Wednesday, January 27, 2016

လက်ဆွဲနှုတ်ဆက်နည်း

အနောက်တိုင်းသားတွေနဲ့ လုပ်ငန်းအရပဲဖြစ်ဖြစ် ခင်မင်မှုအရပဲဖြစ်ဖြစ် လက်ဆွဲနှုတ်ဆက်တဲ့ အခါ သတိထားပြီးနှုတ်ဆက်ရပါမယ်။သူတို့တွေက လက်ဆွဲနှုတ်ဆက်ပုံကို ကြည့်ပြီး ဒီလူဘယ်လိုလူလဲဆိုတာ၊ဒီလူရဲ့ အဆင့်အတန်းကို သတ်မှတ်တတ်ကြပါတယ်။
အရင်ဆုံး ကိုယ်လက်ဆွဲနှုတ်ဆက်မယ့်သူနဲ့ မျက်လုံးဆုံအောင်ကြည့်ရပါမယ်။ပြီးရင် လက်ကိုဆွဲကိုင်တဲ့ အခါမှာလဲ ညင်ညင်သာသာနဲ့ ထိထိမိမိ ကိုင်ရပါမယ်။များသောအားဖြင့် အနောက်နိုင်ငံတွေမှာ လက်ဆွဲနှုတ်ဆက်တဲ့အခါမပြုံးပြကြပါဘူး
။မြန်မာနိုင်ငံမှာတော့ တော်တော်များများပြုံးပြကြပါတယ်။ပြုံးသင့်မှပြုံးပြပါ။အချို့နောက်နိုင်ငံသားတွေက ပြုံးပြရင် သူအကူအညီ တစ်ခုခုလိုချင်တယ်လို့ ထင်တတ်ကြပါတယ်။အထင်သေးတယ်ပေါ့။ခင်မင်ရင်းနှီးတဲ့သူတွေကို ပြုံးပြတာ အကြောင်းမဟုတ်ပေမဲ့ လုပ်ငန်းသဘောအရတော့ မပြုံးပြသင့်ပါဘူးတဲ့။

No comments: