Wednesday, January 20, 2016

ဒီပကၤရာ ဗုဒၶ၀င္




Unicode Version
သရဏင်္ကရာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ဘုရားလေးဆူ ပွင့်တော်မူရာ ထိုသာရမဏ္ဍ ကမ္ဘာ၌ပင် လူတို့၏အသက်တမ်း၊ အနှစ်ကိုး သောင်းတမ်းမှ တဖြည်းဖြည်းဆုတ်ယုတ်၍ ဆယ်နှစ် သက်တမ်း၊ ထိုမှတစ်ဖန် တိုးတက်ပြန်ရာ အသချေၤယျတမ်း၊ ထိုအသချေၤယျတမ်းမှ တစ်ဖန် ဆုတ်ယုတ်ပြန်ရာ အနှစ်တစ်သိန်းတမ်းသို့ ရောက်လေလျှင်ဒီပင်္ကရာ ဘုရားရှင် ပွင့်တော်မူခဲ့သည်။

ဒီပင်္ကရာဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း
ဒီပင်္ကရာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော် မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ဓမ္မတာအတိုင်း တုသိတာ နတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့စံနေတော် မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော်နတ်သားအား ဘုံသုံးပါးတွင် ဘုရားဖြစ်ရန် အချိန်တန်ပြီ ဖြစ်၍ လူ့ပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေ နေတော်မူပါရန်တောင်းပန်ခဲ့ကြ ကုန်၏။ အလောင်း တော်သည် နတ်ဗြဟ္မာတို့၏ တောင်းပန်မှုကို လက်ခံတော်မူပြီးနောက် တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည် ရမ္မာဝတီမြို့တော်၊ သုဒေဝမင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ သုမေဓာ မိဖုရားခေါင် ကြီး၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ တည်နေတော်မူခဲ့သည်။ ဆယ်လပြည့်မြောက် အချိန်ရောက်သောအခါ မယ်တော်မိဖုရားကြီးမှ သားတော် အလောင်းမင်းသား ကို ဖွားမြ…
Zawgyi Version
သရဏကၤရာဘုရား ပရိနိဗၺာန္စံလြန္ေတာ္မူၿပီးေနာက္ ဘုရားေလးဆူ ပြင့္ေတာ္မူရာ ထိုသာရမ႑ ကမာၻ၌ပင္ လူတို႔၏အသက္တမ္း၊ အႏွစ္ကိုး ေသာင္းတမ္းမွ တျဖည္းျဖည္းဆုတ္ယုတ္၍ ဆယ္ႏွစ္ သက္တမ္း၊ ထိုမွတစ္ဖန္ တိုးတက္ျပန္ရာ အသေခ်ယၤ်တမ္း၊ ထိုအသေခ်ယၤ်တမ္းမွ တစ္ဖန္ ဆုတ္ယုတ္ျပန္ရာ အႏွစ္တစ္သိန္းတမ္းသို႔ ေရာက္ေလလွ်င္ဒီပကၤရာ ဘုရားရွင္ ပြင့္ေတာ္မူခဲ့သည္။

ဒီပကၤရာဘုရားအေလာင္းေတာ္ ဖြားျမင္ေတာ္မူျခင္း
ဒီပကၤရာဘုရား အေလာင္းေတာ္သည္ ပါရမီေတာ္တို႔ကို ျဖည့္က်င့္ေတာ္ မူၿပီးသည္၏ အဆုံး၌ အေလာင္းေတာ္တို႔၏ဓမၼတာအတိုင္း တုသိတာ နတ္ျပည္၌ စံေနေတာ္မူခဲ့သည္။ ထိုသို႔စံေနေတာ္ မူစဥ္ နတ္ျဗဟၼာတို႔က အေလာင္းေတာ္နတ္သားအား ဘုံသုံးပါးတြင္ ဘုရားျဖစ္ရန္ အခ်ိန္တန္ၿပီ ျဖစ္၍ လူ႕ျပည္သို႔ ဆင္းသက္ကာ ပဋိသေႏၶ ေနေတာ္မူပါရန္ေတာင္းပန္ခဲ့ၾက ကုန္၏။ အေလာင္း ေတာ္သည္ နတ္ျဗဟၼာတို႔၏ ေတာင္းပန္မႈကို လက္ခံေတာ္မူၿပီးေနာက္ တုသိတာနတ္ျပည္မွ စုေတ၍ လူ႕ျပည္ ရမၼာဝတီၿမိဳ႕ေတာ္၊ သုေဒဝမင္းႀကီး၏ ေတာင္ညာစံေဒဝီ အဂၢမေဟသီ သုေမဓာ မိဖုရားေခါင္ ႀကီး၏ သန႔္ရွင္းသိုက္ၿမိဳက္ ဝမ္းၾကာတိုက္၌ ပဋိသေႏၶ တည္ေနေတာ္မူခဲ့သည္။ ဆယ္လျပည့္ေျမာက္ အခ်ိန္ေရာက္ေသာအခါ မယ္ေတာ္မိဖုရားႀကီးမွ သားေတာ္ အေလာင…

No comments: