Wednesday, January 27, 2016

သုညလေး၏တန်ဖိုး


လူသားတို့ရဲ့ အကြီးကျယ်ဆုံး တီထွင်မှုဟာ သုညဖြစ်တယ်လို့ ထင်မြင်ယူဆကြပါတယ်။
ဘာကြောင့်လဲဆိုတော့ ...သုညရဲ့ အကူအညီကြောင့်သာ အဆင်မြင့် သင်္ချာတွေ
တိုးတက်ဖြစ်ပေါ်လာနိုင်ခဲ့လို့ ဖြစ်ပါတယ်။ သုညကို စတင်တီထွင်သူတွေဟာ အိန္ဒိယပြည်က
ဟိန္ဒူတွေဖြစ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီတီထွင်မှုကို အာရပ်ကုန်သည်တွေက
ဥရောပတိုက်သို့ ယူဆောင်လာကြတယ်။ ဟိန္ဒူအာရပ်စနစ်လို့ သိရှိခေါ်ဝေါ်ကြတယ်။

အဲဒီစနစ်မှာ အရေအတွက်အားလုံးကို ဂဏန်းကိုးလုံးနဲ့ ရေးကြတယ်။ ဆိုလိုတာက
တစ်ကနေကိုးထိ ဂဏန်းကိုးလုံးအနက် တစ်ခုခုနဲ့ သုညကို တွဲဖက်ရေးသားတာပါ။
(ဂဏန်းတစ်လုံးစီကို) ရေးတဲ့နေရာအနေအထားပေါ်မူတည်ပြီးတော့ အဲဒီဂဏန်းတစ်လုံးစီမှာ
တန်ဖိုးရှိပါတယ်။ (ခု၊ ဆယ်၊ ရာ၊ ထောင် စတဲ့နေရာ အနေအထားပေါ်မူတည်ပြီး 
အဲဒီကိန်းဂဏန်းရဲ့ တန်ဖိုးကို သတ်မှတ်ပါတယ်)။ ရောမလူမျိုးတွေရဲ့
ရေတွက်ပုံစနစ်မှာ သူညမပါပါဘူး၊ သုညကို တီထွင်မှုက ဒဿမနေရာကို ဖော်ပြဖို့အတွက်
အသုံးပြုရတဲ့ စာလုံးတွေ၊ စာတွေကို ဖယ်ထုတ်နိုင်တယ်။ အရေအတွက်တစ်ခုမှာ
သူရဲ့တန်ဖိုးကို ပြဖို့အတွက် (ပြချင်တဲ့) ကိန်းဂဏန်းရဲ့ နေရာကို အသုံးပြုဖို့
ဖြစ်ပါတယ်။




No comments: