Wednesday, January 20, 2016

သရဏကၤရဗုဒၶ၀င္



Unicode Version
မေဓင်္ကရာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဘုရားလေးဆူပွင့် တော်မူရာ ထိုသာရမဏ္ဍ ကမ္ဘာ၌ပင် လူတို့၏ အသက်တမ်း၊ အနှစ်ကိုးသောင်း တမ်းမှ တဖြည်းဖြည်း ဆုတ် ယုတ်၍ ဆယ်နှစ်သက် တမ်း၊ ထိုမှတစ်ဖန် တိုးတက်ပြန်ရာ အသချေၤယျတမ်း၊ ထိုအသချေၤယျ တမ်းမှတစ်ဖန် ဆုတ် ယုတ်ပြန်ရာ အနှစ်ကိုးသောင်းတမ်းသို့ ရောက်လေလျှင် သရဏင်္ကရာ ဘုရားရှင် ပွင့်တော်မူခဲ့သည်။

သရဏင်္ကရာဘုရား အလောင်းတော် ဖွားမြင်တော်မူခြင်း
သရဏင်္ကရာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာ နတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့စံနေတော် မူစဉ် နတ်ဗြဟ္မာ တို့က အလောင်းတော်နတ်သားအား ဘုံသုံးပါတွင် ဘုရားဖြစ်ရန် အချိန်တန်ပြီ ဖြစ်၍ လူ့ပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေ နေတော်မူပါရန် တောင်းပန်ခဲ့ ကြကုန်၏။ အလောင်း တော်သည် နတ်ဗြဟ္မာတို့၏ တောင်းပန်မှုကို လက်ခံ တော် မူပြီးနောက်တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည် ဝိပုလမြို့တော် သုမင်္ဂလမင်းကြီး၏ တောင်ညာစံဒေဝီ၊ အဂ္ဂမဟေသီ ယသဝတီမိဖုရားခေါင် ကြီး၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေစံပျော် ကိန်းအောင်းတော်မူခဲ့သည်။ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ မယ်တော် မိဖုရားကြီးသည် အလောင်းတော်ကို မီးရှူး သန့်စင် ဖွားမြင်တော် မူခဲ့သည်။ အလောင်းတော်ကို ပဋိသန္ဓေ နေတော်မူသောအခါ၊ ဖွားမြင်တော်မူသောအခါတို့၌ ပုဗ္ဗနိမိတ်ကြီးများထင်ခဲ့ သည့်အပြင် အလောင်းတော် ဟူသမျှတို့၌ ဖြစ်ပေါ် လေ့ရှိသည့်အတိုင်း အံ့သြဖွယ်ရာများ ဖြစ်ပေါ်ခဲ့ကြ ကုန်၏။
ထီးနန်းစိုးစံတော်မူခြင်း
အလောင်းတော် သရဏင်္ကရာမင်းသားသည် အရွယ်တော်သို့ရောက်သော အခါ နန်းရပ်ထီးဖြူ စိုးစံ တော်မူခဲ့သည်။ ကြင်ရာတော် ရံရွေတော်တို့၏ ဖျော်ဖြေလုပ်ကျွေးမှုကို ခံယူကာ နှစ်ပေါင်းခုနစ် ထောင်တို့ ကာလပတ်လုံး မင်းစည်းစိမ်ကို ခံစားတော်မူခဲ့သည်။
ဘုရားဖြစ်တော်မူခြင်း
ဘုရားအလောင်းတော် သရဏင်္ကရာမင်းသားသည် ထိုသို့ မင်းစည်းစိမ်ကို ခံစားနေတော်မူစဉ် နတ်တို့ဖန်ဆင်း ပြသခဲ့သော သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးတို့ကို မြင် တော်မူခဲ့၍ ကြီးစွာသော သံဝေဂ ဖြစ်ကာတောထွက်၍ ရဟန်းပြုတော်မူခဲ့သည်။ ဒုက္ကရစရိယာခေါ် လူသာမန်တို့ ကျင့်နိုင်ခဲသော မြတ်သော အကျင့် တော်မြတ်ကို တစ်လမျှ ကျင့်တော်မူပြီးနောက် မဟာ ဗောဓိ မဏ္ဍိုင်သို့ ကြွတော်မူကာ မဟာဗောဓိ သခွတ်ပင်ရင်း အပရာဇိတပလ’င်တော်၌ သဗ္ဗညုတ ဉာဏ်တော်ကို ရတော် မူ၍ ဘုံသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော် မူခဲ့သည်။
ဂေါတမဘုရားအလောင်းတော် ဘုရားဆုပန်ခြင်း
ဂေါတမဘုရားအလောင်းတော်သည် သရဏင်္ကရာ ဘုရားရှင်ကို ဖူးတွေ့ ခဲ့ရပြီး ထိုဘုရားရှင်အထံ တော်၌ လွန်လွန်ကဲကဲဖြစ်သော ကုသိုလ်ကောင်းမှု ကို ပြု၍ ဘုရားဖြစ် ရန် ဆုပန်ခဲ့သည်။ သို့သော် သရဏင်္ကရာ ဘုရားရှင်က ဧကန်ဘုရားဖြစ်ရန် နိယတ ဗျာဒိတ်ကို ပေးတော်မမူခဲ့။ ဂေါတမ ဘုရား အလောင်းတော်သည် သရဏင်္ကရာ ဘုရားရှင်ထံ၌ နိယတဗျာဒိတ်ကို ရတော်မမူဘဲ ထိုဘဝမှ စုတေသော် နတ်ပြည်၌ ဖြစ်ခဲ့လေ သည်။
သရဏင်္ကရာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း
သရဏင်္ကရာဘုရားရှင်သည် လူတို့၏အသက်တမ်း၊ အနှစ်ကိုးသောင်း တမ်း၌ ပွင့်တော် မူခဲ့၏။ ထိုအနှစ်ကိုးသောင်း အာယုကပ်ပတ်လုံး တည်နေ တော်မူ၍ သတ္တဝါတို့ကို သံသရာ ရေအလျဉ်မှ ကယ်တင်တော်မူခဲ့၏။ ဘုရားရှင်မှန်သမျှ ပြုလုပ်မြဲဖြစ်သော ဘုရားကိစ၊္စ ဘုရားရှင်တစ်ပါး ဆောင်ရွက်လေ့ရှိသည့် လုပ်ငန်းအဖြာဖြာတို့ကို ဆောင်ရွက် တော်မူကာ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့လေ သည်။
ချစ်သူကို
Zawgyi Version
မဓကၤရာဘုရားရွင္ ပရိနိဗၺာန္စံေတာ္မူၿပီးေနာက္ ဘုရားေလးဆူပြင့္ ေတာ္မူရာ ထုိသာရမ႑ ကမၻာ၌ပင္ လူတို႔၏ အသက္တမ္း၊ အႏွစ္ကိုးေသာင္း တမ္းမွ တျဖည္းျဖည္း ဆုတ္ ယုတ္၍ ဆယ္ႏွစ္သက္ တမ္း၊ ထိုမွတစ္ဖန္ တိုးတက္ျပန္ရာ အသေခ်ၤယ်တမ္း၊ ထိုအသေခ်ၤယ် တမ္းမွတစ္ဖန္ ဆုတ္ ယုတ္ျပန္ရာ အႏွစ္ကိုးေသာင္းတမ္းသို႔ ေရာက္ေလလွ်င္ သရဏကၤရာ ဘုရားရွင္ ပြင့္ေတာ္မူခဲ့သည္။

သရဏကၤရာဘုရား အေလာင္းေတာ္ ဖြားျမင္ေတာ္မူျခင္း
သရဏကၤရာဘုရား အေလာင္းေတာ္သည္ ပါရမီေတာ္တို႔ကို ျဖည့္က်င့္ေတာ္မူၿပီးသည္၏ အဆံုး၌ အေလာင္းေတာ္တို႔၏ ဓမၼတာအတိုင္း တုသိတာ နတ္ျပည္၌ စံေနေတာ္မူခဲ့သည္။ ထိုသို႔စံေနေတာ္ မူစဥ္ နတ္ျဗဟၼာ တို႔က အေလာင္းေတာ္နတ္သားအား ဘံုသံုးပါတြင္ ဘုရားျဖစ္ရန္ အခ်ိန္တန္ၿပီ ျဖစ္၍ လူ႔ျပည္သို႔ ဆင္းသက္ကာ ပဋိသေႏၶ ေနေတာ္မူပါရန္ ေတာင္းပန္ခဲ့ ၾကကုန္၏။ အေလာင္း ေတာ္သည္ နတ္ျဗဟၼာတို႔၏ ေတာင္းပန္မႈကို လက္ခံ ေတာ္ မူၿပီးေနာက္တုသိတာနတ္ျပည္မွ စုေတ၍ လူ႔ျပည္ ၀ိပုလၿမဳိ႕ေတာ္ သုမဂၤလမင္းႀကီး၏ ေတာင္ညာစံေဒ၀ီ၊ အဂၢမေဟသီ ယသ၀တီမိဖုရားေခါင္ ႀကီး၏ သန္႔ရွင္းသိုက္ၿမဳိက္ ၀မ္းၾကာတိုက္၌ ပဋိသေႏၶ စြဲေနစံေပ်ာ္ ကိန္းေအာင္းေတာ္မူခဲ့သည္။ ဆယ္လေစ့ေျမာက္ အခ်ိန္ေရာက္ေသာအခါ မယ္ေတာ္ မိဖုရားႀကီးသည္ အေလာင္းေတာ္ကို မီး႐ွဴး သန္႔စင္ ဖြားျမင္ေတာ္ မူခဲ့သည္။ အေလာင္းေတာ္ကို ပဋိသေႏၶ ေနေတာ္မူေသာအခါ၊ ဖြားျမင္ေတာ္မူေသာအခါတို႔၌ ပုဗၺနိမိတ္ႀကီးမ်ားထင္ခဲ့ သည့္အျပင္ အေလာင္းေတာ္ ဟူသမွ်တို႔၌ ျဖစ္ေပၚ ေလ့ရွိသည့္အတိုင္း အံ့ၾသဖြယ္ရာမ်ား ျဖစ္ေပၚခဲ့ၾက ကုန္၏။
ထီးနန္းစိုးစံေတာ္မူျခင္း
အေလာင္းေတာ္ သရဏကၤရာမင္းသားသည္ အရြယ္ေတာ္သို႔ေရာက္ေသာ အခါ နန္းရပ္ထီးျဖဴ စိုးစံ ေတာ္မူခဲ့သည္။ ၾကင္ရာေတာ္ ရံေရြေတာ္တို႔၏ ေဖ်ာ္ေျဖလုပ္ေကြၽးမႈကို ခံယူကာ ႏွစ္ေပါင္းခုနစ္ ေထာင္တို႔ ကာလပတ္လံုး မင္းစည္းစိမ္ကို ခံစားေတာ္မူခဲ့သည္။
ဘုရားျဖစ္ေတာ္မူျခင္း
ဘုရားအေလာင္းေတာ္ သရဏကၤရာမင္းသားသည္ ထိုသို႔ မင္းစည္းစိမ္ကို ခံစားေနေတာ္မူစဥ္ နတ္တို႔ဖန္ဆင္း ျပသခဲ့ေသာ သူအို၊ သူနာ၊ သူေသ၊ ရဟန္း ဟူေသာ နိမိတ္ႀကီးေလးပါးတို႔ကို ျမင္ ေတာ္မူခဲ့၍ ႀကီးစြာေသာ သံေ၀ဂ ျဖစ္ကာေတာထြက္၍ ရဟန္းျပဳေတာ္မူခဲ့သည္။ ဒုကၠရစရိယာေခၚ လူသာမန္တို႔ က်င့္ႏိုင္ခဲေသာ ျမတ္ေသာ အက်င့္ ေတာ္ျမတ္ကို တစ္လမွ် က်င့္ေတာ္မူၿပီးေနာက္ မဟာ ေဗာဓိ မ႑ိဳင္သို႔ ၾကြေတာ္မူကာ မဟာေဗာဓိ သခြတ္ပင္ရင္း အပရာဇိတပလ’င္ေတာ္၌ သဗၺညဳတ ဥာဏ္ေတာ္ကို ရေတာ္ မူ၍ ဘံုသံုးပါး၌ ဘုရားစင္စစ္ ျဖစ္ေတာ္ မူခဲ့သည္။
ေဂါတမဘုရားအေလာင္းေတာ္ ဘုရားဆုပန္ျခင္း
ေဂါတမဘုရားအေလာင္းေတာ္သည္ သရဏကၤရာ ဘုရားရွင္ကို ဖူးေတြ႕ ခဲ့ရၿပီး ထိုဘုရားရွင္အထံ ေတာ္၌ လြန္လြန္ကဲကဲျဖစ္ေသာ ကုသိုလ္ေကာင္းမႈ ကို ျပဳ၍ ဘုရားျဖစ္ ရန္ ဆုပန္ခဲ့သည္။ သို႔ေသာ္ သရဏကၤရာ ဘုရားရွင္က ဧကန္ဘုရားျဖစ္ရန္ နိယတ ဗ်ာဒိတ္ကို ေပးေတာ္မမူခဲ့။ ေဂါတမ ဘုရား အေလာင္းေတာ္သည္ သရဏကၤရာ ဘုရားရွင္ထံ၌ နိယတဗ်ာဒိတ္ကို ရေတာ္မမူဘဲ ထိုဘ၀မွ စုေတေသာ္ နတ္ျပည္၌ ျဖစ္ခဲ့ေလ သည္။
သရဏကၤရာဘုရားရွင္ ပရိနိဗၺာန္စံ၀င္ေတာ္မူျခင္း
သရဏကၤရာဘုရားရွင္သည္ လူတို႔၏အသက္တမ္း၊ အႏွစ္ကိုးေသာင္း တမ္း၌ ပြင့္ေတာ္ မူခဲ့၏။ ထိုအႏွစ္ကိုးေသာင္း အာယုကပ္ပတ္လံုး တည္ေန ေတာ္မူ၍ သတၱ၀ါတို႔ကို သံသရာ ေရအလ်ဥ္မွ ကယ္တင္ေတာ္မူခဲ့၏။ ဘုရားရွင္မွန္သမွ် ျပဳလုပ္ျမဲျဖစ္ေသာ ဘုရားကိစ၊ၥ ဘုရားရွင္တစ္ပါး ေဆာင္ရြက္ေလ့ရွိသည့္ လုပ္ငန္းအျဖာျဖာတို႔ကို ေဆာင္ရြက္ ေတာ္မူကာ ပရိနိဗၺာန္စံ၀င္ေတာ္မူခဲ့ေလ သည္။

No comments: