ပေသည်၊

ပုဂံ သမိုင်း အကျဉ်း


၁။   ပထမ ပုဂံပြည်ကို  သရေခေတ္တရာ ပျက်ပြီး သမုတိရာဇ်မင်းကညောင်ဦး  ညောင်ဝန်း  နဂါးကျစ် မြေခဲတွင်း အပါအ၀င်  ရွာပေါင်း (၁၉ )ရွာကို စုစည်းပြီး ခရစ်နှစ်  ၁၀၇  ခုနှစ်တွင်    ပေါက္ကံပြည် ဟု ခေါ်စေခဲ့၏။

၂။  ပထမပုဂံ၏  ၆ ဆက်မြောက် သေလည်ကြောင်မင်းသည် ခရဇ်နှစ်  ၃၄၄ တွင် သီရိပစ္စယာ ဟူသော  ဒုတိယ ပုဂံကို  တည်ထောင်ခဲ့ပြန်သည်၊

၃။  ဒုတိယပုဂံ၏  ၅ ဆက်မြောက် သိုက်တိုင်မင်းသည် ခရဇ်  ၅၁၆ ခုနှစ်တွင် တမ္ဗ၀တီ  ဟူသော တတိယ ပုဂံကို  တည်ထောင်ခဲ့သည်၊

၎။  တတိယ ပုဂံပြီးနောက်  ပျဉ်ပြားမင်းသည် ခရစ်နှစ်  ၈၄၉ တွင်  အနော်ရထာမင်း  အပါအ၀င်  ပုဂံ၏ ၂၃  ဆက်မြောက်  နောက်ဆုံး မင်းဆက်ြဖစ်သော  စောမွန်နစ်  အဆုံး  လွမ်းမောဖွယ်အဖြစ်အပျက်များပြည့်နှက်နေရာ   စတုတ္ထပုဂံ မြို့တော်ကို  တည်ထောင်ခဲ့သည်၊ နောက်ဆုံးမင်းဆက်အပါအ၀င် ပုဂံသမိုင်း၌ မင်းပေါင်း ၅၅ ဆက် ( ၅၇ )ဆက်တွင် အရောက်တွင် ပျက်စီးခဲ့သည် ဟု မှတ်သားရပေသည်၊




1. မင်းဆက်(၁) သမုဒ္ဒရာဇ်မင်း (ကောဇာ သက္ကရာဇ် ၂၉-နှစ်)
 
2. မင်းဆက်(၂) ရသေ့ကြောင် (ကောဇာ သက္ကရာဇ် ၇၄-နှစ်)
 
3. မင်းဆက်(၃) ပျူမင်းထီး (ကောဇာ သက္ကရာဇ် ၈၉-နှစ်)
 
4. မင်းဆက်(၄) ထီးမင်းယည် (ကောဇာ သက္ကရာဇ် ၁၆၄-နှစ်)
 
5. မင်းဆက်(၅) ယဉ်မင်းပိုက် (ကောဇာ သက္ကရာဇ် ၂၂၁-နှစ်)
 
6. မင်းဆက်(၆) ပိုက်သေဉ်လည် (ကောဇာ သက္ကရာဇ် ၂၄၆-နှစ်)
 
7. မင်းဆက်(၇) သေဉ်လည်ကြောင် (ကောဇာ သက္ကရာဇ် ၂၆၆-နှစ်)
 
8. မင်းဆက်(၈)ကြောင်တူရစ် (ကောဇာ သက္ကရာဇ် ၃၀၉-နှစ်)
 
9. မင်းဆက်(၉) သည်ထန်မင်း (ကောဇာ သက္ကရာဇ် ၃၃၄-နှစ်)
 
10. မင်းဆက်(၁၀) မုက္ခမန် အမတ် (၂) (ကောဇာ သက္ကရာဇ် ၃၆၁-နှစ်)
 
11. မင်းဆက်(၁၁) သူရဲ အမတ် (၃) (ကောဇာ သက္ကရာဇ် ၃၆၁-နှစ်)
 
12. မင်းဆက်(၁၂) သာရမွန် (သည်တန်မင်းသား) (ကောဇာ သက္ကရာဇ် ၄၁၆-နှစ်)
 
13. မင်းဆက်(၁၃) သိုက်တိုင်မင်း (ကောဇာ သက္ကရာဇ် ၄၃၈-နှစ်)
 
14. မင်းဆက်(၁၄) သေဉ်လည်ကြောင်ငယ် (ကောဇာ သက္ကရာဇ် ၄၄၅-နှစ်)
 
15. မင်းဆက်(၁၅) သေဉ်လည်ပိုက် (ကောဇာ သက္ကရာဇ် ၄၅၄-နှစ်)
 
16. မင်းဆက်(၁၆) ခန်းလောင်း (ခဲလောင်းမင်း) (ကောဇာ သက္ကရာဇ် ၄၆၉-နှစ်)
 
17. မင်းဆက်(၁၇) ခန်းတက် (ခဲလတ်) (ကောဇာ သက္ကရာဇ် ၄၇၉-နှစ်) မှန်နန်းရာဇ၀င်၌ (ခန်းလတ်)
 
18. မင်းဆက်(၁၈) ထွန်တိုက် (ကောဇာ သက္ကရာဇ် ၄၉၁-နှစ်)
 
19. မင်းဆက်(၁၉) ထွန်ပစ် (ကောဇာ သက္ကရာဇ် ၅၀၃-နှစ်)
 
20. မင်းဆက်(၂၀) ထွန်ချစ် (ကောဇာ သက္ကရာဇ် ၅၂၀-နှစ်)

21. မင်းဆက်(၂၁) ပုပ္ပါးစောရဟန်းမင်း (ကောဇာ သက္ကရာဇ် ၅၃၅-နှစ်) (သက္ကရာဇ်ဖြို)
 
22. မင်းဆက်(၂၂) ရွှေအုန်းသီး (ကောဇာ သက္ကရာဇ် ၂)
 
23. မင်းဆက်(၂၃) ပိတ်သုံ (ကောဇာ သက္ကရာဇ် ၁၄)
 
24. မင်းဆက်(၂၄) ပိတ်တောင်း (ကောဇာ သက္ကရာဇ် ၂၂)
 
25. မင်းဆက်(၂၅) စောခွေး (ကောဇာ သက္ကရာဇ် ၇၂)
 
26. မင်းဆက်(၂၆) မြင်းကျွေး (ကောဇာ သက္ကရာဇ် ၇၈)
 
27. မင်းဆက်(၂၇) သိန်ခဲ (ကောဇာ သက္ကရာဇ် ၈၈) မှန်နန်းရာဇ၀င်၌ (သိင်္ခ)
 
28. မင်းဆက်(၂၈) သိန်ခွန် (ကောဇာ သက္ကရာဇ် ၉၆) မှန်နန်းရာဇ၀င်၌ (သိန်းစွန်)
 
29. မင်းဆက်(၂၉) ရွှေလောင်း (ကောဇာ သက္ကရာဇ် ၁၀၆)
 
30. မင်းဆက်(၃၀) ထွန်တွင်းမင်း (ကောဇာ သက္ကရာဇ် ၁၁၅)
 
31. မင်းဆက်(၃၁) ရွှေမှောက် (ကောဇာ သက္ကရာဇ် ၁၂၄)
 
32. မင်းဆက်(၃၂) ထွန်လတ် (ကောဇာ သက္ကရာဇ် ၁၄၇) မှန်နန်းရာဇ၀င်၌ (မွန်လတ်)
 
33. မင်းဆက်(၃၃) စောခင်နှစ် (ကောဇာ သက္ကရာဇ် ၁၆၄)
 
34. မင်းဆက်(၃၄) ခဲလူးမင်း (ကောဇာ သက္ကရာဇ် ၁၉၁)
 
35. မင်းဆက်(၃၅) ပျဉ်းပြားမင်း (ကောဇာ သက္ကရာဇ် ၂၀၈) (ပုဂံတည်)
 
36. မင်းဆက်(၃၆) တန်နက်မင်း (ကောဇာ သက္ကရာဇ် ၂၂၀)
 
37. မင်းဆက်(၃၇) စလေငခွေး (ကောဇာ သက္ကရာဇ် ၂၃၈) (မင်းခွေးချေး)
 
38. မင်းဆက်(၃၈) သိန်းခိုမင်း (ကောဇာ သက္ကရာဇ် ၂၆၃)
 
39. မင်းဆက်(၃၉) တောင်သူကြီးမင်း (ကောဇာ သက္ကရာဇ် ၂၇၉) (ညောင်ဦး စောရဟန်းမင်း)
 
40. မင်းဆက်(၄၀) ကွမ်းဆော်ကြောင်ဖြူ (ကောဇာ ၃၁၂)
41. မင်းဆက်(၄၁) ကျဉ်စိုး (ကောဇာ သက္ကရာဇ် ၃၃၃)
 
42. မင်းဆက်(၄၂) စုက္ကတေး (ကောဇာ သက္ကရာဇ် ၃၃၉)
 
43. မင်းဆက်(၄၃) အနော်ရထာ (ကောဇာ သက္ကရာဇ် ၃၆၄) (အနော်ရထာစော)
 
44. မင်းဆက်(၄၄) စောလူး (ကောဇာ သက္ကရာဇ် ၃၉၇)
 
45. မင်းဆက်(၄၅) ကျန်စစ်သား (ကောဇာ သက္ကရာဇ် ၄၂၃) (ထီးလှိုင်ရှင်) တရုတ်ပြည်ကို သံစေလွှတ်ပါသည်။
 
46. မင်းဆက်(၄၆) အလောင်းစည်သူ (ကောဇာ သက္ကရာဇ် ၄၅၀)
 
47. မင်းဆက်(၄၇) မင်းရှင်စော <ထီးနန်းမရ>
 
48. မင်းဆက်(၄၈) နရသူ (ကောဇာ သက္ကရာဇ် ၅၂၀) (ကုလားကျမင်း)
 
49. မင်းဆက်(၄၉) နရသိင်္ခ (ကောဇာ သက္ကရာဇ် ၅၂၃) (မင်းယဉ်နရသိင်္ခ)
 
50. မင်းဆက်(၅၀) နရပတိစည်သူ (ကောဇာ သက္ကရာဇ် ၅၂၆)
 
51. မင်းဆက်(၅၁) ဇေယျသိင်္ခ (ကောဇာ သက္ကရာဇ် ၅၅၉) (ထီးလိုမင်းလို)
 
52. မင်းဆက်(၅၂) ကျစွာ (ကောဇာ သက္ကရာဇ် ၅၈၁) (ဓမ္မရာဇာဘွဲ့ခံ)
 
53. မင်းဆက်(၅၃)ဥဇနာ (ကောဇာ သက္ကရာဇ် ၅၉၇) (ပုသိမ်စား)
 
54. မင်းဆက်(၅၄)သီဟသူ (ပြည်စား) <ထီးနန်းမရ>
 
55. မင်းဆက်(၅၅)နရသီဟပတေ့ (ကောဇာ သက္ကရာဇ် ၆၀၂) (မင်းခွေးချေး၊တရုတ်ပြေးမင်း)မွန်ဂိုတာတာများ ပုဂံကိုဝင်ရောက်တိုက်ခိုက်သည်။
 
56. မင်းဆက်(၅၆)ကျော်စွာ (ကောဇာ သက္ကရာဇ် ၁၂၈၇-နှစ်)(၆၄၆) (ဓမ္မရာဇာ)
 
57. မင်းဆက်(၅၇)စောနစ် (ကောဇာ သက္ကရာဇ် ၁၃၀၀-နှစ်)(၆၆၂)
 
58. မင်းဆက်(၅၈)စောမွန်နစ် (ကောဇာ သက္ကရာဇ် ၁၃၃၁-နှစ်)(၆၈၄)


သို့သော် မွန်ဂိုတို့၏ တိုက်ခိုက်မှုကြောင့် ပုဂံပျက်ဆီးပြီးနောက် နန်းတက်ကြသည့် ပုဂံမင်းဆက်၏ နောက်ဆုံးမင်းများမှာ အမည်ခံမျှသာဖြစ်ကြပြီး
အမှန်တကယ် တန်ခိုးထွားသူများမှ ရှမ်းညီနောင်သုံးဦးဖြစ်သည်။

No comments: